• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ်၏ Twitter နှင့် လမ်းခွဲပြီး ဇတ်ကာဘတ်၏ Threads အသုံးပြုသူ များ

by ဧရာဝတီ
11 July 2023
in သတင်း
A A
နည်းပညာဖြင့် ဘီလျံနာဖြစ်လာကြသော အီလွန်မတ်စ်နှင့် ဇတ်ကာဘတ်တို့သည် လှောင်အိမ်ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ရန် လေလုံးထွားနေကြစဉ် Twitter နှင့် ပြိုင်ရန် Threads ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်/Techsauce.co

နည်းပညာဖြင့် ဘီလျံနာဖြစ်လာကြသော အီလွန်မတ်စ်နှင့် ဇတ်ကာဘတ်တို့သည် လှောင်အိမ်ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ရန် လေလုံးထွားနေကြစဉ် Twitter နှင့် ပြိုင်ရန် Threads ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်/Techsauce.co

5k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာလုံးဆိုင်ရာ လူမှုကွန်ရက် Twitter အစား အသုံးပြုနိုင်သည့် Meta ၏ Threads သည် အားမာန်ဖြင့် ကြုံးဝါး စတင်လိုက်ပုံရသည်။

Twitter အသုံးပြုသူအချို့က ၎င်းတို့၏ Twitter အကောင့်များတွင် goodbye များကို ရေးသားကြသည်။

Threads သည် ကနဦးလူကြိုက်များနေပြီး Twitter အတွက် အခြားရွေးချယ်စရာအဖြစ် မတ်ခ် ဇတ်ကာဘတ်၏ ချဲ့ထွင်မှုတခုဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

Threads အပလီကေးရှင်းကို ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီး ၇ နာရီအတွင်း အသုံးပြုသူ ၁၀ သန်း အထိရှိလာကြောင်း Meta CEO မတ်ခ် ဇတ်ကာဘတ်က ပြောသည်။

ဇတ်ကာဘတ်သည် ဆယ်စုနှစ်အတွင်း Twitter ဆီ ပြန်လာကာ သူ့အကောင့်တွင် Threads ကို ကိုးကားဖော်ပြသည့် meme သတင်းစကားတခု တင်သည်။ သူသည် Twitter ကို ခပ်ပါးပါးတိုက်ခိုက်လိုက်ကာ Threads ကို “ခင်မင်နှစ်သက်ဖွယ်ကောင်းသောနေရာ” အဖြစ် ထူထောင်တော့မည်ဖြစ်ကြောင်း၊ အသုံးပြုသူများအနေဖြင့် “အကြင်နာထားသည်”ဟု သဘောတူနိုင်ကြမည်ဖြစ်ကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ပြောသည်။

အီလွန်မတ်စ်၏ Twitter စာမျက်နှာတွင် Threads, Meta နှင့် Goodbye Twitter စသည့် ပို့စ်များသည် ဇူလိုင်လ ၆ ရက်နေ့နံနက်တွင် ရေပန်းစားနေသည်။

Twitter အသုံးပြုသူ အများအပြားသည် Threads သို့ ရောက်သွားကြပြီး အီလွန် မတ်စ်၏ ဖရိုဖရဲ ခေါင်းဆောင်မှုအောက် လအတန်ကြာအပြီး နှုတ်ဆက်ထွက်ခွာတော့မည်ဟု ပြောသည်။ အများအပြားက Threads အကောင့်သစ်များ၏ စခရင်ရှော့များနှင့် သတင်းစကားများကို ဖော်ပြကြပြီး ၎င်းတို့ကို ကြည့်ရှုသူများအနေဖြင့် အလားတူ ပလက်ဖောင်း ပြောင်းရန် အားပေးကြသည်။

Twitter အသုံးပြုသူတဦးက “Instagram Threads…. Goodbye Twitter ပိုကောင်းတဲ့ အပလီကေးရှင်းကို ကျနော်တွေ့ပြီ” ဟု ရေးသားသည်။

“နုတ်ဆက်ပါတယ် Twitter, ကြိုဆိုနှုတ်ခွန်းဆက်ပါတယ် Threads” ဟု အခြား အသုံးပြုသူတဦးက ရေးသည်။

သို့သော် Twitter အသုံးပြုသူအချို့သည် အပလီကေးရှင်းသစ်ကို အထက်ပါ အသုံးပြုသူများလောက် သဘောကျခြင်းမရှိပေ။ Twitter သစ္စာခံများက Threads ကို ဒီဇိုင်းအတွက် လှောင်ပြောင်ကြပြီး Twitter သို့ ပြန်လာကြမည်ဖြစ်ကြောင်း ကတိပြုသည်။

အသုံးပြုသူတဦးက “Threads အသုံးပြုသူ မဟုတ်သူတွေက သူတို့ကိုယ်သူတို့ လိမ်ပြီး Twitter ထက် ပိုကောင်းတယ်လို့ ပြောနေကြတာ ကောင်းရင်ကောင်းပေမယ့် အခုတော့ အကုန်ရှုပ်ကုန်ပြီ” ဟု ရေးသည်။

အခြား Twitter အသုံးပြုသူတဦးကလည်း လူအုပ်တခု၏ ဗီဒီယိုကို မျှဝေပြီး ပုံစာအဖြစ် “Threads အပလီကေးရှင်းကို ၅ မိနစ်လောက် စမ်းသုံးကြည့်ပြီး လူတိုင်းပြန်လာနေပြီ #ThreadsApp” ဟု ရေးသားသည်။

နည်းပညာဖြင့် ဘီလျံနာဖြစ်လာကြသော အီလွန်မတ်စ်နှင့် ဇတ်ကာဘတ်တို့သည် လှောင်အိမ်ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ရန် လေလုံးထွားနေကြစဉ် ထိုသို့ Twitter နှင့် ပြိုင်ရန် Threads ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အီလွန်မတ်စ်က နည်းပညာ ခိုးယူကြောင်း စွပ်စွဲထားပြီး တရားစွဲမည်ဟုလည်း ခြိမ်းခြောက်ထားသည်။

ကိုးကား ။ ။ Business Insider သတင်း ‘Goodbye Twitter’: Users say they’re ditching the app for Mark Zuckerberg’s Threads

You may also like these stories:

အီလွန်မတ်စ်နှင့် ဇတ်ကာဘတ် ပြိုင် ဘယ်သူနိုင်မည်နည်း

ကာဗွန်ဖမ်းယူမှု နည်းပညာ တီထွင်နိုင်သူကို Elon Musk ဒေါ်လာ သန်း ၁၀၀ ချီးမြှင့်မည်

တရုတ်အစိုးရက Alibaba ကို ကန်ဒေါ်လာ ၂.၇၈ ဘီလီယံ အမြင့်ဆုံး ဒဏ်ကြေးချမှတ်

Your Thoughts …
Tags: ITMetaThreadsTwitter
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

Ford နဲ့ GM က ထရမ့် သမ္မတ ကျမ်းကျိန်ပွဲ အတွက် ဒေါ်လာ ၁ သန်းစီနဲ့ ကားတွေ လှူဒါန်းဦးမယ်တဲ့

Ford နဲ့ GM က ထရမ့် သမ္မတ ကျမ်းကျိန်ပွဲ အတွက် ဒေါ်လာ ၁ သန်းစီနဲ့ ကားတွေ လှူဒါန်းဦးမယ်တဲ့

by ဧရာဝတီ
28 December 2024
1.6k

Amazon နဲ့ Meta အပါအဝင် အခြားသော ကုမ္ပဏီကြီးတွေကလည်း သမ္မတ ကျမ်းကျိန်ပွဲ အတွက် ပါဝင် လှူဒါန်းမှုတွေ ပြုလုပ်ထားခဲ့ကြပါတယ်။

Meta AI က ဦးနှောက်ရဲ့ အတွေးတွေကို ၈၀ ရာခိုင်နှုန်း မှန်အောင် ဖတ်ပေးနိုင်ပြီတဲ့

Meta AI က ဦးနှောက်ရဲ့ အတွေးတွေကို ၈၀ ရာခိုင်နှုန်း မှန်အောင် ဖတ်ပေးနိုင်ပြီတဲ့

by ဧရာဝတီ
23 February 2025
1.6k

ပါဝင်သူ ၃၅ ဦးကို စာရေးသားခိုင်းပြီး စာရေးသားစဉ် ထွက်လာတဲ့ Brain signals တွေကို ဖမ်းယူကာ လေ့ကျင့်ထားတဲ့ AI (ဉာဏ်ရည်တု) ကို စာသားအဖြစ် ပြန်လည် ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

by ဧရာဝတီ
23 February 2025
1.5k

Meta ကတော့ သူတို့ရဲ့ ကေဘယ်ကြိုးတွေကို ရေအောက် အနက် မီတာ ၇,၀၀၀ မှာ ထားမယ်လို့ ဆိုထားပြီး ကမ်းရိုးတန်း နားက ရေတိမ်ပိုင်းလို ထိခိုက်နိုင်ခြေ များတဲ့နေရာတွေမှာ…

ထရမ့်က အီလွန်မတ်စ် ရဲ့ X အပေါ် တရားစွဲထားမှု ဒေါ်လာ ၁၀ သန်းနဲ့ ကြေအေးဖို့ သဘောတူ

ထရမ့်က အီလွန်မတ်စ် ရဲ့ X အပေါ် တရားစွဲထားမှု ဒေါ်လာ ၁၀ သန်းနဲ့ ကြေအေးဖို့ သဘောတူ

by ဧရာဝတီ
15 February 2025
1.5k

Meta ကလည်း ထရမ့်ရဲ့ တရားစွဲမှုကို ဒေါ်လာ ၂၅ သန်းပေးပြီး ကြေအေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

by ဧရာဝတီ
11 January 2025
1.4k

လူဝင်မှု ကြီးကြပ်ရေး၊ ကျားမ ခွဲခြားမှု ကဲ့သို့သော အငြင်းပွားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှု တွေကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

by ဧရာဝတီ
5 October 2024
1.3k

စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်ကတော့ သူ့အနေနဲ့ နစ်နာခဲ့ရတဲ့ ငွေကြေးတွေ ရလိုမှုအပြင် Meta ရဲ့ မူပိုင်ခွင့် ချိုးဖောက် နေမှုများကိုပါ ရပ်တန့်ပေးဖို့ တရားရုံးကို တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

Next Post
မင်းအောင်လှိုင်သည် MAI လေယာဉ်များကို လက်နက်ဝယ်ယူသည့် ရုရှားအပါအဝင်  နိုင်ငံတကာခရီးစဉ်များအတွက် သုံးသည်။

MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း

DVB နှင့် Mizzima သတင်းဌာနတို့၏ အမှတ်တံဆိပ်များ

ရုပ်သံထုတ်လွှင့်မှု သဘောတူချက် စစ်ကောင်စီချိုးဖောက်ခဲ့ဟု Mizzima နှင့် DVB တုံ့ပြန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved