• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သေဒဏ်နှင့် တသက်တကျွန်းကျနေသူများ ထောင်ဝင်စာတွေ့ခွင့် မရသေး

by ဧရာဝတီ
26 October 2023
in သတင်း
A A
သေဒဏ်နှင့် တသက်တကျွန်းကျနေသူများ ထောင်ဝင်စာတွေ့ခွင့် မရသေး

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရခေါင်းဆောင်များ ထောင်ဝင်စာတွေ့ခွင့် မသေချာ

348
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီး၌ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမှစ၍ ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ကန့်သတ်ချက်များဖြင့် ပြန်ဖွင့်ပေးခဲ့သော်လည်း သေဒဏ် ကျခံနေရသူများနှင့် တသက်တကျွန်းကျခံနေရသူများ တွေ့ခွင့်မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသား များကွန်ရက်(PPNM)မှ သိရသည်။

PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “ကျနော်တို့ သိသလောက်တော့ အကျဉ်းသားအားလုံးကို ခွင့်ပြုပေးထား တာမှန်တယ်။ ဒါပေမယ့် သေဒဏ်တွေကျတော့ တခြားအကျဉ်းသားတွေနဲ့ ရောမထားဘူး။ တိုက်တွေထဲမှာ သီးသန့် ပိတ်ထားတာဖြစ်တဲ့အတွက် နောက်ပိုင်းတော့ ဖွင့်ကောင်းဖွင့်ပေး လာနိုင်တယ်။ လတ်တလောတော့ သေဒဏ်ချခံ ထားရတဲ့သူတွေ ၊ တသက်တကျွန်း ချခံထားရတဲ့သူတွေကိုတော့ ထောင်ဝင်စာဧည့်ခံတွေ့ခွင့်ရတာ မရှိသေးဘူး” ဟု ပြောသည်။

နိုင်ငံတဝန်းလုံးရှိ အင်းစိန်အကျဉ်းထောင်၊ မန္တလေး အိုးဘိုထောင်၊ သာယာဝတီထောင်၊ သရက် ထောင်၊ မကွေးထောင်၊ မြင်းခြံ၊ ထားဝယ် အစရှိသည့် ထောင်များအပါအဝင် အကျဉ်းထောင် ၄၀ အထိ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPN-Myanmar) ၏ ပြုစုထားသည့် စာရင်းများအရ သိရသည်။

အင်းစိန်ထောင်တွင် သေဒဏ်ကျခံရသူတဦး၏ ရန်ကုန်မြို့မှ မိသားစုဝင်တဦးက “တွေ့လို့ရမရ မသိသေးဘူး၊ တွေ့ချင် နေတာ ကြာပြီ မနက်ဖြန်တော့ သွားတွေ့ဖို့ပြင်ထားတယ်၊ တွေ့ခွင့်ပေးရင်တော့ အတိုင်းမသိ ပျော်တာပေါ့” ဟု ဆိုသည်။

ထောင်ဝင်စာ ဧည့်တွေ့မည့်သူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စု ဇယားမူရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ ကိုဗစ်ဆေး ၂ ကြိမ် ထိုးထားကြောင်း လက်မှတ်စသည်တို့ လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တရက်လျှင် အကျဉ်းသား ၁၀၀ ခန့်နှင့် အကျဉ်းသားတဦးလျှင် မိသားစုဝင် တဦးကတွေ့ဆုံချိန် မိနစ် ၂၀ ရမည် ဖြစ်ပြီး ဧည့်တွေ့ခွင့်ကို တနင်္လာမှ သောကြာထိ နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီထိ သတ်မှတ်ထားကြောင်း သိရသည်။

အကျဉ်းသားမိသားစုဝင်များအနေဖြင့် ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုသည့် နေ့မှစတင်ကာ နေ့စဉ်နှင့်အမျှ အကျဉ်းထောင် များရှေ့များတွင် သွားရောက်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ထားဝယ်ထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့သူတဦးက “မတွေ့ရတာလည်း ၂ နှစ် ရှိနေပြီ။ နေကောင်းကျန်းမာလား ဆိုတာ ကိုယ်တိုင်မျက်မြင်တွေ့ရတာဆိုတော့ စည်းကမ်းတွေ တင်းကျပ်ပေမယ့်လည်း တွေ့ရတယ်ဆိုတဲ့စိတ်နဲ့ သတ်မှတ်ချက်တွေ မကြိုက်လည်းလက်ခံရတာပါပဲ” ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က နိုင်ငံအနှံ့အကျဉ်းထောင်များသို့ သွားရာတွင် ကုန်ကျမည့် ခရီးစရိတ်အတွက် မိသားစုက ၎င်းတို့ထံတွင် အကူအညီတောင်းခံနိုင်ကြောင်း ကြေညာထားသည်။ အသေးစား ငွေကြေးထောက်ပံ့မှု ရယူလိုပါက ICRC၏ မြန်မာပြည်ရုံးခွဲ ၁၀ရုံးထဲမှ အနီးဆုံးရုံးကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာ ၂၅ ရက် ထိစာရင်းများအရ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၂၀ ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး ရှိပြီး သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရခေါင်းဆောင်များ ထောင်ဝင်စာတွေ့ခွင့် မသေချာ

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208

မုံရွာထောင်မှ အစာငတ်ခံဆန္ဒပြသူများ လျှော့ရက် ၁ နှစ်ပိတ်ခံရ

နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ

Your Thoughts …
Tags: ကန့်သတ်ချက်နိုင်ငံရေးအကျဉ်းသားသေဒဏ်အကျဉ်းထောင်ဧည့်တွေ့ခွင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

by ဝေမင်းထွန်း
16 August 2024
12.6k

ထို့ပြင် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်သည့် အရည်အချင်း မရှိပေ။ သူ့အတွက် အသေထွက် ထွက်ဖို့သာရှိ၏။

လက်နက်ချ ဗိုလ်မှူးချုပ်များကို အရေးယူမှုက အာဏာဖီဆန်မှုများ ဖြစ်လာနိုင်ဟုဆို

လက်နက်ချ ဗိုလ်မှူးချုပ်များကို အရေးယူမှုက အာဏာဖီဆန်မှုများ ဖြစ်လာနိုင်ဟုဆို

by ဧရာဝတီ
23 January 2024
10.7k

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် လက်နက်ချအညံ့ခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးအနက် ၃ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပြီး ကျန် ၃ ဦးအား ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

by အေးချမ်းဆု
30 May 2024
9.9k

အခြေအနေအား ကုစားနိုင်ရန် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး တပ်သားသစ် စုဆောင်းရေးကို အတင်းအဓမ္မ ပြုလုပ်နေသည်ကို တွေ့ရသည်။

Next Post
စစ်တပ်၏ အင်အားပြခြိမ်းခြောက်မှု ယုံကြည်မှုပျက်ပြားစေနိုင်ဟု AA ဆို

စစ်တပ်၏ အင်အားပြခြိမ်းခြောက်မှု ယုံကြည်မှုပျက်ပြားစေနိုင်ဟု AA ဆို

မန္တလေးတိုင်း ဧရာဝတီမြစ်ကမ်းဘေးရွာများသို့ ဝင်သည့်စစ်တပ် ဒေသခံ ၅ ဦးကို သတ်

မန္တလေးတိုင်း ဧရာဝတီမြစ်ကမ်းဘေးရွာများသို့ ဝင်သည့်စစ်တပ် ဒေသခံ ၅ ဦးကို သတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved