• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာမှ နျူကလီးယားပစ္စည်းများ မှောင်ခိုကူးရန် ဂျပန် မာဖီးယား ခေါင်းဆောင် ကြိုးစားခဲ့

by ဧရာဝတီ
22 February 2024
in သတင်း
A A
မြန်မာမှ နျူကလီးယားပစ္စည်းများ မှောင်ခိုကူးရန် ဂျပန် မာဖီးယား ခေါင်းဆောင် ကြိုးစားခဲ့

အသက် ၆၀ ရှိပြီဖြစ်သော တာကီရှီ အဘီဆာဝါသည် ယာကူဆာဟုခေါ်သည့် ဂျပန်ရာဇဝတ်ဂိုဏ်းမှ ခေါင်းဆောင်တဦးဖြစ်သည်

2.9k
VIEWS
Share on FacebookShare on Twitter

နျူကလီးယားပစ္စည်းများကို မှောင်ခိုကူးရန်ကြံစည်မှုဖြင့် ဂျပန်မာဖီးယားအဖွဲ့ဝင်ဟု စွပ်စွဲခံရသူတဦးကို အမေရိကန် အစိုးရရှေ့နေများ စွဲချက်တင်လိုက်သည်။

အသက် ၆၀ ရှိပြီဖြစ်သော တာကီရှီ အဘီဆာဝါသည် အီရန်သို့ လွှဲပြောင်းပေးမည်ဟု သူယူဆသည့် ယူရေနီယံနှင့် ပလူတိုနီယံများကို ရောင်းချရန် ကြိုးစားခဲ့သည်ဟု ထိုစွဲချက်ကဖေါ်ပြသည်။

အဘီဆာဝါနှင့် ထိုင်းတရားခံတဦးသည် လက်နက်နှင့် မူးယစ်ဆေးဝါးစွဲချက်များဖြင့် ၂၀၂၂ ခုနှစ် ဧပြီလက အရေးယူခံရသည်။

နောက်ဆုံးစွဲချက်ဖြင့် စီရင်ခံရပါက သူ တသက်တကျွန်းကျနိုင်သည်။

ဘရွတ်ကလင်းထောင်တွင် ဖမ်းဆီးထားသည့် အဘီဆာဝါသည် ယာကူဆာဟုခေါ်သည့် ဂျပန်ရာဇဝတ်ဂိုဏ်းမှ ခေါင်းဆောင်တဦးဖြစ်ပြီး သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနှင့် အမေရိကန် ပြည်ထောင်စုတွင် လှုပ်ရှားသည်။

အဘီဆာဝါနှင့် အပေါင်းပါများသည် ထိုင်းနိုင်ငံတွင် နျူကလီးယားပစ္စည်းနမူနာများကို အမေရိကန် မူးယစ်ဆေး တိုက်ဖျက်ရေးဌာန (DEA) ထောက်လှမ်းရေး တဦးသို့ ပြသခဲ့သည်ဟုဆိုသည်။

ထိုထောက်လှမ်းရေးသည် အီရန်ဗိုလ်ချုပ်တဦးနှင့် ဆက်စပ်သည့် မူးယစ်ဆေးနှင့်လက်နက်မှောင်ခိုသမား ဟန်ဆောင်ထောက်လှမ်းရေး ဖြစ်သည်။

မြန်မာမှ လာသော ထိုနျူကလီးယားပစ္စည်း နမူနာများကို ထိုင်း အာဏာပိုင်များကဖမ်းဆီးခဲပြီး အမေရိကန် စုံစမ်း စစ်ဆေးသူများသို့ လွှဲပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုမှ ဓာတ်ခွဲခန်းတခုကလည်း ထိုပစ္စည်းများတွင် ယူရေနီယမ်နှင့် လက်နက်အဆင့် ပလူတိုနီယမ်များပါဝင်ကြောင်း အတည်ပြုခဲ့သည်။

အဘီဆာဝါသည် စစ်လက်နက်အများအပြားကို မြန်မာမှ အတိအကျ ဖေါ်ပြမထားသည့် ပုန်ကန်သူများအတွက် ရယူရန် ကြိုးစားခဲ့ကြောင်းလည်း အစိုးရရှေ့နေများ စွပ်စွဲသည်။

ထိုလက်နက်များတွင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ တိုက်ခိုက်ရေးနှင့် လက်ဖြောင့်ရိုင်ဖယ်များ၊ စက်သေနတ်များ၊ စွမ်းရည်အမျိုးမျိုးရှိသည့် ဒုံးကျည်များနှင့် နည်းဗျူဟာသုံးကိရိယာ အမျိုးမျိုးပါဝင်သည်။

“အောင်မြင်သွားရင်း အကျိုးဆက်ကို ခန့်မှန်းရတာ ကျောတောင်ချမ်းတယ်။ ဒီပစ္စည်းတွေကို မှောင်ခိုကူးပြီး အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာတည်ငြိမ်မှုကို ခြိမ်းခြောက်သူတွေကို တရားရေးဌာနက အရေးယူမယ်” ဟု လက်ထောက်ရှေ့နေချုပ် မက်သရူး ဂျီ အိုလ်ဒန်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင်ပြောသည်။

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် အဘီဆာဝါသည် DEA ထောက်လှမ်းရေးတဦးကို နျူကလီးယား ပစ္စည်းများ ရောင်းချရန် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ အမေရိကန် အစိုးရရှေ့နေများ၏ အဆိုအရ သူသည် စကားဝှက် ဆက်သွယ်ရေးနည်းလမ်းဖြင့် ယူရေနီယမ်သည် “ကျန်းမာရေးအတွက် မကောင်း”ဟု ဆိုသည်။

ထိုနှစ် စက်တင်ဘာလတွင် အဘီဆာဝါသည် လှို့ဝှက်ထားသော DEA ထောက်လှမ်းရေးကို သတ္တုတူးဖေါ်ရေး ကုမ္ပဏီတခုအမည်ပါသည့် စာတစောင်ပေးပို့ခဲ့သည်။ သူက ယူရေနီယမ်နှင့် သော်ရီယမ် တန် ၅၀ ကို ဒေါ်လာ ၆.၈၅ သန်းဖြင့်ရောင်းမည်ဟု ကမ်းလှမ်းသည်။

သူသည် မဲနက်ပြီး ကျောက်သားဆန်သော အရာများကို ရေဒီယိုသတ္တိကြွမှုတိုင်းတာသည့် ကိရိယာနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း ပေးပိုခဲ့သည်ဟု အစိုးရရှေ့နေများပြောသည်။

အဘီဆာဝါသည် နျူကလီးယား ပစ္စည်းများကို နိုင်ငံတကာမှောင်ခိုကူးမှု၊ မူးယစ်ဆေးတင်သွင်းရန် ကြံစည်မှု၊ လေယာဉ်ပစ်လက်နက်များကို ရယူ လွှဲပြောင်း ပိုင်ဆိုင်ရန် ကြံစည်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင် ခံထားရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
62
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
43
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
295

ထိုအမှုတွင် သူနှင့် ပူးပေါင်းကြံစည်သူ အသက် ၆၁ နှစ်အရွယ်ထိုင်းနိုင်ငံသာ ဆွမ်ဖေါ့ ဆင်ဂါဆီရီသည် မူးယစ်ဆေးနှင့် လက်နက်မှုများဖြင့် စွဲချက်တင်ခံရသည်။

ပြစ်မှုထင်ရှားစီရင်ခံရပါက နှစ်ဦးလုံးထောင်တသက်ကျနိုင်သည်။

၎င်းတို့နှစ်ဦးကို နယူးယောက်ဖက်ဒရယ်တရားရုံးတခုတွင် ကြာသပတေးနေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်သည်။

ကိုးကား။ ။ BBC နှင့် အေဂျင်စီသတင်းများ

You may also like these stories:

CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

လူသိနည်းသော ကမ္ဘာ့အကြီးမားဆုံး မူးယစ်ရာဇာများ

ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု

ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု

Your Thoughts …
Tags: DEAဂျပန် မာဖီးယားစွဲချက်တင်နျူကလီးယားပစ္စည်းများပလူတိုနီယံမှောင်ခိုကူးယူရေနီယံအဘီဆာဝါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

by Bertil Lintner
20 September 2023
6.4k

ဘိန်းဘုရင်များနှင့် မြန်မာစစ်တပ် ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၆၀ ပြည့်နှစ်များက စတင်ခဲ့သည်။

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

by ဧရာဝတီ
23 June 2025
4.3k

ထိုစစ်ဆင်ရေးသည် အမေရိကန်သမိုင်းတွင် B-2 ဗုံးကြဲလေယာဉ် အများဆုံး ပါဝင်ပြီး စစ်ဌာနချုပ်အများအပြားမှ ပံ့ပိုးမှုပါဝင်သည်။

အဆုံးထိ တိုက်ပွဲဝင်မည်ဟု တောင်ကိုရီးယား သမ္မတ ပြော

အဆုံးထိ တိုက်ပွဲဝင်မည်ဟု တောင်ကိုရီးယား သမ္မတ ပြော

by ဧရာဝတီ
12 December 2024
1.3k

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုသည် ရုပ်မြင်သံကြားတွင် ပေါ်ထွက်လာပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မည်ဟု ပြောသည်။

အာရှ မက်သာဖက်တမင်း “ဆူနာမီလှိုင်း” နောက်ကွယ်တွင် တရုတ် ဓာတုပို့ကုန်များ ရှိနေ

အာရှ မက်သာဖက်တမင်း “ဆူနာမီလှိုင်း” နောက်ကွယ်တွင် တရုတ် ဓာတုပို့ကုန်များ ရှိနေ

by Rebecca Tan
1 December 2025
909

တရုတ်ထုတ်လုပ်သူများသည် ပေါင်းစပ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများကို မြန်မာ၏ ဥပဒေမဲ့ ဒေသအစိတ်အပိုင်းများသို့ လျင်မြန်စွာ တိုးချဲ့တင်ပို့နေသည်။

မိုက်ကယ်ကျော်မြင့်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan နှင့် တခမ်းတနား တွေ့ဆုံခဲ့သည်

နှင်းဆီပါတီ ဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်၏ အရှုပ်တော်ပုံ

by ဧရာဝတီ
28 October 2020
29.3k

အရာအားလုံးမှ ပေါ်ထွက်လာသော မေးခွန်းမှာ မြန်မာနိုင်ငံ၏ ထိရှကျိုးပျက် လွယ်သည့် ကူးပြောင်းရေး ဖြစ်စဉ်ကို ဖျက်ဆီးရန် ကြီးမားသော စီစဉ် ကြံစည်မှုတခု ရှိ မရှိပင်။

Next Post
ရွှေဘိုခရိုင်၌ စစ်ရှောင် ၇ သောင်းကျော်ရှိ

ရွှေဘိုခရိုင်၌ စစ်ရှောင် ၇ သောင်းကျော်ရှိ

လုပ်သားထု အင်အား ဆုံးရှုံးမယ်

လုပ်သားထု အင်အား ဆုံးရှုံးမယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved