မူးယစ်မှောင်ခိုဂိုဏ်း အများအပြားသည် တူညီသော နိဒါန်းဖြင့် စတင်ခဲ့သည်။ မြို့ကြီးများမှ ဝေးကွာသော ကျေးရွာများမှ ငွေကြေးခက်ခဲသော လယ်သမားများသည် မြေညံ့သောနေရာများတွင် ရှင်သန်သည့် ကိုကိန်းနှင့် ဘိန်းပင်များ စိုက်ကြသည်။ ဒေသခံ ရာဇဝတ်ဂိုဏ်းများက ဝင်ရောက် ပတ်သက်လာသည်။ ပြုပြင်ထုတ်လုပ်ပြီးသော မူးယစ်ဆေးများကို ချမ်းသာသော ကမ္ဘာသို့ ပို့ဆောင်ရန် မှောင်ခိုဂိုဏ်းများ ပေါ်ပေါက်လာသည်။
အကျိုးအမြတ် များလာသောကြောင့် မူးယစ်ရာဇာသည် အားပြိုင်သူများကို တိုက်ခိုက်ရသည်။ ၎င်းတို့လုပ်ရပ်များကို လျစ်လျူရှုထားရန် အစိုးရအရာရှိများကို လာဘ်ထိုး ခြိမ်းခြောက်ရသည်။
ထိုပုံစံမျိုးသည် အာဖဂန်နစ္စတန်မှ မက္ကဆီကိုအထိ အကြိမ်ကြိမ်တွေ့ရသည့် ပုံစံမျိုးဖြစ်သော်လည်း နေရာတခုတည်းသာလျှင် ပြီးပြည်စုံသည့် မူးယစ်နိုင်ငံတော် ဖြစ်လာသည်။ တရုတ်နိုင်ငံအနီး မြန်မာနိုင်ငံအတွင်း လူ ၁ သန်းခန့်ရှိသော ကိုယ်ပိုင်အုပ်ချုပ်သော ဒေသ ဝ လူမျိုးစု နေထိုင်သောနေရာ ဖြစ်သည်။
နေရာတခုတည်းသာလျှင် ပြီးပြည်စုံသည့် မူးယစ်နိုင်ငံတော် ဖြစ်လာသည်။ တရုတ်နိုင်ငံအနီး မြန်မာနိုင်ငံအတွင်း လူ ၁ သန်းခန့်ရှိသော ကိုယ်ပိုင်အုပ်ချုပ်သော ဒေသ ဝ လူမျိုးစု နေထိုင်သောနေရာ ဖြစ်သည်။
ထိုနေရာသည် အကြမ်းဖျဉ်းအားဖြင့် နယ်သာလန် နိုင်ငံနီးပါးမျှ ကျယ်သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာမှ လွတ်လပ်ရေးရသည့်သဘော ကြေညာသည်။ ယခုအခါ ထိုဒေသကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တရုတ်ကွန်မြူနစ်များကဲ့သို့ တပါတီအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ (ထိုဒေသကို နိုင်ငံတကာ အသိအမှတ်ပြုထားခြင်း မရှိပေ။)
၁၉၈၀ နှစ်များ နှောင်းပိုင်းမှ စတင်ပြီး UWSA သည် အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း ရောင်းသည့်လုပ်ငန်းကို လွှမ်းမိုးထားသည်။ (အရှေ့နှင့် အရှေ့တောင်အာရှတွင် မူးယစ်ကုန်သွယ်လုပ်ငန်းသည် တနှစ်လျှင် ဒေါ်လာ ၈၀ ဘီလီယံရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။) ထိုလုပ်ငန်းသည် ဘိန်းစိုက်ပျိုးခြင်းမှ စတင်ပြီး ဘိန်းဖြူထုတ်လုပ်လာကာ ယခုအခါ ကမ္ဘာ့အကောင်းဆုံး မက်သာဖက်တမင်း ထုတ်လုပ်လာသည်။ ထိုလုပ်ငန်းသည် အဆင့်မြင့်နည်းပညာ လက်နက်များရှိပြီး ဆွီဒင် စစ်တပ်ထက်ကြီးသော စစ်တပ်အတွက် ငွေရှာပေးသည်။
“ဟေတီနိုင်ငံကို သကြားဖြင့် တည်ဆောက်ပြီး ဆော်ဒီအာရေးဗီးယားကို ရေနံဖြင့် တည်ဆောက် ထားသကဲ့သို့ပင် ဝ ပြည်ကို ဘိန်းဖြူနှင့် မက်သာဖက်တမင်းတို့ဖြင့် တည်ဆောက်ထားသည်” ဟု မစ္စတာ ပက်ထရစ် ဝင်း (Patrick Winn) က “Narcotopia” စာအုပ်တွင် ရေးသားသည်။
သို့သော် UWSA သည် တောတွင်းတွင် နေထိုင်သည့် မာဖီးယားဂိုဏ်း မဟုတ်ပေ။ အစစ်အမှန် နိုင်ငံတခုကို စီမံနေသည်။ အခွန်ကောက်သည်။ ၎င်းတို့တွင် သီးခြားကျောင်းများ၊ ဆေးရုံများ၊ မဟာဓာတ်အားလိုင်းများရှိပြီး လမ်းများသည် မြန်မာမှ လမ်းအများအပြားထက် ပိုမိုကောင်းမွန်စွာ ခင်းထားသည်။
၎င်းတို့၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်များသည် တရုတ်အစိုးရနှင့် လွန်စွာရင်းနှီးကြပြီး UWSA သည် မြန်မာတွင် ဆက်ဆံရေးရုံး ဟုခေါ်သော အလွတ်သဘော သံရုံး ဖွင့်ထားသည်။ ဝ ပြည်သားများသည် ၎င်းတို့၏သီးခြား အမျိုးသားသီချင်းကို သီဆိုပြီး သီးခြားအလံတော်အောက်တွင် နေထိုင်ကြသည်။
အမေရိကန်မှ လူထုဝန်ဆောင်မှု ရေဒီယို National Public Radio (NPR) စကားဝိုင်း The World ၏ သတင်းထောက်ဖြစ်သော မစ္စတာ ပက်ထရစ် ဝင်းသည် အာရှမှ မတည်ငြိမ်သော နယ်စပ်များတွင် သတင်းယူနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သူ၏ ယခင်စာအုပ် “Hello, Shadowlands” သည် UWSA ကို သူပုန်အပိုင်စားနယ်မြေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသည်။
အမေရိကန်မှ လူထုဝန်ဆောင်မှု ရေဒီယို National Public Radio (NPR) စကားဝိုင်း The World ၏ သတင်းထောက်ဖြစ်သော မစ္စတာ ပက်ထရစ် ဝင်းသည် အာရှမှ မတည်ငြိမ်သော နယ်စပ်များတွင် သတင်းယူနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သူ၏ ယခင်စာအုပ် “Hello, Shadowlands” သည် UWSA ကို သူပုန်အပိုင်စားနယ်မြေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသည်။
“Narcotopia” သည် ပိုမိုအသေးစိတ်လေ့လာမှုဖြစ်သည်။ ဝ ပြည်သို့ ကိုယ်တိုင်သွားရောက်ရန် မစ္စတာ ပက်ထရစ် ဝင်း၏ အားထုတ်မှုများသည် ကပ်ရောဂါကြောင့် မအောင်မြင်သော်လည်း သူသည် UWSA ၏ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသမား စောလူ အပါအဝင် ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။ ထိုအသက်အရွယ်ကြီးရင့်နေသည့် အရာရှိက သူသည် သူ့အစိုးရကို မူးယစ်ဒေါ်လာ ဝင်ငွေနှင့် ကင်းလွတ်အောင် ကြိုးစားရာတွင် မည်သို့ မအောင်မမြင်ဖြစ်ခဲ့ကြောင်း ပြောပြသည်။
ဝ ပြည် မူးယစ်ဆေးဝါး ပြဿနာနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုကို အပြစ်တင်ရမည်ဖြစ်ကြောင်း မစ္စတာ ပက်ထရစ် ဝင်းက ပြောသည်။ လူသိနည်းသည့် သုတေသနတခုကို ကိုးကားပြီး ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များအတွင်း ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) က မြန်မာမှ ဘိန်းမှောင်ခိုများကို မည်သို့ ထောက်ပံ့ခဲ့ကြောင်း ရှင်းပြသည်။
လက်နက်နှင့် ဥပဒေမှ ကင်းလွတ်ခွင့်ရရေးအတွက် ထိုစစ်ဘုရင်များသည် ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူ့စစ် ခေါင်းဆောင်များ ဖြစ်လာပြီး မော်စီတုန်းခေတ် တရုတ်ပြည်အတွင်း ထောက်လှမ်းရေးသတင်းများ စုဆောင်းကာ တိုက်ခိုက်ကြသည်။ ဝါရှင်တန်ရှိ CIA ဌာနချုပ် လန်ဂလေသည် မူးယစ်ရာဇာများကို ဖမ်းဆီးရန် ကြိုးစားမှုများကို ဟန့်တားပြီး ဘိန်းသယ်ရန် သူလျှိုလေယာဉ်ပင် ပေးခဲ့သည်။ CIA သည် ၁၉၈၀ ပြည့်နှစ်များတွင် နီကာရာဂွါ သူပုန်များနှင့်လည်း အလားတူ ထပ်မံလုပ်ဆောင်ပြီး အီရန်-ကွန်ထရာ အရှုပ်တော်ပုံ ပေါ်ပေါက်စေသည်။
ဝ ပြဿနာတွင် ဝါရှင်တန်၏ မကောင်းလှသော အခန်းကဏ္ဍကို သရုပ်ဖော်ရာတွင် မစ္စတာ ပက်ထရစ် ဝင်းက အခြားနိုင်ငံများ၏ လုပ်ရပ်များကိုလည်း လေ့လာခဲ့သည်။ တရုတ်သည် UWSA ကို ကာကွယ်သူအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတွင်းသို့ မူးယစ်ဆေးမှောင်ခို မလုပ်စေရန် လက်နက်များ ပေးသည်။ မြန်မာ ဗိုလ်ချုပ်များကလည်း ဝ ပြည်အား ကုလသမဂ္ဂ အသိအမှတ်ပြုမှု မတောင်းသမျှ ကာလပတ်လုံး လုံးဝ လွတ်လပ်ခွင့်ပေးထားသည်။
ထိုစာအုပ်သည် မူးယစ်နိုင်ငံတော်များကို ပြည့်စုံသည့် သရုပ်ခွဲလေ့လာမှု ဖြစ်သည်။ UWSA သည် ပန်းရောင် ချိုမြိန်သော ရနံ့ရှိသည့် မက်သာဖက်တမင်းဆေးပြားများ ထုတ်လုပ်ပြီး ထိုဆေးပြားများသည် WY အမှတ်တံဆိပ် အောင်မြင်မှုဖြစ်သလို Nike အမှတ်တံဆိပ်ကဲ့သို့ ထင်ရှားသည်ဟု မစ္စတာ ပက်ထရစ်ဝင်းက ပြောသည်။
ထိုသို့အားဖြင့် ထိုစာအုပ်သည် မူးယစ်နိုင်ငံတော်များကို ပြည့်စုံသည့် သရုပ်ခွဲလေ့လာမှု ဖြစ်သည်။ UWSA သည် ပန်းရောင် ချိုမြိန်သော ရနံ့ရှိသည့် မက်သာဖက်တမင်းဆေးပြားများ ထုတ်လုပ်ပြီး ထိုဆေးပြားများသည် WY အမှတ်တံဆိပ် အောင်မြင်မှုဖြစ်သလို Nike အမှတ်တံဆိပ်ကဲ့သို့ ထင်ရှားသည်ဟု မစ္စတာ ပက်ထရစ်ဝင်းက ပြောသည်။
အာရှမှ ပါတီတက်သောလူငယ်များနှင့် ပင်ပမ်းနွမ်းနယ်နေသော အလုပ်သမားများသည် ထိုဆေးပြားများ ဘီလီယံနှင့်ချီ နှစ်စဉ်သုံးစွဲသည်။ ဝ ပြည်သည် ရာဇဝတ်ကောင်များချည်းသက်သက် မဟုတ်ဘဲ လက်တွေ့နိုင်ငံရေးနှင့် တီထွင်ဆန်းသစ်မှုလည်း ဖြစ်သည်ဟု ၎င်းကပြောသည်။
(The Economist ပါ The Wa: the world’s biggest drug-dealers, with a tiny profile ကို ဘာသာပြန်သည်။)
You may also like these stories:
CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်
စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ