• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

by Bertil Lintner
20 September 2023
in ဆောင်းပါး
A A
CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

ရှမ်းပြည်နယ်၊ ဟိုပုံးတွင် ဘိန်းစိုက်သူတဦးကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ် / AFP

6.4k
VIEWS
Share on FacebookShare on Twitter

၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းတွင် ဖက်ဒရယ်ရန်ပုံငွေများကို စွမ်းဆောင်ရည်ရှိရှိ ထိထိရောက်ရောက် အသုံးပြုခြင်း ရှိ၊ မရှိ စောင့်ကြည့်ရသည့် ဌာနဖြစ်သော အမေရိကန် အထွေထွေစာရင်းရုံး (GAO) က မြန်မာ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်ပေးသော ဝါရှင်တန်၏ အကူအညီများကို အသေးစိတ် စုံစမ်းစစ်ဆေးမှု ပြုလုပ်သည်။

ယခုအခါ အထွေထွေတာဝန်ခံမှုရုံးဟုခေါ်သည့် GAO က ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် “မူးယစ်ဆေးဝါးထိန်းချုပ်ရေး-မြန်မာမှအကောင်အထည်ဖော်ရေး အားထုတ်မှုများ မထိရောက်” အမည်ရှိ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး “စိုက်ပျိုးသောဒေသများတွင် စီးပွားရေးတိုးတက်မှုနှင့် မြန်မာ့တိုင်းရင်းသား ပုန်ကန်မှုများကို နိုင်ငံရေးအရ ဖြေရှင်းခြင်းတို့နှင့် မပေါင်းစပ်ပါက တိုက်ဖျက်ရေးနှင့် အကောင်အထည်ဖော်ရေး အားထုတ်မှုများသည် မြန်မာ၏ ဘိန်းထုတ်လုပ်မှုကို သိသိသာသာ လျှော့ချနိုင်ပုံ မရပေ” ဟု ကောက်ချက်ချခဲ့သည်။

၁၉၉၀ ပြည့်နှစ်များက အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ရန်ကုန်ဌာနခွဲ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘာရီ ဘရိုမင်းက သူ၏ Risk Taker, Spy Maker: Tales of a CIA Case Officer အမည်ရှိစာအုပ်တွင် မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစီအစဉ် ဆိုသည့်ကိစ္စကို လုံးဝဆန့်ကျင်ဘက် ဖော်ပြထားသည်။

“၁၉၈၀ ပြည့်နှစ်များက နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာတွင် အလွန်အောင်မြင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ကမ္ဘာတွင် အကောင်းဆုံး အစီအစဉ်ဖြစ်သည်ဟု အများအပြားက ယူဆကြသည်။ အမေရိကန် ပြည်ထောင်စုတွင် လေ့ကျင့်ပေးခြင်းနှင့် မြေပြင်ထောက်လှမ်းရေး သတင်းဖလှယ်ခြင်း အကူအညီအပြင် အမေရိကန် ပြည်ထောင်စုသည် မြောက်ပိုင်းမှ ဘိန်းဘုရင်များကို စစ်ဆင်ရေးများအတွက် ကူညီရန် ရဟတ်ယာဉ်များကိုလည်း ထောက်ပံ့ခဲ့သည်” ဟု ဖော်ပြထားသည်။

အတွေ့အကြုံရှိသော ထောက်လှမ်းရေးအရာရှိဟု ယူဆရသူ ဘရိုမင်းသည် မြေပြင် ပကတိအခြေအနေကို မသိသူ ဖြစ်နိုင်သလို မူးယစ်ဆေးဝါး ကုန်သွယ်ရေးတွင် မြန်မာစစ်တပ် ပါဝင်ပတ်သက်နေသည်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ပေးခြင်းလည်း ဖြစ်နိုင်သည်။

အတွေ့အကြုံရှိသော ထောက်လှမ်းရေးအရာရှိဟု ယူဆရသူ ဘရိုမင်းသည် မြေပြင် ပကတိအခြေအနေကို မသိသူ ဖြစ်နိုင်သလို မူးယစ်ဆေးဝါး ကုန်သွယ်ရေးတွင် မြန်မာစစ်တပ် ပါဝင်ပတ်သက်နေသည်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ပေးခြင်းလည်း ဖြစ်နိုင်သည်။ ဘိန်းဘုရင်များနှင့် မြန်မာစစ်တပ် ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၆၀ ပြည့်နှစ်များက စတင်ခဲ့သည်။ ထိုစဉ်က အာဏာရှင် ဗိုလ်ချုပ် နေဝင်းသည် ကာကွယ်ရေး (ကကရ) ဟု ခေါ်သည့် ဒေသပြည်သူ့စစ်များ ဖွဲ့စည်းခွင့် ပေးသည်။ ထိုအဖွဲ့များသည် အစိုးရတပ်များ ရောက်ရှိရန် ခက်ခဲသော နေရာများတွင် တိုင်းရင်းသားနှင့် နိုင်ငံရေးသူပုန်များကို တိုက်ခိုက်ရန်ဖြစ်သည်။

ဘာရီ အမ် ဘရိုမင်း၏ Risk Taker, Spy Maker: Tales of a CIA Case Officer စာအုပ်

သို့သော် ထိုစစ်အစိုးရသည် ပုန်ကန်မှုနှိမ်နင်းရေး အစီအစဉ်ကို ရေရှည် ထောက်ပံ့ရန် ငွေလုံလောက်စွာ မရှိပေ။ ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲ့ အမျိုးမျိုး ၎င်းတို့ခြေထောက်ပေါ် ၎င်းတို့ရပ်တည်ရန်အတွက် အစိုးရထိန်းချုပ်မြို့များနှင့် လမ်းများကို ဘိန်းကုန်ကူးရန် အသုံးပြုခွင့်ပေးခဲ့သည်။

အမည်ဆိုးကျော်ကြားသည့် ရွှေတြိဂံဘိန်းဘုရင် လော်စစ်ဟန်နှင့် ကျောင်ကျီဖူ ခေါ် ခွန်ဆာတို့သည် အစိုးရ၏မဟာမိတ် ပြည်သူ့စစ်တပ်မှူးများအဖြစ် ဘဝကိုစတင်ပြီး ကနဦး ချမ်းသာကြွယ်ဝမှုများကို စုဆောင်းခဲ့ကြသည်ကို မကြာခဏ မေ့နေကြသည်။

လော်စစ်ဟန်သည် သူ၏ဇာတိ ကိုးကန့်ဒေသခံ ကာကွယ်ရေးတပ်ကို ကွပ်ကဲပြီး ခွန်ဆာသည် ရှမ်းပြည်အရှေ့မြောက်ပိုင်း ဘိန်းတောင်တန်း လွယ်မော်မှ ကာကွယ်ရေးခေါင်းဆောင် ဖြစ်သည်။ လော်စစ်ဟန်၏ ကိုးကန့်ကာကွယ်ရေးတပ်သည် အစိုးရတပ်များနှင့်အတူ ထိုစဉ်က အင်အားကြီးမားသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို သံလွင်မြစ်ပေါ်မှ ကွန်လုံတံတားတွင် တိုက်ခိုက်ခဲ့သည်။

၁၉၇၄ ခုနှစ်အတွင်းမြင်ရသော ခွန်ဆာ

ထိုတိုက်ပွဲသည် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလအထိကြာပြီး အစိုးရတပ်များသည် နယ်မြေကျွမ်းကျင်သော လော်စစ်ဟန်၏ လူများထံမှ အကူအညီမရလျှင် ထိုတိုက်ပွဲကို နိုင်မည်မဟုတ်ပေ။ ထိုစစ်ပွဲ ပြီးဆုံးသွားသောအခါ ကျေးဇူးတင်နေသော မြန်မာစစ်တပ်သည် လော်စစ်ဟန်၏ ထိုင်းနယ်စပ်သို့ ဘိန်းသယ်ဆောင်လည့် ဝန်တင်လားတန်းကိုပင် ကူညီကာကွယ်ပေးသည်။

ခွန်ဆာသည် ထင်ရှားသော ရှမ်းသူပုန်ခေါင်းဆောင် အများအပြားကို လုပ်ကြံစေခဲ့ပြီး မြေအောက်သို့ဝင်ရန် ဆုံးဖြတ်ကာ သူ့ကိုယ်သူ ရှမ်းလွတ်မြောက်ရေး တိုက်ပွဲဝင်သူဖြစ်သည်ဟု ကြေညာသည်။ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် သူသည် ရန်ကုန်မှ စစ်အစိုးရနှင့် သဘောတူညီချက်ယူပြီး အင်အား ၁၅,၀၀၀ ရှိသော သူ၏ ပုဂ္ဂလိကစစ်တပ်ကို ဖျက်သိမ်းကာ မိသားစုနှင့် သူ၏ငွေများဖြင့် ရန်ကုန်သို့ ပြောင်းသည်။

လော်စစ်ဟန်ကို ၁၉၇၃ ခုနှစ်တွင် ဖမ်းဆီးသည်။ သူ့ကို လုပ်ခွင့်ပြုထားသည့် ဘိန်းအမှုအတွက် ဖမ်းခြင်းမဟုတ်ဘဲ နိုင်ငံတော် ပုန်ကန်မှုအတွက် ဖမ်းခြင်းဖြစ်သည်။ သူသည် ၁၉၇၃ ခုနှစ်တွင် သူပုန် ရှမ်းပြည်တပ်မတော် (SSA) နှင့် ခေတ္တမဟာမိတ်ဖွဲ့ခဲ့ပြီး ထိုစွပ်စွဲချက်အတွက် သူ့ကို သေဒဏ်ချသည်။

သို့သော် သူ့ကို သေဒဏ် ကင်းလွတ်ခွင့်ပေးပြီး ၁၉၈၀ ခုနှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသောအခါ ပြန်လွှတ်ပေးပြီး ပုန်ကန်မှုနှိမ်နင်းရေး အစီအစဉ်အရ ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့သစ် ထူထောင်ခွင့် ပေးသည်။ သူနှင့် သူ့မိသားစုသည် Asia World ဟုခေါ်သည့် ကုမ္ပဏီတခုကို ထူထောင်ပြီး မြန်မာတွင် အချမ်းသာဆုံး လုပ်ငန်းစုများအနက် တခုဖြစ်လာသည်။

မြန်မာ မူးယစ်ဆေးဝါး ကုန်သွယ်လုပ်ငန်းကို ထိုသို့သော ဒေသခံပြည်သူစစ်များကသာ အမြဲတမ်း လုပ်ခဲ့ပြီး ယနေ့တိုင်လည်း ထိုအဖွဲ့များကပင် လုပ်နေခြင်း ဖြစ်သည်။ ဘရိုမင်းက သူ၏စာအုပ်တွင် ပြောသည့်အတိုင်း အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်တပ်ကို ရဟတ်ယာဉ်များ အမှန်တကယ် ပေးခဲ့သော်လည်း ထိုရဟတ်ယာဉ်များကို မြောက်ပိုင်းမှ ဘိန်းဘုရင်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် မည်သည့်အခါကမှ မသုံးခဲ့ပေ။ ၎င်းတို့ကို အထွေထွေ ပုန်ကန်မှုနှိမ်နင်းရေးတွင် သုံးပြီး ၁၉၈၅ ခုနှစ်နှောင်းပိုင်းက စာရေးသူ၊ စာရေးသူ၏ မိသားစုနှင့် ကချင်အစောင့်များ မြန်မာနိုင်ငံ မြောက်ပိုင်းမှ သူပုန်ထိန်းချုပ်ဒေသတွင် သွားလာနေစဉ် စာရေးသူတို့ကိုပင် ထိုရဟတ်ယာဉ်များဖြင့် လိုက်လံတိုက်ခိုက်ဖူးသည်။

လော်စစ်ဟန် မကွယ်လွန်မီ

၁၉၈၈ ခုနှစ်တွင် အမေရိကန် အကူအညီများ ရပ်ဆိုင်းလိုက်သောအခါ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ၁၀ ဆ တိုးသွားသည်ဟု ဘရိုမင်းက မှတ်သားဖွယ်ရာ ပြောဆိုသည်။ သို့သော် မည်သို့ပင်ဆိုစေ ကရုဏာကြီးမားလှသော မြန်မာစစ်တပ်သည် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန (DEA)၊ CIA တို့နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သည်။

ဘရိုမင်းက သူသည် ၁၉၉၅ ခုနှစ်တွင် ထိုသို့သော စစ်ဆင်ရေးများအနက် တခုတွင် အမေရိကန်အဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ပြောသည်။ ထိုသို့ နားလည်မှုလွဲစရာ မည်သည့်အရာကိုမဆို ဘရိုမင်းအနေဖြင့် ပုံမနှိပ်မီ သူ၏ကိန်းဂဏန်းများကို စစ်ဆေးခဲ့သင့်သည်။

ဘရိုမင်းက သူသည် ၁၉၉၅ ခုနှစ်တွင် ထိုသို့သော စစ်ဆင်ရေးများအနက် တခုတွင် အမေရိကန်အဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ပြောသည်။ ထိုသို့ နားလည်မှုလွဲစရာ မည်သည့်အရာကိုမဆို ဘရိုမင်းအနေဖြင့် ပုံမနှိပ်မီ သူ၏ကိန်းဂဏန်းများကို စစ်ဆေးခဲ့သင့်သည်။ ၁၉၈၀ ပြည့်နှစ်များတွင် မြန်မာ့ဘိန်းစိုက်ပျိုးမှု တိုးလာသည်မှာ မှန်သော်လည်း သေချာသည်မှာ ၁၀ ဆ မတိုးဆိုသည့် ကိစ္စဖြစ်သလို ထိုကိစ္စသည် အမေရိကန် ပြည်ထောင်စုက နယ်စပ်ဒေသများမှ စစ်တပ်၏ စစ်ဆင်ရေးများကို ထောက်ပံ့မှု ရပ်ဆိုင်းခြင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။

၁၉၈၀ ပြည့်နှစ်များက ရွှေတြိဂံ မူးယစ်ကုန်သွယ်မှုအကြောင်း စာရေးသူ စတင်ရေးသားသောအခါ မြန်မာ့ဘိန်းထုတ်လုပ်မှုသည် ယေဘုယျ ခန့်မှန်းခြေမှာ တနှစ်လျှင် တန် ၃၅၀ နှင့် တန် ၄၀၀ ကြား ရှိသည်။ မြန်မာ့စီးပွားရေး ပြိုလဲလု အခြေအနေတွင် ဘိန်းသည် အဖိုးတန်သည့် ကုန်စည်ဖြစ်လာသောကြောင့် ၁၉၈၀ ပြည့်နှစ်များအလယ်တွင် ဘိန်းထုတ်လုပ်မှု စတင် တိုးလာသည်။

၁၉၈၇ ခုနှစ်က ဘိန်းစိမ်း ၈၃၆ တန်ထွက်ပြီး ၁၉၉၅ ခုနှစ်သို့ ရောက်သောအခါ ထုတ်လုပ်မှုသည် ၂,၃၄၀ တန်သို့ တိုးလာသည်။ ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ပုံများအရ ဘိန်းစိုက်ဧရိယာသည် ၁၉၈၇ ခုနှစ်တွင် ၉၂,၃၀၀ ဟက်တာ (၂၂၈,၀၈၀ ဧကနီးပါး) မှ ၁၉၈၉ ခုနှစ်တွင် ၁၄၂,၇၀၀ ဟက်တာ (၃၅၂,၆၂၀ ဧကနီးပါး) နှင့် ၁၉၉၅ ခုနှစ်တွင် ၁၅၄,၀၀၀ ဟက်တာ (၃၈၀,၅၄၂ ဧကကျော်) သို့ တိုးလာသည်။

ဖြစ်နိုင်ခြေရှိသော ဘိန်းဖြူထုတ်လုပ်မှုသည် ၁၉၈၇ ခုနှစ်တွင် ၅၄ တန်မှ ၁၉၉၅ ခုနှစ်တွင် ၁၆၆ တန်သို့ တိုးလာပြီး မူးယစ်ဆေးဝါးသည် ဆင်းရဲနွမ်းပါးပြီး စီမံခန့်ခွဲမှု လွဲမှားနေသော မြန်မာတွင် တိုးတက်မှုရှိသည့် တခုတည်းသော လုပ်ငန်းဖြစ်လာသည်။

တချိန်တည်းတွင် ဘိန်းချက်စက်ရုံ အများအပြားကို ကိုးကန့်နှင့် ဝ တောင်တန်းများတွင် ထူထောင်လာသည်။ ထိုနေရာသည် အဓိကစိုက်ပျိုးသည့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် နီးကပ်သလို အလားတူ အရေးကြီးသည်မှာ အလျင်အမြန် ကြီးထွားနေသည့် တရုတ်ဈေးကွက်နှင့် နီးကပ်နေပြီး ယူနန်မှတဆင့် ပြင်ပ ကမ္ဘာသို့ ပို့ရန် ပိုမိုလွယ်ကူပုံရသည်။

ထိုသို့သော အခြေအနေများ ဖြစ်လာနိုင်ခြင်းမှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ တောင်ပေါ်လူမျိုးစုများ ပုန်ကန်သောကြောင့် ဖြစ်သည်။ ပုန်ကန်သူများသည် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုကာ ထိုအတွက် အပြန်အလှန်အားဖြင့် မည်သည့် စီးပွားရေးမဆိုကို လုပ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ငွေကြေးစိုက်ထုတ်သော အစီအစဉ်သည် လက်တွေ့တွင် ၁၉၈၀ ပြည့်နှစ်များက ဘိန်းထုတ်လုပ်မှုတိုးအောင် အထောက်အကူ ဖြစ်စေခဲ့သည်ဆိုသည့်အချက်ကို ဘရိုမင်းက ဖော်ပြရန် ပျက်ကွက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုက ရန်ကုန်မှ အစိုးရ လက်လှမ်းမမီသည့် နေရာများမှ ဘိန်းခင်းများပေါ်သို့ 2,4-D ဓာတုပစ္စည်း ပက်ဖြန်းအတွက် ငွေကြေး စိုက်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ဘိန်းထုတ်လုပ်မှု ထိန်းချုပ်မည့်အစား လယ်သမားများသည် ထိုသို့ ဆေးဖြန်းသောကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုအတွက် လျော်ကြေးပိုရရန် ပိုမိုစိုက်ပျိုးကြသည်။

“ကျနော်တို့က အလွန်အကျွံ ထုတ်လုပ်အောင် ဆေးဖြန်းခဲ့တာ” ဟု ၁၉၈၈ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလတွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအတွက် အထက်ပါအစီအစဉ်နှင့် အခြားအကူအညီများ ရပ်ဆိုင်းလိုက်သောအခါ မူးယစ်ဆေးဆိုင်ရာ ကျွမ်းကျင်သူတဦးက စာရေးသူကို ဘန်ကောက်တွင် ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
86
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
374
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
601
၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုသူများအား ရန်ကုန်မြို့ ဆူးလေဘုရားတွင် မြင်ရစဉ်

ထိုဖြစ်ရပ်များအပေါ် ဘရိုမင်း၏ အမြင်မှာ ၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဒီမိုကရေစီလိုလားသူများကို သတ်ဖြတ်သောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာကို အပယ်ခံနိုင်ငံအဖြစ် သတ်မှတ်သည်ဆိုသည့် အမြင်ဖြစ်သည်။ မြန်မာနှင့် အမေရိကန်နိုင်ငံအကြား လူ့အခွင့်အရေး ကိစ္စများအတွက် ဆက်ဆံရေး အခြေနေ ဆိုးလာသည် ဆိုသည့် အမြင်ဖြစ်သည်။ ထိုအကြောင်းကို ဆက်မပြောလိုတော့ပေ။

“ဒီမိုကရေစီ လိုလားသူများကို သတ်ဖြတ်ပါသလား”။ ထိုဖြိုခွဲမှုသည် သွေးချောင်းစီးကြောင်း ဘရိုမင်း ဖော်ပြခဲ့သည်မှာ မှန်သော်လည်း ခရီးသွားဟန်လွှဲသာ ပြောခဲ့ခြင်းဖြစ်ပြီး CIA ဌာနခွဲ အကြီးအကဲအဖြစ် သူ ပူးပေါင်း ဆောင်ရွက်ခဲ့သော စစ်အုပ်စုက ၁၉၈၈ ခုနှစ်က ဆန္ဒပြသူ ၃,၀၀၀ ခန့်ကို ပစ်ခတ်ခြင်းအတွက် တာဝန်ရှိသည်ဆိုသည့် အချက်ကို မရေးသားခဲ့ပေ။

စစ်သားများသည် လက်နက်မဲ့ ဆန္ဒပြသူလူအုပ်စုများကို အော်တိုမက်တစ်ရိုင်ဖယ်များနှင့် ကျည်ဆံမိုးရွာကြပြီး နောက်ထပ် ထောင်ပေါင်းများစွာ ဖမ်းဆီးခံရကာ မြန်မာစစ်တပ် စစ်ကြောရေးစခန်းများတွင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံကြရသည်။

၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များက မြန်မာမှဖြစ်ရပ်များတွင် ဘရိုမင်း ဖော်ပြနေပုံ နောက်ခံအကြောင်းများကို ထည့်သွင်းစဉ်းစားပါက ပိုမိုနားလည်ရန် လွယ်ကူသည်။ သူသည် CIA မှ အနားယူသောအခါ မြန်မာသို့ ပြန်လည် သွားရောက်သည်။ ယခုတကြိမ်တွင်မူ ထိုစဉ်က စစ်အုပ်၏ ဆိုးရွားလှသော ပုံရိပ်ကို နိုင်ငံတကာ သတင်းလောကတွင် ကူညီမြှင့်တင်ပေးရန် သွားရောက်ခြင်းဖြစ်သည်။

“၂၀၀၂ ခုနှစ်၊ ဇွန်လတွင် ဘရိုမင်းသည် ဝါရှင်တန်အခြေစိုက် လော်ဘီလုပ်ငန်း DCI Associates တွင် ရာထူးတခုရယူပြီး ထိုလုပ်ငန်းသည် လွန်ခဲ့သော ဧပြီလက မြန်မာစစ်အစိုးရနှင့် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄၅၀,၀၀၀ တန်သည့် စာချုပ်တခု ချုပ်ဆိုထားသည်”

၂၀၀၃ ခုနှစ်၊ ဇွန်လတွင် ဧရာဝတီ သတင်းဌာနက သတင်းတပုဒ် ဖော်ပြခဲ့သည်။ “၂၀၀၂ ခုနှစ်၊ ဇွန်လတွင် ဘရိုမင်းသည် ဝါရှင်တန်အခြေစိုက် လော်ဘီလုပ်ငန်း DCI Associates တွင် ရာထူးတခုရယူပြီး ထိုလုပ်ငန်းသည် လွန်ခဲ့သော ဧပြီလက မြန်မာစစ်အစိုးရနှင့် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄၅၀,၀၀၀ တန်သည့် စာချုပ်တခု ချုပ်ဆိုထားသည်” ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

သို့သော် ထိုလော်ဘီလုပ်ငန်းသည် မူးယစ်ဆေးဝါးပြဿနာတွင် မြန်မာစစ်တပ်၏ ရိုးသားမှုနှင့် ပတ်သက်ပြီး မူဝါဒချမှတ်သူများအပေါ် သြဇာသက်ရောက်နိုင်ခြင်း မရှိဘဲ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန် ပြည်ထောင်စုက မြန်မာသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေး အားထုတ်မှုများကို လိုက်နာသော နိုင်ငံအဖြစ် သတ်မှတ်ရန် ငြင်းဆန်ကြောင်း ကြေညာလိုက်သည်။

ထိုဆုံးဖြတ်ချက် နောက်ပိုင်းတွင် စစ်အုပ်စုက DCI နှင့် ကန်ထရိုက်စာချုပ်ကို ပယ်ဖျက်လိုက်သည်။ သို့သော် ဘရိုမင်းသည် ရန်ကုန်မှ စစ်ခေါင်းဆောင်များကိုယ်စား နိုင်ငံတကာမီဒီယာတွင် ဆက်လက် လော်ဘီလုပ်နေသည်ဟု ထိုသတင်းက ဆက်လက် ဖော်ပြသည်။ ဧရာဝတီ၏ ထိုသတင်းကို ဘရိုမင်း မည်သည့်အခါကမှ ငြင်းဆန်ခြင်း မရှိခဲ့ပေ။

ထိုသို့ လုပ်ဆောင်ခဲ့သည်မှာ ဘရိုမင်း တယောက်တည်း မဟုတ်ပေ။ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန (DEA) တွင်လည်း ၎င်းတို့၏ သီးခြားလုပ်ပိုင်ခွင့်ဖြင့် လုပ်နေပုံရသည့် အေးဂျင့်များရှိသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့က ဧရာဝတီသတင်းဌာနတွင် စာရေးသူ ရေးသားခဲ့သည့်အတိုင်း ရန်ကုန်အခြေစိုက် DEA အရာရှိ အန်ဂျလို ဆလာဒီနိုသည် ၁၉၉၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်ထံ လိပ်မူသည့် လျှို့ဝှက်အစီရင်ခံစာကို ရေးသားခဲ့သည်။

DEA တရားဝင်ရုံးစာ ထိပ်စီးပါသော ထိုမှတ်တမ်းသည် ပေါက်ကြားပြီး လူသိရှင်ကြားဖြစ်သွားသည်။ ထိုမှတ်တမ်းတွင် ဆလာဒီနိုသည် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂအေဂျင်စီများ သဘောကျအောင် လုပ်ဆောင်ရမည့် နည်းလမ်းအမျိုးမျိုးကို ဖော်ပြထားသည်။

ထို့အပြင် သူသည် မြန်မာမှ မူးယစ်တိုက်ဖျက်ရေး အစီအစဉ်ကို “အယုံကြည်ကင်းမဲ့အောင် လုပ်နေသည့် အပြင်းထန်ဆုံး ဝေဖန်သူများအနေဖြင့် ၎င်းတို့၏ ဟောင်းနွမ်းသော်လည်း ထိရောက်သော လက်နက်များ မသုံးနိုင်အောင်” မည်သို့ လုပ်ရမည်နှင့် ပတ်သက်သည့် အကြံဉာဏ်အချို့ကိုလည်း ပေးထားသည်။ နောက်ဆုံးတွင် ဆလာဒီနိုက စစ်အုပ်စုအပေါ် အပြင်းထန်ဆုံး ဝေဖန်သူများကို မည်သို့ နှုတ်ပိတ်သွားအောင် လုပ်ရမည့် နည်းလမ်းအမျိုးမျိုးကိုလည်း အကြံပေးထားသည်။

ထိုအရှုပ်တော်ပုံ ပေါက်ကြားသောအခါ ဆလာဒီနိုသည် အမေရိကန် ပြည်ထောင်စုရှိ DEA ဌာနချုပ်သို့ ပြန်ရသော်လည်း သူသည် ထိုအစီရင်ခံစာကို ခင်ညွန့်ထံ ပေးပို့ခဲ့ခြင်း မရှိကြောင်း အထက်အရာရှိများ ယုံကြည်သွားအောင် လုပ်နိုင်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပေးအယူတခု လုပ်ခဲ့ရသည်။ ဆလာဒီနိုသည် သူ၏ မြန်မာနိုင်ငံမှ တရားဝင်တာဝန်ကို အဆုံးသတ်ရသော်လည်း လအနည်းငယ်သာ ကျန်သည့် သူ့ရာထူးသက်တမ်းကို ဆက်လက် ထမ်းဆောင်စေခဲ့သည်။

တဖက်တွင် ရွှေတြိဂံ ဘိန်းကုန်ကူးမှု နောက်ကွယ်မှ အရေးပါသောလူများနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သံချောင်းခေါက်ခဲ့သည့် DEA သရုပ်ခွဲလေ့လာသူတဦးကို မြန်မာနိုင်ငံပြင်ပသို့ ပြောင်းလဲတာဝန်ချပြီး အမေရိကန် ပြည်ထောင်စုတွင်သာ တာဝန်ထမ်းဆောင်စေတော့သည်။

အခြား အရှေ့တောင်အာရှမှ သတင်းရင်းမြစ်တခုက ၁၉၈၀ ပြည့်နှစ်များက မှတ်ချက်ချခဲ့ရာတွင် “ဆင်းရဲတဲ့ တောင်ပေါ် လူမျိုးစု လယ်သမားတွေ အပြစ်ရှိတဲ့ ပုံစံမျိုးလုပ် ဒါမှမဟုတ် အရေးမပါတဲ့သူတွေကို တခါတလေ ဖြိုခွဲပြီး တခြား ဘာမှ မလုပ်ဘဲနေမှ DEA က ဘဏ္ဍာငွေ အသုံးစရိတ်ရတာ။ ဒီလိုနဲ့ DEA က ဘိန်းဘုရင်တွေ ပိုမိုအကျိုးရှိဖို့ မူးယစ်ကုန်သွယ်မှုကို ကြီးကြပ်ပေးတဲ့ အခြေအနေကိုပဲ ရောက်သွားတယ်” ဟု ပြောသည်။

မြန်မာနှင့်ပတ်သက်သည့် အမေရိကန်၏ တရားဝင်မူဝါဒသည် အမြဲတမ်း ရှင်းလင်းသည်။ ၁၉၈၈ ခုနှစ်မှ စတင်ပြီး ဝါရှင်တန်မှ အစိုးရအဆက်ဆက်သည် မြန်မာမှ ဒီမိုကရေစီတိုက်ပွဲကို ထောက်ခံကြောင်း ဖော်ပြကြပြီး မြန်မာစစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချသည်။

သို့သော် တရားဝင်မူဝါဒကို မြေပြင်မှ ပရမ်းပတာ အေးဂျင့်များက ထိခိုက်စေကြောင်း ထင်ရှားသည်။ ဘရိုမင်း၏ စာအုပ်သည် ထိုအချက်ကို သက်သေခံခြင်းသာဖြစ်ပြီး ထို့ကြောင့်ပင် မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ (မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဖြစ်စေ၊ လူ့အခွင့်အရေးဖြစ်စေ) အမေရိကန်၏ ချဉ်းကပ်ပုံသည် မည်သည့်အတွက် စိတ်ရှုပ်ထွေးစဖွယ်၊ အငြင်းပွားစဖွယ် ဖြစ်နေသည်ကို နားလည်လိုသော မည်သူမဆို ထိုစာအုပ်ကို ဖတ်သင့်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ US Spy Memoir Perpetuates Myths About Myanmar Military’s ‘Anti-Drug’ Efforts ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။)

You may also like these stories:

ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု

ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးဌာနတခု သမ္မတရုံးတွင် ဖွင့်

Your Thoughts …
Tags: CIADCI AssociatesDEAGAOခွန်ဆာပြည်သူ့စစ်ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုထောက်လှမ်းရေးအေဂျင်စီဘိန်းစိုက်ပျိုးမှုမူးယစ်ဆေးဝါးရွှေတြိဂံနယ်မြေလော်စစ်ဟန်အမေရိကန် ပြည်ထောင်စု
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

Next Post
ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved