• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေဘေးကို အခွင့်ကောင်းယူ၍ ကရင်နီ၌ စစ်တပ် ပိုလှုပ်ရှားလာ

by စောလွင်
24 September 2024
in သတင်း
A A
ရေဘေးကို အခွင့်ကောင်းယူ၍ ကရင်နီ၌ စစ်တပ် ပိုလှုပ်ရှားလာ

စက်တင်ဘာ ၄ ရက်က ကရင်နီပြည် လွိုင်ကော်သို့ ရောက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ (ကန္တရဝတီ)

1.7k
VIEWS
Share on FacebookShare on Twitter

ရေကြီးမှု ဆိုးရွားစွာကြုံနေရသည့် ကရင်နီ (ကယား) ပြည်နယ်တွင် စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ရေး စစ်ကြောင်းထိုးမှုများ တောက်လျှောက်လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် ကရင်နီပြည်မှ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ စသည့် မြို့နယ်များတွင် စက်တင်ဘာ ဒုတိယပတ်မှစတင်ပြီး လက်ရှိအချိန်ထိ ရေကြီးရေလျှံမှုများ ကြုံနေရချိန် စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လွိုင်ကော်ဒေသခံတဦးက “ဒီးမော့ဆိုဘက် စစ်ကြောင်းထိုးပြီး ရိက္ခာ၊ အင်အားတွေဖြည့်နေတာ။ လွိုင်ကော်ကနေ ပန်ကန်းကိုထွက်တယ်။ ပန်ကန်းကနေမှ ၆ မိုင်၊ ငွေတောင်၊ ဒီးမော့ဆိုဘက်ကို ဆက်သွားတာပေါ့” ဟု ပြောသည်။

ဒီးမော့ဆိုတွင် ငွေတောင်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၀၂ တပ်၊ ခြေမြန်တပ်ရင်း ခမရ ၄၂၇ တပ်နှင့် ဒီးမော့ဆို မြို့မရဲစခန်းတို့၌ စစ်ကောင်စီတပ်များရှိပြီး တော်လှန်ရေးပူးပေါင်းတပ်များက ၎င်းတို့၏ ရိက္ခာလမ်းကြောင်းအား ဖြတ်တောက်ထားသည်။

စစ်ကောင်စီသည် စစ်ကြောင်းထိုးရာတွင် ရေမမြုပ်သည့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ငွေတောင်ဆည် တာဘောင်လမ်းများကို အသုံးပြုကြောင်း သိရသည်။

ယခင်က စစ်ကောင်စီ၏ စစ်ကြောင်းများသည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုကြောင့် အသေအဆုံးများပြီး ခရီးမတွင်ဖြစ်ခဲ့သော်လည်း လက်ရှိရေကြီးနေချိန်ကို အခွင့်ကောင်းယူ၍ စစ်ကြောင်းထိုးနေသောကြောင့် အားသာချက်များရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ကရင်နီဒေသ တချို့နေရာများ၌ ရွာလုံးကျွတ် ရေဘေးသင့် / Clean Yangon

PDF ရဲဘော်တဦးက “သူတို့ကို ကြားဖြတ်တိုက်ခိုက်ဖို့ သွားမယ့်လမ်းကြောင်းတွေက ရေတွေမြုပ်နေတော့ သိပ်မဟန့် တားနိုင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

သို့သော် အခက်အခဲများကြားမှပင် ပူးပေါင်းတပ်များအနေဖြင့် စစ်ကောင်စီတပ်များအား တတ်နိုင်သမျှ တိုက်ခိုက်နေရာ ထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း ၎င်းက ဆိုသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

ယခု စက်တင်ဘာလ ပထမအပတ်တွင်း၌ လွိုင်ကော်မြို့ပြင်ဘက်အနီး စစ်ကြောင်းထိုးလာသည့်တပ်နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးရမိခဲ့သလို လက်နက်၊ ခဲယမ်းများလည်း သိမ်းရမိခဲ့ကြောင်း လွိုင်ကော် PDF မှ တာဝန်ရှိသူတဦးက ပြောသည်။

ဒေသကွပ်ကဲရေးဌာနချုပ် (ဒစက လွိုင်ကော်) အခြေစိုက်ရာ လွိုင်ကော်မြို့ကို စစ်ကောင်စီက ပြီးခဲ့သော ဇွန်လတွင် အင်အား ၂၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ပြန်လည်ထိန်းချုပ်ပြီးနောက် လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတလျှောက် နယ်မြေစိုးမိုးရေး တိုးမြှင့်လုပ်ဆောင်နေရာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

လွိုင်ကော်မြို့တွင် ဒကစ လွိုင်ကော်၊ ခလရ ၅၄၊ ခလရ ၂၅၀၊ ခလရ ၂၆၁ ၊အမြှောက်တပ်ရင်း အမတ ၃၆၂ တပ်များ အပါအဝင် နယ်မြေခံတပ်များအပြင် ရခိုင်ပြည်နယ်မှ တပ်ပျက်ပြီးရောက်လာသည့် တပ်ရင်း ၁၀ ရင်း၊ တပ်မ ၆၆ နှင့် တပ်မ ၅၅ တို့မှ ပြန်စုဖွဲ့ထားသည့် တပ်ရင်းတချို့၊ PNO ပြည်သူ့စစ်များ၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သင်တန်းပေးထားသူများ၊ လောဓမ္မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် နှင့် ဧက ၅၀၀ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့ ဦးဆောင်ဖွဲ့စည်းထားသော လွိုင်ကော်မြို့ခံ ပြည်သူစစ်များ စသည့် အင်အားများဖြင့် လွိုင်ကော်ကို အခိုင်အမာခြေကုပ်ယူပြီး အခြားမြို့နယ်များသို့ စစ်ကောင်စီက နယ်မြေစိုးမိုးရေး တိုးချဲ့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ရန် အခွင့်နည်းနေသည့် လက်ရှိအခြေအနေတွင် စစ်ကောင်စီက ဖရူဆိုထိ အင်အား များဖြည့်၍ နယ်မြေစိုးမိုးရန် ကြိုးစားနေခြင်းဖြစ်ကြောင်းလည်း ကရင်နီစစ်ရေးနှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

၎င်းက “ဖရူဆိုအဝင်မှာ ၄၂၈ တို့၊ ၅၃၁ တို့ တပ်တွေရှိတယ်။ အရှေ့ဆက်သွားရင် အမှတ် (၇) စစ်သင်တန်းကျောင်း ရှိတယ်။ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းကြောင်းက တဆက်တည်းဆိုတော့ အဲဒီဘက်ထိ ရိက္ခာတွေ၊ အင်အား တွေဖြည့်ဖို့ ကြိုးစားနေတာ” ဟု ဆိုသည်။

ကရင်နီပြည်တွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မိုးဗြဲရေကာတာမှ ဆည်ရေများ တောက်လျှောက်ဖွင့်ချနေမှုကြောင့် ရေများဆက်တိုက်တိုးနေပြီး ရေလွတ်ရာနေရာများသို့ အရေးပေါ်ရွှေ့ပြောင်းရသော စစ်ဘေးရှောင်ဒေသခံများ အစား အသောက်၊ ဆေးဝါးများ အရေးပေါ်လိုအပ်သည့် အခြေအနေ၌ ကာကွယ်ရေးတပ်များက ရိက္ခာ အပါအဝင် လူအင်အား၊ ငွေအားများဖြင့် ကူညီပေးနေရာ စစ်ဆင်ရေးအတွက် အားလျော့မှုများနှင့်လည်း ကြုံနေရကြောင်း သိရသည်။

ရေဘေးသင့်နေသည့် လွိုင်ကော်မြို့ ကို ယမန်နေ့က တွေ့ရစဉ် (ဆြာချစ်)

CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဗိုလ်ကြီး ဇင်ယော်က “ရေဘေးကို စစ်ကောင်စီက ဟန်ပြလောက်ပဲလုပ်တယ်။ ကယ်ဆယ်ရေးရော၊ ကူညီရေးတွေပါလုပ်တာ မတွေ့ရဘူး။ လွိုင်ကော်ဆိုလည်း မင်းအောင်လှိုင်ကိုယ်တိုင် လာရောက် ခဲ့တဲ့နေရာဖြစ်ပေမယ့် ကူညီကယ်ဆယ်ရေးလုပ်တာတွေ မတွေ့ရဘူး။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာ တွေမှာလည်း ရေကြီးတာရှိတော့ တော်လှန်ရေးတပ်တွေက ပြည်သူနဲ့တသားထဲနေတာဆိုတော့ စစ်ရှောင်တွေနဲ့ စစ်ရှောင်စခန်းတွေကို ကူညီကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးတွေ လုပ်နေရတဲ့အနေအထားကို စစ်ကောင်စီ အနေနဲ့ အခွင့်ကောင်းယူ၊ အငိုက်ယူပြီးတော့ စစ်ရေးလှုပ်ရှားနေတာလို့ ပြောရမှာဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီသည် ရေဘေးနှင့် ကြုံနေရသည့် ရှမ်း-ကယားနယ်စပ် ပင်လောင်းရှိ ပအိုဝ်းပြည်သူစစ်များနှင့်အတူ စစ်ကြောင်းထိုးနေရာ ဖယ်ခုံမြို့နယ်၌ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များထံမှ သိရသည်။

ဖယ်ခုံမြို့နယ် PDF ရဲဘော်တဦးက “ဖယ်ခုံနဲ့ပင်လောင်း နယ်စပ်ဘက်ကနေ စစ်ကောင်စီက အင်အားနဲ့ထိုးဆင်းလာတော့ ဒီဘက်က ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်နေတာ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်နီပြည် လွိုင်ကော်မြို့နှင့် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့သို့ သွားရောက်ခဲ့ပြီး နယ်မြေစိုးမိုးထိန်းချုပ်ရေးနှင့် သန်းခေါင်စာရင်းကောက်ယူမှုများ အောင်မြင်အောင် နယ်မြေလုံခြုံရေးအတွက် အဓိက မှာကြားခဲ့သည်။

You may also like these stories:

ကရင်နီပြည် ရေကြီးမှု လချီကြာနိုင်

ရေဘေးသေဆုံးမှု ၂၉၃ ဦးအထိ တက်လာဟု စစ်ကောင်စီ မီဒီယာပြော

ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်

Your Thoughts …
Tags: ကရင်နီကရင်နီတော်လှန်ရေးပူးပေါင်းတပ်စစ်ကြောင်းထိုးစစ်ရှောင်ရေဘေးသင့်
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
13.8k

စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

by ဧရာဝတီ
22 November 2023
12.1k

ကရင်နီတပ်ပေါင်းစု၏ စစ်ဆင်ရေးအတွင်း လက်နက်ချအညံ့ခံသူများနှင့် အရှင်ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄၀ ကျော်ရှိနေပြီး ၎င်းတို့အား စစ်ဆင်ရေးအတွင်း ပါဝင်ပတ်သက်မှုနှင့်လုပ်ဆောင်ခဲ့သည့် အတိုင်းအတာများအား စစ်ဆေးကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

Next Post
“အရင်ကတည်းက မန္တလေး တောင်ကြီး သွားမယ်လို့ သူတို့ မပြောထားဘူး”  (ရုပ်/သံ)

"အရင်ကတည်းက မန္တလေး တောင်ကြီး သွားမယ်လို့ သူတို့ မပြောထားဘူး" (ရုပ်/သံ)

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved