• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

by ဧရာဝတီ
14 June 2025
in သတင်း
A A
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ဆယ်စုနှစ်အတွင်း ကမ္ဘာ့မွတ်ဆလင်လူဦးရေ ၃၄၇ သန်း တိုးပွားလာသည်/AFP

2.5k
VIEWS
Share on FacebookShare on Twitter

မွတ်ဆလင်များသည် အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာရေးယုံကြည်မှုအုပ်စုဖြစ်ပြီး ဘာသာရေးအရ ဆက်စပ်မှုမရှိသူများက ကိုးကွယ်လာနေကြောင်း ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ဘာသာရေး လူဦးရေ ဖြစ်ပေါ်တိုးတက်မှုကို တိုင်းတာသော Pew သုတေသနဌာနက လေ့လာသည့် စစ်တမ်းတခုအရ သိရသည်။

ထိုဆယ်စုနှစ်အတွင်း ခရစ်ယာန်ဘာသာဝင် ၁၂၂ သန်း မြင့်တက်သော်လည်း ကမ္ဘာလူဦးရေ စုစုပေါင်း အချိုးအစားအရ ကျဆင်းသည်။ သို့တိုင် ခရစ်ယာန်ဘာသာသည် ကမ္ဘာ့အကြီးမားဆုံး ဘာသာရေး ဆက်လက်ဖြစ်နေပြီး ကိုးကွယ်သူ ၂.၃ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၂၉ ရာခိုင်နှုန်း ရှိသည်။

ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်သည့် Pew ၏ ကမ္ဘာ့ဘာသာရေးအခင်းအကျင်း လေ့လာမှုသည် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည့် ဘာသာရေးအုပ်စုများ လူဦးရေအချိုးအစား ဒုတိယအကြိမ် အစီရင်ခံစာ ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
421
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
27
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
60

“ဒီအုပ်စုတွေရဲ့ လူဦးရေအချိုးအစား၊ သူတို့ရဲ့ အသက် အရွယ်ရောက်ပုံ၊ သူတို့တွေမှာ ကလေးဘယ်နှစ်ယောက် ရှိလဲ၊ ပညာဘယ်လောက်တတ်လဲ ဆိုတာတွေကို ကျနော်တို့ ကြည့်တယ်။ အဲဒီလို လူဦးရေအချိုးအစား လက္ခဏာတွေက ဘာသာရေးအုပ်စုတွေရဲ့ အနာဂတ် အရွယ်အစားအပေါ် သက်ရောက်မှုရှိတယ်” ဟု Pew သုတေသနဌာနမှ ဝါရင့် လူဦးရေအချိုးအစား ပညာရှင် ကွန်းရက် ဟက်ကက်က ဘာသာရေးသတင်းဌာန (RNS) သို့ ပြောသည်။

ထိုအစီရင်ခံစာက ဘာသာရေး အဆက်ဖြတ်မှုနှင့် လူဦးရေတိုးတက်မှုသည် ကမ္ဘာ့ဘာသာရေး အခင်းအကျင်းကို မည်သို့ သြဇာသက်ရောက်ကြောင်း ဖော်ပြသည်။

ထိုဆယ်စုနှစ်အတွင်း ကမ္ဘာ့မွတ်ဆလင်လူဦးရေ ၃၄၇ သန်း တိုးပွားလာပြီး ကျန်ဘာသာများမှ တိုးပွားမှု အားလုံးပေါင်းထက် ပိုမိုများပြားကာ အခြေခံအားဖြင့် သဘာဝ လူဦးရေအချိုးအစား တိုးတက်မှုကြောင့်ဖြစ်သည်။

“မွတ်ဆလင်တွေက သေဆုံးတဲ့ မွတ်ဆလင်အရေအတွက်ထက် ပိုမိုပြီး ကလေးမွေးတယ်။ မွတ်ဆလင်လူဦးရေ အရွယ်အစား အပြောင်းအလဲမှာ အရမ်း အနည်းငယ်ကသာ အရွယ်ရောက်ချိန်မှာ အစ္စလမ်ဘာသာကို ဝင်ရောက်တာနဲ့ အရွယ်ရောက်ချိန်မှာ အစ္စလမ်ဘာသာကို မကိုးကွယ်တာ ရှိတယ်” ဟု ဟက်ကက်က ရှင်းပြသည်။

သုတေသီများသည် နိုင်ငံပေါင်း ၂၀၁ နိုင်ငံမှ ပြည်သူ ၁ သိန်း၏ ဘာသာရေးကိုးကွယ်မှုကို မှတ်တမ်းတင်ရန် အမျိုးသား သန်းခေါင်စာရင်းများ၊ လူဦးရေအချိုးအစား စစ်တမ်းများ၊ လူဦးရေစစ်တမ်းများနှင့် လူဦးရေ မှတ်ပုံတင်ခြင်းများ အပါအဝင် အချက်အလက်ရင်းမြစ် ၂,၇၀၀ ကျော်ကို အခြေပြုသည်။ စစ်တမ်းတခုနှင့် တခု မေးမြန်းသည့် မေးခွန်းများ မတူသော်လည်း ပါဝင်သူအများစုကို မည်သည့်ဘာသာတရားကို ယုံကြည်ကြောင်း မေးသည်။

ထိုလေ့လာမှုသည် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား လူဦးရေအချိုးအစား ပြောင်းလဲမှုကို တိုင်းတာရန် ဘာသာရေး အချက်အလက်များကို မွေးဖွားမှုနှုန်း၊ သေဆုံးမှုနှုန်းနှင့် အသက်အရွယ် ရောက်ရှိမှုတို့နှင့်အတူ သရုပ်ခွဲလေ့လာသည်။ ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပွားသည့် အချက်အလက်ကောက်ခံမှု နှောင့်နှေးခြင်းကိုလည်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။

မွတ်ဆလင်များသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသကဲ့သို့ လူဦးရေတိုးတက်မှု မြင့်မားသည့် ဒေသများတွင် စုစည်းနေထိုင်ကြပြီး ထိုဒေသများတွင် ၎င်းတို့သည် လူဦးရေ၏ ၉၄ ရာခိုင်နှုန်းကို ကိုယ်စားပြုကာ ဆာဟာရဒေသခွဲ အာဖရိကတွင် လူဦးရေ၏ ၃၃ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။ မွတ်ဆလင် လူဦးရေသည် မွတ်ဆလင်အများစုနေထိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင် အမြင့်မားဆုံးဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၂၀ ပြည့်နှစ်အကြား ၁၆.၂ ရာခိုင်နှုန်း တိုးတက်သည်။

တချိန်တည်းတွင် အဓိကအားဖြင့် ခရစ်ယာန် မဟုတ်သူများအကြား ပိုမိုကြီးမားသည့် လူဦးရေ တိုးတက်မှုကြောင့် ခရစ်ယာန်ဘာသာ ကိုးကွယ်မှုသည် ရာခိုင်နှုန်းအားဖြင့် ၁.၈ ရာခိုင်နှုန်း ကျဆင်းသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်မှုသည် ဥရောပ၊ မြောက်အမေရိက၊ အမေရိကနိုင်ငံများ၊ သြစတေးလျနှင့် နယူးဇီလန်တွင် ပုံမှန် ကျဆင်းနေသည်။

ခရစ်ယာန်ဘာသာသည် အာရှ-ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်း-မြောက်အာဖရိက ဒေသများမှအပ တကမ္ဘာလုံးတွင် လူများစုကိုးကွယ်သည့် ဘာသာအဖြစ် ဆက်လက်ရှိနေသည်။

ဘာသာရေး မကိုးကွယ်သည့် အုပ်စုသည် ခရစ်ယာန်များနှင့် မွတ်ဆလင်များပြီးလျှင် တတိယ အများဆုံးအုပ်စုဖြစ်ပြီး ၂၄.၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြသည်။

“ထိုပုံစံသည် ဥရောပနှင့် မြောက်အမေရိက နိုင်ငံများ၊ သြစတြေးလျနှင့် နယူးဇီလန်တွင် အတွေ့ရများသည့် ပုံစံဖြစ်ပြီး ထိုနေရာများတွင် ခရစ်ယာန်အဖြစ် လူလားမြောက်လာသည့် ပြည်သူများသည် မည်သည့်ဘာသာကိုမှ မကိုးကွယ်တော့ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

ဘာသာရေးကို စွန့်လွှတ်သူများသည် ကမ္ဘာ့ခရစ်ယာန် လူဦးရေအချိုးအစားကို အကြီးအကျယ် ထိခိုက်စေသည်။ “ခရစ်ယာန်တွေဟာ သူတို့ဘာသာက လူအများအပြား အရွယ်ရောက်လာတဲ့အခါ ဘယ်ဘာသာမှ မကိုးကွယ်သူတွေအဖြစ် ပြောင်းလဲတာကို တွေ့ကြုံနေရတယ်” ဟု ဟက်ကက်က ပြောသည်။

ယခုစစ်တမ်းသည် Pew က ဘာသာပြောင်းလဲမှုပုံစံများကို လေ့လာသည့် ပထမဆုံးစစ်တမ်းဖြစ်ပြီး နိုင်ငံပေါင်း ၁၁၇ နိုင်ငံမှလူများကို မွေးဖွားလာသည့် ဘာသာတရားနှင့် အရွယ်ရောက်ချိန်တွင် ကိုးကွယ်သည့် ဘာသာတရားနှင့် ပတ်သက်ပြီး အသက် ၁၈ နှစ်မှ ၅၄ နှစ်ကြား လူများထံမှ အချက်အလက်များကို စုစည်းထားသည်။

မြောက်အမေရိကတွင် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဘာသာရေး မကိုးကွယ်သည့် လူဦးရေ ၁၃ ရာခိုင်နှုန်းတိုးပြီး ၃၀.၂ ရာခိုင်နှုန်းသို့ ရောက်သည်။ မည်သည့်ဘာသာမှ မကိုးကွယ်သူ အရေအတွက်သည် လက်တင်အမေရိက-ကာရစ်ဘီယံတွင် ၄.၁ ရာခိုင်နှုန်း အလားတူကာလအတွင်း တိုးတက်ပြီး ဥရောပတွင် ၆.၆ ရာခိုင်နှုန်း တိုးတက်ကာ ၂၅.၃ ရာခိုင်နှုန်း ရောက်လာသည်။

အာရှ-ပစိဖိတ်ဒေသသည် ဘာသာတရား မကိုးကွယ်သူအများစု နေထိုင်ရာနေရာဖြစ်ပြီး ဘာသာတရား မကိုးကွယ်သူများ၏ ၇၈ ရာခိုင်နှုန်း ထိုဒေသတွင် နေထိုင်ကြသည်။ ကမ္ဘာ့ဘာသာတရား မကိုးကွယ်သူအများစု ၆၇ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင် နေထိုင်ကြသည်။ သို့သော် ဟက်ကက်က တရုတ်နိုင်ငံတွင် ဘာသာရေးကိုးကွယ်မှု၏ ရှုပ်ထွေးခြင်းကို နားလည်ရန် ခက်ခဲကြောင်းပြောသည်။ ထိုသို့ ရှုပ်ထွေးမှုကိုလည်း Pew က သုတေသနပြုသည်။

ဗုဒ္ဓဘာသာများသည် အရှေ့အာရှဒေသတွင် ဘာသာရေးစွန့်လွှတ်မှုကြောင့် ထိခိုက်သည့် အခြားအုပ်စုတခုဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၂၀ ပြည့်နှစ်အကြား ဗုဒ္ဓဘာသာမခံယူတော့သူ အရေအတွက်သည် ဝင်ရောက်သူ အရေအတွက်ထက် ပိုမို များပြားသည်။ ဗုဒ္ဓဘာသာအဖြစ် ခံယူသူ အရေအတွက်သည် ၂၀၁၀ ပြည့်နှစ်ကထက် ၂၀၂၀ ပြည့်နှစ်တွင် ပိုမိုနည်းပါးလာပြီး လူ ၁၉ သန်း ကျဆင်းသည်ဟု အချက်အလက်များအရ သိရသည်။

သို့သော် ဗုဒ္ဓဘာသာဝင် အများအပြားသည် ဗုဒ္ဓအယူဝါဒကို ကျင့်သုံးသော်လည်း ဗုဒ္ဓဘာသာဝင်အဖြစ် မဖော်ပြသောကြောင့် ဗုဒ္ဓဘာသာဦးရေ ခန့်မှန်းချက်သည် ထိုဘာသာတရား၏ သြဇာသက်ရောက်မှုကို အပြည့်အဝ မဖော်ပြနိုင်ကြောင်း ထိုစစ်တမ်းက ဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၁၄.၉ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ဟိန္ဒူများသည် ကမ္ဘာတွင် စတုတ္ထအကြီးမားဆုံး အုပ်စုဖြစ်သည်။ ဟိန္ဒူအများစုသည် အိန္ဒိယတွင် နေထိုင်ကြပြီး ၉၅ ရာခိုင်နှုန်းရှိသည်။ ၂၀၁၀ နှင့် ၂၀၂၀ ပြည့်နှစ် အကြားတွင် အရှေ့အလယ်ပိုင်း-မြောက်အာဖရိက ဒေသ၌ ဟိန္ဒူအရေအတွက် ၆၂ ရာခိုင်နှုန်း တိုးတက်ပြီး အဓိကအားဖြင့် ရွှေ့ပြောင်းအခြေချမှုကြောင့် ဖြစ်သည်။ မြောက်အမေရိကတွင် ဟိန္ဒူလူဦးရေသည် ၅၅ ရာခိုင်နှုန်း တိုးတက်သည်။

ထိုစစ်တမ်းတွင် သရုပ်ခွဲလေ့လာသည့် အသေးငယ်ဆုံး ဘာသာရေးအုပ်စုဖြစ်သော ဂျူးဘာသာ ကိုးကွယ်သူ ကမ္ဘာ့လူဦးရေသည် ၂၀၁၀ နှင့် ၂၀၂၀ ပြည့်နှစ်အကြား ၆ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၁၄ သန်းမှ ၁၅ သန်းအထိ တိုးတက်သည်။ ဂျူးများသည် ကမ္ဘာ့လူဦးရေ၏ ဝ.၂ ရာခိုင်နှုန်းသာရှိပြီး ထိုအဆင့်တွင် တန့်နေသည်မှာ ၁၀ နှစ်ကြာပြီဖြစ်သည်။ ဂျူး ၄၅.၉ ရာခိုင်နှုန်းသည် အစ္စရေးတွင် နေထိုင်ကြပြီး မည်သည့်နိုင်ငံထက်မဆို အမြင့်မားဆုံး ရာခိုင်နှုန်းဖြစ်သည်။

ကိုးကား ။ ။ NPR သတင်း Islam is the fastest growing religion in the world, Pew study says

You may also like these stories:

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

ဝိပဿနာ ပေါင်းကူးပေးသူ ဖရိုက်ဂတ် လော့တာမိုဆာ (သို့မဟုတ်) ဆရာကြီး ဒေါ်အကိဉ္စန

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

ဘုန်းကြီးပျံတွေမှာ မင်းအောင်လှိုင် ဘာကြောင့် အခေါင်းထမ်းသနည်း

ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ

Your Thoughts …
Tags: ကိုဗစ်နိုင်တင်းခရစ်ယာန်ဘာသာဗုဒ္ဓဘာသာဘာသာမဲ့ဘာသာရေးအစ္စလမ်ဘာသာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.5k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
14.4k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

by မောင်ကဝိ
21 March 2024
13.8k

သမ္မတဖြစ်ချင်တဲ့အတွက် ဘုရားတွေကို ပြုပြင် ထီးတင်တာတွေကို မင်းအောင်လှိုင် လုပ်နေကျဖြစ်ပါတယ်။

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

by ကိုဦး
15 January 2024
13.5k

နန်ထင်မင်စမ်းတောင်ပေါ်မှ စေတီဖျက်ဆီးခြင်းကို ဘာသာရေးစော်ကားမှု၊ ဖျက်ဆီးမှုအဖြစ် အချို့ သတင်းဌာနများက သရုပ်ဖော်သည်။ ဇာစ်ဇာစ်မြစ်မြစ် စုံစမ်းမှု မပြုကြပေ။

Next Post
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved