• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက ထောက်ခံသူ အမျိုးသမီးများအား ဘွဲ့တံဆိပ်ပေး

by ဧရာဝတီ
3 July 2025
in သတင်း
A A
စစ်ကောင်စီက ထောက်ခံသူ အမျိုးသမီးများအား ဘွဲ့တံဆိပ်ပေး

ပြည်ပခရီးစဉ်မှ ပြန်လာသည့် စစ်ခေါင်းဆောင်အား ကြိုဆိုနေသည့် စိုးမြတ်သူဇာနှင့် မေသဉ္ဇာဦးတို့ အဖွဲ့

7.2k
VIEWS
Share on FacebookShare on Twitter

ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီက ပျူစောထီး ခေါင်းဆောင် ဒေါ်သီတာယုမွန်၊ အသတ်ခံရသည့် အဆိုတော် လီလီနိုင်ကျော်တို့ အပါအဝင် သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများဆိုကာ အမျိုးသမီး ၁၅၁ ဦးကို ဘွဲ့တံဆိပ်များ ချီးမြှင့်ကြောင်း ဇူလိုင် ၂ ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ရင်းနှီးသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNLA-PC ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးနှင့် ပါမောက္ခ/ဌာနမှူး (ငြိမ်း) ဒေါက်တာဒေါ်ပိုတို့မှာ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသွားသည်။

RelatedPosts

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

17 July 2025
61
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
414
ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
278

ဒေါ်စောမြရာဇာလင်းက “ကဏ္ဍအသီးသီးမှာ ထူးထူးချွန်ချွန် အလုပ်လုပ်တဲ့သူတွေ ဆုတွေရခဲ့တယ်။ ယခင်နှစ်တွေမှာ တော့ မပါခဲ့ဘူး။ ဒီနှစ်မှာ ဝဏ္ဏကျော်ထင်ဘွဲ့ရတော့ ဝမ်းသာတယ်။ တိုင်းပြည်ကောင်းစားရေးအတွက် ကိုယ်က အလုပ် လုပ်တယ်ဆိုတဲ့နေရာမှာ အနစ်နာခံရတယ်၊ အပြောအဆိုခံရတယ်။ ဒါပေမယ့် ကိုယ့်ရဲ့တိုင်းပြည်ကြီးကို ကမ္ဘာ့အဆင့်မီ တိုးတက်ဖို့ဆိုရင် ပြောင်းလဲဖို့ဆိုပြီး ဒုက္ခခံကြိုးပမ်းလာတာရှိတယ်။ ၂၀၁၂ ခုနှစ်က ပြန်လာခဲ့တာ ငြိမ်းချမ်းရေးအပေါ် သစ္စာပြုပြီး အလုပ်လုပ်လာခဲ့တယ်။ ဒီတိုင်းပြည်ကို အပြောင်းအလဲဖြစ်ဖို့၊ ညင်ညင်သာသာပြောင်းလဲဖို့ ကြိုးပမ်းလာခဲ့ ပါတယ်။ ဒီလိုကြိုးပမ်းတဲ့အပေါ်မှာ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဆုပေးလာတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟု ပြောသည်။

ရဲဗလတံဆိပ် ပေးအပ်ခံရသူများထဲ ပြည်သူ့စစ်ခေါ်မြင်းခြံမြို့နယ် ပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်၊ အဆိုတော် လီလီနိုင်ကျော်တို့ ပါဝင်သလို ရဲကျော်စွာတံဆိပ်ကို ရဲအုပ် ၂ ဦးတို့အား ပေးအပ်ခဲ့သည်။

အသတ်ခံရသည့် စစ်တပ်ထောက်ခံသူ အဆိုတော်လီလီနိုင်ကျော်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် အတူတွေ့ရစဉ်

စစ်တပ်သတင်းပေးဆိုသူ အဆိုတော် လီလီနိုင်ကျော်သည် ၂၀၂၃ ဧပြီလအတွင်း ရန်ကင်းမြို့နယ်၊ ၎င်းနေထိုင်ရာ တိုက်ခန်းရှေ့၌ တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

အနုပညာထူးချွန်တံဆိပ် (ပထမဆင့်) ကို မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်၊ လူမှုထူးချွန် (ပထမအဆင့်)ကို သရုပ်ဆောင် စိုးမြတ်သူဇာ၊ မေသဉ္ဇာဦးတို့အား ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကို လူမှုထူးချွန်ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သော်လည်း ထိုသို့ပေးအပ်ခံရမှုနှင့် ပတ်သက်ပြီး လက်ခံလိုခြင်းဆန္ဒမရှိသည့်ပုံစံမျိုး ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့ရာ ယင်းဆုအား စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းခဲ့ဖူးသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြန်ကြားရေးတာဝန်ခံ ဒေါ်နီနီကျော်က “စစ်ကျွန်ခေတ်မှာ လူရာမဝင်ချင် ဘူး။ ကျမတို့ကို လာပေးရင်လည်း မယူဘူး။ ပေးမှာလည်းမဟုတ်ဘူး။ သူတို့အကျိုးပြုတဲ့သူတွေပဲပေးမှာ။ ကျမတို့တွေ ဆို ဘာဆုတံဆိပ်မှမျှော်ကိုးပြီး အလုပ်လုပ်တာမဟုတ်ဘူး။ ပြည်သူကချစ်တဲ့ မေတ္တာပေးပြီး ပြည်သူလွတ်မြောက် တယ် ဆို ဝမ်းသာနေပြီ။ မဟုတ်တာတွေလုပ်နေတဲ့၊ လူထုကိုဖိနှိပ်နေတဲ့သူတွေက ပေးတဲ့ဆုဆိုတာ ကိုယ့်ဂုဏ်သိက္ခာ ကို အဝီစိထဲထိ ချမယ့်ဆုတွေပဲ။ ဂုဏ်ယူစွာလက်ခံနေတယ်ဆိုရင် စစ်ကောင်စီနဲ့က သဘောထားချင်း တထပ်ထဲတူနေလို့ လက်ခံတာပေါ့” ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း

စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင် ၃ ဦး၊ ရဲဗလ ၆၅ ဦး၊ ရဲကျော်စွာ ၂ ဦး၊ စီမံထူးချွန် ဒုတိယဆင့် ၂ ဦး၊ တတိယအဆင့် ၁၅ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၉ ဦး၊ ဒုတိယအဆင့် ၄ ဦး၊ တတိယအဆင့် ၄၄ ဦး၊ လယ်ယာထူးချွန် ၁ ဦး၊ စီးပွားထူး ချွန် ၄ ဦး၊ အနုပညာထူးချွန် ၁ ဦး၊ စာပေထူးချွန် ၁ ဦး စုစုပေါင်း အမျိုးသမီး ၁၅၁ ဦးကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးအရေးဆောင်ရွက်နေသည့် Sisters 2 Sisters အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က “ ကျမတို့အနေနဲ့ စစ်အုပ်စုက အခုလို အမျိုးသမီးတွေကို ဂုဏ်ထူးဆောင်ဆုပေးတယ်ဆိုတာ ရှုတ်ချတယ်။ ဒီလိုမျိုး ဟန်ပြလုပ်ရပ်တွေက တကယ် တမ်း အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့ခွန်အားနဲ့သတ္တိကို အသိအမှတ်ပြုတာမဟုတ်ဘဲ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဖုံးကွယ်ဖို့ရယ်၊ တရားမဝင်တဲ့အာဏာကို တရားဝင်သွားအောင် ပြည်သူတွေကို လှည့်စားဖို့အတွက် စနစ်တကျအကွက်ချတဲ့ လုပ်ရပ် တွေလို့ မြင်တယ်” ဟု မှတ်ချက်ပြုသည်။

စစ်ကောင်စီသည် ထိုသို့ ၎င်းတို့အား အကျိုးပြုနေသည့် နယ်ပယ်အသီးသီးမှ အမျိုးသမီးများကို ထိုသို့ ဆုတံဆိပ်များ ပေးနေသော်လည်း တဖက်တွင်မူ ၎င်းတို့ကို ဆန့်ကျင်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိသည်။

မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်

၂၀၂၁ စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ မေလထိ စစ်ကောင်စီကြောင့် အမျိုးသမီးသေဆုံးသူ ၃၈၀ ကျော်ရှိပြီး ၎င်းတို့ အနက် ၅၀ ခန့်သည် သေဒဏ်ပေးမှုနှင့် ပစ်သတ်ခံရမှုကြောင့်လည်းကောင်း၊ ၁၁၉ ဦးမှာ ဖမ်းဆီးနှိပ်စက်ခြင်းကြောင့် လည်းကောင်း၊ ၇၁ ဦးမှာ မီးရှို့သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရသည်ဟု Human Rights Myanmar က ထုတ်ပြန် ထားသည်။

သေဆုံးသွားသည့် အမျိုးသမီးများထဲ အချို့မှာ မသေဆုံးခင်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်း တို့ ရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် လူထုခေါင်းဆောင် အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကို အာဏာစသိမ်းချိန်မှ ယနေ့အထိ ထောင်သွင်းအကျဉ်းချထားပြီး အမျိုးသမီးထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီး အကျဉ်းချထားသည်။

You may also like these stories:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့

စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့

Your Thoughts …
Tags: စစ်ကောင်စီဘွဲ့တံဆိပ်မြန်မာအမျိုးသမီးများနေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
‘စုန်းဖမ်းပွဲ’ မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ

‘စုန်းဖမ်းပွဲ’ မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ

အသက်မွေးဝမ်းကျောင်း ရေလမ်းက အန္တရာယ်ဖြစ်လာ

အသက်မွေးဝမ်းကျောင်း ရေလမ်းက အန္တရာယ်ဖြစ်လာ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate