• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့

by ဧရာဝတီ
3 September 2024
in Women & Gender, သတင်း
A A
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့

မန္တလေးပီဒီအက်ဖ်မှ အမျိုးသမီးတပ်ဖွဲ့ဝင်များ

657
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ပြီး ၅၆၄၉ ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အစီရင်ခံစာသစ်အရ သိရသည်။

အာဏာသိမ်းချိန်မှ ယခုနှစ် သြဂုတ်လကုန်အထိ သတင်းအချက်အလက်များကို ကောက်ယူထားခြင်း ဖြစ်ကြောင်း AAPP ပြောသည်။ ထိုအရေအတွက်သည် ၎င်းတို့အတည်ပြုနိုင်သည့် ကိစ္စများသာဖြစ်ပြီး အမှန်တကယ် အရေအတွက်သည် ထိုထက်များစွာ ပိုမိုနိုင်ကြောင်းလည်း ပြောသည်။

ရွေးကောက်ခံ အရပ်သား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို စစ်တပ် ဖြုတ်ချပြီးနောက် တနိုင်ငံလုံးမှ အမျိုးသမီးများသည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဦးဆောင်သည့် အခန်းမှ ပါဝင်သည်။ အများအပြားသည် သတ်ဖြတ်၊ ညှင်းပန်းနှိပ်စက်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော်လည်း အမျိုးသမီးများသည် တော်လှန်ရေး အစိတ်အပိုင်းအားလုံးတွင် ဆုံးဖြတ်ချက်ပြတ်သားကြသည်။

အမျိုးသမီးများ သေဆုံးရသည့် အဓိက အကြောင်းရင်းများမှာ အမြောက်ဖြင့်ပစ်ခြင်း၊ ဗုံးကြဲခြင်းနှင့် ထောင်တွင်းနှင့် ရဲစခန်းများတွင် စစ်ဆေးစဉ် သေသည်အထိ ညှင်းပမ်းနှိပ်စက်ခြင်းကြောင့် ဖြစ်သည်ဟု “နွေဦးတော်လှန်ရေးမှ သံတိုင်နောက်မှ အမျိုးသမီးများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် အထက်ပါအဖွဲ့ဖေါ်ပြသည်။

ယခုလအထိ နောက်ထပ် အမျိုးသမီး ၈ ဦး ထောင်အတွင်းတွင် သေဆုံးပြီး ၄ ဦးမှာ စစ်ကြောရေးတွင် သေဆုံးပြီး ၂ ဦးမှာ ရဲစခန်းတွင် အသတ်ခံရခြင်းဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖေါ်ပြသည်။

ရန်ကုန်တိုင်းတွင် အမျိုးသမီး အများဆုံး ဖမ်းဆီးထောင်ချခံရပြီး ၁၄၄၀ ဦးအထိရှိကာ မန္တလေးတွင် ၉၂၉ ဦး၊ စစ်ကိုင်းတိုင်းတွင် ၇၀၅ ဦး၊ ပဲခူးတိုင်းတွင် ၄၂၈ ဦး၊ တနင်္သာရီတိုင်းတွင် ၄၂၄ ဦး၊ မကွေးတိုင်းတွင် ၃၁၄ ဦး၊ ဧရာဝတီတိုင်းတွင် ၂၈၈ ဦး၊ မွန်ပြည်နယ်တွင် ၂၇၅ ဦး၊ ရှမ်းပြည်နယ်တွင် ၂၄၉ ဦး၊ ကချင်ပြည်နယ်တွင် ၁၉၇ ဦး၊ ကရင်ပြည်နယ်တွင် ၁၁၆ ဦး၊ နေပြည်တော်တွင် ၈၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၅၂ ဦး၊ ချင်းပြည်နယ်တွင် ၅၀ ဦးနှင့် ကယားပြည်နယ်တွင် ၄၅ ဦး ဖမ်းဆီးထောင်ချခံရသည်။ သေဆုံး ဖမ်းဆီးမှု နောက်ထပ် ၅၄ ခု၏ တည်နေရာကို မဖေါ်ထုတ်နိုင်သေးပေ။

နိုင်ငံရေး စွပ်စွဲမှုများဖြင့် အကြောင်းပြပြီး ဖမ်းဆီးခြင်း ခံရသည့် အမျိုးသမီးများသည် ပဋိပက္ခပြင်းထန်သည့် ဒေသများနှင့် စစ်ပွဲ မဖြစ်ပွားသည့် နေရာများတွင်ပါ အငြင်းပွားဖွယ်ဖမ်းဆီးသည့် ခြိမ်းခြောက်မှုကို အမြဲတမ်း ရင်ဆိုင်နေရသည်။ အဖမ်းဆီးခံရသော အမျိုးသမီး အများစုသည် ဖမ်းဆီးစဉ်၊ စစ်ကြောစဉ်နှင့် ထောင်တွင်းတွင် ပြင်းထန်သော ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ ချိုးဖေါက်မှုများကို ရင်ဆိုင်ရသည်။

အချို့ အမျိုးသမီး အကျဉ်းသားများ စစ်ကြောရေးတွင် မည်သူမျှ မသိဘဲ သတ်ဖြတ်ခံရသည်။ နိုင်ငံရေးတွင် တက်ကြွသော ၎င်းတို့၏ သားသမီးများကို မဖမ်းမိသောအခါ မိဘအချို့အဖမ်းခံရသည်ဟု အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများအဖွဲ့ (WOPP) မှ မဇူးဇူးမေယွန်း ပြောသည်။

ဖမ်းဆီးခံရသူအချို့တွင် ကိုယ်ဝန်သည်များ ပါဝင်ကြောင်း အထက်ပါ အမျိုးသမီးနိုင်ငံရေး အကျဉ်းသားဟောင်း ပြောပြီး ၎င်းတို့အဖွဲ့သည် ဆေးဝါးများနှင့် အစားအစာများထောက်ပံ့ပြီး သံတိုင်နောက်တွင် ကျန်ရစ်နေဆဲ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများကို ကူညီနေကြောင်း ပြောသည်။

“ဖမ်းဆီးထားစဉ်ဖြစ်စေ အခြားအခြေအနေများတွင်ဖြစ်စေ လူမဆန်သော အကြမ်းဖက်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လူ့ဂုဏ်သိက္ခာ ချိုးဖေါက်သည့် စစ်မေးမှု၊ အရှက်ကင်းမဲ့သည့် လိင်ပိုင်းဆိုင်ရာ ထိပါးမှု၊ ရက်စက်ကြမ်းကြုတ်သည့် မုဒိန်းကျင့် သတ်ဖြတ်မှု အပါအဝင် စစ်ကောင်စီ၏ မညှာတာသော ဖိနှိပ်မှုကို ရင်ဆိုင်ရသော်လည်း ဘဝအလွှာစုံမှ အမျိုးသမီးများသည် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးတိုက်ပွဲတွင် ဆက်လက်ပါဝင်နေကြပြီး တော်လှန်ရေးအလွန်နိုင်ငံကို ပြန်လည်တည်ဆောက်ရန် အသင့်ရှိကြသည်” ဟု AAPP က ဖေါ်ပြသည်။

နိုင်ငံတကာ အသိုက်အဝန်းနှင့် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ထိုရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့် စစ်ကောင်စီကို အရေးယူသည့် ယန္တရားတောင့်တင်းရေးကို ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် တာဝန်ရှိသူများကို လျင်မြန်စွာ အရေးယူရေးအတွက်လည်း AAPP က တိုက်တွန်းသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Slaughtered 1,132 Women Since Coup: Report ကို ဘာသာပြန်သည်။)

You may also like these stories:

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့

အမျိုးသမီးများကို အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်

အာဏာရှင်ကို တော်လှန်နေဆဲ အမျိုးသမီးများ

Your Thoughts …
Tags: AAPPနိုင်ငံရေးအကျဉ်းသားများနွေဦးတော်လှန်ရေးသံတိုင်နောက်မှ အမျိုးသမီးများအာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

by ရဲမျိုးဟိန်း
12 December 2023
26.8k

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့တပ်များ အင်အား၊ စွမ်းရည်နှင့် စိတ်ဓာတ် အကြီးအကျယ် ထိခိုက်သွားပြီး ပိုမိုကြောက်စရာကောင်းသော ရန်သူကို ရင်ဆိုင်နေရသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

Next Post
လူငယ်များထွက်ခွာခွင့် ပိတ်ခဲ့သော ကော့သောင်း- ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်

လူငယ်များထွက်ခွာခွင့် ပိတ်ခဲ့သော ကော့သောင်း- ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်

ရှော့တိုက်ဒုံးကျပြီးနောက် မန္တလေးမြို့လူထု ထိတ်လန့်နေ

ရှော့တိုက်ဒုံးကျပြီးနောက် မန္တလေးမြို့လူထု ထိတ်လန့်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved