ထိုင်းနိုင်ငံမြောက်ပိုင်းတခွင်မှ လူမှုအသိုက်အဝန်းများအတွက် အသက်သွေးကြော တချိန်ကဖြစ်ခဲ့သော ကော့မြစ်သည် သဘာဝပတ်ဝန်းကျင် ကပ်ဆိုးနှင့် ရင်ဆိုင်နေရသည်။
မြန်မာတွင် မြစ်ဖျားခံပြီး ထိုမြစ်သည် ယခုအခါတွင် မြစ်အထက်ပိုင်း ဝ ထိန်းချုပ်ဒေသမှ သတ္တုတူးဖော်ရေး လုပ်ငန်းများမှလာသည်ဟု ယူဆရသည့် အဆိပ်အတောက်များဖြင့် ညစ်ညမ်းနေသည်။ ဝဒေသသည် ထိုင်းနိုင်ငံက မည်သည့် တရားဝင်ဆွေးနွေးမှုမှ မထူထောင်ရသေးသည့် နိုင်ငံရေးအရ ထိခိုက်လွယ်သောဒေသ ဖြစ်သည်။
တချိန်က ကြည်လင်ပြီး သန့်ရှင်းသည့် ထိုမြစ်သည် ယခုအခါ အနီရောင်ပြောင်းပြီး ရွှံ့ရေဖြစ်နေသည်။ ထိုသို့ ကြီးမားသော အပြောင်းအလဲကြောင့် ချင်းမိုင်နှင့် ချင်းရိုင်ဒေသ နှစ်ခုလုံးမှ ဒေသခံများ တုန်လှုပ်ခြောက်ခြားကြပြီး ဓာတုအဆိပ်သင့်မည်ကို စိုးရိမ်သောကြောင့် အသုံးမပြုကြတော့ပေ။ ငါးများတွင် အကြီးအကျယ် ဒဏ်ရာရနေကြောင်းပြောကြပြီး စားသုံးရန် ဘေးကင်းလုံခြုံမှု မရှိတော့ကြောင်း ရေချိုငါးဖမ်းသမားများက ပြောသည်။
အသက်မွေးဝမ်းကြောင်းများနှင့် ခရီးသွားလုပ်ငန်း၊ အထူးသဖြင့် ချင်းရိုင်မှ လုပ်ငန်းများ အဓိက အထိနာပြီး ရေမချိုးရန်၊ ငါးမဖမ်းရန်နှင့် တိရစ္ဆာန်များကို မြစ်အတွင်း ဆင်းခွင့်မပေးရန်ပင် ဒေသခံများကို သတိပေးထားရသည်။
အသက်မွေးဝမ်းကြောင်းများနှင့် ခရီးသွားလုပ်ငန်း၊ အထူးသဖြင့် ချင်းရိုင်မှ လုပ်ငန်းများ အဓိက အထိနာပြီး ရေမချိုးရန်၊ ငါးမဖမ်းရန်နှင့် တိရစ္ဆာန်များကို မြစ်အတွင်း ဆင်းခွင့်မပေးရန်ပင် ဒေသခံများကို သတိပေးထားရသည်။
ပထဝီအနေအထားနှင့် ပတ်ဝန်းကျင် ထိခိုက်မှု
ကော့မြစ်သည် ချင်းမိုင်မှ မယ့်အိုင်ခရိုင်တွင် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာပြီး အနီးရှိ ချင်းရိုင်သို့ ဝင်ရောက်ကာ ချင်းဆန်တွင် မဲခေါင်မြစ်နှင့် ပေါင်းစပ်ကာ ထိုင်းပိုင်နက်အတွင်းတွင် ကီလိုမီတာ ၁၈၀ ခန့် စီးဆင်းသည်။
မကြာသေးမီက ရေစမ်းသပ်မှုများအရ အဆိပ်အတောက်ဖြစ်သည့် သိပ်သည်းဆများသော သတ္တု အာဆင်းနစ်ပါဝင်မှုသည် ထိုမြစ်ကြောင်းနှင့် မြစ်လက်တက်များမှ စမ်းသပ်သည့် ၁၅ နေရာလုံးတွင် ထိုင်းနိုင်ငံ၏ တရားဝင် ကန့်သတ်ချက် တလီတာလျှင် ဝ.၀၁၀ မီလီဂရမ်ထက် ကျော်လွန်နေသည်။ အာဆင်းနစ် အဆိပ်သင့်ခြင်းကို ဆိုင်မြစ်နှင့် မဲခေါင်မြစ်တွင်လည်း တွေ့ရသည်။
ဇွန်လ ၁၀ ရက်နေ့တွင် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) က မေလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း တိုင်းတာခဲ့သည့် ရေနမူနာ စတုတ္ထအကြိမ်မြောက် တိုင်းတာခြင်းရလဒ်ကို ထုတ်ပြန်ပြီး လေ့လာစောင့်ကြည့်နေသည့် နေရာတိုင်းတွင် အာဆင်းနစ် အဆိပ်သင့်ခြင်းကို ပြသသည်။ တိုင်းတာရာတွင် အနယ်အနှစ်ပို့ချမှုနှင့် ရေအရည်အသွေးကို ကော့မြစ်နှင့် ၎င်း၏ မြစ်လက်တက်များဖြစ်သော ဖန်း၊ လောင်၊ ကွန်၊ ဆွီနှင့် ဆိုင်မြစ်များတလျှောက် ၁၅ နေရာနှင့် မဲခေါင်မြစ်မှ နေရာ နှစ်ခုတွင် စမ်းသပ်မှု ပါဝင်သည်။
ပုံမှန်မဟုတ်လောက်အောင် မြင့်မားသည့် နုန်းမြေညစ်ညမ်းမှုနှင့် အာဆင်းနစ်အဆိပ်သင့်မှုကို မြန်မာနယ်စပ်အနီးတွင် တွေ့ရပြီး မြစ်အထက်ပိုင်းမှ သတ္တုတူးဖော်သည့် လုပ်ငန်းများမှ ညစ်ညမ်းခြင်းဖြစ်ကြောင်း အခိုင်အမာ ဖော်ပြနေသည်။
အာဆင်းနစ်ညစ်ညမ်းမှုကို မဲခေါင်မြစ်တွင် တွေ့ရခြင်းသည် ဆိုင်နှင့် လွပ်မြစ်လက်တက်များမှ စတင်ခြင်း ဖြစ်နိုင်သည်။ ထိုညစ်ညမ်းမှုသည် လာအိုပိုင်နက်မှ လာခြင်း ဟုတ်၊ မဟုတ် ထပ်မံစမ်းသပ်ရန် လိုအပ်သည်။ မိုးရာသီစတင်ခြင်းနှင့် ချင်းရိုင်ဆည် ရေတံခါးများဖွင့်ခြင်းကြောင့် အနယ်အနှစ် စီးဆင်းမှုတိုးလာပြီး ညစ်ညမ်းနေသော အနယ်အနှစ်များကို မွှေပေးလိုက်ကာ အာဆင်းနစ်ကို မြစ်အောက်ပိုင်းသို့ ပျံ့နှံစေနိုင်သည်။

ကျန်းမာရေး သတိပေးခြင်းနှင့် လူမှုအသိုက်အဝန်း အန္တရာယ်
ကော့မြစ်တလျှောက်တွင် မြင့်မားသော အာဆင်းနစ်အဆင့်များကို လူမှုအသိုက်အဝန်း ကျန်းမာရေးအကဲဖြတ်မှု ပလက်ဖောင်း (CHIA) မှ ဒါရိုက်တာ မစ္စ ဆွမ်ပွန် ဖန်းခမ်က အတည်ပြုသည်။ အာဆင်းနစ် ပါဝင်မှုသည် သာတန်မြို့နယ်မှ မြစ်ဖျားပိုင်းအနီးတွင် ကျဆင်းနေပုံရသော်လည်း မြစ်အလယ်ပိုင်းတွင် ပါဝင်မှုတိုးလာနေပြီး ချင်းရိုင်ဆည်မှ အနယ်အနှစ် ပို့ချသောကြောင့် ဖြစ်နိုင်သည်။
ဘုံဘိုင်ရေနှင့် ကျေးရွာများသို့ ဖြန့်ချိသည့် ရေများကို ပိုမို မကြာခဏ စစ်ဆေးရေးရန်၊ စိုက်ပျိုးရေး သုံးရေ အရင်းအမြစ်များကို အကဲဖြတ် ပြုပြင်ရန်နှင့် ရေတွင်းတိမ်များကို ချက်ချင်းစမ်းသပ်ရန် အရေးပေါ် လိုအပ်ကြောင်း သူက အလေးထားပြောသည်။ ရေတွင်းတိမ်များသည် မြစ်ကမ်းဘေး လူမှုအသိုက်အဝန်းများတွင် အတွေ့ရများပြီး မြေမှစိမ့်ဝင်ခြင်းကြောင့် ညစ်ညမ်းမှုဖြစ်နိုင်သည်။
ဘုံဘိုင်ရေနှင့် ကျေးရွာများသို့ ဖြန့်ချိသည့် ရေများကို ပိုမို မကြာခဏ စစ်ဆေးရေးရန်၊ စိုက်ပျိုးရေး သုံးရေ အရင်းအမြစ်များကို အကဲဖြတ် ပြုပြင်ရန်နှင့် ရေတွင်းတိမ်များကို ချက်ချင်းစမ်းသပ်ရန် အရေးပေါ် လိုအပ်ကြောင်း သူက အလေးထားပြောသည်။ ရေတွင်းတိမ်များသည် မြစ်ကမ်းဘေး လူမှုအသိုက်အဝန်းများတွင် အတွေ့ရများပြီး မြေမှစိမ့်ဝင်ခြင်းကြောင့် ညစ်ညမ်းမှုဖြစ်နိုင်သည်။
သိပ်သည်းသော သတ္တုများ ညစ်ညမ်းမှုကို ရွာသားများ ရွာသားများကိုယ်တိုင် စမ်းသပ်နိုင်ရေးအတွက် ကိုယ်တိုင်သုံး စစ်ဆေးရေးကိရိယာများ ဖြန့်ချိရန်လည်း အာဏာပိုင်များကို မစ္စ ဆွမ်ပွန်က တိုက်တွန်းသည်။
“ညစ်ညမ်းမှုအဆင့်က တရားဝင် ကန့်သတ်ချက်ထက် အနည်းငယ်လောက် မြင့်ရင်တောင်မှ နေ့စဉ် ထိတွေ့မှုဟာ လူ့ခန္ဓာကိုယ်အတွင်း ရေရှည် စုပုံမှုဖြစ်စေနိုင်တယ်။ အခုလောလောဆယ် ဘေးကင်းပုံ ရပေမယ့် ကြာတဲ့အခါ ရေရှည်ကျန်းမာရေး ခြိမ်းခြောက်မှု ဖြစ်နိုင်တယ်” ဟု ၎င်းက သတိပေးသည်။

နယ်စပ်ဖြတ်ကျော် အကျပ်အတည်း
ကစက်ဆပ်တက္ကသိုလ် သမိုင်းပညာရှင်နှင့် မြန်မာလူမျိုးစုများဆိုင်ရာ ကျွမ်းကျင်သူ မစ္စ လာလီတာ ဟန်ဝေါင်းက ထိုအခြေအနေသည် “အဆင့် ၅ ရှိ အမျိုးသား လုံခြုံရေး ပြဿနာ” ဖြစ်သည်ဟု ပြောသည်။
နယ်စပ်တလျှောက်တွင် လက်ရှိဖြစ်ပွားနေသည့် ငွေလိမ်ဂိုဏ်းများ အကျပ်အတည်းနှင့် ယခုဖြစ်ရပ်ကို သူက နှိုင်းယှဉ်ပြောကြားသည်။ ထိုကိစ္စတွင် အစိုးရက ကြားဝင်ဟန့်တားသော်လည်း ပြဿနာကို မဖြေရှင်းနိုင်သေးပေ။
သူက အစိုးရ၏ ပွင့်လင်းမြင်သာမှုကို တောင်းဆိုပြီး ကော့မြစ် ရေညစ်ညမ်းမှုသည် အရေးပါသော လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောသည်။ ညစ်ညမ်းနေသော မြစ်အထက်ပိုင်းမှ လက်ရှိအာဏာပိုင် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် အရေးပေါ် သံတမန်ရေး ထိတွေ့ဆက်ဆံမှု လုပ်ရမည်ဟု မစ္စ လာလီတာ ဟန်ဝေါင်းက ပြောသည်။
“ညှိနှိုင်းဆွေးနွေးမှုတွေရှိရမှာ ဖြစ်ပေမဲ့ ဒီကိစ္စကို အမျိုးသားလုံခြုံရေးအဖြစ် ကိုင်တွယ်ဖြေရှင်းကြောင်း နေပြည်တော်ကို ရှင်းလင်းတဲ့ သတင်းစကားပေးပို့ရမယ်” ဟု ၎င်းကပြောသည်။
“ရွာသားတွေက နာတာရှည် အဆိပ်မိတာ ခံစားနေရချိန်မှာ ဝ ဟာ နိုင်ငံတခု မဟုတ်ဘူးဆိုတဲ့ အယူအဆ နောက်ကွယ်မှာ ကျမတို့ ပုန်းရှောင်နေလို့ မရနိုင်ဘူး။ ဒီအယူအဆကို ပယ်ဖျက်ပစ်ရမယ်” ဟု မစ္စ လာလီတာက ပြောသည်။
အစိုးရစွမ်းဆောင်ရည် မရှိခြင်းနှင့် သတင်းအချက်အလက် ထိန်ချန်ခြင်း
နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ အန်ခါနာ နီးလာပိုင်ဂျစ်သည် လူမှုအခြေပြုအဖွဲ့ဝင်များနှင့်အတူ ထိုနေရာသို့ သွားရောက်ခဲ့သည်။ ပြည်နယ်အာဏာပိုင်များသည် အာဆင်းနစ် အဆိပ်သင့်သည်ကို သိသော်လည်း အထက်အရာရှိများက သတင်းအချက်အလက်များကို သိုသိုသိပ်သိပ်ထားရန် ညွှန်ကြားသည်ဆိုသည့် စွပ်စွဲချက်များကြောင့် သူတုန်လှုပ်သွားသည်။
“ထိခိုက်အလွယ်ဆုံးသူ ကလေးတွေက ညစ်ညမ်းမှုနဲ့ နေ့စဉ်ထိတွေ့နေရတယ်။ ကော့မြစ်မှာ ဆင်တွေ ရေချိုးပြီးရင် အဖုအပိန့်တွေ ဖြစ်တယ်ဆိုတော့ ဒီရေထဲမှာ ဆော့တဲ့ကလေးတွေ ဘယ်လိုနေမလဲ”
“ထိခိုက်အလွယ်ဆုံးသူ ကလေးတွေက ညစ်ညမ်းမှုနဲ့ နေ့စဉ်ထိတွေ့နေရတယ်။ ကော့မြစ်မှာ ဆင်တွေ ရေချိုးပြီးရင် အဖုအပိန့်တွေ ဖြစ်တယ်ဆိုတော့ ဒီရေထဲမှာ ဆော့တဲ့ကလေးတွေ ဘယ်လိုနေမလဲ” ဟု သူကမေးပြီး အာဆီယံဒေသဆိုင်ရာ ယန္တရားနှင့် ထိုသတ္တုတူးသည့် လုပ်ငန်းတွင် ဘဏ္ဍာငွေ ရင်းနှီးမြှုပ်နှံသော တရုတ်နှင့် ဆက်ဆံရေးကို အသုံးချရန် အစိုးရကို တောင်းဆိုသည်။
ခရီးသွားလုပ်ငန်း ပျက်စီးပြီး အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံး
နိုင်ငံတကာ ခရီးသည်များ လာရောက်သည့် ကရင် ရမ်မစ် ဆင်စခန်း မန်နေဂျာ ဆရီတန် ကန်ဖမ်းက သူ၏ စီးပွားရေးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေကြောင်း ပြောသည်။
“ခရီးသည်တင်လှေတွေ မောင်းလို့မရဘူး။ ဆင်တွေက မြစ်ရေသောက်လို့၊ ရေချိုးလို့ မရတော့ဘူး။ သန့်ရှင်းတဲ့ ရေရဖို့ တောင်ကျစမ်းကနေ ၄ ကီလိုမီတာလောက် ပိုက်လိုင်းသွယ်ရတယ်” ဟု ၎င်းက ပြောသည်။
မြစ်ရေများ ရွှံ့ရောင်စတင်ဖြစ်လာသည့် ဖေဖော်ဝါရီလတွင် ဆင်ဦးစီးများသည် အခြေအနေကို မသိဘဲ ဆင်များကို မြစ်အတွင်း ဆင်းစေခဲ့သည်။ “ဆင်တွေ အရေပြားမှာ အဖုအပိန့်တွေဖြစ်လာပြီး ပြည်တည်နာတွေ ဖြစ်လာတယ်” ဟု မစ္စတာ ဆရီတန်က အလေးအနက် ပြောသည်။

ပြည်နယ်အစိုးရ၏ အကန့်အသတ်ရှိသော အာဏာ
အခြေအနေ၏ လေးနက်ပြင်းထန်မှုကို ပြည်နယ်အုပ်ချုပ်ရေးမှူး ချာရင် သောင်ဆပ်က ဝန်ခံပြီး ဒေသခံများနှင့် တူညီသော ရေအရင်းအမြစ်ကိုသာ သုံးသောကြောင့် သူကိုယ်တိုင်လည်း ထိခိုက်ရကြောင်း ပြောသည်။ အကြောင်းရင်းသည် အခြားနိုင်ငံတွင်ဖြစ်ပြီး မြစ်အထက်ပိုင်းကို ကြားဝင်ဆောင်ရွက်ရန် သူ့တွင် လုပ်ပိုင်ခွင့်မရှိကြောင်း ပြောသည်။
လတ်တလော အရေးယူဆောင်ရွက်မှု နှစ်ခု ပြုလုပ်ထားသည်။ လက်ရှိအချိန်အထိ အာဆင်းနစ်ပါဝင်မှု နိမ့်နေဆဲဖြစ်သော ဘုံဘိုင်ရေ၏ ဘေးကင်းလုံခြုံမှုကို အတည်ပြုခြင်းနှင့် ရေအခြေအနေကို ဆက်လက် စောင့်ကြည့်ရန် သဘာဝပတ်ဝန်းကျင် အရည်အသွေးဌာနကို တောင်းဆိုခြင်းတို့ ဖြစ်သည်။
ရေရှည်ဖြေရှင်းမှုတွင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက အကြံပြုသည့်အတိုင်း အနယ်အနှစ် ထိန်းသိမ်းသည့် ဆည်များ ပိုမိုတည်ဆောက်ခြင်း ပါဝင်နိုင်သည်။
“အကောင်းဆုံးကတော့ မြန်မာကနေ သန့်ရှင်းတဲ့ရေတွေ စီးဝင်စေဖို့ဖြစ်တယ်။ အဲဒီ မတိုင်ခင်မှာ ကျနော်တို့ပိုင်နက်ထဲ ဝင်လာတဲ့ အာဆင်းနစ်ကို လျှော့ချရမယ်”
“အကောင်းဆုံးကတော့ မြန်မာကနေ သန့်ရှင်းတဲ့ရေတွေ စီးဝင်စေဖို့ဖြစ်တယ်။ အဲဒီ မတိုင်ခင်မှာ ကျနော်တို့ပိုင်နက်ထဲ ဝင်လာတဲ့ အာဆင်းနစ်ကို လျှော့ချရမယ်” ဟု ချာရင်က ပြောသည်။
“အဲဒီရေနဲ့မထိဖို့ ဒေသခံတွေကို အကြံပေးပြီး ဘုံဘိုင်ရေက ဘေးကင်းတယ်လို့ သတ်မှတ်နိုင်တယ်။ ကျနော်တို့ရဲ့ အကန့်အသတ်ရှိတဲ့ အာဏာနဲ့ ကျနော်တို့ တတ်နိုင်တာကို လုပ်နေတယ်” ဟု မစ္စတာ ချာရင်က ပြောသည်။
(Bangkok Post ပါ Wassayos Ngamkham ၏ A waterway of life is turning deadly ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ
ထိုင်းမြောက်ပိုင်း ရေကြီးမှု မြန်မာဘက်က သယံဇာတ တူးမှုကြောင့်လို့ဆို (ရုပ်/သံ)
UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော
ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”














