ထိုင်းအစိုးရရဲ့ လေ့လာတွေ့ရှိချက်အရ မယ်ဆိုင်မြစ်ရဲ့ရေကြောင်းတစ်လျှောက် မျောပါလာတဲ့ နုန်းတွေထဲမှာ ရွှေတူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အဆိပ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်နေပြီး ဇင့် ပါဝင်မှုဟာ သတ်မှတ်ထားတဲ့ ပမာဏထပ် ၁၈ ဆပိုများ နေတယ်လို့ ဖော်ပြထားပါတယ်။
ဂြိုလ်တုမြေပုံတွေရဲ့ လေ့လာမှုတွေအရ မြို့အတွင်းက တင်ကျန်နေတဲ့ နုန်းတွေ အဓိကဖြစ်ပေါ်စေဟာ မိုင်းဆတ်မြို့အရှေ့ပိုင်း မယ်ဆိုင် မြစ်တစ်လျှောက် က ရွှေတူးဖော်ထုတ်လုပ်မှုတွေ ကြောင့်လို့ ဆိုထားပါတယ်။
ဒီရွှေတူးဖော်မှုတွေကိုတော့ မိုင်းဆတ် မြို့အရှေ့ပိုင်းက မိုင်းကန်း၊ နားယောင်း၊ မယ်ကြုတ်ရွာ ဒေသတွေမှာ ပြုလုပ်နေတာဖြစ်ပြီး ဒီဒေသကိုတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့နဲ့ စစ်ကောင်စီက လှုပ်ရှားတာ ဖြစ်ပါတယ်။
မြန်မာပြည်နယ်စပ်က မယ်ဆိုင်မြို့နဲ့ တာချီလိတ်မြို့မှာ ရေကြီးမှုတွေ ဖြစ်ခဲ့ပြီးနောက် အောက်တိုဘာလမှာ ထိုင်းအစိုးရက လေ့လာမှု ပြုလုပ်ခဲ့တာပါ။
#မြန်မာ #ဧရာဝတီ #ထိုင်းနိုင်ငံ #မယ်ဆိုင်မြစ် #နုန်းမြေ #ဇင့်ဓါတ် #ရွေတူးဖော် #မိုင်းဆတ်မြို့ #UWSA #မယ်ဆိုင် #တာချီလိတ်