• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာရှလမ်းနေရာတချို့ သိမ်းပြီး ပြန်ဖွင့်နိုင်ရေး လုပ်မည်ဟုဆို

by ဧရာဝတီ
25 July 2025
in သတင်း
A A
အာရှလမ်းနေရာတချို့ သိမ်းပြီး ပြန်ဖွင့်နိုင်ရေး လုပ်မည်ဟုဆို

မြဝတီ၊ အာရှလမ်းမ တနေရာတွင် တွေ့ရသည့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ / CJ

2.3k
VIEWS
Share on FacebookShare on Twitter

ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်ပူးပေါင်းတပ်များ သိမ်းထားသည့် ကော့ကရိတ်- ကျုံဒိုး အာရှလမ်းပိုင်းတချို့ကို စစ်တပ်မှ ပြန်လည်ထိန်းချုပ်သွားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသော အာရှ လမ်းပြန်ဖွင့်နိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

စစ်တပ်က ပြန်သိမ်းလိုက်သည့် လမ်းပိုင်းက ၁၅မိုင်ကျော်ရှိသည့် ကော့ကရိတ်မြို့ နှင့် ကျုံဒိုးမြို့ကြား အာရှလမ်းပိုင်းဖြစ်ပြီး ကျုံးဒိုးမှလာသောစစ်ကြောင်းနှင့် ကော့ကရိတ်ဘက်မှစစ်ကြောင်းတို့မှ လက်နက်ကြီး၊ ဒရုန်းပစ်ကူတို့ဖြင့် ထိုးစစ်ဆင်ပြီး လမ်းပိုင်းနေရာတချို့ကို ဇူလိုင် ၂၄ ရက်၌ ပြန်လည်ထိန်းချုပ်သွားခြင်းဖြစ်ပြီး မြဝတီမှတဆင့် အာရှလမ်းမကြီး ပုံမှန် ပြန် လည်ဖွင့်လှစ်နိုင်ရေး ကျန်ရှိနေသည့်လမ်းပိုင်းအချို့အား အမြန်ဆုံး ဆက်လက်ရှင်းလင်းနိုင်ရေး ဆောင်ရွက် လျက်ရှိ သည်ဟု ဆိုသည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
1
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
14
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
26

KNLA ပူးပေါင်းတပ်များနှင့်နီးစပ်သည့် ကော့ကရိတ်ဒေသခံတဦးက “နွားခြံကုန်းဘက်က နေရာယူထားတဲ့တပ်တွေဆုတ် လိုက်ရပြီ၊ စစ်ကောင်စီတပ်တွေ လမ်းပိုင်းတချို့ကို ပြန်စိုးမိုးသွားတာ။ ကျန်တဲ့ တို့တပ်တွေ အကုန်မဆုတ်သေးဘူး” ဟု ပြောသည်။

စစ်ကောင်စီဘက်က နွားခြံကုန်းကျေးရွာ ဆိုင်ဘုတ်ရှေ့တွင် တပ်ဖွဲ့ဝင်ဓာတ်ပုံများဖြင့် ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ဖော်ပြထားပြီး ထိုနွားခြံကုန်းရွာသည် ကျုံ ဒိုးမြို့ အထွက်နေရာပင်ရှိသေးကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ခံတဦးက “စစ်တပ်ဘက်က ရှင်းလင်းရေးတွေလုပ်နေပြီလို့ ပြောပေမယ့် အဲဒီလမ်းကြောပေါ်မှာကတော့ လက်နက်ကြီးသံတွေအခုထိကြားနေရတယ်။ ကျနော်တို့ အတွေ့အကြုံအရ ဒီအတိုင်းဆို လမ်းပွင့်ပြီး ပြည်သူတွေ သွားလာနိုင် ဖို့ ကြာဦးမယ်ထင်တယ်”ဟု ပြောသည်။

ကော့ကရိတ်နှင့် ကျုံဒိုးမြို့တို့ရှိ စစ်ကောင်စီတပ်များနှင့် အောင်ဇေယျစစ်ကြောင်းတို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းစစ်ကြောင်းများနှင့် မွန်တော်လှန်ရေး ပူးပေါင်းတပ် များက ကော့ကရိတ် အရှေ့ဘက် ၊ မြောက်ဘက် နှင့် အနောက်ဘက်တို့မှ စစ်မျက်နှာဖွင့်၍ ပြီးခဲ့သော ဧပြီ ၁၃ ရက်၌ ထိုးစစ်ဆင်ခဲ့ကြသည်။

စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်ထားသည့် ကျုံဒိုးမြို့/ စစ်ကောင်စီ

ထိုးစစ်ဆင်ပြီး ရက်ပိုင်းအတွင်း ကော့ကရိတ်အနောက်စစ်မျက်နှာ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်း ၅ တိုင် နှင့် ၉ တိုင်ကြား၌ အင်အားရာချီ စစ်ကောင်စီတပ်စခန်းနှင့် ဂိတ်များကို ပူးပေါင်းတပ်များက သိမ်း၍ ကျုံးဒိုးမြို့အဝင်နားထိ ရောက်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီဘက်က ကော့ကရိတ်ဘက်ခြမ်းကို ပူးပေါင်းတပ်များရှေ့ဆက်မတိုးနိုင်ရန် လှိုင်းဝ အမြောက် တပ် ၊ ခလရ ၂၃၀ ၊ ခလရ ၂၃၁ ၊ စကခ ၁၂ တို့က ခုခံထားသလို ကျုံဒိုးဘက်မှလည်း ခမရ ၅၄၅ ၊ ၅၄၆ တပ်များကို မော်လမြိုင်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)နှင့် ဘားအံရှိ တပ်မ ၂၂ တို့မှ အင်အားများထပ်ဖြည့်၍ အကြိမ်ကြိမ် ထိုးစစ်ပြန်ဆင်ခဲ့ရာ တိုက်ပွဲများ တောက်လျောက်ဖြစ်ပွားခဲ့သည်။

စစ်ဆင်ရေးကာလ ၃ လကျော်အတွင်း တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၃၀ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့သလို ဇူလိုင်လ ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်း တလျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန် ထားသည်။

လူမှုကူညီရေးလုပ်နေသူ ကားသမားတဦးက “မနေ့ကပဲ ဘားအံကနေမြဝတီကိုတက်လာတာ၊ ကျုံဒိုး-ကော့ကရိတ်လမ်း မဖွင့်လို့ ကျနော်တို့ နဘူးဘက်ပတ်ပြီးတော့ ထီလုံဘက်ကသွားနေရတာ။ ကျနော်တို့ကတော့ လမ်းဖွင့်စေချင်တယ်၊ အဲဒီဘက်ကနေသွားရင် နီးတယ်လေ။ အခုက မော်လမြိုင်ကိုသွားရင်တောင်မှ ဟိုး ထီလုံကနေပတ်ပြီးတော့မှ ဘားအံ ၊ ဘားအံကနေမှ မော်လမြိုင်ပြန်ကူးရတာလေ”ဟု ပြောသည်။

မြန်မာ-ထိုင်း နယ်စပ်မြို့ မြဝတီမြို့နှင့် ၄၁ မိုင် ခန့်သာကွာဝေးပြီး ဘားအံ၊မော်လမြိုင်နှင့် ကြာအင်းဆိပ်ကြီးမြို့များသို့ သွားလာရေးအဓိကအချက်အချာ လမ်းဆုံမြို့ဖြစ်သည့် ကော့ကရိတ်မြို့ကို တော်လှန်ရေးပူး ပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁ ရက်တွင် ထိုးစစ်ဆင်ခဲ့ပြီး မြို့တွင်း နေရာအများစုကို စိုးမိုးနိုင်ခဲ့သည်။

သို့သော်စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ဧပြီလတွင် ကော့ကရိတ်အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် သင်္ဃန်းညီနောင်ရှိ တပ်ရင်းဌာနများနှင့် အာရှလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် အောင်ဇေယျစစ်ကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

အများသွားလာရေးလွယ်ကူသလို ကုန်သွယ်ရေးတွင်လည်း အရေးပါသော အာရှလမ်းမကြီးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA )နှင့် ပြည်သူ့ကာကွယ်ရေးတပ် ( PDF) ပူးပေါင်းစစ်ကြောင်းများက ကော့ကရိတ်မြို့ သိမ်း တိုက်ပွဲဆင်နွှဲခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှစ၍ အာရှလမ်းမကြီး၏ ယာဉ်သွားလာမှုများ စတင် ရပ်ဆိုင်းခဲ့သည်။

You may also like these stories:

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

အာရှလမ်း ပြန်ဖွင့်နိုင်တော့မလား

Your Thoughts …
Tags: KNLAကျုံဒိုးအာရှလမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

Next Post
မွန်မှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး (ရုပ်/သံ)

မွန်မှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး (ရုပ်/သံ)

ဗိုလ်တထောင်နဲ့ ဗွက်ထနေရင် တော်လှန်ရေးကျရှုံးမယ် (ရုပ်/သံ)

ဗိုလ်တထောင်နဲ့ ဗွက်ထနေရင် တော်လှန်ရေးကျရှုံးမယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved