• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ်ရဲ့ xAI က Apple နဲ့ OpenAI ကို တရားစွဲ

by ဧရာဝတီ
31 August 2025
in သတင်း
A A
အီလွန်မတ်စ်ရဲ့ xAI က Apple နဲ့ OpenAI ကို တရားစွဲ

ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ် / Forbe

444
VIEWS
Share on FacebookShare on Twitter

ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ် ပိုင်ဆိုင်တဲ့ xAI ကုမ္ပဏီက OpenAI ကုမ္ပဏီနဲ့ Apple ကုမ္ပဏီ တို့ကို တရား စွဲလိုက်ပါတယ်။

xAI ကုမ္ပဏီဟာ ChatGPT ဖန်တီးရှင် OpenAI ကုမ္ပဏီနဲ့ Apple ကုမ္ပဏီ တို့ကို AI ယှဉ်ပြိုင်မှုမှာ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်ဖို့ အတွက် တရားမဝင် ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲပြီး တက္ကဆက် ပြည်နယ် ဗဟိုတရားရုံးမှာ ပြီးခဲ့တဲ့ တနင်္လာ နေ့က တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Apple နဲ့ OpenAI ဟာ X နဲ့ xAI တို့လို တီထွင်သူတွေရဲ့ ယှဉ်ပြိုင်မှုကို ကာကွယ်ဖို့နဲ့ စိတ်ကြိုက် ခြယ်လှယ်နိုင်ဖို့ ဈေးကွက်ထဲမှာ ပိတ်ပင် တားဆီးမှုတွေ ပြုလုပ်နေတယ်လို့ တရားစွဲမှုမှာ ဆိုထားပါတယ်။

Apple က OpenAI နဲ့ လက်တွဲထားပြီး ChatGPT ကို သူတို့ရဲ့ iPhones, iPads နဲ့ Macs တွေမှာ ထည့်သွင်း ထားတယ်လို့ သိရပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

“OpenAI နဲ့ ပူးပေါင်းမှုကြောင့် မဟုတ်ရင် Apple အနေနဲ့ X နဲ့ Grok app တွေကို သူတို့ရဲ့ App Store မှာ ထင်ထင် ရှားရှား ဖော်ပြထားမှုအား ရုပ်သိမ်းလိုက်စရာ အကြောင်းမရှိဘူး” လို့လည်း တရားစွဲမှုမှာ ပါဝင် ဖော်ပြထားပါတယ်။

ထိခိုက်နစ်နာကြေး အဖြစ် ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး တောင်းဆိုသွားဖို့ ရှိနေတယ်လို့လည်း xAI က ပြောပါတယ်။

အီလွန်မတ်စ် ကလည်း သူ့ရဲ့ X အကောင့်မှာ “Grok မှာ rating 4.9 နဲ့ reviews ပေါင်း သန်းနဲ့ချီ ရှိပေမယ့် Apple ကတော့ Grok ကို ညွှန်းပေးဖို့ ငြင်းဆန်နေတုန်းပဲ” လို့ ရေးသားခဲ့ပါတယ်။

အီလွန်မတ်စ်ဟာ ဒီလ အစောပိုင်းကလည်း “Apple ရဲ့ အပြုအမူက App Store မှာ OpenAI က လွဲပြီး တခြား ဘယ် AI ကုမ္ပဏီမှ နံပါတ် ၁ နေရာ မရောက်အောင် လုပ်နေတာ” လို့ X မှာ ရေးသားပြီး Apple ကို တရားစွဲဖို့ ခြိမ်းခြောက် ခဲ့ဖူးသေးပါတယ်။

OpenAI ရဲ့ ChatGPT ဟာ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ စတင်ပြီး လပိုင်းအတွင်း သမိုင်းတလျှောက် ဖွံ့ဖြိုးမှု အမြန်ဆုံး ဖြစ်ခဲ့တာပါ။

မတ်စ် ပိုင် X က xAI ကို သူတို့ရဲ့ Chatbot လေ့ကျင့်ရေးကို မြှင့်တင်ပေးနိုင်ဖို့ အခုနှစ် မတ်လမှာ ဒေါ်လာ ၃၃ ဘီလီယံနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ Grok chatbot ကို သူပိုင် တက်စ်လာ ကုမ္ပဏီက ထုတ်လုပ်တဲ့ ကားတွေမှာ ထည့်သွင်းပြီး အသုံးပြု နေတယ်လို့ သိရပါတယ်။

xAI ဟာ မိုက်ခရိုဆော့ဖ် က ထောက်ပံ့ပေးနေတဲ့ OpenAI နဲ့ တရုတ်ရဲ့ DeepSeek တို့နဲ့ ယှဉ်ပြိုင်နေရပြီး စတင် တည်ထောင်ခဲ့တာက ၂ နှစ် မပြည့်သေးဘူးလို့ ဆိုထားပါတယ်။

လွှမ်းမိုးမှု ကာကွယ်ရေး ကျွမ်းကျင်သူတွေက စမတ်ဖုန်း ဈေးကွက်မှာ Apple ရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ iPhones ရောင်းအားနဲ့ ChatGPT ကို တရားမဝင် ချိတ်ဆက်နေတယ် ဆိုတဲ့ xAI ရဲ့ စွပ်စွဲချက်ကို အားကောင်းစေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း OpenAI နဲ့ ပူးပေါင်းမှုဟာ လုပ်ငန်း သဘောအရ ဆုံးဖြတ်ချက်တခု ဖြစ်ပြီး ပြိုင်ဖက်တွေကို ဈေးကွက် ဝေစုရရေး ကူညီပေးဖို့ တာဝန်မရှိကြောင်း Apple ဘက်က တုံ့ပြန်လာနိုင်တယ် လို့လည်း ကျွမ်းကျင်သူတွေက ဆိုထား ပါတယ်။

Ref : Reuters

Your Thoughts …
Tags: AIAppleChatGPTOpenAIxAIအီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

by Angshuman Choudhury
21 October 2023
6.9k

စစ်အာဏာသိမ်းပြီးနောက်တွင် NCA ကို ဆက်လက် ထောက်ခံခြင်းဖြင့် အိန္ဒိယသည် မြေပြင် ပကတိအခြေအနေများကို လေ့လာရန် ပျက်ကွက်နေသည်။

Next Post
မူးယစ်ဆေး လမ်းကြောင်းသစ်ဖြစ်လာတဲ့ အိန္ဒိယ-မြန်မာနယ်စပ် (ရုပ်/သံ)

မူးယစ်ဆေး လမ်းကြောင်းသစ်ဖြစ်လာတဲ့ အိန္ဒိယ-မြန်မာနယ်စပ် (ရုပ်/သံ)

NUG ဖောက်ထွက်စဉ်းစားဖို့လိုပြီ (ရုပ်/သံ)

NUG ဖောက်ထွက်စဉ်းစားဖို့လိုပြီ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved