• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း အလုံးအရင်းဖြင့် ပြိုင်ဘက်များကို အင်အားပြ

by ဖိုးတာ
26 September 2025
in သတင်း
A A
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း အလုံးအရင်းဖြင့် ပြိုင်ဘက်များကို အင်အားပြ

ပါတီဝင် ၁၁,၀၀၀ စုဆောင်းနိုင်သည့် ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်သို့ ဩဂုတ်လအတွင်းက USDP ဥက္ကဋ္ဌ ဦးခင်ရီ သွားရောက် တွေ့ဆုံစဉ် / USDP

602
VIEWS
Share on FacebookShare on Twitter

စစ်အုပ်စု လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ဒီဇင်ဘာ-ဇန်နဝါရီ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အလုံးအရင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့ အကြိုက်များဖြင့် ပြည့်နေသည့် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို အင်အားပြလိုက်သည်။

နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တသီးပုဂ္ဂလများက မှတ်ပုံတင်သည့် ကိုယ်စားလှယ် ၄,၉၀၀ ခန့်တွင် ၁,၀၀၀ ကျော်ကို USDP က တင်သွင်းသည်ဟု စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် (UEC) စာရင်းအရ သိရသည်။ ပါတီ ခြောက်ခုသည် တနိုင်ငံလုံးတွင် ယှဉ်ပြိုင်ပြီး ၅၁ ပါတီသည် ပြည်နယ်နှင့်တိုင်း လွှတ်တော်များအတွက် ယှဉ်ပြိုင်မည် ဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံပြု USDP ပါတီကို ဗိုလ်ချုပ်ဟောင်းများနှင့် အငြိမ်းစား အဆင့်မြင့် စစ်အရာရှိများဖြင့် ဖွဲ့စည်းထားပြီး ၎င်းနှင့်အနီးကပ်ဆုံး ပြိုင်ဘက်များထက် နှစ်ဆနီးပါး ဝင်ရောက်ယှဉ်ပြိုင်မည်။

USDP က ကိုယ်စားလှယ်လောင်း အားလုံး၏ ၅ ပုံ ၁ ပုံကို တင်သွင်းခြင်းသည် ပြည်နယ်နှင့် တိုင်းများတွင် ယှဉ်ပြိုင်မည့် ပါတီ ၅၁ ခု စုစုပေါင်း ကိုယ်စားလှယ်လောင်းတင်သွင်းမှု ၉၆၀ ထက်ပင် ပိုမိုများပြားနေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လက်ရှိနှင့် လက်ဟောင်း စစ်အုပ်စုအဆင့်မြင့်ခေါင်းဆောင် ၂၀ ကျော်နှင့် လက်ရှိဝန်ကြီးများ USDP မှ ရွေးကောက်ပွဲဝင်ရန် မကြာသေးမီက ညွှန်ကြားသည်။ USDP ကို ဝါရင့်ဗိုလ်ချုပ်ဟောင်းများက ၂၀၁၀ ပြည့်နှစ်က မဲလိမ်သည့်ရွေးကောက်ပွဲ မတိုင်မီက လွှတ်တော်သစ်တွင် စစ်တပ်ချုပ်ကိုင်နိုင်ရေးအတွက် တည်ထောင်ခဲ့သည်။

ထိုရွေးကောက်ပွဲတွင် USDP ပါတီသည် ထင်ထားသည့်အတိုင်း နိုင်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် သမ္မတဖြစ်ရေးအတွက် လမ်းခင်းပေးသည်။

သို့သော် ထိုလက်ဝေခံပါတီသည် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြီးအကျယ် ရှုံးနိမ့်သည်။

လာမည့် ရွေးကောက်ပွဲတွင် USDP ၏ အကြီးမားဆုံးပြိုင်ဘက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆၉၄ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ တစညသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ နိုင်ငံကို အုပ်ချုပ်သည့် စစ်အာဏာရှင် နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ဆက်ခံသည့်ပါတီ ဖြစ်သည်။

နောက်မှ ကပ်လိုက်နေသောပါတီမှာ စစ်ကောင်စီ၏ မဟာမိတ် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆၇၂ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဒေါ်သက်သက်ခိုင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးနှင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးတို့ လုပ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစညနှင့် PPP တို့သည် NLD ကို အပြတ်အသတ် ရှုံးနိမ့်ကြသည်။ သို့သော် ထိုရွေးကောက်ပွဲရလဒ်ကို မင်းအောင်လှိုင်၏ အာဏာသိမ်းမှုက ရက်သတ္တပတ် အနည်းငယ်အတွင်း ဖျက်သိမ်းခဲ့သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP) က ကိုယ်စားလှယ်လောင်း ၅၁၂ ဦးမှတ်ပုံတင်ပြီး ကိုယ်စားလှယ်လောင်း ၅၈၄ ဦးတင်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နောက်တွင် ကိုယ်စားလှယ်လောင်း တင်သွင်းသည့် စတုတ္ထအများဆုံး တနိုင်ငံလုံး ယှဉ်ပြိုင်မည့်ပါတီ ဖြစ်သည်။

၂၀၁၈ ခုနှစ်က တည်ထောင်ခဲ့သော PP သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တနေရာမှ အနိုင်မရပေ။ ထို့နောက် PP သည် အခြားအဓိကကျသည့် ဒီမိုကရေစီပါတီများက သပိတ်မှောက်ခြင်းကို အာခံကာ စစ်အုပ်စု၏ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်သည်။ အဆိုပါ အဓိက ဒီမိုကရေစီပါတီများက စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်သည် စစ်အုပ်ချုပ်ရေး ခိုင်မာစေရန် ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲဟု မြင်သည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးရက် မတိုင်မီ တရက်အလို စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်အုပ်စုက တနိုင်ငံလုံးယှဉ်ပြိုင်သည့်ပါတီများ ကိုယ်စားလှယ်တင်သွင်းရမည့် မဲဆန္ဒနယ် အရေအတွက်ကို ထက်ဝက် (၈၃၃ နေရာအနက် ၄၁၇ နေရာ) အစား ၄ ပုံ ၁ ပုံ (၂၀၉) အထိ လျှော့ချလိုက်သည်။

တနိုင်ငံလုံးယှဉ်ပြိုင်သည့်ပါတီ သုံးခုနှင့် ဒေသဆိုင်ရာပါတီ တခု စုစုပေါင်း လေးခုကို ပါတီမှတ်ပုံတင်ဥပဒေ စည်းကမ်းချက်များ မပြည့်မီဟုဆိုကာ ၎င်းတို့ကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းပြီးနောက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။

စစ်အုပ်စုသည် ရွေးကောက်ပွဲပထမအဆင့်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ ခု၌ ကျင်းပရန် စီစဉ်ထားပြီး ထိုမြို့နယ်များအနက် အများအပြားတွင် စစ်အုပ်စုတပ်များနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် စစ်အုပ်စု၏ အတိုက်အခံများက ထိုရွေးကောက်ပွဲသည် ဒီမိုကရေစီမျက်နှာဖုံးဖြင့် စစ်အုပ်ချုပ်ရေး တိုးချဲ့ရန် အတုအယောင်ဖြစ်ပြီး မြန်မာနိုင်ငံရေး ဖရိုဖရဲအခြေအနေအတွက် မည်သည့် အဖြေမှမပေးနိုင်ကြောင်း ပြောကြားရှုတ်ချကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta’s Proxy Party Floods Election With Candidates, Dwarfing Rivals ကို ဘာသာပြန်သည်။)

You may also like these stories:

ရွေးကောက်ပွဲလမ်းကြောင်း စစ်အုပ်စု အကြီးအကျယ် ကြိုးစားရှင်းနေသော်လည်း

ရွေးကောက်ပွဲကို ဝေဖန်လို့ အသက်မပြည့်သူတွေကိုပါ ဖမ်းဆီးနေ (ရုပ်/သံ)

ရွေးကောက်ပွဲအလွန် စစ်တပ်ရဲ့ စတုတ္ထမျိုးဆက် ဘာလဲ ဘယ်လဲ (ရုပ်/သံ)

အတုအယောင် ရွေးကောက်ပွဲ အကြံအစည်နှင့် လူတယောက်

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ” တဲ့လား (ရုပ်/သံ)

ရွေးကောက်ပွဲနီးလာလေ မြန်မာနိုင်ငံသားတွေ စိုးရိမ်ရလေ

ဒု ဗိုလ်ချုပ်ကြီး ၆ ဦး ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်မည်

Your Thoughts …
Tags: NLDNUGPPPPPSNDPUSDPစစ်ကော်မရှင်စစ်အာဏာသိမ်းမှုတစညတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုမဆလရွေးကောက်ပွဲ
ဖိုးတာ

ဖိုးတာ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
အတုအယောင် ရွေးကောက်ပွဲအတွက် အိန္ဒိယကို မြန်မာစစ်တပ် သေဖော်ညှိ

အတုအယောင် ရွေးကောက်ပွဲအတွက် အိန္ဒိယကို မြန်မာစစ်တပ် သေဖော်ညှိ

အနုမြူတွေ ရမယ်

အနုမြူတွေ ရမယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved