• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေ

by ဧရာဝတီ
26 July 2021
in Environment
A A
မွန်ပြည်နယ် ကျိုက်မရောမြို့ ဦးလေးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်နေစဉ် / Soe Thura Aung

မွန်ပြည်နယ် ကျိုက်မရောမြို့ ဦးလေးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်နေစဉ် / Soe Thura Aung

36.5k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်တတိယလှိုင်းကို အခက်အခဲများဖြင့် ရင်ဆိုင်နေရချိန် တိုင်းနှင့်ပြည်နယ် အချို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုများ ကြုံတွေ့ နေရသဖြင့် အခက်အခဲများ ထပ်မံဖြစ်ပွားနေကြောင်း ဒေသခံ ပရဟိတ အဖွဲ့များထံမှ သိရသည်။

မြစ်ရေ တက်ရက်လည်း ဖြစ်နေသလို မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့မြို့၊ မြဝတီမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရောမြို့နယ်၊ တနင်္သာရီ တိုင်း ထားဝယ်မြို့ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသို နှင့် ကောလင်းစသည့် မြို့အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇမိမြစ်မှ ရေလျှံသဖြင့် ရပ်ကွက် ၃ ခု ရေဝင်နေပြီး လူဦးရေ ၄၀၀ နီးပါး ရေဘေးသင့်နေကာ ကိုဗစ်ရောဂါလည်း ရှိနေသဖြင့် ရေဘေးဒုက္ခသည်များကို အဆောက်အဦးများ ခွဲထား နေရကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက “အခုက ကိုဗစ်ကလည်း တအားတက်နေတော့ လူတွေ ခွဲထားရတာပေါ့။ စာသင်ကျောင်းတွေထဲ ဘာတွေထဲ လိုက်ပို့ထားရတာပေါ့။ မြို့မှာက နေ့တိုင်းလိုလို ကိုဗစ်ရောဂါသည်က ထွက်နေတာပဲ။ ကိုဗစ်နဲ့ ရေဘေးရော အကြိတ်အနယ်ကို ရင်ဆိုင်နေရတယ်” ဟု ပြောသည်။

RelatedPosts

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ အမိန့်စာနဲ့ စစ်တပ်ခြေလှမ်းစ

27 December 2025
356
၂၀၁၄ ခုနှစ်က မြစ်ဆုံတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ လှုပ်ရှားမှု  / KDNG

မြစ်ဆုံစီမံကိန်း လူထုဆန္ဒသာ အဓိကဟု KIO ပြော

20 December 2025
771
လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

14 December 2025
130

အလားတူ ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်လည်း ထိုင်း-မြန်မာ နယ်စပ်မှ သောင်ရင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်း ရပ်ကွက်များရှိ ပြည်သူများ ရေဘေးဒုက္ခကြုံနေရပြီး လွိုင်းဘွဲ့မြို့တွင် လှိုင်းဘွဲ့ချောင်းရေ မြင့်တက် လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်မြုပ်မှုများ ရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင် မိုးကြီး၍ ရေကြီးရေလျှံမှု ဖြစ်နေစဉ်(ကရင်အမျိုးသားမီဒီယာ)

ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကိုဗစ်ကူညီရေး လုပ်ငန်းများ အခက်အခဲတွေ့နေကြောင်း သိရသည်။

မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ ဒိုင်းဝန်ကွင်းလမ်းမကြီး၊ အောက်ကျင်းရပ်ကွက်၊ ကျိုက်ဖနဲရပ်ကွက်၊ ‌သီရိမြိုင်ရပ်ကွက်နှင့် ကျိုက်မရောမြို့နယ် မြို့ပေါ်ရပ်ကွက်အချို့နှင့် ချောင်းနှစ်ခွကျေးရွာတို့တွင် ရေကြီး ရေလျှံနေခြင်း ဖြစ်ကြောင်း သိရသည်။

အတ္တရံမြစ်ရေ မြင့်တက်လာသဖြင့် ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက်ရှိ COVID -19 ကုသဆောင်မှ လူနာများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရပြီး မော်လမြိုင်မြို့တွင်လည်း ကိုဗစ်ကြောင့် သေဆုံးသူများကို လူနာတင်ယာဉ်များဖြင့် သယ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ဒိုင်နာကားများဖြင့် သယ်ဆောင်နေရကြောင်း သိရသည်။

“မြစ်ရေအတိုးနဲ့ မိုးများတာနဲ့ သွားဆုံတော့ ရေကတန့်သွားတဲ့ သဘောပေါ့။ အနိမ့်ပိုင်းမှာ သေဆုံးသွားတဲ့ လူနာတွေဆိုရင်၊ အိမ်မှာသေဆုံးတဲ့လူနာတွေဆိုရင် Ambulance ကားတွေသုံးလို့ မရတော့ပါဘူး။ ဒိုင်နာတွေ သုံးပြီး သယ်နေရတယ်” ဟု မော်လမြိုင်မြို့အခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့မှ အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

သံဖြူဇရပ် – မုဒုံ ကားလမ်းနှင့် သံဖြူဇရပ်-ကျိုက္ခမီကားလမ်းတို့တွင်လည်း ကားလမ်းမများပေါ် ရေလွှမ်းနေသဖြင့် သွားရေး လာရေး အခက်အခဲများ ဖြစ်နေသကဲ့သို့ ရေးမြို့နယ်တွင်လည်း ရေကြီးရေလျှံမှု အချို့ ဖြစ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုနှင့် ကောလင်းမြို့နယ်တွင်လည်း ဒေါင်းမြူးချောင်းရေ ပြည့်နေပြီဖြစ်သဖြင့် မကြာမီပင် ရေကြီးရေလျှံမည့် အခြေအနေရှိကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ ဒေါင်းမြူးချောင်း ရေကျမှု အခြေအနေကို မြင်ရစဉ်(Aung Myo)

“မြို့ပေါ်ကို လျှံတက်နေတဲ့ အဆင့်အထိတော့ မရောက်သေးဘူ။ နောက် ၃ နာရီလောက် နေရင် ရောက်တော့မယ်ပေါ့။ ဒေါင်းမြူးချောင်း အခြေအနေက ဝန်းသိုနဲ့ ကောလင်းကြားမှာ တော်တော်လေးကို ရေပြည့်နေပြီပေါ့”ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းစသည့် ကမ်းရိုးတန်းဒေသ များ တွင် မိုးပိုမိုသည်းထန်စွာ ရွာသွန်းနိုင်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လျှပ်တပြတ် ရေကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယခင်ရက်သတ္တပတ်ကတည်းက သတိပေး ထုတ်ပြန်ထားသည်။

You may also like these stories:

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေး ကတိကဝတ်များ ဒေါ်အောင်ဆန်းစုကြည် ကြေညာ

Your Thoughts …
Tags: ကိုဗစ်ရေကြီးရေလျှံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရေပြန်မကျသေးသည့် ပဲခူးရပ်ကွက်တချို့ စားဝတ်နေရေး ခက်ခဲ

ရေပြန်မကျသေးသည့် ပဲခူးရပ်ကွက်တချို့ စားဝတ်နေရေး ခက်ခဲ

by ဧရာဝတီ
13 October 2023
1.1k

လက်ရှိ အချိန်ထိ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ရွှေ့ပြောင်းပေးနေရကာ၊ အရေးပေါ် စားနပ်ရိက္ခာနှင့် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်

၁၃ မြို့ နယ် စိုးရိမ်အမှတ်ထက်ကျော်လွန် ရေမြုပ်

၁၃ မြို့ နယ် စိုးရိမ်အမှတ်ထက်ကျော်လွန် ရေမြုပ်

by ဧရာဝတီ
30 July 2024
1.1k

မြစ်ရေမြင့်တက်မှု၊ မိုးများသည်းထန်စွာ ရက်ဆက် ရွာသွန်းမှုများကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီး၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသလို မြို့ပေါင်း ၁၃ မြို့ကျော်မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိနေကြောင်း

ရှမ်းအရှေ့ပိုင်းရွှေတူးဖော်မှုကြောင့် မယ်ဆိုင်တွင် နုန်းဒဏ် အဆိုးဆုံးကြုံရဟုဆို

ရှမ်းအရှေ့ပိုင်းရွှေတူးဖော်မှုကြောင့် မယ်ဆိုင်တွင် နုန်းဒဏ် အဆိုးဆုံးကြုံရဟုဆို

by ဧရာဝတီ
27 November 2024
951

မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့များတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း နုန်းပါဝင်မှု မများခဲ့ဘဲ ယခုနှစ်အတွင်း ရေကြီးမှု၌ နုန်းပါဝင်မှုအများဆုံးဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားရန် အခက်ခဲဆုံးနှင့် ကုန်ကျစရိတ် အများဆုံးဖြစ်ခဲ့ကြောင်း

ကရင်နှင့်မွန်ပြည်နယ် မြို့နယ်တချို့၌ ရေကြီးရေလျှံမှုများ ဖြစ်နေ

ကရင်နှင့်မွန်ပြည်နယ် မြို့နယ်တချို့၌ ရေကြီးရေလျှံမှုများ ဖြစ်နေ

by ဧရာဝတီ
5 August 2023
847

မြစ်ရေများတိုးနေသဖြင့် ကရင်ပြည်နယ် ဘားအံ၊ မြဝတီနှင့် လှိုင်းဘွဲ့နှင့် မွန်ပြည်နယ် ဘီးလင်း၊ သထုံမြို့နယ်များ၌ ရေကြီးရေလျှံနေပြီး ဒေသခံများ ရေလွတ်ရာသို့ရွှေ့ပြောင်းနေရကြောင်း

ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွား

ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွား

by ဧရာဝတီ
8 August 2023
604

မင်းပြားမြို့နယ်ရှိ ပြင်ယောင်းကျေးရွာတွင် ဩဂုတ်လ ၆ ရက်နေ့က ၃နှစ်သားအရွယ် ကလေးတဦးနှင့် အသက် ၃ဝ အရွယ် သားအမိ ၂ ဦးတို့မှာ ရေနစ်သေဆုံးခဲ့ရကြောင်း

Next Post
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်တွင်း ကိုဗစ်ကူးစက်၊ သေဆုံးမှုတွေ စစ်ကောင်စီ ဖုံးကွယ်ထိန်ချန်

COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ အနုပညာရှင်များ

COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ အနုပညာရှင်များရဲ့ အခြေအနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved