• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

အမျိုးသားရေးဝါဒမှိုင်းနဲ့ မြန်မာ့ဒီမိုကရေစီအကူးအပြောင်း

by မွန်မွန်မြတ်
26 December 2018
in Politics
A A
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက် စင်ကာပူတွင် ကျင်းပသော အာဆီယံ-တရုတ် ထိပ်သီး ဆွေးနွေးပွဲတွင် တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / Reuters

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက် စင်ကာပူတွင် ကျင်းပသော အာဆီယံ-တရုတ် ထိပ်သီး ဆွေးနွေးပွဲတွင် တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / Reuters

25k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေးသိပ္ပံပညာရှင် Benedict Anderson ရဲ့ Imagined Community ဆိုတဲ့ စာအုပ်မှာ “အမျိုးသားရေးဝါဒဆိုတာ သူတပါးအပေါ် အကြောက်တရားနဲ့ အမုန်းတရားအပေါ်မှာ အခြေတည်ပြီးဖြစ်လာတာ၊ လူမျိုးရေးခွဲခြားမှုနဲ့လည်း ခပ်ဆင်ဆင်တူတယ်” လို့ ရေးသားခဲ့ပါတယ်။

အမျိုးသားရေးဝါဒကို ပြန်လည်အသက်သွင်းဖို့ကြိုးစားလာတဲ့ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်း တချို့ကြောင့် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ စတင်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။

အမျိုးသားရေးဝါဒဆိုတာကလည်း ဒီမိုကရေစီရေချိန်မပြည့်ဝသေးတဲ့ ပိတ်ဆို့ဖိနှိပ်ခံထားရတဲ့ လူ့အဖွဲ့အစည်းတခုထဲမှာ ငုပ်ကောင်လို အမြဲရှိနေတတ်တာမျိုးမို့ လူမျိုးရေး လှုံ့ဆော်မှုတွေ၊ ဘာသာရေးမှိုင်းတိုက်မှုတွေဖန်တီးပြီး အချိန်မရွေး အသက်ပြန်သွင်းလို့ ရတတ်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက် အသွင်ကူးပြောင်းရေးကာလမှာ အစိုးရက ကျောထောက်နောက်ခံပြုတဲ့ အမျိုးသားရေးဝါဒ ခေါင်းထောင်လာခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာတော့ ဘာသာရေး အခြေခံပြီး စည်းရုံးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားမလာအောင် သတိပြုကိုင်တွယ် ဖြေရှင်းလာတာကို တွေ့ရပါတယ်။

အစိုးရတက်ပြီး တနှစ်လောက်အကြာမှာပဲ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့(မဟန)က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းပေးဖို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
483
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
186
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.1k

အစိုးရရဲ့ ပံ့ပိုးမှုမရတော့တဲ့ မ.ဘ.သ လို အမျိုးသားရေးဝါဒဖြန့် အဖွဲ့အစည်းတွေဟာလည်း ဦးသိန်းစိန်လက်ထက်ကလောက် တန်ခိုးမထွားနိုင်တော့တဲ့အတွက် တပ်မတော်ထောက်ခံပွဲတွေလောက်ကိုသာ ရသေ့စိတ်ဖြေလုပ်ရင်း မျိုးချစ်စိတ်အရှိန်ကို တနည်းတဖုံ မြှင့်ပေးဖို့ ကြိုးစားနေခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာတော့ အတိုက်အခံနိုင်ငံရေးပါတီ ပြည်ခိုင်ဖြိုးရဲ့ထိပ်တန်းခေါင်းဆောင် တယောက်က အမျိုးဇာတ်မပျက်ယွင်းအောင် ထိန်းသိမ်းရေးဟာ အမျိုးသမီးများရဲ့ ကြီးမားတဲ့တာဝန်တခုဖြစ်တဲ့အကြောင်း ပါတီတွင်း အမျိုးသမီးညီလာခံမှာ သတိပေးပြောဆိုလာခဲ့ပြန်ပါတယ်။

ဒါဟာ “အမျိုးဇာတ် မပျက်ယွင်းစေဖို့” ဆိုတဲ့ အမျိုးသားရေးဝါဒကို အမျိုးသမီးထုအတွင်း ပျံ့နှံ့အောင် စတင်တဲ့ ကြိုးပမ်းမှုတခုလို့ ဆိုရမှာပါပဲ။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအတွက်သာ ရည်ရွယ်ပြီးရေးဆွဲခဲ့တဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးကို မဖြစ်ဖြစ်အောင်တာဝန်ယူ လုပ်ဆောင်ခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအစိုးရ ဖြစ်ပါတယ်လို့လည်း လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ညီလာခံ အဖွင့်မိန့်ခွန်းမှာ အတိအလင်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အမျိုးသမီးအဖွဲ့ဝင် ၄၀ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အမတ်တွေထဲမှာတော့ အမျိုးသမီး ၃ ရာခိုင်နှုန်းပဲ ပါဝင်တာကို တွေ့ရပါတယ်။

၂၀၂၀ခုနှစ်ရွေးကောက်ပွဲအပြီးမှာ အစိုးရတရပ် ဖွဲ့နိုင်ခဲ့ရင် အမျိုးသမီးဝန်ကြီးများ ခန့်အပ်သွားမှာဖြစ်တယ် လို့တော့ ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှ မဟုတ်ပါဘူး၊ အမျိုးသမီးလွှတ်တော်အမတ်တွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ တွေကိုကြည့်ရင် NLD ကလွဲလို့ ကျန်ပါတီတွေမှာ အမျိုးသမီးပါဝင်မှုအချိုးအစားဟာ ၅ယောက်နဲ့၅ယောက်အောက်မှာပဲရှိတယ်။ NLD ပါတီတခုတည်းမှာပဲ အမျိုးသမီးလွှတ်တော်အမတ် စုစုပေါင်း ၁၃၄ယောက် ရှိတယ်ဆိုတာကို အေရှဖောင်ဒေးရှင်းနဲ့ ဖန်တီးအိမ်အဖွဲ့တို့က ပြုစုထားတဲ့ အမျိုးသမီးများနိုင်ငံရေးမှာ ပါဝင်မှုနဲ့ပတ်သက်တဲ့ စာတမ်းတစောင်မှာတွေ့ရပါတယ်။

အမျိုးသမီးအရေးကို ခုတုံးလုပ်တဲ့ အမျိုးသားရေးဝါဒ

ဗြိတိသျှ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးကာလတုန်းက နိုင်ငံရေးလှုံ့ဆော်တဲ့ အသုံးအနှုန်း တခု ဖြစ်တဲ့ “အမျိုး ဘာသာ သာသနာ” ဆိုတဲ့ စကားလုံးဟာ ရခိုင်ပြည်နယ်က အမျိုးသမီးငယ်တဦးကို လူမျိုးခြားတွေက မုဒိမ်းမှုကျူးလွန်ခဲ့ရာက အစပြုခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းနဲ့အတူ တကျော့ပြန်ခေတ်စား လာခဲ့ပါတယ်။

သိပ်မကြာသေးခင်က ဘီဘီစီနဲ့ပြုလုပ်တဲ့ အင်တာဗျူးတခုမှာတော့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက မျိုးချစ်စိတ်ကို အမျိုးဘာသာသာသနာ နဲ့ပြန်မွေးရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးစိတ်ဓာတ်တွေစပြီးနိုးကြားလာတာ ဟိုးလွတ်လပ်ရေးမရခင် စပြီးကြိုးပမ်းတဲ့အချိန်ကတည်းကပါ။ အဲဒီအချိန်မှာ တို့ဗမာအစည်းအရုံးတို့ GCBA တို့ အဲဒီလူတွေ တိုင်းပြည်ချစ်စိတ် အမျိုးချစ်စိတ်ကို ဘာနဲ့ပြန်မွေးရတုန်း အမျိုးဘာသာ သာသနာနဲ့ပဲပြန်မွေးရတာပဲ။ အဲဒါကြောင့် အဲဒီစိတ်ဓာတ်တွေနဲ့ကျွန်အဖြစ်ကနေ လွတ်လာတာ နိုင်ငံသားမှန်ရင်မေ့လို့မရတဲ့ သမိုင်းဖြစ်တယ်”။ လို့ သူကပြောတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အများအပြား ပါဝင်တဲ့ “အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ)” ဆိုတဲ့ နိုင်ငံလုံး ဆိုင်ရာ အဖွဲ့အစည်းကြီးတခု ပေါ်လာခဲ့ပြီး အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ အမျိုးသားရေးဝါဒ လှုံ့ဆော်မှုတွေကို အင်တိုက်အားတိုက်လုပ်လာခဲ့ပါတယ်။

အစ္စလာမ်ဘာသာလွှမ်းမိုးလာမှာ ကို ကြောက်တဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူထုရဲ့ အကြောက်တရားအပေါ်အခြေပြုပြီး အမျိုးသားရေးအစွန်းရောက် ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ “၉၆၉ မူဆလင်ဆန့်ကျင်ရေး” လှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာခဲ့ကြပါတယ်။

မူဆလင်ဘာသာဝင်တွေရဲ့ဆိုင်မှာ ဈေးမဝယ်ကြဖို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ဆိုင်တွေကိုပဲ အားပေးကြဖို့စတဲ့ အစွန်းရောက် အမျိုးသားရေးလှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ အရေးယူခံရတာတွေ မတွေ့ခဲ့ရပါဘူး။

မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒခေါင်းထောင်လာနိုင်ဖို့အရေးမှာ ခုတုံးလုပ်ခံလိုက်ရတဲ့ မှုခင်းဖြစ်စဉ်ကတော့ ရခိုင်အမျိုးသမီး မသီတာထွေးကို မတရားပြုကျင့်ခံရတဲ့အမှု ပဲဖြစ်ပါတယ်။ ၂၀၁၂ မေလ၂၈ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကျောက်နီမော်ရွာမှာ ဖြစ်ပွါးခဲ့တဲ့ မုဒိမ်းမှုတခုဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပေါ်စေဖို့ စတင်ခဲ့တဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။

မသီတာထွေးရဲ့သွေးသံရဲရဲ မှုခင်းဓာတ်ပုံံကို အကြိမ်ပေါင်းရာချီပြီး အင်တာနက်၊ ဘလော့(ဂ်)၊ ဆိုရှယ်မီဒီယာစာမျက်နှာများနဲ့ သတင်းမီဒီယာအချို့တို့မှာ ဖော်ပြခဲ့ကြတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကြီးမားပြင်းထန်တဲ့ လူမျိုးရေးပဋိပက္ခတခုကို စတင်မီးမွှေးခဲ့ပြီး အဓိကရုဏ်းရဲ့နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ လူပေါင်း ရာဂဏန်းလောက် အသက်ဆုံးရှုံး ရပြီး လူပေါင်း၇သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အမျိုးသားရေးဝါဒ အားကောင်းလာတဲ့နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေပေါ်လာပါတယ်။ ၂၀၁၃ခုမတ်လက မိထ္ထီလာမှာ ဖြစ်ပွားတဲ့ လူမျိုးရေး ပဋိပက္ခအတွင်း မီးရှို့သတ်ဖြတ် ခံခဲ့ရတဲ့ ဘုန်းတော်ကြီးဦးသောဘိတရဲ့ဓာတ်ပုံကို အင်တာနက်စာမျက်နှာတွေမှာ အကြိမ်ကြိမ်ဖော်ပြတာကိုတွေ့ရှိရပြီး ဘာသာရေးအဓိကရုဏ်း အသွင်ဖြစ်အောင် လှုံ့ဆော်ခဲ့ ကြပါတယ်။

မိထ္ထီလာအဓိကရုဏ်းအပြီး ဧပြီလက အောက်တိုဘာလအတွင်းမှာ ဥက္ကံ၊ လားရှိုး၊ ကန့်ဘလူ၊ သံတွဲ စတဲ့အခြားမြို့တွေကို ဆင့်ကဲဆင့်ကဲကူးစက်သွားခဲ့ရာက လူ၄၀ကျော်သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မယ့် ဘာသာခြား၊ လူမျိုးခြား အမျိုးသားတွေက ဗုဒ္ဓဘာသာကို ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့် ရမယ့် မျိုးစောင့် ဥပဒေမူကြမ်းတခုကို လွှတ်တော်တင်သွင်းဖို့ ထောက်ခံလက်မှတ် ကောက်ခံမှုတွေကို သံဃာတော်တွေက ဦးဆောင်ပြီး နိုင်ငံတဝှမ်းလုံးမှာ ပြုလုပ်ခဲ့ကြတယ်။

ထောက်ခံလက်မှတ်ပေါင်း ၂သန်းကျော် ကောက်ခံရရှိခဲ့တဲ့ မျိုးစောင့်ဥပဒေမူကြမ်းကို သမ္မတဦးသိန်းစိန်လက်ထက်မှာ လွှတ်တော်ကို တင်သွင်းနိုင်ခဲ့ပြီး၊ ၂၀၁၅ရွေးကောက်ပွဲ မတိုင်မီမှာပဲ ဥပဒေကို အတည်ပြုနိုင်ခဲ့ပါတယ်။

မကြာသေးမီက ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသမီးညီလာခံအတွင်းမှာ ဆွေးနွေးကြတဲ့ ခေါင်းစဉ်တွေထဲမှာ “အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများရဲ့ အခွင့်အရေး များကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရေး” ဆိုတဲ့ အကြောင်းအရာတွေပါဝင်တယ်။ ဒါဟာ အမျိုးသမီးအရေးကို ခုတုံးလုပ်ပြီး ခေတ်နောက်ပြန်ဆွဲ အမျိုးသားရေးဝါဒကို သွတ်သွင်းဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ အမျိုးဇာတ်မပျက်ယွင်းစေဖို့ အဓိကတာဝန်ရှိသူတွေဟာ အမျိုးသမီးတွေပဲဖြစ်တယ်ဆိုတဲ့ ကိုလိုနီခေတ်ဟောင်းက အယူဝါဒတွေကို ပြန်လည်ဆန်းသစ်မှု ပြုလုပ်တာပဲ ဖြစ်ပါတယ်။

အမျိုးသားရေးဝါဒမှိုင်းဟာ စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြတဲ့ လူထုကြားမှာ သွေးကွဲမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒအခြေခံနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကိုပါ ကန့်သတ်ဖို့ ကြိုးစားလာကြပါတယ်၊ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အမျိုး၊ဘာသာ၊ သာသနာကို အကာအကွယ် မပေးနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် အဖြစ် ပုံဖော်နိုင်ခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ အမျိုးသမီးပါဝင်မှု

အမျိုးသမီးများရဲ့ အခွင့်အရေးကို အမှန်တကယ် ကာကွယ် စောင့်ရှောက်နိုင်ဖို့ဆိုရင်တော့ “မျိုးစောင့်ဥပဒေ”က အလုပ်မဖြစ်လှသလို၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုသာ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေဖြစ်လို့ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှုမရှိလှပါဘူး။ အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုတွေရှိနေသေးသရွေ့ သူတို့ရဲ့အခွင့်အရေးကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ရာ ရောက်နိုင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံက အမျိုးသမီးလွှတ်တော်အမတ်တွေရဲ့နိုင်ငံရေးမှာပါဝင်တဲ့ အခန်းကဏ္ဍ အကြောင်း သုတေသနလုပ်ထားတဲ့စာတမ်းတစောင်မှာ ဖော်ပြထားတာအရ လွှတ်တော်ထဲမှာတောင်မှ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေလွှမ်းမိုးတဲ့ မူဝါဒချမှတ်ရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို ဖယ်ထုတ်ထားတာ၊ အစိုးရရုံးဝန်ထမ်းတွေကမှအစ အမျိုးသမီးလွှတ်တော်အမတ်တွေကို လူရာသွင်းမဆက်ဆံတာ စတဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတယ်လို့ စစ်တမ်းအရသိရပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှုနည်းရတဲ့ အကြောင်းရင်းတွေထဲမှာ အတွေ့အကြုံ ကျွမ်းကျင်မှုတွေ နည်းပါးတာ၊ ခရီးသွားရာမှာ အမျိုးသမီးဖြစ်တဲ့အတွက် အကန့်အသတ်တွေ ရှိတာတွေအပြင်၊ နိုင်ငံရေးဆိုတာ အန္တရာယ်ရှိတဲ့အတွက် ယောက်ျားတွေနဲ့သာ သင့်တော်တယ်ဆိုတဲ့ ရှေးရိုးစွဲဝါဒ ကြီးမားတဲ့လူ့အဖွဲ့အစည်းရဲ့ အမြင်တွေကြောင့် အမျိုးသမီးခေါင်းဆောင်မှုကို လက်မခံချင်ပဲ ဖြစ်နေရတာလို့ အေရှဖောင်ဒေးရှင်း နဲ့ ဖန်တီးအိမ်အဖွဲ့တို့က ပြုစုထားတဲ့ “Women Political Participation in Myanmar” ဆိုတဲ့ အစီရင်ခံစာမှာ ရေးထားတာကို ဖတ်ရပါတယ်။

၂၀၁၀ခုနှစ်ကနဲ့စာရင် ၂၀၁၅ရွေးကောက်ပွဲအပြီးမှာ အမျိုးသမီး လွှတ်တော်အမတ် ဦးရေ နှစ်ဆကျော် ပိုများလာပေမယ့် ကက်ဘိနက်အဖွဲ့ဝင်ထဲမှာ အမျိုးသမီးဆိုလို့ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ ပါပြီး၊ ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာ ၁၄နေရာမှာလည်း အမျိုးသမီး၂ဦးထဲ ကိုသာ နေရာပေးထားလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ ကျားမတန်းတူညီမျှရေးကိစ္စဟာ လျစ်လျူရှုခံထားရတယ်လို့ မြန်မာတိုင်း(မ) သတင်းစာမှာ ပါဝင်တဲ့ ကျားမရေးရာနဲ့ပတ်သက်တဲ့ သတင်းသုံးသပ်ချက်တခုမှာ ဖော်ပြထားပါတယ်။

အမျိုးသားရေးဝါဒနဲ့ လစ်ဘရယ်ဒီမိုကရေစီလွန်ဆွဲမှု

NLD အစိုးရဟာ အနှစ် ၆၀နီးပါး စစ်အုပ်ချုပ်ရေးအပြီးမှာ ပထမဆုံးတက်လာခဲ့တဲ့ အရပ်သားအစိုးရဖြစ်သလို၊ စစ်အစိုးရကျောထောက်နောက်ခံနဲ့ သန္ဓေတည်လာခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာလည်း ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက အင်အားကောင်းတဲ့ အတိုက်အခံပါတီကြီး တခု ဖြစ်လာခဲ့ပါတယ်။

အစိုးရသစ်တက်လာလာချင်း သက်တမ်းတနှစ်အတွင်းမှာ ဦးစားပေးလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်နှစ်ခုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေပဲ ဖြစ်တယ်။ ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ သြဂုတ်လထဲမှာပဲ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၁၀ခုရဲ့ ပူးတွဲထုတ်ပြန်ချက်ကို ၂၀၁၆ခု စက်တင်ဘာလလယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဓိက အကြောင်းအရာကတော့ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ကို ကန့်ကွက်တာပါပဲ။

အဲဒီထုတ်ပြန်ချက်ထဲမှာ အတိုက်အခံပါတီကြီး စိုးရိမ်မကင်းဖြစ်နေတဲ့ အချက်တချက် ကတော့ “အင်အားကြီးနိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့တို့က …………………လူသားချင်းစာနာမှုအကြောင်းပြ ဝင်ရောက်စွက်ဖက်မှု (Humanitarian Intervention)” ဆိုတာပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေစတင်ပြီး သိပ်မကြာခင် ၂၀၁၆ အောက်တိုဘာလဆန်းမှာပဲ ဘင်္ဂလားဒေ့(ရှ်) မြန်မာနယ်စပ် မောင်းတောမြို့က နယ်ခြားစောင့်ရဲစခန်းကို ဘာသာခြားလက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပါတယ်။

၂၀၁၇ခုနှစ်မှာ ရခိုင်ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေပြီးပြီးခြင်းဆိုသလိုမှာပဲ ARSA နာမည်နဲ့ ဘာသာခြားလက်နက်ကိုင်အဖွဲ့က ရဲစခန်းပေါင်း ၃၀လောက် ကို ဝင်ရောက် စီးနင်း ခဲ့ပြန်ပါတယ်။ အာဆာ ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မြန်မာ့တပ်မတော်က တန်ပြန်ထိုးစစ်ဆင်ရာကနေ ဒုက္ခသည်၇သိန်းကျော် ဘင်္ဂလားဒေ့(ရှ်) နိုင်ငံကို အစုလိုက်အပြုံလိုက် ထွက်ခွါသွားကြတဲ့ အဖြစ်အပျက်ကြီး ပေါ်ပေါက်လာပြီးနောက်ပိုင်းမှာတော့ မြန်မာဟာ သိန်းချီတဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ “လူမျိုးတုံး သတ်ဖြတ်မှု” ကျူးလွန်တဲ့ နိုင်ငံတခုပါလို့ ကမ္ဘာကျော်သွားခဲ့တယ်။

ရိုဟင်ဂျာအရေးကိစ္စတွေမှာ ရေငုံနှုတ်ပိတ်နေခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာရပ်တည်မှုကို နိုင်ငံတကာက မေးခွန်းထုတ်ခဲ့ပြီး သူ့ကိုချီးမြှင့်ထားတဲ့ ဆုတံဆိပ်အတော်များများကိုလည်းရုပ်သိမ်းခဲ့ပါတယ်။ ြ

ပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက မြန်မာနိုင်ငံကစွန့်ခွာသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံသားစီစစ်မှုတွေပြုလုပ်ပြီး ပြန်လည်လက်ခံဖို့အရေး ဆောင်ရွက်နေတဲ့အပေါ်မှာ အမျိုးသားရေးအစွန်းရောက်အဖွဲ့အစည်းတွေက ဆန့်ကျင်ကန့်ကွက် ခဲ့ကြပါတယ်။

လူ့အခွင့်အရေးနဲ့ အမျိုးသားရေးဆိုတဲ့ အစွန်းနှစ်ပါးကြားမှာ မျှခြေတခုရောက်ဖို့ ကြိုးစားရတာ ခက်ခဲလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ တရှိန်ထိုးကျဆင်းလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပေါ်မှာလည်း လူထုထောက်ခံမှုတွေ သိသိသာသာကျဆင်း လာတဲ့အတွက် သိပ်မကြာခင်မှာ ရောက်လာတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ နိုင်ခြေရှိနိုင်ပါဦးမလားဆိုတဲ့ သုံးသပ်ချက်တွေ ရှိလာပါတယ်။

အစွန်းရောက် အမျိုးသားရေးဝါဒကြောင့် ဖြစ်ပေါ်လာတဲ့ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ရောက်နေတဲ့ မြန်မာနိုင်ငံကို နောက်ကြောင်းပြန် ဆွဲခေါ်လိုက်သလိုပါပဲ။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေး ကိစ္စတွေဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒအောက်မှာ ရှင်သန်အားကောင်းဖို့ ခက်ခဲလာပါတယ်။ လွတ်လပ်တဲ့ လစ်ဘရယ်ဒီမိုကရေစီဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒရဲ့ အားပြိုင်လွန်ဆွဲမှုတွေ ကြားမှာ ဆယ်စုနှစ်တခုနီးပါးကြာလာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ ခရီးတွင်သင့်သလောက် မတွင်ခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်မှာပဲ ဆက်ရှိနေအုန်း မလား၊ အမျိုးသားရေးဝါဒလွှမ်းမိုးမှုအောက်ကိုရောက်ပြီး အာဏာရှင်စနစ်ဆီကိုပဲ နောက်ကြောင်းပြန်သွားမလားဆိုတာကိုတော့ ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး အဖြေရှာရမှာပါပဲ။

(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)

Your Thoughts …
Tags: NLDရိုဟင်ဂျာအမျိုးသားရေးအာဆာ
မွန်မွန်မြတ်

မွန်မွန်မြတ်

မွန်မွန်မြတ်သည် မြန်မာနိုင်ငံမှ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

Next Post
အဆိုတော် Bobby Soxer (ထက်ထက်)  / ချစ်ပိုး / ဧရာဝတီ

မင်းသမီးရုပ် မဟုတ်လို့ သရုပ်ဆောင် မလုပ်ချင်တဲ့ Bobby Soxer

ရန်ကုန် - ပုသိမ် လေကြောင်း ခရီးစဉ် ပြေးဆွဲရာတွင် အသုံးပြုမည့် ပြင်သစ်နိုင်ငံထုတ် လေယာဉ်  / ဆလိုင်းသန့်စင် / ဧရာဝတီ

ရန်ကုန် - ပုသိမ် ပထမဆုံး လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved