သတင်းတို

ရခိုင်ပြည်မြောက်ပိုင်းအရေး မြန်မာ ကတိကဝတ်ကို ထရမ့်နှင့် ဒူတာတေးတို့ ကြိုဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် ထိရောက်သည့် လူသားချင်းစာနာမှု လိုအပ်မှုကို ပေးရန် မြန်မာအစိုးရက ကတိပေး လုပ်ဆောင်နေမှုအား ဝိုင်းဝန်းပံ့ပိုးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာမှုနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတို့ကို ၎င်းတို့ဆွေးနွေးခဲ့ကြကြောင်း နိုဝင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့နှောင်းပိုင်းက ထုတ်ပြန်သည့်ကြေညာချက်က ဆိုသည်။

“ယင်းဒေသအတွင်းရှိ ထိခိုက်နစ်နာရသည့် အသိုင်းအဝိုင်းများကို ထိရောက်သည့် လူသားချင်းစာနာမှု အထောက်အပံ့များ ပေးရန် တိုက်တွန်းလိုက်ပြီး မြန်မာအစိုးရ၏ ကတိကဝတ်များဖြစ်သည့် အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ မီဒီယာများနှင့် ပြန်လည်ထိတွေ့ခွင့်ပေးရေး၊ ထွက်ပြေးသွားသူများ ဘေးကင်းစွာ ပြန်လာနိုင်ရေး၊ ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်အညီ အကောင်အထည်ဖော်သွားရေးနှင့် ယခုမြန်မာအစိုးရ၏ ကတိကဝတ်ကို အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းပံ့ပိုးကြရန် ခေါင်းဆောင်နှစ်ဦးလုံးတို့က တောင်းဆိုသည်”ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

နှစ်နိုင်ငံလုံးက မြန်မာအစိုးရနှင့် ပူးပေါင်းပြီး လူသားချင်းစာနာမှု အထောက်အပံ့များပေးခြင်းအားဖြင့် အာဆီယံအခန်းကဏ္ဍကို ထောက်ခံကြောင်းလည်း ရေးသားထားသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီ ဒုက္ခသည်များ၏ အကျပ်အတည်းနှင့်ပတ်သက်ပြီး ဖိအားပေးမှုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရင်ဆိုင်ခဲ့ရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ရှိအခြေအနေကို ဆွေးနွေးခဲ့ကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့သည်။

အာဆီယံ မျက်နှာစုံညီ အစည်းအဝေးအတွင်း ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီအရေးကိစ္စမှာလည်း စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတရုံးပြောခွင့်ရသူ ဟယ်ရီရော့က်က သတင်းထောက်များကို ပြောဆိုသည်။

“မြန်မာဘက်က ရိုဟင်ဂျာကိစ္စကို သေသေချာချာရှင်းပြပါတယ်။ တစ်အချက်က ကိုဖီအာနန်အစီရင်ခံစာကို အကောင်အထည်ဖော်နေတဲ့အကြောင်း သေသေချာချာ ထည့်ပြောသွားပါတယ်။ နှစ်အချက်က လူသားချင်းစာနာမှု အထောက်အပံ့များကို ကြိုဆိုကြောင်း ပြောပါတယ်။ ဒုက္ခသည် ပြန်လက်ခံရေးကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပြီးရင် နိဂုံးချုပ်မယ်လို့လည်း ဆိုပါတယ်။ မြန်မာက အသေးစိတ်မဟုတ်ဘဲ ဒီလောက်ပဲ ပြောဆိုဆွေးနွေးခဲ့ပါတယ်” ဟု ဟယ်ရီရော့က်က တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နိုင်ငံသားစိစစ်မှု အာမခံချက်များ၊ အခွင့်အရေးနှင့် ဥပဒေ၊ သက်သေခံစာရွက်စာတမ်း၊ ပြည်တွင်းရွှေ့ပြောင်းမှုအခြေအနေ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တို့ကို အကောင်အထည်ဖော်ရေးတို့ပါဝင်သော ကိုဖီအာနန်ဖောင်ဒေးရှင်း၏ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှ ထုတ်ပြန်သည့်အစီရင်ခံကို ကိုးကားပြီး ရော့က်က ပြောကြားခဲ့သည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့များကမူ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံခြင်း မရှိသေးသမျှ ဆွေးနွေးပြောဆိုရုံဖြင့် လုံလောက်မှု မရှိသေးကြောင်း ထောက်ပြပြောဆိုနေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading