သတင်းတို

အရက်သေစာ သောက်စားမှုဖြင့် သံဃာနှစ်ပါးကို မုပွန်ရဲ အရေးယူ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် မော်လမြိုင်မြို့  ရိုးဂိုးကျေးရွာရှိ အေးမြချမ်းသာဘုန်းကြီးကျောင်း၌ သီတင်းသုံး နေထိုင်လျှက်သော ဥူးနာဂိန္ဒ (လူအမည် ဦးထွန်းသွယ်) နှင့် ဥူးဇဝန (လူအမည် ဦးဇော်လွင်) တို့မှာ အရက်သေစာ သောက်စားခဲ့ခြင်းကြောင့် ဇွန် ၆ ရက်နေ့တွင် လူဝတ်လဲစေ၍ အမှုဖွင့်ခံထားရကြောင်း မုပွန်နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ အေးမြချမ်းသာ ဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးသန့်ဇော်ဦးမှ နေ၍ ဥူးနာဂိန္ဒနှင့် ဥူးဇဝနတို့မှာ ဇွန် ၅ ရက်နေ့ ညနေ ၃ နာရီအချိန်က အရက်သေစာ သောက်စားမူးယစ်ပြီး ဘုန်းကြီးကျောင်းရှိ အခြားသံဃာတော်များအား ဆူပူ ကြိမ်းဝါးမှုများ ပြုလုပ်နေကြောင်း ရိုးဂိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှရွှေထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဖားအောက်ရဲကင်းစခန်းမှူး ဒုရဲအုပ် သက်တင်နိုင်က “သူတို့ ၂ ပါးကတော့ ကျောင်းပေါ်မှာ သောက်စားပြီးတော့မှ ကျန်တဲ့ သံဃာတော်တွေကို ရန်ရှာတာ၊ အရင်တုန်းကလည်း ဒကာမတို့ ဘာတို့ကို သင်္ကန်း လှန်ပြတာတွေ ဖြစ်ခဲ့တယ်”ဟု ရှင်းပြ သည်။

ယင်းတိုင်ကြားမှုကြောင့် ဇွန် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မော်လမြိုင်မြို့နယ်သံဃာမဟာနာယက ဥက္ကဋ္ဌဆရာတော် ဥူးသုမနနှင့် အဖွဲ့များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ရာ ထိုသံဃာတော် ၂ ပါးကို Change Beer ဗူးခွံများ၊ Grand Royal ပုလင်းတဝက်နှင့် သောက်လက်စ အရက်များနှင့် အတူ တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ကပ္ပိယ ဦးသန်းဇော်ဦးက တရားလို ပြုလုပ်၍ ထိုသံဃာတော် ၂ ပါးသည် သာသနာတော် ညိုးနွမ်းအောင် အရက်သေစာ သောက်စားခဲ့သည်ဟု တိုင်ကြားခဲ့သဖြင့် မုပွန်နယ်မြေရ ဲစခန်းမှ မော်လမြိုင်မြို့နယ်တရားရုံးသို့ ဇွန် ၇ ရက်နေ့က တရားစွဲတင်ပို့ထားကြောင်း စုံစမ်းသိရှိရသည်။

ဒုရပ်အုပ် သက်တင်နိုင်က “ကျနော်တို့ တရားစွဲတင်လိုက်ပါပြီး၊ သာသနာတော် ညိုးနွမ်းစေလို့”ဟု ဆိုသည်။

လက်ရှိတွင် သာသနာတော် ညိုးနွမ်းအောင် ပြုလုပ်ခဲ့ကြသည့် ဦးထွန်းသွယ်နှင့် ဦးဇော်လွင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။

အသက် ၄၉ နှစ်ရှိ ဦးထွန်းသွယ်သည် ရဟန်းဝါ ၁၄ ဝါရှိပြီဖြစ်ပြီး အသက် ၅၇ နှစ်ရှိ ဦးဇော်လွင်သည်  ၃၇ ဝါရှိပြီး ဖြစ်သော်လည်း သံဃာစည်းကမ်းများ ဖောက်ဖျက်ခြင်းကြောင့် ၂၀၁၇ တွင် တစ်ကြိမ်၊ ၂၀၁၈ တွင် တစ်ကြိမ် သံဃနာယကအဖွဲ့က အရေးယူထားသည်။

You may also like these stories:

မြန်အောင်တွင် ဘုန်းကြီး အချင်းချင်း ဓားခုတ်မှုကြောင့် တပါး ပျံလွန်

အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ

Did you find apk for android? You can find new Free Android Games and apps.
Loading