• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးသန်းရွှေ သား လုပ်ကိုင်မည့် ဟိုတယ် စီမံကိန်း ခွင့်မပြုဟု သမ္မတရုံးပြော

by ထက်နိုင်ဇော်
8 June 2019
in သတင်း
A A
အင်းလေးကန်အတွင်း တွေ့မြင်ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

အင်းလေးကန်အတွင်း တွေ့မြင်ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

63.4k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီက အင်းလေးကန် မြေဧက ၉၀ ပေါ်တွင် ဟိုတယ်တခု ဆောက်လုပ်ရန် စီစဉ်မှုမှာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ယင်းစီမံကိန်းကို ခွင့်မပြုတော့ရန် သမ္မတရုံးက သဘောတူကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသအတွင်းရှိ မိုင်းသောက် ကျေးရွာ အုပ်စု၊ သကြားစက်ကွင်း အတွင်း မြေဧရိယာ ၉၀ ပေါ်တွင် အထက်ပါ ကုမ္ပဏီက ဟိုတယ် တည်ဆောက်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက မြေအသုံး ချခွင့် စတင် လျှောက်ထားစဉ် ဒေသခံများ၏ လက်မှတ်ရေးထိုး၍ ကန့်ကွက်မှုကို ခံခဲ့ရသဖြင့် ယာယီ ရပ်နားထားရသည်။

ယင်းစီမံကိန်း ဆက်လုပ်နိုင်ရန် မြေလွတ်မြေရိုင်း အသုံးပြုမှု လျှောက်ထားခြင်းကို ကန့်ကွက်ကြောင်းနှင့် သဘာဝ ဘေးမဲ့တော ဧရိယာ ပြန်လည် သတ်မှတ်ပေးရန် ညောင်ရွှေမြို့နယ်နေ နန်းသဲကျေးရွာမှ ဦးထိန်လွင်ပါ ဒေသခံ ပြည်သူများက သမ္မတရုံးထံသို့ တင်ပြလာဖြင့် သက်ဆိုင်သည့် ဌာန ၃ ခုကို သဘောထားတောင်းခံခဲ့ကြောင်း သမ္မတ ရုံးမှ သိရသည်။

ယခု ဖြစ်စဉ်နှင့် သက်ဆိုင်သော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့ကလည်း ယခု စီမံကိန်းကို သဘောမတူကြောင်း အကြောင်းပြချက် အမျိုးမျိုးဖြင့် သမ္မတရုံးထံ အကြောင်း ပြန်ကြားခဲ့သည်ဟု သိရသည်။

“ဝန်ကြီးဌာန ၂ ခုနဲ့ ပြည်နယ် အစိုးရရဲ့ တင်ပြချက်ကတော့ No ပေါ့နော်။ မလုပ်သင့်ဘူး။ ခွင့်မပြုဘူးဆိုတာ ပြောထား ပြီးသား။ အကြောင်းကြား ထားပြီးသား ဖြစ်တော့ ဒီကိစ္စက ဒီသဘောထားအပေါ်မှာ မူတည်ပြီးတော့ ဆိုရင် ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က သတင်းထောက်များကို ပြောသည်။

အင်းလေးကန်ကို ၁၉၈၅ ခုနှစ်ကစ၍ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟု ဖွဲ့စည်းထားခဲ့သော်လည်း ၂၀၁၁ ခု နှစ်တွင် အကြောင်းကြောင်းကြောင့် စီးပွားရေး လုပ်ငန်းရှင် တဦး လက်သို့ ယင်းဘေးမဲ့တောထဲမှ ဧက ၉၀ ကို ပယ်ဖျက်ပေးလိုက် ရသည်ဟု သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ဧရာဝတီသို့ ပြောဆိုထားသည်။

ယင်းအချိန်သည် သမ္မတ ဦးသိန်းစိန် အာဏာမရသေးဘဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ အာဏာရှိနေဆဲ ဖြစ်ပြီး ၎င်း၏ သား ဖြစ်သူမှာ သဘာဝတောရိုင်းနယ်မြေကို ဖျက်သိမ်းပြီး ဟိုတယ် စီမံကိန်း လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းလုပ်ငန်းရှင်သည် ထိုစဉ်က လုပ်ပိုင်ခွင့်ရရှိခဲ့သော်လည်း မည်သည့် စီမံကိန်းမျှ ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အာဏာရလာသည့်အချိန်တွင် လုပ်ပိုင်ခွင့် စတင်လျှောက်ထားသည့်အခါ ဒေသခံများ၏ ကန့်ကွက် မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။

ယခုအခါ အင်းလေးကန်နှင့် ပတ်ဝန်းကျင်တွင် ဟိုတယ် ၁၄ လုံးအထိ ရှိနေပြီး ယခင် ခေတ်အဆက်ဆက်က ကန့်ကွက် ခွင့် မရခဲ့၍ မပြောနိုင်ခဲ့ကြောင်း၊ ယခုအခါ ယင်းနေရာများမှာလည်း မြေသိမ်းဆိုင်ရာ ကိစ္စများနှင့် အချင်း များ နေဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် အတွက်လည်း ဧက ၆၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသခံများထံက စုံစမ်း သိရှိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11

ကုမ္ပဏီသည် ၎င်း၏ ဟိုတယ် စီမံကိန်းကို ဒေသခံ ၄၀၀၀ ကျော်၏ ကန့်ကွက်မှုကို ကြုံရချိန်တွင် ဟိုတယ် စီမံကိန်းကို ထောက်ခံကြောင်း လူဦးရေ ၁ သောင်းခွဲ၏ လက်မှတ် ပြန်လည်ရရှိရန် ကြိုးစားခဲ့သေးသည်။ ဒေသခံများကို စည်းရုံးပြီး အင်လေးဒေသ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ အုပ်စု ၁၂ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လက်မှတ်နှင့် ထောက်ခံကြောင်း စာရင်း သက်ဆိုင်ရာသို့ တင်ပြခဲ့သေးသည်။

သို့သော် ထောက်ခံသူများသည် အင်းလေးကန် ပျက်စီးယိုယွင်းမှု ထိခိုက်မှု မရှိပါက စီမံကိန်းကို ထောက်ခံကြောင်း လက်မှတ် ရေးထိုးပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ မိုင်းသောက်ရွာသားတဦးက ဧရာဝတီသို့ ပြောသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အင်လေးကန်နှင့် ပတ်သက်ပြီး ဂေဟစနစ်၊ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံ ပြည်သူများ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယင်းဧက ၉၀ ကို ဘေးမဲ့တောအဖြစ် ပြန် လည် ဖွဲ့ စည်းရန် ထောက်ခံပေးခဲ့သည်ဟု သိရသည်။

ဟိုတယ်နှင့်ခရီး ဝန်ကြီး ဌာနကလည်း အင်းလေးကန် ဘေးမဲတောမှ ပယ်ဖျက်ပေးလိုက်သည့် ဧက ၉၀ မှ  ၄၅ ဧက ကို ယင်း လုပ်ငန်းရှင်က စက်မှု မြေဂရမ် လျှောက်ထားခြင်းအပေါ် ခွင့်မပြုကြောင်း ရှမ်းပြည်နယ် အစိုးရသို့ အကြောင်း ပြန်ခဲ့သလို ဟိုတယ် ဆောက်လုပ်မှုကိုလည်း ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ် အစိုးရကလည်း အင်းလေးကန် ပင်မ ထိန်းသိမ်းရေး နယ်မြေအတွင်း ကျရောက်နေသည့် အတွက် အင်းလေးကန် ထဲသို့ စီးလာသည့် ရေများကို ထိန်းရန် ကျွန်းမျောရိုင်းများ၊ သဘာဝ နုန်းတား တမံ၊ ရေစစ်ကန်တို့ ရှိနေခြင်းကြောင့် ဟိုတယ် ဆောက်လုပ်ခွင့် မပြုသင့်ဟု သဘောထား မှတ်ချက်ပေးခဲ့သည်ဟု သိရသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် အခြေပြု Eco-Tourism လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကုမ္ပဏီရဲ့ တင်ပြ ချက် အပေါ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီကို ပြည်ထောင်စု အစိုးရအဖွဲ့၊  ဒေသခံ တွေရဲ့ ထောက်ခံချက်နဲ့သာ ဆောင်ရွက်သင့်ကြောင်း အသိပေး ရှင်းလင်းသွားဖို့ ဆိုတာ အကြောင်းကြားထားပြီး ဖြစ်တယ်”ဟု သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အင်းလေးကန်ဒေသတွင် အင်းသားလူမျိုးက အများဆုံးဖြစ်ပြီး ရှမ်း၊ ပအိုဝ့်နှင့် တောင်ရိုးတို့ နေထိုင်ကြကြောင်း၊ လူဦးရေ ၂ သိန်း ကျော် ရှိကြောင်း၊ ကန်ဧရိယာ ၂၄၇ မိုင် ကျယ်ဝန်းကြေဟိုတယ်စီမံကိန်းဟိုတယ်စီမံကိန်းာင်း သိရှိရသည်။

ဆက်စပ်ဖတ်ရှု့ရန် – ဦးသန်းရွှေသား၏ ဟိုတယ် စီမံကိန်းနေရာ ပယ်ဖျက်ရန် အစိုးရ အဖွဲ့ထံသို့ တင်ပြထား

ဦးသန်းရွှေသား ဟိုတယ်စီမံကိန်း ဒေသခံ အများစု ထောက်ခံဟု သမ္မတရုံး ပြော

Your Thoughts …
Tags: သမ္မတရုံးဟိုတယ်စီမံကိန်းအင်းလေးဦးသန်းရွှေ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် ဘာကြောင့်အဖမ်းခံရသလဲ

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် ဘာကြောင့်အဖမ်းခံရသလဲ

by ဧရာဝတီ
25 October 2024
6.4k

၎င်း၏ Facebook follower တဦးက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပေါ် ပြောဆိုထိန်းကျောင်းပေးရန် ရေးသားမှုကို ဒေါက်တာနေစိုးမောင်က “ကျွဲပါးစောင်းတီး၊ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်” ဟု ပြန်လည်ရေးသားခဲ့သည်။

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.4k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်း

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

by ဧရာဝတီ
19 August 2022
37.7k

ဒုစစ်ကောင်စီခေါင်းဆောင် စိုးဝင်းသည် ထိုသို့လုပ်ရပ်မျိုး မလုပ်ကြောင်း၊ ဆရာသမားကို ဆက်လက်သစ္စာခံကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။

Next Post
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ / ucsb.gov

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မှုကို ကြည့်နေသည့် ကျောင်းသားတချို့   / ဇော်ဇော် / ဧရာဝတီ

ဘာသာစုံ ဂုဏ်ထူးရှင် ပေါ်ထွက်မှု မန္တလေးတိုင်း ထိပ်ဆုံးမှရပ်တည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved