• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ကျောက်မဲမြို့ကို TNLA အပြီးသတ် သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
6 August 2024
in Military, သတင်းတို
A A
ကျောက်မဲမြို့ကို TNLA အပြီးသတ် သိမ်းပိုက်

ရှမ်းမြောက်ရှေ့တန်း တနေရာတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ/ TNLA

4.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်ရုံးစိုက်ရာ ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယနေ့ နံနက်တွင် အလုံးစုံ ထိန်းချုပ်လိုက်နိုင်ကြောင်း သိရသည်။

ကျောက်မဲမြို့ မြောက်ဘက် နှစ် မိုင်အကွာရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၀၁၊ ခမရ-၅၀၂ ဌာနချုပ်တို့ကို TNLA သိမ်းပိုက်လိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဧရာ၀တီသို့ ပြောသည်။

၎င်းက “ တပ်ရင်း တပ်စခန်းတွေ အားလုံး TNLA လက်ထဲရောက်သွားပြီ။ တင့်ကားတွေ သိမ်းဆည်းရမိတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း သေဆုံးမှုများသလို ထွက်ပြေးသွားတာလည်း များတယ် “ ဟု ပြောသည်။

ယမန်နေ့ ညသန်းခေါင်ယံအထိ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးနေခဲ့ပြီး ထိုတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်ထွက်ပြေးသွားကြောင်း ၎င်းက ဆက်ပြောသည်။

ထိုလက်ကျန်တပ်ရင်းများကို စစ်ကောင်စီ လက်လွှတ်လိုက်ရသောကြောင့် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီး မြို့ကို TNLA က အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

ကျောက်မဲမြို့ရှိ စခန်းကုန်း အနီးတဝိုက် Y12 ဖြင့် ဗုံး ၉၆ လုံး၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Y12 ဖြင့် ဗုံး ၂ လုံး နှင့် Jet Fighter ဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAက ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။

ယနေ့ ကျောက်မဲမြို့အခြေအနေနှင့် ပတ်သက်၍ TNLAက တစုံတရာထုတ်ပြန်ခြင်းမရှိသေးဘဲ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကိုလည်း ဆက်သွယ်၍ မရရှိသေးပေ။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
781
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
670

ကျောက်မဲမြို့သည် စစ်ကောင်စီ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကျောက်မဲခရိုင်တွင် မြို့နယ် ၆မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကို TNLAက သိမ်းပိုက်ထိန်းချုပ်ထားရာ သီပေါမြို့နယ်သာ ကျန်ရှိတော့သည်။

လတ်တလော ကျောက်မဲမြို့ပေါ် ဖုန်း ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်နေဆဲဖြစ်ပြီး လျှပ်စစ်မီးလည်း ပြတ်တောက်နေကာ သောက်သုံးရေများ အလုအယက်ဝယ်ယူနေရကြောင်း သိရသည်။

ဇူလိုင်လဆန်းကတည်းက ကျောက်မဲမြို့ပေါ်ကို TNLAက ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်ရင်းများကို ပိတ်ဆို့ထားခဲ့စဉ် ဇူလိုင် တတိယ အပတ်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူအင်အား ၃၀၀ ကျော် ကျောက်မဲသို့ စေလွှတ်ခဲ့သော်လည်း စစ်ကူတပ်အားလုံး ချေမှုန်းခံခဲ့ရသည်။

ကျောက်မဲ ခံစစ်ကို ကွပ်ကဲခဲ့သူမှာ စကခ-၁ ဒုတိယစကခမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုးဖြစ်ပြီး စကခ-၁ စကခမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ကိုးကန့်တပ် MNDAA က အသက်ရှင်လျက် ဖမ်းဆီးရမိထားသည်။

ကျောက်မဲမြို့တွင်း မြင်ကွင်း (ပုံဟောင်း) / SPM

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် TNLAနှင့် ပူးပေါင်းတပ်များက ကျောက်မဲမြို့နယ်နှင့် တဆက်တည်းရှိသည့် မြို့မြောက်ဘက် နောင်ချိုမြို့၊ မြို့တောင်ဘက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်မဲမြို့သည် TNLA သိမ်းပိုက်လိုက်သည့် ၁၁ခု မြောက်မြို့ ဖြစ်လာသည်။

You may also like these stories:

ရမခ ဇာတ်သိမ်း အပိုင်း (၁)

စစ်မရှောင်နိုင်သည့် ကျောက်မဲမြို့ခံတို့ စားသောက်ရေး ခက်ခဲလာ

TNLA ပူးပေါင်းတပ်တို့ မိုးမိတ်မြို့ပေါ် ဝင်ရောက်နေရာယူ

Your Thoughts …
Tags: TNLAကျောက်မဲစကခ ၁တင့်ကားလေကြောင်းပစ်ကူ
မိုင်းခြိူဝ်းဇာရ်

မိုင်းခြိူဝ်းဇာရ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
TNLA သိမ်းထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

TNLA သိမ်းထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော

ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved