• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ပင်လည်ဘူးကို ပူးပေါင်းတပ်များ ဒုတိယအကြိမ် ထပ်သိမ်း

by ဧရာဝတီ
8 October 2024
in သတင်းတို
A A
ပင်လည်ဘူးကို ပူးပေါင်းတပ်များ ဒုတိယအကြိမ် ထပ်သိမ်း
3.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ပင်လည်ဘူးမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ သြဂုတ်လ ၁၅ ရက်တွင် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးများ ပစ်ကူပေးနေသည့်ကြားမှ ယနေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ဒေသခံစစ်ရေးသတင်းအရင်းမြစ်တဦးက ” ရဲစခန်းကုန်းကျန်တာကို စစ်ကူတွေ မရောက်အောင်ပိတ်ဆို့ထားတော့ စိတ်ဓာတ်တွေကျပြီးလက်နက်ချကြတာ ။ အရင်ကလည်း ထွက်ပြေးလာကြတဲ့သူတွေ ရှိတယ် “ဟု ပြောသည်။

ပင်လည်ဘူးကို စစ်ကူလာသည့်စစ်ကြောင်းများကို ပူးပေါင်းတပ်များက ပြီးခဲ့သည့်အပတ်ကတည်းက ဖြတ်တောက် ထားနိုင်ခဲ့ပြီး လက်နက်နှင့် အလောင်းများ သိမ်းဆည်းရမိထားသလို လက်နက်ချ အင်အားများလည်း ရာဂဏန်းအထိရှိသည်ဟု ၎င်းက ဆက်ပြောသည်။

CDM ဗိုလ်ကြီးက ဇင်ယော်က ” ဒီနေ့မနက် ၁ နာရီခွဲလောက်မှာပင် သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။ ယခင်ရက်တွေ ကတည်းက စစ်ကူစစ်ကြောင်းတွေကိုလည်း ဖြတ်တောက်ထားနိုင်ပါတယ်။ ပြီးတော့ ဖမ်းဆီးရမိ၊ သိမ်းဆည်းရမိတဲ့ လက်နက်တွေလည်းရှိပါတယ်။ လက်နက်တွေ အနေအထားကြည့်ရတာတော့ ပြည်သူ့စစ်နဲ့ လက်ရုံးတပ်တွေလောက်ပဲ နောက်ဆုံးကျားကန်ပြီးတော့ ခုခံသွားရတဲ့ အနေအထားမျိုးလို့ ပြောရမှာ ဖြစ်ပါတယ် “ဟု ပြောသည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့မ ရဲစခန်း/ CJ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းရှိ ပင်လည်ဘူးမြို့နယ်သည် အရှေ့ဘက်တွင် ဝန်းသို၊ တောင်ဘက်တွင် ကောလင်း၊အနောက်ဘက်တွင် ဖောင်းပြင်၊ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။

ဆက်သွယ်ရေးလမ်းကြောင်း အချက်အချာကျသည့် ပင်လည်ဘူးမြို့ကို ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ မြေမြင်ထိုးစစ်များဖြင့် ပြန်လည် ထိန်းချုပ်ခဲ့သည်။

ပြန်လည်ထိန်းချုပ်ပြီးနောက် ပင်လည်ဘူးတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမရှိတော့သည့်အခြေအနေတွင် စစ်ကောင်စီက ပြည်သူ့စစ်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ )ထုတ်နုတ်အင်အားများ၊ လေကြောင်းပစ်ကူအားများ၊ ဝန်းသို အခြေစိုက် ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တို့မှ စစ်ကူ၊ လက်နက်ကြီး ပစ်ကူအားများဖြင့် ထိန်းထားရာ ပူးပေါင်းတပ်များ ထပ်မံ ထိုးစစ်ဆင်ပြီး နှစ်လခန့်အကြာ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အဓိက ပွိုင့်နေရာ ပင်လည်ဘူးမြို့ကို ထိန်းချုပ်လိုက်၍ ပူးပေါင်းတပ်များအတွက် လမ်းကြောင်းများ ပွင့်သွားပြီး လက်လွှတ်လိုက်ရသည့် ကောလင်းမြို့ပြန်လည်ရရှိရေး အခွင့်သာသွားပြီ ဖြစ်ကြောင်း ဆိုသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
656
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k
ပင်လည်ဘူး၌ ယခုနှစ် စက်တင်ဘာအတွင်း KIA နှင့် ပူးပေါင်းတပ်များ သိမ်းဆည်းရမိခဲ့သော လက်နက်များ/ CJ

CDM ဗိုလ်ကြီးဇင်ယော်က ” ပင်လည်ဘူးက စစ်ကောင်စီအတွက် အရေးကြီးတယ်ပေါ့နော်။ ပွိုင့်နေရာလို့ပြောလို့ ရတာပေါ့နော်။ ကျနော်တို့ ကောလင်းဘက်ကို တိုးလို့မရတဲ့အနေအထားမှာ ပင်လည်ဘူးသည် ချင်း၊ စစ်ကိုင်းမြောက်ခြမ်းနဲ့ အောက်ပိုင်း ပုလဲ၊ ယင်းမာပင်ဘက်ထိသွားနိုင်တဲ့ တံခါးပေါက်တခုလို့ ပြောလို့ရပါတယ် ” ဟု ပြောသည်။

ထိုသို့အချက်အချာကျသည့် ပင်လည်ဘူးမြို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်နိုင်သော်လည်း စစ်ကောင်စီဘက်က ပူးပေါင်းတပ်များ ခြေကုပ်မယူနိုင်ရန် လေကြောင်းတိုက်ခိုက်မှုများ တောက်လျောက်ပြုလုပ်လာနိုင်သလို ဝန်းသိုတပ်များမှ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများရှိလာနိုင်သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များနှင့် CDM အရာရှိများက သတိပေးပြောကြားသည်။

ပင်လည်ဘူးမြို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ယနေ့နံနက်ပိုင်း၌ ဂျက်ဖိုက်တာ ၇ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သလို မွန်းလွဲပိုင်း ၃ နာရီခန့်အထိ လေကြောင်းတိုက်ခိုက်မှု ရှိနေခဲ့သည်ဟု ဒေသခံကာကွယ်ရေး ရဲဘော်များထံမှ သိရသည်။

You may also like these stories:

ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးတို့၌ တိုက်ပွဲများ ပြင်းထန်နေ

ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရ

Your Thoughts …
Tags: KIAစစ်ကူပင်လယ်ဘူးလက်နက်ချလေကြောင်းသိမ်းပိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်

လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်

by ဧရာဝတီ
12 January 2024
20k

ကိုးကန့်တပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ထားသည့် အခြေအနေများကိုလည်း စစ်ရုံးချုပ်သို့ တင်ပြခဲ့ရာတွင် သဘောတူခဲ့သဖြင့် လက်နက်ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

Next Post
အာဏာရှင် သွေးပျက်စေတဲ့ ဝန်ကြီးချုပ် နာရေး (ရုပ်/သံ)

အာဏာရှင် သွေးပျက်စေတဲ့ ဝန်ကြီးချုပ် နာရေး (ရုပ်/သံ)

မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန

မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved