• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

Facebook ကုမ္ပဏီ Meta ရဲ့ AI Chatbot ကို ထိုင်းဘာသာနဲ့ အသုံးပြုနိုင်တော့မယ်

by ဧရာဝတီ
13 October 2024
in သတင်းတို
A A
Facebook ကုမ္ပဏီ Meta ရဲ့ AI Chatbot ကို ထိုင်းဘာသာနဲ့ အသုံးပြုနိုင်တော့မယ်
833
VIEWS
Share on FacebookShare on Twitter

Facebook ကုမ္ပဏီ Meta အနေနဲ့ ၎င်းတို့ရဲ့ AI Chatbot ဖြစ်တဲ့ Meta AI ကို ထိုင်းနိုင်ငံ အပါအဝင် ဈေးကွက်သစ် ၂၁ ခုမှာ ဖြန့်ဝေသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အတွက် ထိုင်းဘာသာ စကားနဲ့ အသုံးပြုနိုင်အောင်ပါ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

နည်းပညာ ကုမ္ပဏီကြီးတွေက OpenAI ရဲ့ ChatGPT ထံကနေ ဈေးကွက်ဝေစုတွေ ရရှိနိုင်ဖို့ အတွက် လုပ်ဆောင်ချက် အသစ်တွေ၊ ဘာသာစကား အမျိုးမျိုးနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးခြင်း စတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုသူတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
229
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.3k

လက်ရှိမှာ လစဉ် အသုံးပြုသူ သန်း ၅၀၀ နီးပါးရှိတဲ့ Meta AI ကို UK ၊ ဘရာဇီးလ်၊ အာရှနဲ့ လက်တင်အမေရိက တိုင်းပြည် တော်တော်များများမှာ ဗုဒ္ဓဟူးနေ့ ကနေ စတင်ပြီး အသုံးပြုနိုင်မှာဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။

ဘာသာစကား အထောက်အပံ့ အနေနဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နဲ့ အာရပ် ဘာသာစကားတွေနဲ့လည်း အသုံးပြုလို့ ရမှာ ဖြစ်ကြောင်း Meta က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

AI Chatbot ကို ဖြန့်ဝေမှုတွေပြီးရင် နိုင်ငံပေါင်း ၄၃ နိုင်ငံမှာ ဒါဇင်နဲ့ ချီတဲ့ ဘာသာစကား အထောက်အပံ့ အမျိုးမျိုးနဲ့ အသုံး ပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပြီး ၂၀၂၄ နှစ်ကုန်မှာ လူသုံးအများဆုံး AI ဖြစ်လာဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတယ် လို့လည်း Meta ဘက်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံး ဖြန့်ဝေမှုမှာ AI Chatbot အတွက် အသံဇာတ်ကောင် အသစ်တွေ ပါဝင်ဦးမှာ မဟုတ်ဘူးလို့ Meta ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေးမှာ CEO ဖြစ်သူ Mark Zuckerberg က ပြောကြားခဲ့ပြီး အသံဇာတ်ကောင် အသစ်တွေကို နောက်ပိုင်းမှ ထည့်သွင်း ပေးသွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

Ref: Bangkok Post

Your Thoughts …
Tags: AI ChatbotFacebookMetaဉာဏ်ရည်တုထိုင်းဘာသာ စကားနည်းပညာဘာသာပြန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

by ဧရာဝတီ
3 January 2024
7.8k

"ဒီနေ့ဟာ ဒရုန်းခေတ်လို့ ကျနော်တို့ပြောနိုင်တယ်" ဟု TNLA ပြောခွင့်ရသူက ပြောသည်။

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

by Antonio Graceffo
19 September 2024
6.2k

ဒရုန်းများသည် မြန်မာပြည်တွင်းစစ်နှင့် အရှေ့အလယ်ပိုင်းတဝန်းမှ ပဋိပက္ခများတွင် အဓိကကျသည့် ပလက်ဖောင်းတခု ဖြစ်လာနေသည်။

Next Post
စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ

စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved