• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“အမျိုးသားရေးဟာ ဆားလိုပဲ”

by ဧရာဝတီ
17 July 2012
in အင်တာဗျူး
A A
“အမျိုးသားရေးဟာ ဆားလိုပဲ”

ရခိုင်ပြည်နယ် အလယ်သံတောင် ကျေးရွာရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သူတဦးကို နှစ်သိမ့်နေသည့် ကိုကိုကြီး (ဓာတ်ပုံ - ၈၈ မျိုးဆက်ကျောင်းသားများ facebook မှ)

8.9k
VIEWS
Share on FacebookShare on Twitter

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မကြာသေးမီက ရခိုင်ပြည်နယ် ပဋိပက္ခဒေသတွေကို သွားရောက်ပြီး လိုအပ်နေသူ တွေကို အကူအညီပေးတာ၊ အားပေးနှစ်သိမ့် စကားတွေပြောတာတွေ အပြင် အချက်အလက် ရှာဖွေရေးတွေလည်း လုပ်ဆောင်ခဲ့ ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကိုကြီးကို ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ရခိုင်ပြည်နယ် အလယ်သံတောင် ကျေးရွာရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သူတဦးကို နှစ်သိမ့်နေသည့် ကိုကိုကြီး (ဓာတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများ facebook မှ)

မေး။     ။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်တဲ့နေရာတွေဆီ သွားပြီး ပြန်လာတဲ့ ကိုကိုကြီး အနေနဲ့ ဟိုက အတွေ့အကြုံတွေကို ပြောပြပေးပါ။

RelatedPosts

မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံ ချဉ်းကပ်မှု အလုပ်ဖြစ်မှာလား (ရုပ်/သံ)

22 June 2025
34
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
2.2k
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

20 June 2025
577

ဖြေ။    ။ စစချင်းတော့ စစ်တွေပေါ့။ စစ်တွေ ရောက်တော့ ရခိုင် ဒုက္ခသည် စခန်းတွေကိုသွားပြီး အားပေးခဲ့တယ်။ အဲဒီမှာ ရခိုင် ဒုက္ခသည် စခန်းတွေကတော့ ဘုန်းကြီးကျောင်း တွေရယ်၊ စာသင်ကျောင်းတွေမှာရယ် လောလောဆယ် ဒုက္ခသည် တွေကို နေရာ ချထားပေးတယ်။ သူတို့တွေနဲ့ တွေ့ဆုံပြီးတော့ အများပြည်သူ လှူလိုက်တဲ့ ငွေတွေထဲက စခန်းတခုကို ကျပ် ၅ သိန်းစီ လိုက်ပြီးလှူဒါန်းခဲ့တယ်။ ပြီးတော့ သူတို့ကိုလည်း အားပေးနှစ်သိမ့် ခဲ့တယ်။

စစ်တွေမှာ ညအိပ်ပြီးတော့ နောက်နေ့မှာ ဘူးသီးတောင် မောင်တောကို တောက်လျှောက် သွားတယ်။ မောင်တောမှာ ကျတော့ အခြေအနေက တမျိုး။ မောင်းတောမှာ အများစုက ဘင်္ဂါလီတွေ ချည်းပဲ ဖြစ်နေတယ်။ အဲဒီနား ရှိသမျှ ရွာတွေ အားလုံးက ဘင်င်္ဂါလီရွာတွေချည်းပဲ။ မြို့ပေါ်မှာ ရခိုင်အနည်းအကျဉ်းပဲ ရှိတယ်။ အဲဒီမှာ မြို့ခံတွေ ပြောသလောက် ကတော့ ၉၇ ရာခိုင်နှုန်းလောက်က ဘင်္ဂါလီတွေ။

နောက်တော့ ရခိုင်ရွာတွေ မီးရှို့ဖျက်ဆီးခံရတာတွေ သွားကြည့်တယ်။ သူတို့အနေနဲ့က စိတ်ပိုင်းဆိုင်ရာမှာ လုံခြုံမှု မရှိတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး မောရဝတီရွာဆိုရင် တရွာလုံး မီးရှို့ ဖျက်ဆီး ခံရတယ်။ အဲဒီမှာ ဘုန်းကြီးကျောင်းလည်း ဖျက်ဆီး၊ သတ်ဖြတ် မီးရှို့တာတွေ ခံခဲ့ရပြီးတော့ အလယ်သံပြာရွာမှာ ကွပ်ကဲရေး စခန်းပေါ့။ ကျောင်းဝန်းထဲမှာ ဒုက္ခသည်တွေ နေရာချထား ပေးထားတယ်။

အဲဒီလိုပဲ နောက်တနေရာမှာ ကျတော့လည်း စာသင်ကျောင်းထဲမှာ တွေ့တဲ့ ဟာတွေက တရွာလုံး ဖျက်ဆီးခံရလို့  ရောက်နေတဲ့ ရခိုင်မိသားစုတွေ၊ ကလေး လ သားလေးတွေပါ ပါတယ်။ သူတို့တွေအားလုံး တညလုံးလုံး တောထဲမှာ မေယုတောင်တွေကို ကျော်ပြီး ပုန်းအောင်းနေခဲ့ရတဲ့ အခြေအနေမျိုးတွေလည်း ရှိတော့ တော်တော်တော့ စိတ်ထိခိုက်စရာ ကောင်းတာပေါ့လေ။

နောက် ပိုဆိုးတာက လုံခြုံရေး တပ်စခန်းတွေ ရှိတဲ့နေရာ အနားမှာတင် အဲဒီလို မီးရှို့ဖျက်ဆီး နေတာတွေကို မတားဆီး နိုင်ခဲ့တဲ့ အပေါ်မှာလည်း ဒေသခံတွေက အမြင်မကြည်ဘူး။ ရခိုင်အမျိုးသားကြီး တယောက်ဆိုရင်လည်း သူတို့ မွေးတဲ့မြေ ဒီမြေ ဒီရေမှာ သူတို့ ဒီလိုနေနေရတာ ကိုယ်နှိုက်က သူတို့အနေနဲ့ တာဝန်တခုလိုမျိုး ကျားကုတ်ကျားခဲ ရပ်တည်နေရတာ ဖြစ်တယ် ဆိုတဲ့အကြောင်း ပြောပြီးတော့ မျက်ရည်ပါ ကျတယ်။ မချိတင်ကဲနဲ့ ဖြစ်နေရတာကို ကျနော်တို့လည်း စိတ်ထိခိုက်တယ်။ အဲဒါကတော့ မောင်းတောက အခြေအနေပေါ့။

စ ဖြစ်တဲ့ နေ့တုန်းကလည်း ဝတ်ပြုတဲ့ ဘင်္ဂါလီတွေက ဗလီထဲက ထွက်လာပြီးတော့ အုပ်စုလိုက် မီးရှို့တာတွေ၊ ဖျက်ဆီး တာတွေ လုပ်တယ်။ ၈ ရက်နေ့ပေါ့။ အဲဒီနေ့က ဗီဒီယိုခွေတွေလည်း ကျနော်တို့ကို ပေးလိုက်တယ်။ ဗီဒီယိုတွေလည်း ပြတယ်။ ဒါက မောင်းတောမှာရှိတဲ့ အခြေအနေတွေ။ ရခိုင်ရွာတွေ ဖျက်ဆီးခံရတယ်။

စစ်တွေကို အပြန်မှာ မွတ်စလင် ဒုက္ခသည် စခန်းတွေကိုလည်း ကျနော်တို့သွားတယ်။ ကျတော်တို့ မရောက်ရောက်အောင် သွားခဲ့တယ်။ အဲဒီတော့ ဟိုမှာက မွတ်စလင် ဒုက္ခသည်တွေကို သီးခြား နေရာချထားပေးရတဲ့ သဘောရှိတယ်။ အဲဒီမှာ ကျတော့လည်း စိတ်ထိခိုက်စရာ ကောင်းတာက မြေကြီးပေါ်မှာတင် ရွက်ဖျင်တဲတွေ ထိုးပြီး နေနေရတယ်။ ဒုက္ခသည် တွေပေါ့။ နောက် ကလေးတွေကလည်း အများကြီးပဲ။ စခန်းတိုင်း စခန်းတိုင်းက လမ်းပေါ်တွေမှာရော၊ ဘာရော၊ ကျပ်ခဲ ပြွတ်သိပ် နေတာပေါ့။ အဓိက ကတော့ လူဦးရေ ပြန့်ပွားနှုန်းနဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာ တခုအနေနဲ့ ဒါ ကျနော်တို့ သတိပြုမိတယ်။

ကျနော် မွတ်ဆလင် ဒုက္ခသည် စခန်းက တာဝန်ရှိတဲ့သူတွေနဲ့ရော၊ ရွာခံတွေနဲ့ပါ သက်ကယ်ပြင်ကို ရောက်တော့လည်း ဆွေးနွေးခဲ့တယ်။ အဲဒီမှာလည်း ကျနော် ဘာပြောခဲ့လဲဆိုတော့ ဒီ နိုင်ငံသားနဲ့ ပတ်သက်လို့ကတော့ ဘယ်ဘာသာ ကိုးကွယ်သူပဲ ဖြစ်ပါစေ အားလုံး တပြေးညီပဲ ဖြစ်ရမယ်။ အဲဒီတော့ ဖြစ်နေတဲ့ ကိစ္စဟာ ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှု ပုံသဏ္ဍန် မဖြစ်စေရဘူး။ အဲဒီလိုလဲ မမြင်ဘူး။

အဲဒီတော့ နှစ်ပေါင်းများစွာ အကျင့်ပျက် ချစားမှုတွေကြောင့် တရားမဝင် ဝင်လာတဲ့ ဘင်ဂါလီတွေရဲ့ ပြဿနာဟာ အခုအခြေအနေထိ ဖြစ်လာတယ်ပေါ့။ အဲဒါကို ကျနော်တို့ ရေရှည် အမြော်အမြင်ရှိရှိ၊ ခေါင်းအေးအေးနဲ့ ဖြေရှင်းကြဖို့ လိုမယ်ဆိုတာကို ဒီအတိုင်းပဲ သူတို့ကို ကျနော်ပြောခဲ့တယ်။ ဒါ နိုင်ငံသား အခွင့်အရေး တန်းတူညီမျှမှုနဲ့ ဆိုင်တယ်။ ဒီအထဲမှာလည်း နိုင်ငံသား တယောက်ဖြစ်လာရင် နိုင်ငံတော်ရဲ့ ကျေးဇူး သစ္စာကို စောင့်သိဖို့၊ နိုင်ငံသားတယောက်ရဲ့ တာဝန် ဝတ္တရားတွေကို ထမ်းဆောင်ဖို့၊ ရှိနေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုရေး သဟဇာတ ဖြစ်အောင် နေနိုင်ကြဖို့၊ နောက် ကိုယ့်နောက်ပိုင်း လူငယ်မျိုးဆက်တွေကို ဝိုင်းပြီးတော့ ထိမ်းကြဖို့ အစရှိသဖြင့် အဲဒါတွေ သူတို့ကို ပြောခဲ့တယ်။

ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ကလည်း သီးခြားစီ ခွဲနေဖို့ ဆိုတာ ရေရှည်မှာလည်း ဒါ ပုံမှန် အခြေအနေ မဟုတ်ဘူး။ တကယ့်တကယ်က ကျနော်တို့ နိုင်ငံသားတွေ၊ ဘယ်လို ဘာသာပဲ ကိုးကွယ်သည်ဖြစ်စေ အားလုံးက လူမှုရေး သဟဇာတ ဖြစ်အောင် ရေရှည် ချင့်ချင့်ချိန်ချိန်နဲ့ စဉ်းစားကြရမှာ ဖြစ်တယ်ဆိုတာလည်း ပြောခဲ့တယ်။

အဲဒီမှာ စိုးရိမ်စရာ အခြေအနေတခုကို ပြောရမယ်ဆိုရင်တော့ ကျနော် မောင်တောကို ရောက်တဲ့အချိန်မှာ ဒီ ပဋိပက္ခဖြစ်တဲ့ ကာလအတွင်းက ကြွေးကြော်တဲ့ ကြွေးကြော်သံတခု၊ ပါကစ္စတန် ဂျီနာပါးဆိုပြီး ကြွေးကြော်တယ်။ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ပါကစ္စတန်နိုင်ငံ အဓွန့်ရှည်ပါစေ ဆိုတာပဲ။ ဒါ ကျနော်တို့က အမျိုးသားရေးရာ ဆိုရင် နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်တဲ့၊ အရေးပါတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်း ရတဲ့အခါမှာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာ စောင့်သိမှု ဆိုတဲ့ အပိုင်းပေါ့၊ အဲဒါလည်းကျနော်တို့ အလေးအနက် ထားရမယ့် အပိုင်းပေါ့။

အဲဒီအခြေအနေတွေကို ကျနော်တို့က ဒေသတွေကို ကိုယ်တိုင်သွားခဲ့၊ ရောက်ခဲ့လို့ မြင်ရတာ။ လူသားချင်း စာနာမှု အရကတော့ ဘေးဒုက္ခ ရောက်နေတဲ့ ဘယ်သူပဲဖြစ်ဖြစ် အားပေးကူညီရမယ်။ တတ်နိုင်သမျှ အစားအသောက်၊ အမိုးအကာတွေ ကျနော်တို့ ဖြေရှင်းပေးရမယ်။ ဒါက လူသားချင်း စာနာမှုအရ တယောက်နဲ့ တယောက်  ထားရမယ့် အရာတခု။ နောက်တခုက နိုင်ငံရေးအရ ဘယ်နိုင်ငံဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်ဖြစ်တဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံသား ဥပဒေဆိုတာ ပြဌာန်းကြရတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ကြရတယ်။

ကျနော်တို့မှာက စီးပွားရေးအရလည်း ဆင်းရဲတဲ့ နိုင်ငံဖြစ်တယ်။ နောက်တခါ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့က ထိခိုက်ဒဏ်ရာ အနာတရတွေ အများကြီးဖြစ်ခဲ့တဲ့ နိုင်ငံဆိုတော့ ကျနော်တို့ နိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ဘက်ပေါင်းစုံကနေ ဝိုင်းပြီးတော့ စဉ်းစား အဖြေရှာကြဖို့လိုတယ်လို့ မြင်တယ်။ ကျနော်တို့ သွားခဲ့တဲ့ နေရာမှာလည်း အများပြည်သူ လှူဒါန်းလိုက်တဲ့ ငွေ၊ အစားအစာ၊ အဝတ်အထည်တွေ အားလုံးကို မျှပြီး ကူညီနိုင်ဖို့ ကြိုးစားခဲ့တယ်။

မွတ်ဆလင် ဒုက္ခသည် စခန်းကိုလည်း ကျနော်တို့ ဆန်အိတ်တွေ၊ အဝတ်အစားတွေ ပြည်နယ်အစိုးရကနေ တဆင့် လှူဒါန်းဖို့ စီစဉ်ခဲ့တယ်။ ရခိုင် ဒုက္ခသည် စခန်းတွေကိုလည်း အလားတူ လှူဒါန်းဖို့ ကြိုးစားခဲ့တယ်။ အဲဒီတော့ လူသားချင်း စာနာမှုဆိုင်ရာနဲ့ ပတ်သက်လို့ကတော့ ဒုက္ခသည်အားလုံးကို အတတ်နိုင်ဆုံး အကူအညီ ပေးဖို့ ကျနော်တို့ ကြိုးစားတယ်။

မေး။    ။ အခု အင်တာနက်ပေါ်မှာ ကိုကိုကြီးပြောတဲ့ စကားဆိုပြီး ဖြန့်နေတာတွေ တွေ့ရတယ်။ ရိုဟင်ဂျာအရေးမှာ တပ်မတော်နဲ့ လက်တွဲ ဖြေရှင်းမယ်လို့ ပြောတယ်ဆိုတာ ဟုတ်ပါသလား၊ ပြောခဲ့ရင် ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောခဲ့တာ ပါလဲ။

ဖြေ။    ။ အဲဒီဟာက ၈ ရက်နေ့မှာ ရခိုင်ရွာတွေ ၂၀ လောက် မီးရှို့ဖျက်ဆီး ခံရတယ်။ ဌာနေ ရခိုင်လူမျိုးတွေက နေရပ် တွေကို စွန့်ခွာပြီးတော့ အသက်လုပြီး ပြေးကြရတယ်ဆိုတဲ့ အခြေအနေတုန်းက သတင်းစာရှင်းလင်းပွဲမှာ ကျနော် ပြောခဲ့ တယ်။ ရိုဟင်ဂျာဟာ ကျနော်တို့ တိုင်းရင်းသား လူမျိုး မဟုတ်ဘူးဆိုတာ ကျနော် အတိအလင်း ပြောခဲ့တယ်။ နောက်တခု ကတော့ ကျနော်တို့ဟာ ဒီမိုကရေစီ ကိစ္စ၊ လူ့အခွင့်အရေး ကိစ္စ၊ တိုင်းရင်းသား တန်းတူ ညီမျှရေး ကိစ္စတွေ  ငြင်းခုန် ပြောဆိုနေရတဲ့ အချိန်မှာ တဘက်က အမျိုးသားရေး ပြဿနာမျိုးလို ဖြစ်လာခဲ့မယ်ဆိုရင် ကျနော်တို့က တပ်မတော်နဲ့ပါ ပူးပေါင်း ဆောင်ရွက်ရလိမ့်မယ်လို့ ပြောခဲ့တယ်။ အမျိုးသားရေး ပြဿနာ ဖြစ်ခဲ့ရင်လို့ ကျနော် ရည်ညွှန်းပြီး ပြောဆို ခဲ့တယ်။

အဲဒီလို အမျိုးသားရေး ပြဿနာလိုမျိုး ရင်ဆိုင်လာရပြီ ဆိုရင်တော့ ကျနော်တို့က ကျန်တဲ့ အင်အားစုတွေနဲ့ပါ အားလုံး ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက် ကြရလိမ့်မယ်ဆိုတဲ့ဟာ ကျနော် ပြောခဲ့တယ်။ အဲဒါက ကျနော် ၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ အချိန်တုန်းက ပြောခဲ့တယ်။ ကျနော်တလျှောက်လုံး ရပ်တည်ခဲ့တာလည်း နိုင်ငံသားဆိုတဲ့ အခြေခံ အပေါ်မှာပဲ ရပ်တည်ပြီး ပြောခဲ့တယ်။

မေး။    ။ အခု လူတွေက ပြောဆို ဝေဖန်နေတာတွေ ကြားရပါတယ်။ အခုဖြစ်ရပ်ကြီးရဲ့ နောက်ကွယ်က မရိုးသားမှုတွေနဲ့ ဖန်တီးနေသူတွေ ရှိတယ်၊ ဒီ ထောင်ချောက်ထဲကို တော်တော်များများလည်း သက်ဆင်းမိ နေကြတယ် ဆိုပြီးပြောတယ်၊ ကိုကိုကြီးတို့ ၈၈ မျိုး ဆက် ကျောင်းသားတွေလည်း ဆင်ထားတဲ့ ထောင်ချောက်ထဲ ရောက်နေကြပြီဆိုတဲ့ ဝေဖန်မှု တွေကို ဘယ်လို တု့ံ့ပြန်ချင်ပါလဲ။

ဖြေ။    ။ ကျနော်တို့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုဟာ ၂၄ နှစ် ရှိခဲ့ပါပြီ။ ပြောရင် ကျနော်တို့ ငွေရတု တိုင်တော့မယ်။ ဆိုတော့ ကောင်းကောင်း နားလည်ပါတယ်။ ဒီလို အသုံးချ ခံရတယ်ဆိုတာ ကျနော်တို့လည်း သူငယ်နှပ်စား မဟုတ်သလို လုပ်နေတဲ့ သူတွေကိုလည်း အထင်အမြင် လွဲစေနိုင်တဲ့ အသုံးအနှုန်းမျိုးတွေ မဖြစ်သင့်ဘူး။

ကျနော်ပြောနေတာလည်း အမျိုးသားရေး ပြဿနာလိုမျိုး ကိစ္စမျိုးမှာ ကျနော်တို့ အားလုံး လက်တွဲ ဆောင်ရွက်ကြဖို့၊ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာကိုပဲ အဓိက ထားပြီး ပြောတယ်။ အဲဒီတော့ နိုင်ငံသား ဖြစ်မှုဆိုတဲ့ ကိစ္စဟာ အရေးတကြီး ကိစ္စအဖြစ်နဲ့၊ အဓိက ကိစ္စတခု အဖြစ်နဲ့ ဆောင်ရွက်ကြရတယ်။ ဆိုလိုတာက ကျနော် ခဏခဏ ဥပမာလေး ပြောဖူးတယ်။ အမေရိကန် နိုင်ငံမှာလည်းပဲ မက္ကဆီကို နယ်စပ် လုံခြုံရေးကို ကာကွယ် စောင့်ရှောက်နေရတဲ့ ကိစ္စမျိုး၊ နောက်တခါ အိန္ဒိယမှာ ဆိုရင်လည်း နယ်စပ်မှာ ခြံစည်းရိုးကာပြီးတော့ ခြံစည်းရိုးနားကပ်ရင် ပစ်ချတဲ့ အခြေအနေမျိုးတွေ အထိ ဒီလိုပဲ ဖြေရှင်းကြရတယ်။

တဘက်က လက်တွေ့ နိုင်ငံရေးမှာ နိုင်ငံနယ်နိမိတ်တွေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ၊ အာဏာ ဆိုတာ အရှိတရားပါ။ အဲဒါကို ကိုင်တွယ်တဲ့ နေရာမှာ Humanism ဆိုတဲ့ လူသားဝါဒတို့၊ လူသားချင်း စာနာ ထောက်ထားတာတို့ ဆိုတာတွေနဲ့ မရောထွေး သင့်ဘူး။ အဲဒါတွေက တခုစီလို့ပဲ မြင်တယ်။ လူသားဝါဒကို ကျနော်လည်း အင်မတန် တန်ဖိုး ထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နယ်မြေ၊ အချုပ်အချာ၊ လုံခြုံရေးဆိုတာတွေနဲ့ပါ ထည့်သွင်း စဉ်းစားဖို့ လိုလိမ့်မယ်လို့ မြင်တယ်။

မေး။    ။ ကိုကိုကြီးတို့ ၈၈ မျိုးဆက်တွေက အခုအခါမှာ မြန်မာပြည် အနောက်ဘက်က ကိစ္စတွေလည်း စိတ်ဝင်တစား ရှိနေတာ တွေ့ရတယ်။ တခါ မြောက်ဘက်ပိုင်းက ကိစ္စတွေလည်း စိတ်ဝင်တစား သွားခဲ့တာ တွေ့ရတယ်။ ဒီပြဿနာတွေ ပြေလည်အောင် ဘယ်လို ကဏ္ဍကနေ လုပ်ဆောင် သွားဖို့ ရှိပါသလဲ။

ဖြေ။    ။ ကျနော်တို့ အနေနဲ့ နိုင်ငံရဲ့ ဒေသအသီးသီးမှာ ဖြစ်နေတဲ့ ကိစ္စအားလုံးမှာ ကျနော်တို့နဲ့ ပတ်သက်တယ်။ ကျနော်တို့နဲ့ တာဝန်ရှိတယ်လို့ ခံယူထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံသား အားလုံးနဲ့ ပတ်သက်တဲ့ အရေးအရာ၊ မြန်မာနိုင်ငံ တခုလုံးနဲ့ ပတ်သက်တဲ့ အရေးအရာ အားလုံးကို ကျနော်တို့ရဲ့ အရေးကိစ္စတွေ အဖြစ်ပဲ သတ်မှတ်ပြီးတော့ အသိစိတ်နဲ့ပဲ ကျနော်တို့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ။

မေး။    ။ ရခိုင်အရေး ဖြစ်တဲ့အချိန်မှာ ကိုကိုကြီး ပြောစကားကြောင့် ကိုကိုကြီးဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ဝါဒီဆိုပြီး ပြောဆို ဝေဖန်တာနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ ကိုကိုကြီးက ဘယ်လို ခံယူပြီး ဘယ်လို အဓိပ္ပာယ်ဖွင့်ပါသလဲ။

ဖြေ။    ။ ကျနော်တို့ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေး ဦးဆောင်တဲ့ သူတွေမှာ အမျိုးသားရေး ဆိုတာ မရှိရင် ဘယ်လိုမှ နိုင်ငံကို ဦးဆောင်နိုင်တဲ့ တာဝန်ယူနိုင်တဲ့သူ ဖြစ်မလာနိုင်ဘူး။ အရေးအကြီးဆုံးက နိုင်ငံ တနိုင်ငံမှာ၊ နိုင်ငံရေး ခေါင်းဆောင်မှာ အမျိုးသားစိတ်ဓာတ်က ရှိကို ရှိရမယ်။ အမျိုးသား စိတ်ဓာတ်ဆိုတဲ့ နေရာမှာ အစွန်းမရောက်ဖို့ဘဲ အရေးကြီးတယ်။ ကမ္ဘာမှာလည်း အစွန်းရောက် အမျိုးသားရေးတွေကြောင့် တိုက်ပွဲတွေ၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုတွေ ဖြစ်နေကြတာ ကျနော်တို့ ကောင်းကောင်းကြီး သင်္ခန်းစာ ယူပါတယ်။

သို့သော် အဲဒီအမျိုးသားရေး ဆိုတာ မပါတော့ဘူး ဆိုရင်တော့ သူ့ရဲ့ နိုင်ငံ နယ်နိမိတ်ဆိုတာ အချုပ်အချာအာဏာ၊ နိုင်ငံသားဆိုတာတွေပါ ပျောက်သွားလိမ့်မယ်။ အမျိုးသားရေးဟာ “ဆား” လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်ပါတယ်။ ကျနော်တို့က အမျိုးသားရေးကို ချိန်ချိန်ဆဆနဲ့ ကျနော်တို့ နိုင်ငံရဲ့ အကျိုးစီးပွား၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး၊ နိုင်ငံတကာ မိသားစုနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ဆိုတာတွေကို တပြိုင်နက်တည်းမှာ တည်ဆောက်ကြရမှာပါ။

နိုင်ငံတကာ သတင်းမီဒီယာတွေ၊ အွန်လိုင်းသတင်းတွေမှာ လုပ်ကြံ ဝါဒဖြန့်ထားတဲ့ ဖိုတိုရှော့ နဲ့ ပြုပြင်ထားတဲ့ သတင်း၊ ဓာတ်ပုံ ဝါဒ ဖြန့်မှုတွေဟာ နိုင်ငံတကာ မိသားစုတွေ နားလည်ဖို့အတွက်ကို အကြီးအကျယ် အဟန့်အတား ဖြစ်စေပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံမှာဖြစ်နေတဲ့ တကယ့် ပကတိ အခြေအနေတွေကို မှန်မှန်ကန်ကန် သိနိုင်ဖို့အတွက်ကို ယုံကြည် စိတ်ချ ရတဲ့အဖွဲ့အစည်းတွေ၊ သတင်းဌာနတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။     ။

Your Thoughts …
Tags: 88 GenerationRakhine State
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခရစ်စတိုဖာ ဂန်းနက်စ်သည် ဘီဘီစီတွင် ထုတ်လုပ်သူ၊ သတင်းထောက်၊ နိုင်ငံရပ်ခြား သတင်းထောက်၊ သတင်းဖတ်ကြားသူ အဖြစ် ၂၃ နှစ် အလုပ်လုပ်ခဲ့သည်။ (source: bbc.co.uk)

ခရစ်စတိုဖာ ဂန်းနက်စ်ရဲ့ ရှစ်လေးလုံး

by ဧရာဝတီ
6 August 2013
6.9k

မြန်မာပြည်သူတွေဟာ သူတို့ ဆန္ဒနဲ့ သူတို့ အုံကြွခဲ့ကြတာပါ။ သူတို့တွေသာလျှင် ၁၉၈၈ ရဲ့ သူရဲကောင်း အစစ်အမှန်တွေ ဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့သမျှက ဒီအကြောင်းတွေကို သတင်းပို့ ရုံပါပဲ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

သတင်းစာတွေက ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ စာအုပ် အရှေ့နှင့် အနောက် မျက်နှာဖုံးများ (ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ)

ပြာပုံထဲက နိုးထလာသည့် ဖီးနစ် သတင်းစာများ

by အေးချမ်းမြေ့
6 August 2013
3.1k

ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်က “အာဏာဖီဆန် တော်လှန်သတင်းစာ လှုပ်ရှားမှု” ဟု အမည်တပ်သည့် အဆိုပါ ၈ လေးလုံး သတင်းစာ ပေါင်းချုပ်ကြီးက ၈ လေးလုံးကို မမီလိုက်သည့် လူငယ်လူရွယ်များအား သမိုင်းကို ပြောပြလိမ့်မည်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

Next Post
ချင်းမိုင် မြန်မာ ဘုန်းကြီးကျောင်းအရေး သမ္မတ ဦးသိန်းစိန်ထံ တင်ပြမည်

ချင်းမိုင် မြန်မာ ဘုန်းကြီးကျောင်းအရေး သမ္မတ ဦးသိန်းစိန်ထံ တင်ပြမည်

“ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး” တရား သီတဂူ ဆရာတော် ဟောကြား

“ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး” တရား သီတဂူ ဆရာတော် ဟောကြား

Please login to join discussion
No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate