• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“လိုအပ်ချက်က တိုးလာတယ်၊ ထောက်ပံ့မှုက နောက်က မလိုက်နိုင်ဘူး”

by ဧရာဝတီ
22 May 2014
in အင်တာဗျူး
A A
ဆက်သွယ်ရေး, သတင်းအချက်အလက်, နည်းပညာ, မိုဘိုင်းဖုန်း, အင်တာနက်

ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဒုဝန်ကြီး ဦးသောင်းတင် (ပုံစာ - ဂျေပိုင် / ဧရာဝတီ)

5.3k
VIEWS
Share on FacebookShare on Twitter

ကာတာနိုင်ငံမှ Ooredoo နှင့် နော်ဝေနိုင်ငံမှ Telenor စသည့် နိုင်ငံခြား ကုမ္ပဏီများက မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက် သွယ်ရေးကဏ္ဍသို့ ဝင်ရောက်လာကြပြီး မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန လက်အောက်မှ အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ လက်ဝါးကြီးအုပ်မှုလည်း ပျောက်ကွယ်သွားရတော့မည်ဖြစ်သလို ဂျပန်ကုမ္ပဏီ တခုဖြစ်သည့် KDDI  Corpration နှင့် ဖက်စပ် လုပ်ကိုင်ရန် စီစဉ်နေသည်ဟုလည်း သတင်းရရှိသည်။ သို့သော်လည်း မိုဘိုင်းဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုတွင် ညံ့ဖျင်းမှုများ ရှိနေသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် MPT အနေဖြင့် ဆက်ကြုံနေရသည်။ လာမည့်လများအတွင်းတွင် ဈေးချိုပြီး အခမဲ့ အင်တာနက် သုံးစွဲရနိုင်မည့်  SIM ကတ်များကို အမြောက်အမြား ရောင်းချပေးတော့မည့် နိုင်ငံခြားကုမ္ပဏီများနှင့် ဆက်လက်ယှဉ်ပြိုင် နိုင်ရန် စိန်ခေါ်မှုတခု ရှိနေသေးသည်။

ဧရာဝတီ (အင်္ဂလိပ်ပိုင်း)မှ သတင်းထောက် ကျော်ဆုမွန်က ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့် နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ  ထိပ်သီးအစည်းအဝေးတွင်  တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ဦးသောင်းတင်က ပြည်တွင်း ကွန်ပျူတာသင်ကြားရေး ကုမ္ပဏီတခု ဖြစ်သည့် KMD ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
109
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
62

မေး ။     ။ လတ်တလောမှာ အင်တာနက်ကွန်နက်ရှင် အရမ်းကိုဆိုးရွားနေတဲ့အတွက် ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ အခု အာဆီယံထိပ်သီး အစည်းအဝေးလုပ်နေတဲ့ နေပြည်တော်မှာတောင်မှ ဖြစ်နေတယ်။ အဲဒါဘာဖြစ်လို့ပါလဲ။

ဖြေ ။     ။ အဲဒါက ထောက်ပံ့မှုနဲ့ လိုအပ်ချက်မမျှလို့ဖြစ်ရတာပါ။ မြန်မာနိုင်ငံမှာ လိုအပ်ချက်က တိုးလာတယ်။ ထောက်ပံ့မှုက နောက်ကမလိုက်နိုင်ဘူး။ ခုတလောမှာ မိုဘိုင်းဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ နှေးကွေးနေတဲ့အတွက် တိုင်တန်းမှုတွေ အများကြီးရရှိခဲ့ပါတယ်။ အဲဒါက ကျနော်ပြောခဲ့သလို ထောက်ပံ့မှုနဲ့ လိုအပ်ချက် မမျှလို့ဖြစ်ရတာပါ။ အစိုးရဝန်ဆောင်မှုထက်စာရင် ပုဂ္ဂလိကကဏ္ဍက မြန်ဆန်တဲ့ ကွန်နက်ရှင်ပေးတဲ့နေရာမှာ ပိုကောင်းပါတယ်။ ဒီမှာ ယှဉ်ပြိုင်မှုတွေရှိလာရင် ဝန်ဆောင်မှုလည်း ပိုကောင်းလာမှာပါ။ ဒါကြောင့်လည်း နိုင်ငံတကာ အော်ပရေတာတွေဖြစ် တဲ့ Telenor နဲ့ Ooredoo တို့ကို ကျနော်တို့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

မေး ။     ။ Telenor နဲ့ Ooredoo က ဘယ်အချိန်မှာ လုပ်ငန်းစတင်ကြမှာလဲ။

ဖြေ ။     ။ သူတို့ကြေညာထားတဲ့အတိုင်းဆိုရင် Ooredoo က ဇူလိုင်လမှာ လုပ်ငန်းစပါမယ်။ Telenor ကတော့ အခုနှစ် စက်တင်ဘာလမှာ ဖြစ်ပါလိမ့်မယ်။ အခုနှစ် ဇူလိုင်လမှာ သူတို့ကိုချထားပေးခဲ့တဲ့ လိုင်စင်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကျနော်တို့က သူတို့ကို လိုင်စင်ထုတ်ပေးပြီး ၆ လ အကြာမှာ လုပ်ငန်းစတင်ရမှာ ဖြစ်ပါတယ်။

မေး ။     ။ နောက်လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကျရင် မိုဘိုင်းဖုန်းနဲ့ အင်တာနက် ကွန်နက်ရှင်တွေ ပိုကောင်းလာမယ်လို့ ပြောနိုင်ပါသလား။

ဖြေ ။     ။ နိုဝင်ဘာ ထိပ်သီးအစည်းအဝေးကျမှ မဟုတ်ပါဘူး။ အင်တာနက် ကွန်နက်ရှင်တွေ မကြာခင် ဖြည်းဖြည်းချင်း ကောင်းလာပါလိမ့်မယ် ။ ကျနော်တို့ ထောက်ပံ့မှုနဲ့ လိုအပ်ချက် မျှခြေရောက်ဖို့ကိုတော့ စောင့်ရပါမယ်။

မေး ။     ။ အခုအချိန် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ ဘယ်လောက်ရှိပါသလဲ။

ဖြေ ။     ။ အရင်တုန်းက ဒီမှာ အင်တာနက် အသုံးပြုသူက တယ်လီဖုန်းသုံးစွဲသူတွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ပဲရှိပါတယ်။ အခုတော့ ကျနော်တို့ကမိုဘိုင်း ဖုန်းတွေအတွက် SIM ကတ်တွေ ထုတ်ပေးလိုက်တဲ့အတွက် သုံးစွဲသူနှုန်းက မှန်မှန်တိုးလာပါတယ်။ အင်တာနက် အသုံးပြုသူနှုန်းက မိုဘိုင်းဖုန်းအသုံး ပြုသူနှုန်းရဲ့တဝက်ကျော်ပါတယ်။ အခုအချိန် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုသူက ၈ သန်းလောက် ရှိတယ်ဆိုတော့ မိုဘိုင်းဖုန်း အသုံးပြုသူတွေက အင်တာနက် ဒေတာကိုလည်း လွယ်လွယ်ကူကူ သုံးနိုင်တဲ့အတွက် အင်တာနက် အသုံးပြုသူ ၄ သန်း ကျော်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အရင်တုန်းက အင် တာနက်ကို ကေဘယ်ကြိုးတွေကနေ တဆင့်ပဲအသုံး ပြုနိုင်ခဲ့ပါတယ်။

မေး ။     ။ ဘယ်အချိန်မှာ ရန်ကုန်နဲ့ နေပြည်တော် အင်တာနက်မြန်နှုန်း အတူတူဖြစ်မလဲ။ ရန်ကုန်မှာ ကွန်နက်ရှင် ပိုဆိုးလာနေတဲ့အချိန်မှာ နေပြည်တော်မှာတော့ ကွန်နက်ရှင်ကောင်းတယ်လို့ လူအများစုက ပြောနေကြပါတယ်။

ဖြေ ။     ။ ရန်ကုန်က သုံးစွဲသူနှုန်းက အမြဲတိုးလာနေပါတယ်။ ဆိုလိုတာကတော့ လိုအပ်ချက်က တိုးလာတယ်၊ ထောက်ပံ့မှုက နောက်ကမလိုက်နိုင်ဘူး။ ကျနော်တို့ SIM ကတ်တွေထုတ်ပေးလိုက်တိုင်း အင်တာနက် သုံးစွဲသူကလည်း အလျင်အမြန်ပဲ တိုးလာပါတယ်။ ဒါကြောင့် Telenor နဲ့ Ooredoo လုပ်ငန်းစနိုင်ပြီဆိုရင် သူတို့က မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကို လျှော့ချနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ဒါက သူတို့အတွက် အခက်အခဲလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၆၀ လုံး ကို လွှမ်းခြုံနိုင်အောင် တချိန်တည်းမှာ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အတွေ့အကြုံတွေအရဆိုရင် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေ လုပ်ငန်းစတင်ပြီး လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ကို လွှမ်းခြုံမိဖို့အတွက် အနည်းဆုံး အချိန် ၅ နှစ် လောက်ယူရနိုင်ပါတယ်။ ကျနော်တို့ကတော့ ၃ နှစ် အတွင်း ရည်မှန်းချက်ပြည့်မီဖို့ ဦးတည်သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ ကုမ္ပဏီတွေကို တချိန်တည်းမှာ ယှဉ်ပြိုင်နိုင်ဖို့ ခွင့်ပြုပေးထားပြီး ဖြစ်လို့ပါ။ ယှဉ်ပြိုင်မှု ပိုများလာရင် အလုပ်တွေလည်း မြန်မြန်ဆန်ဆန် ပြီးမြောက်ပါလိမ့်မယ်။

မေး ။     ။ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် MPT မှာ အခက်အခဲရှိနိုင်သလား။ အနာဂတ်မှာ ယှဉ်ပြိုင်မှုမြင့်မားတဲ့ ဈေးကွက်အတွက် ဘယ်လိုနည်းဗျူဟာကို အသုံးပြုမှာပါလဲ။

ဖြေ ။     ။ နေရာတိုင်းမှာရှိတဲ့ လွတ်လပ်တဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ဈေးကွက်တွေမှာ အစိုးရဌာနတွေဟာ ပုဂ္ဂလိက ကဏ္ဍနဲ့အတူ အလုပ်လုပ်ပါတယ်။ မိုဘိုင်းဖုန်းကဏ္ဍနဲ့ အင်တာနက်ဝန်ဆောင်မှုကဏ္ဍက သီးခြားစီ ဖြစ်ပါလိမ့်မယ်။ ပြည်တွင်း ကဖြစ်စေ နိုင်ငံတကာကဖြစ်စေ ပုဂ္ဂလိကပိုင်းကနေ ဒီမှာအလုပ်လုပ် ချင်ရင် ဝန်ဆောင်မှုပေးသူဖြစ်လာဖို့အတွက် အစိုးရဝန်ကြီးဌာနမှာ လျှောက်ထားနိုင်ပါတယ်။ Telenor နဲ့ Ooredoo ကို မိုဘိုင်းဖုန်း ဝန်ဆောင်မှုကဏ္ဍအတွက် ခွင့်ပြုပေးခဲ့တာဖြစ်ပြီးတော့ အင်တာနက် ဝန်ဆောင်မှုကဏ္ဍကတော့ ပြည်တွင်းနဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေအတွက် ကျန်ရှိနေပါသေးတယ်။

မေး ။     ။ အခုဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းဆက် သွယ်ရေးကဏ္ဍက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ရဲ့ ၂၀ ရာခိုင်နှုန်းကို ရယူနိုင်မယ်လို့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တာဝန်ရှိသူတဦး ကခန့်မှန်းခဲ့ပါတယ်။ အဲဒါကို လက်ခံပါသလား။

ဖြေ ။     ။ ကျနော် လက်ခံပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍက နှစ်စဉ် မှန်မှန်တိုးတက်လာပါတယ်။ Telenor နဲ့ Ooredoo ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု စတင်တဲ့အခါ ကနဦးအဆင့်မှာတင် ပမာဏ ကြီးမားစွာ ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ နောက်ပြီး သူတို့လိုင်စင်ကြေးလည်း ပေးရမယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအားလုံးက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ပါလိမ့်မယ်။ နိုင်ငံတဝန်းမှာ တာဝါတိုင်တွေထောင်ဖို့အတွက် တခြား ဆက်သွယ်ရေး ကုမ္ပဏီတွေကိုလည်း ကန်ထရိုက် ပြန်ခွဲပေးရပါဦးမယ်။

MPT အနေနဲ့လည်း နိုင်ငံခြား ကုမ္ပဏီတွေနဲ့ စပ်တူလုပ်ကိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့ အလုပ်လုပ်ရမလဲဆိုတာ ကျနော်တို့ စဉ်းစားနေတုန်းပါပဲ။ MPT နဲ့ ဖက်စပ်လုပ်ဖို့ ဆန်ခါတင် စာရင်းဝင်နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဒီအခြေအနေမှာ သူတို့အနေနဲ့ Telenor နဲ့ Ooredoo ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ MPT က အစိုးရ ဘတ်ဂျက်နဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မယှဉ်ပြိုင်နိုင်ပါဘူး။     ။

Your Thoughts …
Tags: CommunicationInterviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34.1k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

by ဧရာဝတီ
22 March 2014
9.2k

နိုင်ငံခြား သတင်းထောက်တွေက ကျနော့် အကြောင်း မေးတယ်တဲ့။ နေမင်း နေကောင်းလား။ ကျန်းမာရေး ဆိုးနေတယ် ဆိုတာ ဟုတ်လားလို့ မေးတာ။ အဲဒါကို ဗိုလ်ချုပ်ခင်ညွှန့်က ဘာမဆိုင် ညာမဆိုင် NAY MIN IS A...

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.2k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
20k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

Next Post
ဖက်ဒရယ် စနစ်, အပစ်အခတ် ရပ်စဲရေး မူကြမ်း, ငြိမ်းချမ်းရေး , တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ,NCCT, တပ်မတော်

အပစ်ရပ် မူကြမ်း၌ ဖက်ဒရယ်ဆိုင်ရာ အသုံးအနှုန်း တပ်မတော် လက်ခံ

ရန်ကုန်, နေပြည်တော်, မန္တလေး, အမြန်လမ်းမ, အင်ဂျင်နီယာ,

သေမင်းတမန် လမ်းမကြီးကို ဘယ်လိုပြင်ကြမလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved