• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဘယ်လိုတုံ့ပြန်ကြသလဲ

by လင်းသန့်
7 June 2014
in အင်တာဗျူး
A A
01
02
03
6.6k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကုလသမဂ္ဂ(UN)အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) ရဲ့ ရန်ကုန်ရုံးခန်းကို စစ်ဗိုလ်ချုပ်ဟောင်း တဦးရဲ့ အိမ်ကို တလ အမေရိကန်ဒေါ်လာ ၉ သောင်းနီးပါး ပေးပြီး ငှားရမ်းတာ၊ ကမ္ဘာ့ကျန်း မာရေး အဖွဲ့(WHO) ကလည်း ရန်ကုန်ရုံးခန်းအတွက် တလ ဒေါ်လာ ၈ သောင်းကျော်ပေးငှားတာ၊ ဥရောပ ကော်မရှင် သံအမတ် ကလည်း ရန်ကုန်မြိုက နေအိမ်ကို ဈေးကြီးကြီး ပေးငှားနေတာ စတဲ့ သတင်းတွေကို ဧရာဝတီက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ အလွှာအသီးသီးက ထင်ရှားသူတွေရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို ဧရာဝတီ သတင်း ထောက် လင်းသန့်က ဆက်သွယ် မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးမိုးသီးဇွန်

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.2k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
115
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64

ကုလသမဂ္ဂရဲ့ ယူနီဆက်ဖ်လိုအဖွဲ့အစည်းဆိုတာ နိုင်ငံတကာက ပြည်သူလူထုရဲ့ အလှူငွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့ အစည်းပဲ၊ အခုက နိုင်ငံတကာက ပြည်သူတွေရဲ့ အခွန်တွေကိုလည်း ဖြုန်းတီးရာကျတယ်၊ နိုင်ငံတကာ ပြည်သူတွေ ပေးတဲ့ အခွန်တွေကို အလွဲသုံးစားလုပ်တာပဲ။

နောက်တခုက ဗမာပြည်မှာလာပြီး ဒီလောက် တန်ဖိုး ကြီးကြီး ပေးငှားတယ်ဆိုတော့ ဆင်းရဲနွမ်းပါးမှုတွေ တိုက်ဖျက်ရမယ့် အစား ဗမာပြည်မှာ ရှိတဲ့ ခရိုနီ အရင်းရှင် စနစ်ကိုလာပြီး အားပေးတဲ့ သဘောပဲ၊ ဒါဟာ UN ၊ UNICEF အဖွဲ့တွေမှာ ဘယ်လောက် အထိ အဂတိလိုက်စားမှု ဘယ် လောက်ကြီးကြီးမားမား ရှိနေတယ်ဆိုတာကို ဖော်ပြတယ်။

အဲဒီလိုမျိုး ဈေးကြီးပေးငှားတာဟာ မြန်မာပြည်တွင်း ဈေးကွက် ကြီးကိုလည်း ဖျက်ဆီးလိုက်တာ၊ တကယ်က ဈေးတွေကျမှ တခြား အသေးစား စီးပွားရေးလုပ်ငန်းတွေကလည်း ဝင်လာနိုင်မှာ၊ အခုလိုမျိုး ဈေးကို အပြိုင်တင်ထားပြီး ဈေးက မကျတော့ဘူးဆိုရင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ မဝင်လာနိုင်တော့ဘူး။

လူတွေ က အိမ်ခန်းတွေ၊ ရုံးခန်းတွေ မငှားနိုင်၊ မလုပ်နိုင်တော့ရင် အလုပ်လက်မဲ့ ပြဿနာကထပ် ဖြစ်လာပြီး၊ ဆင်းရဲနွမ်းပါးမှုတွေ ပိုကျယ်ပြန့်လာမယ်၊ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်မယ်၊ ဒါကို ကျနော်တို့ ဝိုင်းပြောဆိုသင့်တယ်လို့ မြင်တယ်။

ဒါတွေကို ဧရာဝတီမဂ္ဂဇင်းအနေနဲ့ ဖိဖိစီးစီး တင်ပြပေးပါလို့ မေတ္တာရပ်ခံချင်တယ်၊ ဒီလို စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ခရိုနီတွေ ဆီကမှ မငှားရင် သူတို့နဲ့ ဝန်ထမ်းအင်အား သင့်တော်တာ မရှိဘူးဆိုတဲ့ပြောတာကလည်း ဒီဆင်ခြေဟာဖြစ်သင့်တဲ့ ဆင်ခြေမျိုးမဟုတ်ဘူး လေ။

ယူနီဆက်ဖ် လို အဖွဲ့က တကယ်တမ်း ဗမာပြည်ကို လာကူရတာ၊ သူတို့က ဗမာပြည်ကို စီးပွားရေးလာ လုပ်တာ မဟုတ်ရဘူး၊ ဒီ ကူညီမှုကို အစိုးရက ဝိုင်းဝန်းပံ့ပိုးကူညီပေးဖို့ မြန်မာ အစိုးရမှာ တာဝန် ရှိတယ်။

ဗမာပြည်မှာ အခန်းတွေ၊ အိမ်တွေ၊ အဆောက်အအုံတွေ လွတ်နေတာတွေ အများကြီးပဲ၊ စစ်တပ်သိမ်းထားတဲ့ မြေတွေမှာ အခန်း လွတ်နေတာတွေ၊ အဆောက်အအုံတွေ အများကြီး၊ ဥပမာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံး၊ ရန်ကုန်မြို့တော်ခန်းမ ရုံး၊ ရန်ကုန်က စစ်ရုံးချုပ်၊ မြို့နယ်အသီးသီးက အရင် မဆလ ပါတီယူနစ်ရုံးတွေ၊ လွတ်နေတဲ့ နေရာတွေ အဆောက်အအုံတွေက အများကြီး၊ ဒီအဆောက် အအုံ တွေကို ပြန်ငှားလိုက်တယ်ဆိုရင်ပဲ နိုင်ငံတော်က ဝင်ငွေတောင် ရလာဦးမယ်၊ ခရိုနီကို ဒေါ်လာ ၉ သောင်း လောက်ပေးမယ့် ဟာက ပြည်သူလူထုဆီကို ဝင်သွားမယ်။

ဦးကျော်သူ
(နာရေး ကူညီမှု အသင်းရန်ကုန်)

ဒီဈေးနဲ့ ငှားတဲ့ သူကလည်း ငှားတယ်၊ ကြိုက်လို့ ယူတဲ့ လူကလည်း ယူတယ်၊ ဘယ်လို အဆင်ပြေလဲ၊ ဘယ်လို အပေးအယူရှိလဲ မသိဘူးလေ။

ကျနော်တို့အဖွဲ့အစည်းက Proposal နဲ့ ရပ်တည်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့ အတွက် သိန်း ၁၀၀ လှူတယ်ဆိုရင် ဒုက္ခသည် လက် ထဲ ကို ၉၉ သိန်းလောက် ရောက်အောင်တော့ ကျနော်တို့ မူချထားတယ်၊ ၁ သိန်းလောက်ကတော့ လမ်းစရိတ်ပေါ့၊ အလှူငွေကို အထိရောက်ဆုံး ဒုက္ခသည်တွေဆီရောက်အောင် လုပ်တယ်။

ကျနော်တို့ အဖွဲ့အစည်းက UN တို့လို ဝန်ထမ်းတွေကို လစာတွေ ဘယ်လောက်ဆိုတာတွေ ခွဲသုံးတဲ့ အဖွဲ့မဟုတ်ဘူး၊ UN အဖွဲ့အစည်းတွေကတော့ ဝန်ထမ်းတွေနဲ့ အကုန်လုံး လစာ အခကြေးငွေတွေယူပြီး စိတ်ကြိုက်နေလို့ရမယ့်၊ ရုံးခန်းဖွင့်လို့ ရမယ့်၊ နေရာ မျိုး၊ သင့်တော်မယ့်ဟာမျိး ငှားနေတာ၊ သူတို့ရဲ့ဘတ်ဂျက်အတိုင်းသုံးပေမယ့်၊ အမှန်က နှမြောစရာကောင်းတဲ့ ကိစ္စတွေပါပဲ။

ဦးဝင်းမျိုးသူ (Ecodev)

မငှားလည်းရပါတယ်ဗျာလို့ တခွန်းပဲ ပြောချင်ပါတယ်။

Your Thoughts …
Tags: InterviewsNGOsUNICEF
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34.1k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

by ဧရာဝတီ
22 March 2014
9.2k

နိုင်ငံခြား သတင်းထောက်တွေက ကျနော့် အကြောင်း မေးတယ်တဲ့။ နေမင်း နေကောင်းလား။ ကျန်းမာရေး ဆိုးနေတယ် ဆိုတာ ဟုတ်လားလို့ မေးတာ။ အဲဒါကို ဗိုလ်ချုပ်ခင်ညွှန့်က ဘာမဆိုင် ညာမဆိုင် NAY MIN IS A...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
20k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

Next Post
သိမ်းဆည်းခံ လယ်မြေများ, ဦးတေဇ , ဧရာရွှေဝါကုမ္ပဏီ, သူရဦးရွှေမန်း,ဧရာဝတီတိုင်း ဒေသကြီး

ပုသိမ်မြို့၌ ဧရာရွှေဝါ ကုမ္ပဏီ သိမ်းယူခဲ့သည့် လယ်မြေများ ပြန်ရရေး ဆန္ဒဖော်ထုတ်

ပန်းချီ ခိုင်တင် ပြောတဲ့ လွတ်လပ်မှုနဲ့ စည်းလွတ် ဝါးလွတ် အကြောင်း

ပန်းချီ ခိုင်တင် ပြောတဲ့ လွတ်လပ်မှုနဲ့ စည်းလွတ် ဝါးလွတ် အကြောင်း

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved