• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သေနတ်က “အတုပါ” ဆိုတဲ့ ယောဂီ ဒေါ်နန္ဒမာလာ

by ထွန်းထွန်း
13 December 2018
in အင်တာဗျူး
A A
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဒေါ်နန္ဒမာလာ၏ ဓာတ်ပုံ

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဒေါ်နန္ဒမာလာ၏ ဓာတ်ပုံ

73.6k
VIEWS
Share on FacebookShare on Twitter

လတ်တလော၌ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် သတင်း မီဒီယာများပေါ်တွင် ယောဂီဝတ် ဒေါ်နန္ဒမာလာ၏ ငွေကြေး လိမ်လည်မှု ဆိုသည့် အကြောင်းကို ပြောဆို ဝေဖန်မှုများ ပေါ်ထွက်လျက် ရှိသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူသိရှိနိုင်စေရန် တရားဝင် ရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်သလို လူပုဂ္ဂိုလ် အချို့က တရားရုံး ဦးတိုက် လျှောက်ထားမှုများ အပေါ် ဖြေရှင်းရန်လည်း အသင့်ရှိ ကြောင်း ယောဂီဝတ် ဒေါ်နန္ဒမာလာက ဧရာဝတီကို ပြောသည်။

လက်ရှိမှာ ၎င်းအနေနဲ့ ဘုရား ထီးတင်ရန် ရှိသည့် အတွက် မြန်မာ-တရုတ် နယ်စပ် ရွှေလီမြို့နယ်တွင် ရောက်နေရှိ ကြောင်းနှင့် လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ၎င်းသီတင်းသုံးရာ ဒိုက်ဦးမြို့ရှိ ခေမာသီဝံကျောင်းတွင် ဝိဇာတ မွေးနေ့ပွဲကို လာရောက် ကျင်းပမည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

လတ်တလော ပြောဆို ဝေဖန်နေကြသည့် အခြေအနေနှင့် ပတ်သက်ပြီး ယောဂီ ဒေါ်နန္ဒမာလာအား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်ထားသည်။

မေး ။ ။ လိမ်လည်မှု တရားစွဲထားတာတွေ ရှိတော့ ဘယ်နှစ်မှု ရှိပြီး ငွေပမာဏက ဘယ်လောက် များလဲ။

ဖြေ ။ ။ မယ်တော်ကြီးက လှိုင်မြို့နယ်မှာ ဗုဒ္ဓဂါယာကို သွားချင်ပါလျက်နဲ့ မသွားနိုင်တဲ့ သူတွေကို အခမဲ့ ပို့ပေးနေတာ ဒီနှစ်ဆို သုံးနှစ် မြောက်ပြီ။ မယ်တော်ကြီးက တနှစ် တနှစ် လူရာနဲ့ချီ ဘုရားဖူး ပို့နေတာ သိတော့ ဦးနေမျိုးနိုင်က ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းလေး လုပ်ချင်ပါတယ် ဆိုပြီး ပြောလာတယ်။ အဲ့ဒီမှာ ရွှေကိန္နရီ နာမည်နဲ့ လုပ်ဖို့ ရွေးပေးလိုက်တယ်။

နောက်တော့ သာသနာပြုတဲ့ သူတွေ အပါအဝင်၂၅၇ ဦးကို ဦးနေမျိုးနိုင်နဲ့ ပို့ပြီးသား။ အဲဒီမှာ စာရင်းတွေ မှားတော့ မယ်တော်ကြီးရဲ့ စာရေးမနဲ့ ဦးနေမျိုးနိုင်နဲ့ ရန်ဖြစ်ကြတယ်။ အဲဒီလိုဖြစ်တော့ စာရင်းအမှန်ကို မယ်တော်ကြီးက ၅၁ သိန်း ၃ သောင်းပဲ ပေးရန် ရှိတယ် ဆိုပြီး သူ့ရုံး Letter head နဲ့ပဲ သူ့ကိုရော၊ စာရေးမကို လက်မှတ် ထိုးခိုင်းတယ်။ ၂၀၁၈ ခုနှစ် ဖေ ဖော်ဝါရီ ၂၈ ရက်မှာတော့ ၅၁ သိန်းကို သွင်းပေးလိုက်တယ်။

သူတို့ အိမ်ကို ကြွလည်း မကြွဖူးဘူး။ ရောက်လဲ မရောက်ဖူးဘူး။ သူတို့က မယ်တော်ကြီး နားကို ကပ်လာကြတယ်။
သူ့ရဲ့မိတ်နဲ့ ဒီလို ၂၅၇ ယောက် ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလို အကျိုးစီးပွား လုပ်ပေးပါလျက်နဲ့ မိုက်ရိုင်းတယ် ဆိုပြီး သူ့ ဆီမှာ နောက်ဆုံး အသုတ် ပို့ရမယ့် ပတ်စပို့ ၃၂ အုပ်ကို သွားပြန်ယူခိုင်းလိုက်တယ်။

အဲဒီ ၃၂ ဦး အပြင် နောက်ထပ် ၁၆ ဦးကို တခြား ကုမ္ပဏီတခုနဲ့ ဘုရားဖူး ပို့လိုက်တယ်။ အဲ့ဒါကို မကျေနပ်ဘဲ ပတ်စပို့ ၃၂ အုပ်နဲ့ ကျန်တဲ့ ပိုက်ဆံတွေကို ပြန်လာပေးပါ ဆိုပြီး သူ့ရဲ့လူမှု ကွန်ရက်မှာ တင်တယ်။ နောက်တခါကျ သိန်း ၂၉၀၀ ဆိုပြီး တင်တယ်။ အဲ့ဒါက ခရီးသွားခဲ့တဲ့ ၂၅၇ ဦး အတွက် တပြားမှ မပေးရသေးသယောင် တင်တယ်။ အဲဒီလို တင်တဲ့ အတွက် သူ့ကို ၆၆(ဃ)နဲ့ ၄.၃.၂၀၁၈ မှာ တရားစွဲလိုက်တယ်။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။

ဦးနေမျိုးနိုင်က မယ်တော်ကြီး သေနတ်တွေ ကိုင်တယ် ဆိုပြီး ပြည်ထဲရေးကို တိုင်တယ်။ ရဲတွေကလည်း မယ်တော်ကြီးနဲ့ ပူးပေါင်း လုပ်ပါတယ် ဆိုပြီး လှိုင်နဲ့ မင်္ဂလာဒုံက ရဲတွေကိုပါ တိုင်တယ်။ အဲဒီလို တိုင်တာတွေကို အလုံမြို့နယ်က စစ်ရ တယ်။ မယ်တော်ကြီးနဲ့တော့ ဖုန်းနဲ့ပဲ ဆက်သွယ် မေးမြန်းပြီး ဒါတွေက ပြီးသွားပြီ။

နောက်တော့ လူမှတ်ပုံတင်ရော ၊ သာသနာ မှတ်ပုံတင်ရော ကိုင်ပါတယ် ဆိုပြီး လ.ဝ.က ကို ထပ်တိုင်ပြန်ရော။ အဲ့ဒါက လည်း ဘွဲ့တင်ပြကတည်းက စစ်ဆေးပြီးသားတွေ ဖြစ်တဲ့အတွက် မမှန်ကန်ဘူးဆိုတာ အဖြေထွက်တော့ ပြီးသွားပြန်ရော။

နောက်တော့ မင်္ဂလာဒုံက အမတ်ဆီ ဒီကိစ္စ ရောက်သွားပြီး လူမှုကွန်ရက်မှာ ရေးတယ်။ အဲ့ဒါကို မယ်တော်ကြီးက အမတ် ဆီ ဖုန်းလှမ်း ဆက်ပြောတဲ့ အခါ ခြိမ်းခြောက်ပါတယ် ဆိုပြီး ဖြစ်ပြန်ရော။ မယ်တော်ကြီးရဲ့ တပည့်က ၆၆(ဃ) တရား အရင် စွဲတာကို အဲဒီလို စွဲရပါ့မလား ဆိုပြီး ဦးနေမျိုးနိုင်က ၆ လပိုင်းကျမှ အကုန်လုံးကို ပတ်တိုင်နေတာပါပဲ။

အခု လှိုင် တရားရုံးက တရားသူကြီး ဦးအောင်မြင့်သန်း ရှေ့မှာကျတော့ သိန်း ၂၆၀၀ ဆိုပြီး ဦးတိုက် လျှောက်ထားပြန် တယ်။ နောက်တော့ အင်းစိန်မှာ သိန်း ၇၀၀ ရလိုမှု၊ သိန်း ၅၀၀ နစ်နာမှု ဆိုပြီးမှ ခွဲပြီး ထပ်စွဲပြန်တယ်။ အဲ့ဒါကိုလည်း CID က စစ်သွားပြီးပြီ။ မှန်ကန်ရင် ငွေပမာဏကို အကုန်လုံး စုပြီးမှ စွဲလေ။

ဒိုက်ဦးမြို့၊ ခေမာသီဝံကျောင်းပါ ဆိုပြီး မယ်တော်ကြီးရဲ့ လိပ်စာကို ရဲထံမှာ ပေးပြီးပြီ။ သို့သော်လည်း တရားသူကြီးက ဒိုက်ဦးကို ဆင့်စာ မဆင့်ပဲ မင်္ဂလာဒုံက လိပ်စာကိုပဲ အတည်ပြုပြီး သမ္မန်စာ ဆင့်တယ်ပေါ့။ တရားသူကြီးက အတည်ပြု ပြီးတော့ ဆင့်စာပေးမှ သွားရောက် ဖြေရှင်းမှာ။ အတည်ပြုတဲ့ လိပ်စာကို ဆင့်စာ ရောက်မလာဘဲနဲ့ အကြားသတင်းနဲ့တော့ သွားဖြေရှင်းမှာ မဟုတ်ဘူး။

သူ့ရဲ့ ငွေပမာဏက ဘယ်ဟာ အမှန်လဲ ဆိုတာ သူ့ပဲ မေးရတော့မှာပဲ။ သူ့အပေါ် စွဲထားတာကို ထောင်ကျတော့မှာ ဆို တော့ သူကြောက်ပြီး အကုန် လျှောက်တိုင်နေတာပါ။ အဲ့ဒီမှာ လွဲချော်မှု ဖြစ်တာကို ဆဲဗင်းဒေးက ဝရမ်းပြေးပါ ဆိုပြီး ရေး လိုက်တယ်။ ဝရမ်းပြေးလို့ ပြောရအောင် အမှုကို တကြိမ်မှ မစစ်ရသေးဘူး။ ဦးနေမျိုးနိုင်ကို တရားစွဲဖို့ ကိစ္စတွေ အများကြီး ရှိပါတယ်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဒေါ်နန္ဒမာလာ၏ ဓာတ်ပုံ

မေး ။ ။ ဒေါ်သန္တာဦး ဆိုတဲ့ အမျိုးသမီးကလည်း ကျပ်သိန်း တထောင်ကျော် လိမ်လည်မှုနဲ့ တရားစွဲ ထားသေးတယ်နော်။

ဖြေ ။ ။ သန္တာဦးက ၅ လပိုင်းမှာ လိမ်ပါတယ်ဆိုပြီး တရားစွဲတယ်။ သိန်း ၁၀၅၀ ပေါ့။ အဲ့ဒါက စလုပ်တုန်းက ၈ ဦးလောက် နာမည်တွေနဲ့ သွင်းထားတာ။ ဒါကို သိန်း ၄၅၀ လောက်လဲ ပြန်သွင်းထားပေးပြီးပြီ။ သူ့ရဲ့နောက်ကြောင်းတွေ သိတဲ့အခါ ကျတော့ သူတို့နဲ့ အလုပ်မလုပ်ဘူး ဆိုပြီး သူ့ငွေတွေကို ပြန်ပေးဖို့ လုပ်နေတာ။

ဒီငွေတွေကို အလုပ်လုပ်ဖို့ စပြီးတော့ ဘဏ်ကနေ ပေးသွင်းတာက လူ ၈ ဦးလောက် နာမည်တွေနဲ့။ အဲဒီတော့ ဒီငွေ ပြန် သွင်းပေးဖို့ ကျတော့ ဒီလူတွေက အမှန် ဟုတ်မဟုတ် အတည်ပြုဖို့ လိုတယ်။ အခုထိ အတည်ပြု မပေးသေးဘူး။

သတင်းစာ ရှင်းလင်းပွဲမှာ ကျတော့ ကျမက အမှုဖွင့်တာ ကျမကို ပေးရမယ် ဆိုတာက အဲဒီလို လုပ်လို့မှ မရတာ။ ဒီငွေတွေ က ဘဏ်မှာလဲ အဆင်သင့် ရှိတယ်။ သုံးစွဲထားတာလည်း မရှိဘူး။ ဘဏ်နဲ့ ချိတ်ဆက်ပြီး လုပ်ထားတာ ဖြစ်တဲ့အတွက် စာရင်း အတိအကျ ရှိတယ်။

သတင်းစာရှင်းပွဲက ဆဲဗင်းဒေးက ရေးတဲ့ သိန်းပေါင်း ကိုးသောင်းတို့၊ CID ကစစ်နေပြီတို့ ဆိုတာတွေဟာ မဟုတ်မှန် ကြောင်း တရားဝင် ရှင်းလင်းတာ။ သေချာရင် အချက်အလက်နဲ့ ပြပေါ့။ မသန္တာဦးက ပြောသည် ဆိုပြီး ရေးတာက အဲဒီနေ့ ပွဲမှာ သန္တာဦး ပွဲတက်တာပဲ မပြောဘူးလေ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
104
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
56
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
164

မေး ။ ။ သတင်း မီဒီယာ တချို့ကို ဘာကြောင့် တရားစွဲဖို့ ဆုံးဖြတ်လိုက်တာလဲ။

ဖြေ ။ ။ 7 Day ဂျာနယ်က ရေးသားလိုက်တဲ့ သိန်းပေါင်း ကိုးသောင်းကျော်တို့၊ CID က စစ်ဆေးနေပါပြီတို့ ဆိုတာ မှား ယွင်းတဲ့ အကြောင်းကို ဦးတည်ပြီး ဒီဇင်ဘာ ၉ ရက် က တရားဝင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ သတင်း စာရှင်း လင်းတဲ့ သူတွေက သေသေချာချာ ပြောကြားခဲ့တာကို Myanmar Newsweek ဂျာနယ်က ၂၀၁၇ ခုနှစ်မှာ လိမ်လည်မှုနဲ့ စရဖ တွေ၊ CID၊ သာသနာရေး ဦးစီး ဌာန တို့က စစ်ဆေးခဲ့တယ်လို့ ရေးထားတယ်။ အဲဒါ လုံးဝ မှားတယ်။

တကယ်က သဒ္ဓမ္မဇောတိက ဓဇဘွဲ့ အတွက် သာသနာရေးကို တင်ပြခဲ့တုန်းက စစ်ဆေးခဲ့တာ။ လိမ်လည်မှုနဲ့ စစ်တာ မဟုတ်ဘူး။ သာသနာပြုနေတဲ့ သူတယောက်ကို တမင် ဂုဏ်သိက္ခာ ကျဆင်းအောင် သတင်း ထုတ်ပြန်လိုက်တာကို လုံးဝ သည်းမခံတော့ဘူး။ သတင်းနဲ့ မီဒီယာ ကောင်စီကိုလည်း တင်ပြမယ်။ သူတို့ ညှိနှိုင်းမှုကို ကြည့်ပြီး တရားစွဲဖို့လည်း လုပ် သွားမယ်။

ကျပ်သိန်းပေါင်း ကိုးသောင်းကျော် လိမ်လည်ပါတယ် ဆိုပြီး 7Day က သတင်း ရေးတယ်။ ဒုတိယ အကြိမ်ကျတော့ CID က စစ်ပြီ ဆိုပြီး ထပ်ရေးတယ်။ ဒါတွေကို ကောင်စီကို သတင်းပို့ ထားဖို့တော့ ရှိတယ်။ တရားတော့ မစွဲသေးပါဘူး။ နောက် နောင် တိကျခိုင်မာတဲ့ သတင်းကို ရေးဖို့ပေါ့။ နောက်ထပ် သတင်းအမှားတွေကို သည်းခံမှာ မဟုတ်ပါဘူး၊ ဒါက မယ်တော် ကြီး အတွက် မဟုတ်ဘူး။ သာသနာ အတွက်ကြောင့် ပြောနေတာပါ။

အမှန်တော့ သတင်းသမားတွေ ဖြစ်တဲ့ ကိစ္စတခုမှာ ဟိုဘက်ဒီဘက်ကို မေးသင့်တယ်။ ပြီးရင် နှစ်ဖက်စလုံးက ပြောတာကို ဒဲ့သာရေး။

မေး ။ ။ ခင်ပွန်းဟောင်း ဖြစ်သူနဲ့ အခန်းထဲ အတူနေပါ ဆိုတဲ့ အထောက်အထားတွေနဲ့ ပတ်သက်လို့ရော ဘယ်လို ဖြေ ရှင်းမလဲ။

ဖြေ ။ ။ ၉ ရက်က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ ပြီးတော့ ပွဲနဲ့ မဆိုင်တဲ့ စကားတွေ ပြောတယ်။ မယ်တော်ကြီးနဲ့ ဦးနေ ဝင်းနိုင်နဲ့ ကွာရှင်းထားပြီး သားကို တခန်းတည်း အတူနေပါတယ် ဆိုပြီးပေါ့။ မယ်တော်ကြီးလည်း အသွေးနဲ့အသား ကိုယ် ပဲ။
ကျန်းမာရေး မကောင်းတဲ့ အခါ ရှိတယ်။ ဝိဇာတ မွေးနေ့ ပွဲပြီးတဲ့အခါ လေဖြန်းသွားသေးတယ်။ မယ်တော်ကြီး အခန်းထဲကို ဘုန်းကြီးတွေက အစ မေတ္တာပို့ ရွတ်ပေးကြတယ်။ အကုန်မှတ်တမ်း ဓာတ်ပုံတွေလည်း ရှိတယ်။ ဒါတွေသုံးပြီး သိက္ခာ ချ တယ်ပေါ့။ အဲဒါနဲ့ ပတ်သက်လို့လည်း သန္တာဦးကို ပုဇွန်တောင် ရဲစခန်းမှာ ဒီလ ၁၁ ရက်မှာ အမှုဖွင့်ထား ပြီးပြီ။

မေး ။ ။ ဝရမ်း ထုတ်ထားတယ် ဆိုတဲ့ ကိစ္စကို ဘယ်လို ဆက်လုပ်မလဲ။

ဖြေ ။ ။ နေမျိုးနိုင်က လှိုင်မှာ ဦးတိုက် လျှောက်ထားတဲ့ အမှုတခု ရှိတယ်။ သိန်း ၂၆၀၀ ပေါ့။ နောက်တခါ အင်းစိန်မှာ ကျ တော့ တရာမမှုနဲ့ သိန်း ၇၀၀ ရလိုမှု၊ သိန်း ၅၀၀ နစ်နာမှု ဆိုပြီး ထပ်စွဲထားတယ်။ အဲဒါကို တပည့်ဖြစ်တဲ့ ကိုစွမ်းအောင်က ရှင်းနေပြီ။ ဦးတိုက် လျှောက်တဲ့ ကိစ္စတွေကို သာသနာကြောင်းမှာ နေနေတဲ့ မယ်တော်ကြီးဆီကို တရားဝင် ဆင့်စာ ရောက်လာတဲ့ အခါကျမှ သွားရှင်းလို့ရမှာ။

မယ်တော်ကြီး သီတင်းသုံးတဲ့ ကျောင်းကို တကြိမ်မှတော့ ဆင့်စာ ရောက်တာ မရှိသေးဘူး။ တရားဝင် ဆင့်စာ ရောက်လာ ခဲ့ရင် ရုံးရှေ့လာပြီး ထီးတင်ဖို့ ကိစ္စတွေလည်း ရှိနေတော့ နောက်ကို ဘယ်နှလတော့ ရွေ့ပေးပါ ဆိုပြီး ချေပလို့ ရတာပေါ့။ မွေးနေ့ မတိုင်ခင် ပြန်ရောက်မယ်။ မွေးနေ့ပွဲလည်း ကျင်းပမယ်။

မေး ။ ။ တရား စွဲဆိုထားတာတွေကို ဖြေရှင်းဖို့ အဆင့်သင့်ရှိလား။

ဖြေ ။ ။ မဖြေရှင်း နိုင်စရာ ဘာမှ မရှိပါဘူး။

မေး ။ ။ ယောဂီဝတ်နဲ့ သေနတ် ကိုင်ထားတဲ့ ဓာတ်ပုံကရော ဘာအတွက် ရိုက်ထားတာလဲ။

ဖြေ ။ ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက မယ်တော်ကြီးက မာလာပေါ့။ အဲဒီ အထုပတ္တိကို ဦးထွန်းကြည် (ဒါရိုက်တာ ရွှေပြည်ကတုံး)က ရိုက်တယ်။ အဲဒီ ဇာတ်ကားက ဝိဇ္ဇာတွေကို ယုံတဲ့သူနဲ့ ယုံတဲ့သူတွေ အကြောင်းပေါ့။ အဲဒီမှာ ရဲအောင်နဲ့ မို့မို့မြင့်အောင် သရုပ်ဆောင်တာ။ မယ်တော်ကြီး ဆီမှာ နှစ်ရက် လာရိုက်တယ်။

အဲဒီတုန်းက သူတို့ ရုပ်ရှင် အဖွဲ့က ပါလာတဲ့ ဓားတွေ၊ သေနတ်တွေကို ဘာရယ် မဟုတ်ဘူး ကိုင်လိုက်တယ်။ ဒါက အတု ကြီးတွေ မှန်းလည်း သိနေတာပဲ။

အဲဒီ အချိန်မှာ ဗိုလ်အောင်တင် ခေတ်စားနေတဲ့ အချိန်ဆိုတော့ တပည့်တွေကတောင် ဝိုင်းစကြ သေးတယ်။ မယ်တော်ကြီး က တပည့်တွေနဲ့လည်း ရင်းရင်းနှီးနှီးပဲ နေတဲ့ အတွက်ပါ။ အဲဒီ ဓာတ်ပုံတွေက မယ်တော်ကြီး ဆီမှာလည်း မရှိဘူး။ တပည့် တွေက ရိုက်ထားကြတာ။
ဒီဓာတ်ပုံက အခုချိန်မှာ ဘယ်က ထွက်လာလဲဆိုတော့ နိုင်အောင် ဆိုတဲ့ သူကနေ ပြန်ထွက်လာ တယ်။ သူတို့ လင်မယားကိုဆို ဗုဒ္ဓဂါယာကို နှစ်ခေါက်တောင် ပို့ပေးဖူးပါတယ်။ သူက မူဆယ်မှာ မယ်တော်ကြီးရဲ့ ဂျာနယ်တွေ၊ သင်္ကန်းတွေကို ရောင်းပေးတယ်။ နောက်ပိုင်းကျတော့ သူ့ရဲ့လုပ်ရပ်တွေကို မကြိုက်တော့လို့ သူနဲ့ ဆက်မလုပ်တော့ဘူး ပေါ့။

အဲဒီကနေ အခုလို ပြဿနာတွေ အစ ထွက်လာတဲ့ အခါမှာ ဒီပုံက အပြင်မှာ ပြန့်သွားတာပဲ။ ဒီကိစ္စကိုလည်း ပြင်ဦးလွင် ရဲစခန်းမှာ သတင်းပေးထား ပြီးပါပြီ။ လှုံ့ဆော်ပေးမှုနဲ့ သူ့ကိုလည်း တရားစွဲဖို့ ရှိပါတယ်။

မေး ။ ။ အရင်ကလည်း အကျဉ်းကျဖူးတယ်လို့ သိရတယ်။ ဘာကြောင့် ကျခဲ့တာလဲ။

ဖြေ ။ ။ အဲဒီကိစ္စက သတင်းစာ ရှင်းလင်းပွဲမှာလည်း ပါတယ်။ CID က ရဲမှူးကြီး ကျော်ဝင်းနဲ့ စစ်တုန်းကလဲ အဲဒီလို မေး ခွန်းတွေ မေးပါတယ်။ သာသနာပြုနေတဲ့ သူဆိုတော့ ဘယ်မှာ မွေးတယ်၊ ဘယ်မှာ ကြီးတယ် ဆိုတာက အစ စစ်ဆေးပြီး သား။ လက်ရှိ သာသနာ့ ပုံရိပ်တွေကို ကျဆင်းလာမှာ စိုးတဲ့အတွက် အတိတ် ဆိုတာတွေကို မပြောချင်ဘူး။

၂၀၁၃ ခုနှစ် ကစပြီး သာသနာ့ ဘောင်ထဲကို ဝင်ရောက်လာတဲ့ အချိန်မှာ သာသနာနဲ့ မငြိစွန်းဖို့၊ သာသနာကို ခုတုံး မလုပ် ဖို့ပဲ အဓိက လိုအပ်တယ်လို့ ထင်ပါတယ်။

မေး ။ ။ ဦးခင်ညွန့်နဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို အခြေခံပြီး နောက်ကွယ်မှာ အာဏာ ရှိတဲ့သူတွေ ကျောထောက် နောက်ခံ ရှိလို့ အကာအကွယ် ရနေတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

ဖြေ ။ ။ အဲဒါက ကျက်သရေ အထူး ကုမ္ပဏီက လေယာဉ် ဦးတိုက်တဲ့ အနေနဲ့ မယ်တော်ကြီးကို ပင့်ပြီး လေယာဉ် တစီး လုံးမှ ၁၁ ယောက်ထဲနဲ့ ဗုဒ္ဓဂါယာကို သွားကြတယ်။ အဲဒီမှာ နေမျိုးနိုင်လည်း ပါတယ်။ အဲဒီတုန်းက သူ ခရီးသွား ဝန်ဆောင် မှု မလုပ်သေးဘူး ။ ကျိုက်မရော ဆရာတော် ဘုရားကြီးလည်း ပါတယ်။ အဲ့ဒီမှာ သစ်သီး ကိုးမျိုးကို ရွှေချပြီး လှူချင်တဲ့ အတွက် ယူသွားလိုက်တယ်။

ဦးခင်ညွန့်ကြီးက သူရ စစ်မောင်ရဲ့သမီး မေသူမောင်တို့ အဖွဲ့နဲ့ ဗုဒ္ဓဂါယာမှာ ရောက်နေတာ။ သူတို့အဖွဲ့က လူအများကြီး။ သစ်သီးတွေ ကပ်ဖို့ ဗောဓိ ပလ္လင်ကို အသွားမှာ မယ်တော်ကြီးက အရောက် သူတို့က အထွက်။ အဲဒီမှာ မေသူမောင်က တွေ့ပြီး အဘ ဒါက အကြားအမြင်တွေ ဟောပြောပြီး သာသနာ ပြုနေတဲ့ မယ်တော်ကြီးပါ ဆိုပြီး မိတ်ဆက်ပေးတာပေါ့။

အဲဒီမှာ နှုတ်ဆက်ပြီး ဓာတ်ပုံအတူ ရိုက်မိတာပေါ့။ အဲဒီ နောက်ပိုင်း ဦးခင်ညွန့်ကို တွေ့လဲ မတွေ့ဖြစ်ဘူး။ ဖြူလား မဲလား လည်း မသိဘူး။ ဦးခင်ညွှန့်က မယ်တော်ကြီးကို ကိုးကွယ်တာလည်း မဟုတ်ဘူး။ အဲ့ဒါကို သူနဲ့ပုံရယ်၊ သေနတ်နဲ့ ပုံရယ်ကို ဖြတ် ညှပ်ပြီး တွဲပြီး လုပ်ကြတာ။ ဦးခင်ညွန်နဲ့လည်း မပတ်သက်ဘူး။ ဘယ်အဖွဲ့အစည်း အတွက်၊ တဦးတယောက် အတွက်မှလဲ အခါပေးတဲ့ အလုပ် မလုပ်ဘူး။ လာသမျှ လူအားလုံး အတွက် ဟောပြောပေးနေတာပါ။

နောက်တခါ ဦးခင်ရွှေတို့ ဆရာမပါ ဆိုပြီး လုပ်ကြပြန်ရော။ အဲဒီလိုသာ အဖွဲ့အစည်းကြီးတွေရဲ့ကိုးကွယ်ခံ၊ အတိုင်ပင်ခံ မယ်တော်ကြီး တပါးသာဆို ကိုယ့်ဟာကို စံမြန်းနဲ့ အပေါ်မှာ နေမှာပေါ့။ အခုလို လူတွေနဲ့ ဟောပြော နေစရာ လိုမလား။ ဘာ သာရေးကို ခုတုံး လုပ်တတ်တဲ့ သူတွေလဲ အနားကို ရောက်လာမှာ မဟုတ်ဘူး။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဒေါ်နန္ဒမာလာ၏ ဓာတ်ပုံ

မေး ။ ။ ဘာသာရေးကို ခုတုံး လုပ်တယ်လို့ ဝေဖန်မှုကိုရော ဘာပြောချင်သေးလဲ။

ဖြေ ။ ။ မယ်တော်ကြီးရဲ့ မန်နေဂျာ မောင်စွမ်းအောင် က ၂၀၁၆ မှာ ဒေါ်မျိုးမီမီဦးကို ဖုန်းငွေဖြည့်ကဒ်တွေ အရောင်း အဝယ် လုပ်ရာမှာ ကျပ်သိန်း ၅၀၀ ကျန်နေလို့ တရားစွဲထားတာ ရှိတယ်။ အခု သုံးနှစ်ထဲ ရောက်နေပြီ။ ပုဒ်မ ၄၀၆ (ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)နဲ့ မောင်စွမ်းအောင်က တရားလို လုပ်ထားတာ။ အဲဒါကို ရဲတွေနဲ့ ပေါင်းလုပ်ပါတယ်။ သာသနာကို ခုတုံး လုပ်ပါတယ် ဆိုပြီး သူတို့တွေက ပြန်တိုင်တယ်။

အဲဒီ တိုင်ကြားမှုကို မှော်ဘီနဲ့ လှည်းကူးက မြို့နယ်မှူးတွေက စစ်ပြီးတဲ့ အခါမှာလည်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ကို ထပ်တိုင်တယ်။ အဲဒီ အခါကျတော့ ရဲမှူးကြီး ကျော်ဝင်းက မယ်တော်ကြီးကို စစ်တယ်။ အဲဒီမှာ သာသနာ ခုတုံး မလုပ်ပါ ဘူး ဆိုတဲ့ အဖြေကို ရတယ်။ ဒါကလည်း ပြီးပါပြီ။

မေး ။ ။ အခုလို လိမ်လည်မှုတွေနဲ့ တရားစွဲခံရတဲ့ အပေါ် ဘာပြောချင်ပါသေးလဲ။

ဖြေ ။ ။ တိုင်တာတွေက အရင်ကတည်းက လိုက် တိုင်ထားကြတာ။ တရား ဥပဒေဘောင် အတွင်းက အမျိုးမျိုး တိုင်ကြ ပေမယ့် မယ်တော်ကြီး ဆီမှာက အချက်အလက် အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရှိနေတဲ့ အတွက် ဖြေရှင်းနိုင်ခဲ့တယ်။ အဲဒီလို မရလို့ လိုင်းပေါ်ကနေ လိုက်ဖွနေတာပါ။

Your Thoughts …
Tags: တရားစွဲမယ်တော်ကြီးယောဂီဝတ် ဒေါ်နန္ဒမာလာကလိမ်လည်သာ သနာ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ

ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ

by ဧရာဝတီ
3 October 2024
1.2k

Zin Tun Win 999 Co., Ltd သည် ယခုနှစ်အတွင်း အလုပ်သမားစေလွှတ်မှု လူဦးရေ ၄၀၀ ကျော်ရှိခဲ့ပြီး လက်ရှိတိုင်ကြားထားသည့် အလုပ်သမား ၂၇၃ ယောက်အပါအဝင် ၄၀၀ ကျော်စလုံးမှာ အလုပ်အကိုင် အမှန်တကယ်...

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

by ဧရာဝတီ
22 August 2024
371

စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings အနေနဲ့ ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အကြံဉာဏ်တောင်းခံနေတယ်လို့ ဆိုပါတယ်။

Next Post
ယနေ့ နေပြည်တော်တွင် USDP  က ကျင်းပသည့် အမျိုးသမီးညီလာခံ / ထက်နိုင်ဇော် / ဧရာဝတီ

မြန်မာအမျိုးသမီးများ အမျိုးဂုဏ်စောင့်ထိန်းရန် ကြံ့ဖွံ့ဥက္ကဌပြော

မန္တလေးတိုင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

တရုတ် စီမံကိန်းတွေမှာ အလောတကြီး ဆုံးဖြတ်ရင် သမိုင်း တရားခံ ဖြစ်သွားမယ်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved