• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ

by ဧရာဝတီ
3 October 2024
in သတင်း
A A
ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ

စာချုပ်ပါ အလုပ်မရသည့် MoU အလုပ်သမား ၂၇၃ ဦး WAG ရုံးသို့ လာရောက်တိုင်ကြားစဉ်/ WAG

1.2k
VIEWS
Share on FacebookShare on Twitter

နှစ်နိုင်ငံ သဘောတူညီမှု (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီရတ်ချာမြို့ရောက် မြန်မာအလုပ်သမား ၂၇၃ ဦးမှာ စာချုပ်ပါ အလုပ်အကိုင်မျိုးမရ၍ အလုပ်လက်မဲ့ဖြစ်နေရာ အလုပ်သမားများနှင့် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ (WAG )သို့ တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများအား မြန်မာကုမ္ပဏီ Zin Tun Win 999 Co.,Ltd က ၂ နှစ်စာချုပ်ဖြင့် ချွန်ဘူရီခရိုင်၊ လယောင်မြို့ ၌ ရေလိုင်း၊ မီးလိုင်းတပ်ဆင်သည့် အလုပ်ရမည်ဟုဆိုကာ စက်တင်ဘာလ ၁၃ ရက်က ပို့လိုက်ခြင်းဖြစ်ပြီး ထိုနေ့မှာပင် အလုပ်လုပ်ရမည့်ကုမ္ပဏီမှာ ဒေဝါလီခံသွားကြောင်း ယင်းကုမ္ပဏီနှင့် ချိတ်ထားသော ထိုင်းအေးဂျင့်ဘက်က ပြောဆိုခဲ့သည်။

ထို့အတွက် ဆောက်လုပ်ရေး အလုပ်လုပ်ကိုင်ရန် ပြောဆိုသော်လည်း အလုပ်သမားများက မူလစာချုပ်ချုပ်ဆိုသည့် အလုပ်သာ လုပ်လိုသည်ဟု ပြန်လည် ပြောကြားခဲ့ပြီး ZIN TUN WIN 999 CO.,Ltd သည် MOU စာချုပ်ပါ အချက် အလက်များကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

WAG မှ ကိုမုန်တိုင်းက “အခုဖြစ်ပုံက မြန်မာနိုင်ငံက အေဂျင်စီရယ် ထိုင်းထဲက စာချုပ်ချုပ်တဲ့ ကုမ္ပဏီတွေရယ် ပေါင်းပြီး တော့ အလုပ်သမားတွေကို လိမ်တာပေါ့။ ကုမ္ပဏီတခု ဒေဝါလီခံထားရတာကို သိသိကြီးနဲ့ အလုပ်သမားတွေကို သွင်း လာခဲ့တာ။ ဒီကုမ္ပဏီဆိုတာ မရှိပါဘူး” ဟု ပြောသည်။

အလုပ်သမားများနှင့် ချုပ်ဆိုထားသည့် စည်းကမ်းချက်များကို ချိုးဖောက်သည့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ အေဂျင်စီကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန် အလုပ်သမားရုံးသို့ စက်တင်ဘာ ၃၀ ရက်က တိုင်ကြားထားကြောင်း WAG မှ သိရသည်။

ယင်းသို့ တိုင်ကြားခဲ့သည့်အတွက် ထိုင်းအေဂျင်စီဘက်မှ အလုပ်သမားများအား တနေ့လျှင် ထမင်း ၂ နပ်စာစရိတ်နှင့် နေစရာနေရာ စီစဉ်ပေးထားကြောင်း သိရသည်။

အလုပ်သမားတဦးက “လက်ရှိကတော့ ကျနော်တို့ အလုပ်သမားတွေကို ထမင်း ၂နပ်တော့ ကျွေးတာပေါ့။ အလုပ်မရသေးတဲ့တောက်လျှောက်ပေါ့။ အစောပိုင်းကဆို ရောက်လာပြီး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားရတယ်။ ကိုယ့်စရိတ်နဲ့ကိုယ်နေရတယ်။ ပိုက်ဆံ ၄၀ ပေးထားတာနဲ့ နေရတဲ့ဘဝ” ဟု ပြောသည်။

စာချုပ်ပါ အလုပ်မရသည့် MoU အလုပ်သမား ၂၇၃ ဦး WAG ရုံးသို့ လာရောက်တိုင်ကြားစဉ်/ WAG

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ Zin Tun Win 999 Co., Ltd ကုမ္ပဏီသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

Zin Tun Win 999 Co., Ltd ကုမ္ပဏီအား အရေးယူပေးရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံရုံးသို့ ဆက်သွယ် တိုင်ကြားခဲ့သော်လည်း ယနေ့အထိ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သိရသည်။

“မြန်မာသံရုံးကိုတော့ ဖုန်းဆက်ပြီး တိုင်ထားတယ်။ နယ်မြေဆင်းကြည့်တာတော့ မရှိဘူး။ အလုပ်သမားဖုန်းဆက်ပြီဆို နယ်မြေဆင်းကြည့်ရမယ်။ အေဂျင်စီကို နာမည်ပျက်စာရင်းသွင်းရမယ်။ တက်လာတဲ့အလုပ်သမားတိုင်းက ဒုက္ခရောက် တယ်ဆိုတော့ သံရုံးနဲ့ အေဂျင်စီကိုပဲ အပြစ်မြင်တာပေါ့။ အလုပ်သမားတွေထပ်ပြီးတော့ ဒီအေဂျင်စီနဲ့ မတက်လာဖို့ကို ပြောချင်တယ်” ဟု ကိုမုန်တိုင်းက ပြောသည်။

Zin Tun Win 999 Co., Ltd သည် ယခုနှစ်အတွင်း အလုပ်သမားစေလွှတ်မှု လူဦးရေ ၄၀၀ ကျော်ရှိခဲ့ပြီး လက်ရှိတိုင်ကြားထားသည့် အလုပ်သမား ၂၇၃ ယောက်အပါအဝင် ၄၀၀ ကျော်စလုံးမှာ အလုပ်အကိုင် အမှန်တကယ် ရရှိခြင်း မရှိကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမားများကို စီရတ်ချာမြို့ PENRUND CONDO VIEW ၏ အောက်ဆုံးအထပ်တွင် ထားရှိကာ စာချုပ်ချုပ်ထားသည့် အလုပ်လည်း မရရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

စစ်ကောင်စီသည် လက်ရှိတွင် MoU အလုပ်သမားများ၏ လစာငွေများကို ပြည်တွင်းသို့ ဘဏ်စနစ်ဖြင့် မဖြစ်မနေ ပြန်လွှဲပေးရန်နှင့် လွှဲထားသောအထောက်အထား မပြနိုင်သူများအား သက်တမ်းတိုးပေးခြင်း မပြုရန် တင်းကျပ်ထားသလို အလုပ်သမားများ၏ မိသားစုလွှဲငွေ တင်ပြရန် ပျက်ကွက်သော ပြည်ပအလုပ်အကိုင်အေဂျင်စီများ လုပ်သားစေလွှတ်ခွင့်နှင့် အလုပ်ခေါ်စာသစ် (Demand Letter ) တင်ခွင့်ကို ပိတ်ပင်ခြင်းများပြုလုပ်နေသော်လည်း ပြည်ပနိုင်ငံရောက် တရားဝင်အလုပ်သမား၏ အခက်အခဲများအပေါ် ဖြေရှင်းပေးနိုင်ခြင်း မရှိသလောက် နည်းပါးနေကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဝေဖန်နေကြသည်။

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

You may also like these stories:

အေဂျင်စီ ၂၆ ခု ပြည်ပလုပ်သားစေလွှတ်ခွင့် ပိတ်

MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်

ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ပြည်ပရောက်လုပ်သားများ၏ ပို့ငွေစာရင်းတောင်းယူမှု အေဂျင်စီတို့ အခက်တွေ့

Your Thoughts …
Tags: MOUWAGဆောက်လုပ်ရေးထိုင်းဒေဝါလီလိမ်လည်အေဂျင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

Next Post
နေ့စဉ်နီးပါး ဗုံးကြဲနေ၍ လားရှိုးကို မြို့ခံတို့ ပြန်လည်စွန့်ခွာ

နေ့စဉ်နီးပါး ဗုံးကြဲနေ၍ လားရှိုးကို မြို့ခံတို့ ပြန်လည်စွန့်ခွာ

စစ်ခေါင်းဆောင်တွေကို ဘာကြောင့် အိမ်မှာ သန်းခေါင်စာရင်း မကောက်လဲ (ရုပ်/သံ)

စစ်ခေါင်းဆောင်တွေကို ဘာကြောင့် အိမ်မှာ သန်းခေါင်စာရင်း မကောက်လဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved