• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

မြန်မာအမျိုးသမီးများ အမျိုးဂုဏ်စောင့်ထိန်းရန် ကြံ့ဖွံ့ဥက္ကဌပြော

by မိုးမိုး
13 December 2018
in Women & Gender
A A
ယနေ့ နေပြည်တော်တွင် USDP  က ကျင်းပသည့် အမျိုးသမီးညီလာခံ / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ နေပြည်တော်တွင် USDP က ကျင်းပသည့် အမျိုးသမီးညီလာခံ / ထက်နိုင်ဇော် / ဧရာဝတီ

6.2k
VIEWS
Share on FacebookShare on Twitter

တိုင်းတပါးမှ ထိုးဖော်ဝင်ရောက်လာနေသည့် အန္တရာယ် ကြီးမားနေမှုကြောင့် အမျိုးဇာတ် မပျက်ယွင်းရေး မြန်မာ အမျိုးသမီးများ အနေဖြင့် အသိ၊ သတိ ရှိကြပြီး အမျိုးဂုဏ် ထိန်းသိမ်း စောင့်ရှောက်ကြရန် အတိုက်အခံ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်၊ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၈ အမျိုးသမီး ညီလာခံ အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ထို့ပြင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ( USDP) အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ကာလအပြီး အစိုးရ တရပ် ဖွဲ့နိုင်ပါက ဝန်ကြီးနေရာများတွင် အမျိုးသမီး ဝန်ကြီး များကိုခန့်အပ်သွားမည်ဟုလည်းပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ပြောသည်။

ဦးသိန်းထွန်းဦး က “ အစိုးရ တရပ် ဖွဲ့နိုင်ပြီဆိုရင် တကယ့်ကို အရည် အချင်းရှိသော သူများ ၊ ဦးဆောင်နိုင်သော သူများ ၊ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုတဲ့ သူများ ဖြစ်ရင်တော့ တာဝန်ပေးဖို့အတွက် ဝန်မလေးပါဘူး။ ခန့်အပ်သွားမှာ ဖြစ်ပါတယ်” ဟု မီဒီယာများကို ပြောသည်။

ပထမအကြိမ် အစိုးရ သက်တမ်းတွင်လည်း အရည်အချင်းရှိသည့် အမျိုးသမီး များကို ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ပါတီအနေဖြင့် အစိုးရ တရပ် ပြန်လည် ဖွဲ့စည်းနိုင်ပါက အမျိုးသမီးများကို ဝန်ကြီးနေရာများတွင် ခန့်အပ်ရန်အတွက် အစီအစဉ်များရှိကြောင်း ဦးသိန်း ထွန်းဦးက ပြောသည်။

ကြံ့ခိုင်ရေးပါတီ အနေဖြင့် အစိုးရ တရပ် ထူထောင်သည့် အခါတွင် အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်း မည်မျှ ပါဝင်ရမည်ဟု သတ်မှတ် ထားခြင်းမရှိကြောင်း၊ ပြည်သူလူထုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အရည်အချင်း ရှိသော ပါတီဝင်များ အားလုံးကို ကျား / မ မခွဲခြားဘဲ ခန့်အပ်သွားမည်ဟု သိရသည်။

RelatedPosts

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

21 November 2025
943
ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

8 October 2025
436
ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

22 September 2025
578

လက်ရှိတွင် ပါတီတွင်း၌ အမျိုးသမီး ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း၊အရည်
အချင်းရှိသည့် အမျိုးသမီးများ ဖြစ်သည်ဟုလည်း ဦးသိန်းထွန်းဦးက ဆိုသည်။

ယနေ့ကျင်းပသည့် ညီလာခံသို့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ အမျိုးသမီး ကိုယ်စားလှယ် ၁၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံး စံနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စသည့် ခေါင်းစဉ်များ ဆွေးနွေးကြမည်ဟု သိရသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် (ငြိမ်း) ဒေါက်တာ နန္ဒာမွှန်း ကလည်း “ပြည်ခိုင်ဖြိုး အဖွဲ့ဝင် အမျိုးသမီးတွေဆိုရင်လည်း စာဖတ်ဖို့ လိုတယ်။ နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကိုလည်း သိဖို့လိုတယ်။ ကိုယ့် နိုင်ငံ တခုထဲ မဟုတ်ဘူးနော် ။ ကမ္ဘာမှာ ပြောင်းလဲ နေတဲ့ ဖြစ်စဉ်တွေကို ချိန်ထိုးတတ်ဖို့၊ ဗဟုသုတ အသိတွေ အများကြီး လိုတယ်။ ဒီရွေးကောက်ပွဲ တခုထဲ အတွက်ပြောတာ မဟုတ်ဘူး။ အနာဂတ် အတွက် အများကြီးလိုတယ်။ အသင်းအတွက်တင် မကပဲ နိုင်ငံ အတွက်လည်း ဒီလို ပညာတတ် အမျိုး သမီးတွေ အများကြီး လိုအပ်ပါတယ်” ဟု ပြောသည်။

ပါတီ အတွင်း စွမ်းဆောင်ရည် မြင့်သည့် သင်တန်းများ ဖွင့်လှစ်ပေးကြောင်း ၊ အခြားသော NGO ၊ INGO များ၏ ဆွေးနွေးပွဲများ တွင်လည်း အမျိုးသမီးများကို စေလွှတ်ပြီး၊ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အတွက် စေလွှတ်ကြောင်း၊ ထို့ကြောင့် ပါတီဝင် အမျိုးသမီး များမှာ မည်သည့် ပါတီမှ အမျိုးသမီးများနှင့် မဆို ယှဉ်ပြိုင်နိုင်ကြောင်း ဦးသိန်းထွန်းဦးကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၂၀ တွင် အစိုးရ တရပ် ဖွံ့စည်းနိုင်မည်ဆိုပါက အမျိုးသား၊ အမျိုး သမီး မခွဲခြားဘဲ အရည်အချင်းရှိသည့် ၊ ပြည်သူလူထု လက်ခံသည့် သူများ အားလုံးကို ပါတီ၏ ထိုက်သင့်သည့် နေရာများတွင် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: USDPဝန်ကြီးအမျိုးဂုဏ်
မိုးမိုး

မိုးမိုး

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
မန္တလေးတိုင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

တရုတ် စီမံကိန်းတွေမှာ အလောတကြီး ဆုံးဖြတ်ရင် သမိုင်း တရားခံ ဖြစ်သွားမယ်

ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်ဟာ သဘာဝပတ်ဝန်းကျင်ကိုပါ များစွာ ထိခိုက်စေပါတယ်

ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved