• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သယံဇာတထုတ်လုပ်ရေး အမှောင်လောကကို အလင်းရောင်ထွန်းညှိခြင်း

by ငြိမ်းငြိမ်း
25 March 2019
in အင်တာဗျူး
A A
EITI နိုင်ငံတကာ အတွင်းရေးမှူးချုပ်ရုံး ဒုတိယအကြီးအကဲ အက်ဒီ ရစ်ချ် / ငြိမ်းငြိမ်း

EITI နိုင်ငံတကာ အတွင်းရေးမှူးချုပ်ရုံး ဒုတိယအကြီးအကဲ အက်ဒီ ရစ်ချ် / ငြိမ်းငြိမ်း

26k
VIEWS
Share on FacebookShare on Twitter

အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု၊ အထူးသဖြင့် သယံဇာတထုတ်ယူသော လုပ်ငန်းများ၏ အကျိုးစီးပွား ပိုင်ဆိုင်မှုကို ဖော်ဆောင်ရန် ဆွေးနွေးမှုများသည် ကမ္ဘာတဝှမ်း အရှိန်အဟုန်မြင့်မားလာသည်။ ထိုသယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှ ရရှိငွေများသည် မည်သူကို အမှန်တကယ် အကျိုးပြုသည်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုသိရှိပါက တာဝန်ယူမှုတာဝန်ခံမှုကို မြင့်တက်စေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အထောက်အကူပြုသည်။

သယံဇာတတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အစီအစဉ် (EITI) ၏ အဖွဲ့ဝင်လောင်းဖြစ်သော မြန်မာနိုင်ငံသည် တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ရေးအတွက် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ကို ဇွန်လကဖွဲ့စည်း ခဲ့သည်။ EITI တွင်ပါဝင်သော နိုင်ငံများသည် ၎င်းတို့နိုင်ငံများရှိ သယံဇာတတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ၏ အကျိုးစီးပွားများကို မည်သူပိုင်သည်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ကြေညာရမည်ဖြစ်သည်။

ထိုသတ်မှတ်ချိန်ရောက်ရန် ၉ လသာ လိုတော့သောကြောင့် သယံဇာတကဏ္ဍရှိလုပ်ငန်းများနှင့် အစိုးရအေဂျင်စီများ ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။ ထိုအကြောင်းအရာကို EITI နိုင်ငံတကာအတွင်းရေးမှူးချုပ်ရုံးနှင့် သယံဇာတတူးဖော်ရေးကဏ္ဍ ကျွမ်းကျင်သူများက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ယခင်အပတ်အတွင်း ကျင်းပသည့် အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့သည်လည်း ထိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး ၎င်းတို့ အမြင်များ မျှဝေခဲ့ကြသည်။

EITI ၏ ရည်မှန်းချက်ပန်းတိုင်များနှင့် ထိုရည်မှန်းချက်များပြည့်မီရန် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သော တိုးတက်မှုများကို EITI နိုင်ငံတကာ အတွင်းရေးမှူးချုပ်ရုံး ဒုတိယအကြီးအကဲ အက်ဒီ ရစ်ချ်နှင့် ဧရာဝတီ သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သည်။

မေး ။ သယံဇာတလုပ်ငန်း လုပ်ဆောင်တဲ့ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုတာဘာလဲ။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာဖို့ EITI နိုင်ငံတွေအတွက် ဘာကြောင့်အရေးကြီးတာလဲ။

ဖြေ။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုတာ ကုမ္ပဏီတွေရဲ့ မူလပိုင်ရှင် ဘယ်သူဆိုတာ သိနားလည်အောင်လုပ်တဲ့ ဖြစ်စဉ်ပါ။ ဒီလို ဖော်ဆောင်ရေးကြိုးပမ်းချက်တွေက မကြာသေးခင်က ဟိုးလေးတကျော်ကျော် ပေါ်ထွက်ခဲ့တဲ့ ပနားမားစာတမ်းတို့၊ ပါရာဒိုက်စာတမ်းတို့ ဆိုင်တယ်။ အဲဒီမှာ ပိုင်ရှင်အစစ်က နာမည်မဖော်ဘဲ ရုပ်ပြကုမ္ပဏီထောင်တယ်။ အဲဒီကုမ္ပဏီတွေကလည်း တခြားကုမ္ပဏီတွေကို ပိုင်တယ်။ ဒီလိုနည်းနဲ့ လုပ်တဲ့ ယန္တရားဖြစ်တယ်။ ဒီနည်းက ငွေကြေးခဝါချဖို့၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ဖို့၊ အခွန်တိမ်းရှောင်ဖို့နဲ့ ဆွေမျိုးညာတိကောင်းစားရေး စတာတွေအတွက် ယန္တရားပဲ။ ဒါကြောင့် ပနားမားစာတမ်းနဲ့ ပါရာဒိုက် စာတမ်းက ဖေါ်ထုတ်လိုက်တာတွေဟာ ဒီပြဿနာရဲ့အတိုင်းအတာကို ပြတယ်။ နောက်ပြီး လူပုဂ္ဂိုလ်တွေ ကုမ္ပဏီတွေဟာ စနစ်တခုလုံးကို သုံးပြီး အခွန်တိမ်းရှောင်ဖို့ ဘယ်လိုစနစ်တကျလုပ်တယ်၊ ဘယ်လိုမကောင်းတဲ့ အကြံအစဉ်ရှိနေတယ်ဆိုတာကို ပြတယ်။

EITI ဟာ ဒီကဏ္ဍတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ကမ္ဘာ့စံနှုန်းဖြစ်ပြီး ဒီကိစ္စကိုလည်း ၂၀၁၆ ခုနှစ် ပနားမားစာတမ်း မထုတ်ပြန်မီကတည်းက ပြောခဲ့တယ်။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ပွင့်လင်းမြင်သာရေးဟာ ၂၁ ရာစု အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အရေးပါတဲ့ပြဿနာတခု ဖြစ်လိမ့်မယ်လို့ အစောကြီးကတည်းက မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီ EITI အဖွဲ့ဝင် ၅၂ နိုင်ငံလုံးဟာ သူတို့ရဲ့ သယံဇာတထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ရှင်အမှန်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံလိုပဲ ဒီနိုင်ငံအများအပြားမှာ ပြောမယ်ဆိုရင် ဒီကဏ္ဍဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရ အရေးအပါဆုံး ဖြစ်နေပါတယ်။

မေး ။ မြန်မာနိုင်ငံဟာလည်း ဒီ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေပါတယ်။ လုပ်ငန်းအဖွဲ့ဖွဲ့တာနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ရှိလာတာတွေ့ရတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
117
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64

ဖြေ။ ဟုတ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ထုတ်လုပ်နေတဲ့ ကျောက်မျက်ရတနာ ကုမ္ပဏီတွေရဲ့ နောက်မှာ ဘယ်သူတွေရှိနေလဲဆိုတာသိရတယ်။ ဒီကျောက်မျက်ရတနာလုပ်ငန်းဟာ အချို့ ပဋိပက္ခတွေရဲ့ ရင်းမြစ်တွေဖြစ်တယ်ဆိုတာ ခင်များကျနော့်ထက် ပိုမိုသိပါတယ်။

မေး ။ ဒီကုမ္ပဏီတွေ သို့မဟုတ် ကုမ္ပဏီတာဝန်ခံတွေဟာ ဒီအကျိုးအမြတ် ဘယ်သူက အမှန်ရနေလဲဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မမျှဝေလိုကြဘူး။ သူတို့တွေက ပဋိပက္ခဒေသတွေမှာ လုပ်ကိုင်နေကြတာ၊ ဒါမှမဟုတ် သတင်းအချက်အလက်တွေ ထုတ်ပြောလိုက်ရင် ပစ်မှတ်ထားခံရမှာကို စိုးရိမ်နေကြတယ်။ ဒီတော့ EITI ဒါမှမဟုတ် အခြားနိုင်ငံတကာစည်းရှုံးလှုံ့ဆော်ရေး အဖွဲ့အစည်းတွေက ဒီကုမ္ပဏီတွေ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု သတင်းအချက်အလက်မျှဝေချင်လာအောင် ဘာအာမခံချက်တွေပေးနိုင်လဲ။

ဖြေ။ ဒီနေရာမှာ အချက်၂ ချက်ပြောစရာရှိတယ်။ ပထမအချက်ကတော့ EITI ဟာ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့မဟုတ်ဘူး။ ကျနော်တို့ဟာ သတ်မှတ်ထားတဲ့ကမ္ဘာ့စံနှုန်းတွေအတိုင်း အကောင်အထည်ဖော်ပ့ါမယ်လို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံတွေပါတဲ့ အဖွဲ့အစည်းဖြစ်တယ်။

ဒါကြောင့် ဒီစံနှုန်းတွေကို ချမှတ်တာ EITI အဖွဲ့ဝင် နိုင်ငံတွေကိုယ်တိုင်ပဲ ဖြစ်တယ်။ သူတို့ရဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ကုမ္မဏီတွေနဲ့တကွ သူတို့ပူးပေါင်းဆောင်ရွက်တယ်။ တနည်းအားဖြင့်ပြောရရင် ကုမ္ပဏီတွေကိုယ်တိုင်ဟာ ဒီလိုအပ်ချက်ကို တောင်းဆိုသူတွေဖြစ်တယ်။ ကုမ္ပဏီတွေက တန်းတူညီမျှတဲ့ ယှဉ်ပြိုင်မှုကိုလိုချင်လို့ ဒီလို ဖော်ထုတ်ပေးစေချင်ကြတာပဲဖြစ်တယ်။ သူတို့က သူတို့ရဲ့ပြိုင်ဘက်တွေ ဘယ်လိုလုပ်ကိုင်နေကြတယ်ဆိုတာကို သိချင်ကြတယ်။ ဒါဟာ သူတို့အတွက် ပိုမိုဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ရဲ့ တစိတ်တဒေသဖြစ်တယ်လို့ သူတို့ခံယူကြသည်။

ဒါပေမယ့် ခင်များပြောတဲ့အထဲမှာ မှန်တာက တခြားတဘက်မှာလည်း စိုးရိမ်မှုတွေရှိနေတယ်။ ပိုင်ရှင်အချက်အလက်ကို သိသွားရင် ပိုင်ရှင်တွေ ပိုမို ပစ်မှတ်ထားခံရနိုင်တယ်ဆိုတာ သူတို့စိုးရိမ်ကြတယ်။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာလို့ တစုံတဦး တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်မျိုးတော့ ကျနော် တခုမှမတွေ့သေးပါဘူး။

ကျနော်တို့ EITI ဟာ လူတွေကို အကာအကွယ်ပေးဖို့ အာမခံချက်မပေးဘူး။ ဒါဟာ တနိုင်ငံချင်းစီက တရား ဥပဒေ စိုးမိုးရေး အေဂျင်စီတွေရဲ့အလုပ်ပဲ ဖြစ်တယ်။ ဒါကြောင့်နိုင်ငံတနိုင်ငံဟာ EITI ကို လိုက်နာဖို့ ကတိပြုထားရင် သူတို့ဟာ သယံဇာတထုတ်လုပ်တဲ့ကဏ္ဍက အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက် အပြည့်အဝကိုပေးဖို့ ဆုံးဖြတ်ရမယ်။ ဒါရဲ့ တစိတ်တပိုင်းအနေနဲ့လည်း လူပုဂ္ဂိုလ်တဦးချင်းကိုကာကွယ်ဖို့ အာမခံချက်ပေးဖို့လည်း အဲဒီနိုင်ငံမှာ တာဝန်ရှိပါတယ်။

မေး ။ EITI နိုင်ငံတွေအတွက် ဒီအကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ။

ဖြေ ။ ကောင်းကျိုးတွေကတော့ အများပြည်သူဆိုင်ရာမူဝါဒတွေနဲ့ သက်ဆိုင်တယ်။ ပိုင်ဆိုင်မှုနဲ့ပါတ်သက်တဲ့ ပိုမိုကောင်းမွန်တဲ့ သတင်းအချက်အလက်တွေကို ဖန်တီးပေးနိုင်တာပါ။ နောက်ပြီး ငွေကြေးစီးဆင်းမှုရဲ့ နောက်ကိုလည်း လိုက်ကြည့်လို့ရတယ်။ နိုင်ငံတနိုင်ငံမှာ ကုမ္ပဏီတွေရဲ့ ပိုင်ရှင်တွေ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ထားတယ်ဆိုရင် အဲဒီကုမ္ပဏီက အခွန်ဆောင်တာ အရမ်းနည်းနေရင် ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို နားလည်နိုင်တယ်။ ပိုင်ရှင်တွေထဲက တယောက်က ကေးမင်းကျွန်းစုမှာ မှတ်ပုံတင်ထားတယ်ဆိုပါစို့။ ဒီလိုဆိုရင် “မြန်မာနိုင်ငံရဲ့ သယံဇာတရင်းမြစ်တွေက ရတဲ့ငွေကို နိုင်ငံတွင်းဆီ ရောက်အောင် ဒီလူကို ပြည်တွင်းမှာ မှတ်ပုံတင်ခိုင်းရမယ်” လို့ခင်များ သိလာမယ်။

ဥပမာပြောရရင် သယံဇာတ ထုတ်ယူရှာဖွေခွင့်လိုင်စင်ကို နိုင်ငံရေးအရ ထင်ရှားသူ၊ ဝန်ကြီးတဦး သို့မဟုတ် အဆင့်မြင့်အရာရှိတဦးနဲ့ ဆက်စပ်သူကို ပေးထားလားဆိုတာသိရမယ်။ ဒါကြောင့် ပိုမိုမျှတတဲ့ စနစ် ဖြစ်စေရမယ်။ ဒါက ပိုမိုမျှတတဲ့ ယှဉ်ပြိုင်မှုကို ဖြစ်စေလို့ ကုမ္ပဏီအများစုက ဒါကိုကြိုက်ကြတာ။ ဒါတွေက ကောင်းကျိုးတွေပဲ။

ဆိုးကျိုးအနေနဲ့ပြောရရင် သတင်းအချက်အလက်ကောက်ယူရာမှာ အခက်အခဲတွေရှိတယ်လို့ ကြားနေရတယ်။ ဒါကို ကျနော်တို့နားလည်ဖို့လိုတယ်လို့ ထင်တယ်။ ဒါတွေက ကျနော်တို့ဆွေးနွေးနေတဲ့ အကြောင်းအရာတွေပဲ။ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူဆိုတာ ဘာလဲဆိုတာကို ဖွင့်ဆိုဖို့ သို့မဟုတ် အဆင့်သတ်မှတ်ချက်ထူထောင်ဖို့ ဒါမှမဟုတ် သတင်းအချက်အလက်တိကျအောင်လုပ်ဖို့၊ မှန်ကန်တဲ့ ထုတ်ပြန်ကြေညာမှုလုပ်တဲ့ စနစ်ထူထောင်ဖို့ ခက်ခဲနေတယ်လို့ စတာတွေ ကျနော်တို့ကြားနေရတယ်။ ဒါတွေကတော့ ကျနော်တို့ကြုံရတဲ့ မေးခွန်းတွေဖြစ်ပြီး ဒီ အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်အတွင်းမှာ အဲဒါတွေကို ဆွေးနွေးကြတယ်။

မေး ။ မြန်မာနိုင်ငံဟာ EITI အဖွဲ့ဝင်လောင်းကနေ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ဖို့ ဘာတွေ ဆောင်ရွက်ဖို့ လိုလဲ။

ဖြေ ။ မြန်မာနိုင်ငံက EITI စံချိန်မှီအဖွဲ့ဝင်ဖြစ်နိုင်ရေးစံနှုန်းအကဲဖြတ်သည့် လေ့လာဆန်းစစ် အတည်ပြုခြင်း လုပ်ငန်းစဉ်မှာ (validation) ပါဝင်ပြီး ဒါကို အခု ဆန်းစစ်ခံနေတယ်။ ဒီအပေါ်မှာ EITI ဘုတ်အဖွဲ့က ရှေ့လလောက်မှာ အဆုံးအဖြတ်ပေးမယ်လို့ ကျနော်ထင်တယ်။ အဲဒီဆုံးဖြတ်ချက်က နည်းနည်းလောက် ထပ်လုပ်ဖို့ ညွုန်ကြားမယ်လို့ထင်တယ်။ အပြုသဘောဆောင်တဲ့တိုးတက်မှုတွေ ရှိတယ်ဆိုတာကို ပြသလိမ့်မယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီကဏ္ဍနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများအပြား ကြေညာတာ၊ ထုတ်ဖေါ်တာတွေလုပ်ခဲ့တယ်။ တင်းပြည့်အဖွဲ့ဝင်ဖြစ်ဖို့ လုပ်ဖို့လိုတဲ့ နယ်ပယ်တခု၊ နှစ်ခုလောက်ကိုပဲ ညွုန်ပြမယ်လို့ထင်တယ်။

အဲဒီအချိန်မတိုင်ခင်မှာ၊ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ချချိန်မတိုင်ခင်အထိ သူတို့ဘာဆုံးဖြတ်မယ်ဆိုကာကို ကျနော် ရိပ်ဖမ်းသံဖမ်း မပြောသင့်ဘူးလို့ထင်တယ်။ ကျနော်တို့က သူတို့ကို အကြံပြုချက်တွေပေးထားတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘုတ်အဖွဲ့ကပဲ ဆုံးဖြတ်ရမှာပဲ။ ဒါကြောင့် တလလောက်စောင့်လိုက်ရင်တော့ သတင်းအချက်အလက်တွေ အများကြီးရလာမှာပါ။

မေး ။ အခုက အရှေ့တောင်အာရှနဲ့ အာရှဥရောပက နိုင်ငံ ၁၁ နိုင်ငံအကြောင်းကို အထူးအာရုံစိုက်ပြောဆိုနေတာ တွေ့ရတယ်။ EITI အဖွဲ့ဝင်လောင်းနိုင်ငံအနေနဲ့ MEITI ဆောင်ရွက်နေတာတွေဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အလားတူ အနေအထားမှာရှိပါသလား။ တူညီမှုတွေနဲ့ စိန်ခေါ်မှုတွေဟာ ဘာတွေပါလဲ။

ဖြေ ။ မြန်မာနိုင်ငံဟာ လေ့လာမှု အများကြီး လုပ်နေတယ်။ အခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံဆီကနေ ပြန်ပြီးလေ့လာနေတယ်လို့ ကျနော်ထင်ပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံဆီကနေ အကောင်းဆုံးအလေ့အထ တွေကို အပြန်အလှန်လေ့လာနေကြတဲ့ ကမ္ဘာ့ကွန်ရက်တခုဖြစ်လာတာဟာ EITI ရဲ့ အဓိကကျတဲ့ အကျိုးကျေးဇူးတစ်ခုလို့ ကျနော်ထင်တယ်။ ဒါပေမယ့် တနိုင်ငံချင်းမှာ ထူးခြားချက်တွေကတော့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိနေပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အစိတ်အပိုင်းအဖြစ် အခြားငွေစာရင်းလို့ ခေါ်တဲ့ ရယ်စရာကောင်းတာတွေ ရှိနေတယ်။ ဒီအခြားငွေစာရင်း တွေဟာ ဘယ်တွေထဲ ပါနေတာလဲ။ ဘာတွေလဲဆိုတာဖြည်ကြည့်ပြီး နားလည်အောင်ကြိုးစားရတာက မြန်မာနိုင်ငံအတွက် အဓိက ထူးခြားတဲ့ဟာ ဖြစ်တယ်။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ခင်များတို့ဆီမှာ ကုမ္ပဏီတွေကို အွန်လိုင်းမှတ်ပုံတင်မှုစနစ် လုပ်လာတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အောက်က မှတ်ပုံတင်တဲ့ စနစ်ကို ပြောတာဖြစ်တယ်။ ဒီလိုဖြစ်လာဖို့ အတော့်ကိုကြိုးစားခဲ့ရပြီး နောက်ထပ်အသေးစိတ်တွေလည်း ရှိလာလိမ့်မယ်။ စနစ်ကျကျဆိုရင် ကုမ္ပဏီတခု မှတ်ပုံတင်တဲ့အခါ ပိုင်ဆိုင်သူကို ထုတ်ပြန်ကြေညာရမယ်။ ဒါကြောင့် အခြားနိုင်ငံတွေရဲ့ ဆောင်ရွက်မှုတွေကို လေ့လာတာဖြစ်သလို အခြားနိုင်ငံတွေလိုက်ပါလုပ်ဆောင်လိုတဲ့ အလေ့အထကောင်းတွေကိုလည်း ထူထောင်ခြင်း ဖြစ်ပါတယ်။

မေး ။ လုပ်ငန်း အကျိုးအမြတ်ရရှိသူတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ဖို့မှာ အာမခံနိုင်ရေး နောက်ထပ် ဘယ်လိုအဆင့်တွေ ပြင်ဆင်ထားလဲ။ တချို့တွေက ရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခံရမှာကို စိုးရိမ်နေတော့ အကျိုးအမြတ်ရရှိသူ တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ပေးဖို့ ဆွေးနွေးထားတာမျိုး ရှိလား။

ဖြေ ။ စောစောကပြောတဲ့အတိုင်းပါပဲ။ ဒီလိုမျိုး ပစ်မှတ်ထားခံရတာမျိုး ဖြစ်တာကျနော်တခါမှ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဒီပူပန်မှုဟာ မလိုအပ်တဲ့ ပူပန်မှုလို့တော့ ကျနော်မပြောပါဘူး။ ပူပန်ရပါမယ်။ ဒါပေမယ့် အမှန်တကယ်စိုးရိမ်ရမှာက ဘာတွေဖြစ်တယ်ဆိုတာကို ပိုနားလည်ဖို့လိုတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ မတူညီတဲ့နိုင်ငံတွေမှာ မတူညီတဲ့ နည်းလမ်းတွေရှိလား ကြည့်ရမယ်။ တဦးစီရဲ့ လိပ်စာတွေကို ထည့်ဖို့လိုလား၊ လူသိရှင်ကြားကြေညာဖို့လိုလား။ ဒါဟာ တနိုင်ငံချင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ ဒီလိုအချက်အလက်တွေက လူတွေသိပြီးသား အချက်အလက်တွေလား။ ပြင်ပမှာ ထွက်ပေါ်ပြီးသား အချက်အလက်တွေကို အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ထုတ်ပြန်ကြေညာသူတွေက တစုံတခု အပြောင်းအလဲလုပ်ထားလား။ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းတွေက ဘယ်လိုရှိလဲ။ လူတဦးချင်းလုံခြုံမှုက ဘယ်လိုရှိလဲ။

ဒီတော့ အရှင်းဆုံး ပြောတယ် ဆိုပါစို့။ “ဟုတ်ပြီလေ ပြန်ပေးဆွဲမှာ ပစ်မှတ်ထားခံရတာကြောက်လို့ ထုတ်ဖေါ်ကြေညာတာကို ဆန့်ကျင်မယ်” လို့ပြောရင်ပြောကြမယ်။ တနိုင်ငံနဲ့တနိုင်ငံအခြေအနေမတူမို့ ပြဿနာကို ပိုမိုနားလည်အောင်လုပ်ပြီး တနိုင်ငံချင်း အဖြေရှာရမယ်လို့ထင်တယ်။

မေး ။ EITI နဲ့ အကျိုးအမြတ်ရရှိပို်င်ဆိုင်မှု အချိတ်အဆက်ကို ဘယ်လိုရှင်းပြမလဲ။

ဖြေ ။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုက ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကဏ္ဍအတွက် တကယ်ကို အရေးကြီးပါတယ်။ ပွင့်လင်းမြင်သာမှု တြိဂံအကြောင်း ကျနော်မကြာခဏ ပြောလေ့ရှိတယ်။ ဒါက ဘာလဲဆိုတော့ လုပ်ငန်းသဘောတူစာချုပ်တွေကိုသိမယ်၊ ပိုင်ရှင်ကို သိမယ်၊ သယံဇာတတူးဖော်ရေး စီမံကိန်းတခုခုအတွက် ပေးရတဲ့အခွန်နဲ့ မြေရှင်ကို ပေးရတဲ့ငွေကို သိမယ်ဆိုရင် နိုင်ငံတနိုင်ငံဟာ ရသင့်တာကို ရမရဆိုတဲ့ ပြီးပြည့်စုံတဲ့ ရုပ်ပုံလွှာတခု ပေါ်လာမယ်။

ကျနော်က ခင်များနဲ့ လုပ်ငန်းသဘောတူစာချုပ်တခု ချုပ်ထားပြီး ဒီငွေတွေကိုမပေးရင် ခင်များဘယ်သူလဲ၊ ဘယ်ကလဲ ကျနော်သိချင်မယ်။ ပြီးတော့ ခင်များကျနော့်ကို ဘာကြောင့် အပြည်အဝမပေးတာ သိနိုင်မယ်။ ဒါဟာ ရုပ်ပုံလွှာရဲ့ တစိတ်တပိုင်းပဲ။ လူတွေဘယ်သူတွေလဲသိမယ်။ သူတို့ဘာတွေပေးသင့်ခဲ့လည်းသိမယ်။ ဘာတွေပေးပြီးပြီလဲသိမယ်။

( Nyein Nyein ၏ Shining a Light on Shady Business in Myanmar’s Extractive Industries  ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: EITIပွင့်လင်းမြင်သာမှုသယံဇာတထုတ်လုပ်ရေး
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
4.2k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ် / Nay Phone Latt

ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး

by ဧရာဝတီ
1 November 2022
9.8k

ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း အကုန်လုံးကို အသေးစိတ်တွေ ပြောဆို လို့မရသေးတာကို နားလည်ပေးစေလိုပါတယ်။ NUG က ပြည်သူလူထုရဲ့ ဘယ်ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာမျိုးမရှိပါဘူး။ အကုန်လုံး သူ့ဘာသာ စာရင်းဇယားနဲ့ ရှိတယ်။...

ကြေးနီတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကို တွေ့ရစဉ်  / ဧရာဝတီ

သယံဇာတ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ စာချုပ်စာတမ်းများ အများပြည်သူကို ချပြရတော့မည်

by သဇင်လှိုင်
15 December 2020
4.4k

အစိုးရနှင့် အစိုးရ မဟုတ်သော မည်သည့်အဖွဲ့အစည်းကမဆို ၎င်းတို့၏ မြန်မာနိုင်ငံတွင် တွင်းထွက်သယံဇာ တများ တူးဖော်ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် စာချုပ်၊ လိုင်စင်၊ သတ်မှတ်ချက်၊ သဘောတူညီ ချက်များအားလုံးကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ဖွင့်ဟ ဖော်ထုတ်ရမည်

ဖေဖော်ဝါရီ ၁ ရက်နေ့က အစည်းအဝေးတွင် မြင်တွေ့ရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / Phyo Min Thein  / Facebook

ပွင့်လင်းမြင်သာမှုရှိရန် ရန်ကုန်တိုင်းအစိုးရကို နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

by ဧရာဝတီ
4 February 2020
26k

စနေနေ့က တွေ့ဆုံမှုသို့ ပြည်ထောင်စုဝန်ကြီးအချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က ကော်ပိုရိတ်စနစ် အကောင်အထော်ဖော်ဆောင်ရေး အတွက်ဆွေးနွေးနေကြစဉ် / Aung Naing Oo

ကုမ္ပဏီများ မလိုက်နာ မနေရ ကော်ပိုရိတ်စည်းမျဉ်းဧပြီလအတွင်း ထုတ်ပြန်မည်

by မျိုးပပစန်း
7 February 2020
10.5k

ကော်ပိုရိတ်စနစ် အသက်ဝင်လျှင် ကုမ္ပဏီများ အနေနှင့်လည်း ငွေကြေးလက်ခံမှု ပိုကောင်းသွားမည့် အပြင် ရင်းနှီးမြှုပ်နှံမည့် အများပြည်သူများနှင့် ငွေချေးမည့်ဘဏ်များ အနေနှင့်လည်း ကုမ္ပဏီ၏ ခိုင်မာမှု မည်မျှရှိသည်ကို အကဲ ဖြတ်၍ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ /  ဧရာဝတီ

ဖုံးဖိဖို့ မကြိုးစားပါနဲ့ ရန်ကုန်တိုင်းအစိုးရရယ်

by ကျော်ဖြိုးသာ
8 November 2019
21.1k

မေးစရာ ဖြစ်လာသည်မှာ ရန်ကုန်တိုင်း အစိုးရက မည်သည့်အတွက်ကြောင့် သတင်းဋ္ဌာန အချို့ကို သတင်းစာရှင်းလင်းပွဲအတွက် ချန်လှပ်ခဲ့ပါသနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

Next Post
အမျိုးသမီးတွေဟာ မုတ်ဆိတ်မွေးထားတဲ့ အမျိုးသားတွေကို အိမ်ထောက်ဖက် အဖြစ် ရွေးချယ်လိုကြပါတယ်

မုတ်ဆိတ်မွေးထားတဲ့ အမျိုးသားတွေဟာ ပိုမိုချစ်တတ်ကြောင်း လေ့လာတွေ့ရှိ

ဧပြီလမှာဆိုရင် ဂျပန်နိုင်ငံမှာ ချယ်ရီပန်းတွေ အစွမ်းကုန် ပွင့်နေတတ်ပါတယ်

ဧပြီလမှာ အလည်သွားသင့်တဲ့ နေရာများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved