• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စားနပ်ရိက္ခာဟာ ဝမ်းဝရုံ အသက်မွေးရုံ သက်သက် မဟုတ်ဘူး

by အောင်သီဟ
16 November 2020
in အင်တာဗျူး
A A
ဧရာဝတီတိုင်းအတွင်း ဓာတ်မြေဩဇာ ကျဲနေသော လယ်စိုက်တောင်သူတဦး / ဧရာဝတီ

ဧရာဝတီတိုင်းအတွင်း ဓာတ်မြေဩဇာ ကျဲနေသော လယ်စိုက်တောင်သူတဦး / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရိုက်ခတ်မှုကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ပြန်လည် နလန်ထရန် လယ်ယာစိုက်ပျိုးရေးနှင့် သားငါးကဏ္ဍကို ယခုပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေး လုပ်ဆောင် လာနေသည်။

ယင်းသို့ လုပ်ဆောင်ရန်အတွက် မူဝါဒများ ရေးဆွဲရာ၌ စားနပ်ရိက္ခာလုံခြုံမှုဆိုင်ရာ ရှုထောင့်မှ လေ့လာသုံးသပ်ခြင်း အား နည်းမှုများက မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် ရိုက်ခတ်လာနိုင်သည့် ဆိုးကျိုးများ၊ စိုက်ပျိုးရေးကဏ္ဍ နှင့် တောင်သူများဘဝ တိုးတက်ဖွံ့ဖြိုးရေးအတွက် ချမှတ်ထားသော မဟာဗျူဟာများနှင့် မူဝါဒများတွင် မည့်သည့်အချက်များက အားနည်းချက်ဖြစ်နေသနည်းဟု မေးခွန်းထုတ်မှုများလည်းရှိသည်။

လက်ရှိ ဆောင်ရွက်နေသော မူဝါဒများ နှင့် လုပ်ဆောင်ချက်များသည် တောင်သူလယ်သမားများထက် မြေသြဇာ နှင့် မျိုးစေ့ ရောင်းချသော ကုမ္ပဏီများကိုသာ ပိုမိုအမြတ်စွန်းရရှိစေရန် ဖြစ်နေသည်။

ကမ္ဘာ့နိုင်ငံများက လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က လျှောက်လှမ်းခဲ့သော လမ်းမှားကို မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍက လျှောက်လှမ်းရန် ပြင်ဆင်နေလျက်ရှိပြီး ထိုလမ်းမှားသည် စိုက်ပျိုးရေးကဏ္ဍအပေါ် မည်သို့ ဆိုးကျိုး သက်ရောက် စေမည်နည်း စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံချူလာလောင်ကွန်းတက္ကသိုလ် လူမှုဖွံ့ဖြိုးမှု လေ့လာ ရေးဌာန မှ သုတေသီ ဒေါက်တာနွဲ့ကေခိုင် (မယ်မွှေး) ကို ဧရာဝတီ သတင်းထောက် အောင်သီဟက ဆက်သွယ်မေးမြန်း ထားသည်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် လူမှုဖွံ့ဖြိုးမှု လေ့လာ ရေးဌာန မှ သုတေသီ ဒေါက်တာနွဲ့ကေခိုင် (မယ်မွှေး)/ကိုဘူးသီး

ဒေါက်တာနွဲ့ကေခိုင်(မယ်မွှေး) သည် စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မအချုပ်အခြာ စာတမ်းကို ပြုစုရေးခဲ့သော သုတေသီ ဖြစ်ပြီး စာတမ်းအပြည့်အစုံကို လင့် https://emref.org/mm/publications-reports?fbclid=IwAR1yc0m-dTnuE5qO43w-SDuqpDe-gHQpQodHvd7IjqEQnObVMG2IQXgHChc တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

မေး။ ။ ဆရာမရဲ့ စားနပ်ရိက္ခာလုံခြုံမှုနဲ့ ဆိုင်တဲ့ စာတမ်းမှာ တွေ့ရှိရတဲ့ မြန်မာရဲ့ စိုက်ပျိုးရေးကဏ္ဍ အခြေအနေနဲ့ ပတ်သက်ပြီး အကျဉ်းချုပ် အရင်ဆုံး ရှင်းပြပေးပါ။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
101
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
56

ဖြေ။ ။ ဒီစာတမ်းရဲ့ ရည်ရွယ်ချက်ကတော့ ကမာ္ဘမှာ ဖြစ်ပျက်နေတဲ့ စားနပ်ရိက္ခာမူဝါဒ အတွက် စဉ်းစားပုံ အပြောင်း အလဲတွေကို မြန်မာနိုင်ငံ အနေအထားနဲ့ ချိန်ဆကြည့်ချင်တာပါ။ လွန်ခဲ့တဲ့ နှစ် ၇၀ လောက် ကျမတို့ လွတ်လပ်ရေး ရလောက်တဲ့ အချိန်ကနေစလို့ ကမာ္ဘမှာ ဦးတည်လာတဲ့ စိုက်ပျိုးရေးပုံစံက ထုတ်ကုန်တိုးမြင့်ရေးဦးစားပေး စက်မှုလယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပြည်ပပို့ကုန်ဦးစားပေးရေး လုပ်ငန်းတွေပါ။

အဲဒီစဉ်းစားပုံမှာ ပျောက်ဆုံးနေတာကတော့ စားနပ်ရိက္ခာဟာ ဝမ်းဝရုံကိစ္စ၊ အသက်မွေးရုံ သက်သက် မဟုတ်ဘူး ဆိုတဲ့အချက်ပါ။

မြန်မာတွေအနေနဲ့ဆို ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြဆိုတဲ့ စကားတွေနဲ့ နည်းနည်းမှ မစိမ်းပါဘူး။ အထွက်တိုးမှ အောင်မြင်တဲ့ လုပ်ငန်းအနေနဲ့ စဉ်းစားကြတာမို့ စိုက်ပျိုးရေးကျောင်းတွေကလည်း အထွက်နှုန်းတိုးနည်းများကို အဓိက ထားပြီး သင် ကြားပါတယ်။

အဲဒီစဉ်းစားပုံမှာ ပျောက်ဆုံးနေတာကတော့ စားနပ်ရိက္ခာဟာ ဝမ်းဝရုံကိစ္စ၊ အသက်မွေးရုံ သက်သက် မဟုတ်ဘူး ဆိုတဲ့အချက်ပါ။

လူသားမျိုးနွယ်ရဲ့ အဆင့်ဆင့်လက်ကမ်းခဲ့တဲ့ ယဉ်ကျေးမှု၊ ဇီဝပဒေသာ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခဲ့တဲ့ အစဉ် အလာ၊ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းနိုင်တာ အစရှိတဲ့ ရိက္ခာနဲ့ လူတွေရဲ့ ကြားက ဆက်ဆံရေးပုံစံတွေကို ထည့်မစဉ်းစားပါဘူး။

၂၀၀၈ စားနပ်ရိက္ခာအကျပ်အတည်း နောက်ပိုင်းမှာတော့ တကမာ္ဘလုံးမှာ စားနပ်ရိက္ခာ မလုံလောက်ဘူးဆိုတဲ့ အခါတိုင်းမှာ အထွက်နည်းတဲ့ နည်းတွေကိုပဲ ရှေးရိုးအစဉ်အလာအတိုင်း သုံးနေတဲ့ လယ်သမားတွေရဲ့ အပြစ်လို့ မူဝါဒချမှတ်သူဟာ စဉ်းစားလာကြပါတယ်။ အဲဒီတော့ ဖြေရှင်းနည်းက သူတို့ကို အထွက်တိုးအောင် သူတို့ နေရာတွေကို တဖြည်းဖြည်း ကျဉ်းအောင် လုပ်ပစ်ကြပြီး ကုမ္ပဏီကြီးတွေက ဝင်ရောက်လုပ်ကိုင်စေတာမျိုးကို ဦးစားပေးလာကြပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ တနိုင်တပိုင် ကြက်မွေးမြူရေးခြံတခြံ/ဧရာဝတီ

ကုမ္ပဏီကြီးတွေရဲ့ လမ်းညွှန်ချက်အောက်မှာ ထုတ်လုပ်စေတာမျိုး ပိုတွေ့လာရပြီး ဈေးကွက်ထဲမှာ အခြေအနေ တခုခုကြောင့် ဆုံးရှုံးတဲ့အခါတော့ လယ်သမားကကျခံရပြီး အမြတ်ကတော့ အထက်ဘက်ကိုသာ စုမိသွားအောင် လုပ်ကြတာက ထုံးစံဖြစ်လာပါတယ်။ ဥရောပလို စည်းမျဉ်းစည်းကမ်းကောင်းတဲ့ နေရာတွေမှာတောင် ဒီလိုမဖြစ်အောင် မထိန်းနိုင်ခဲ့ကြပါဘူး။

ကုမ္ပဏီကြီးတွေက စားနပ်ရိက္ခာ စိုက်ပျိုးသူကနေ ထုတ်ပိုးသူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူအထိ လယ်သမားတွေရဲ့ နေရာကို ဝင်ယူလာပါတယ်။ အားသာတဲ့သူဘက်ကို အနိုင်ပေးမယ့် စည်းကမ်းတွေ စံချိန်စံညွှန်းတွေ သတ်မှတ်ထားတဲ့ ဈေးကွက် ထဲကို ရောက်လာတဲ့ အသေးစား လယ်သမားတွေဟာ သူတို့ထက်ပို အားကြီးသူတွေနဲ့ ပြိုင်ဆိုင်ရင်း တဖြည်းဖြည်း ဘေး ရောက်လာကြပါတယ်။ ဒီစာတမ်းက မြန်မာနိုင်ငံမှာ အခုမှ ဒါတွေရောက်လာတာ မဟုတ်ဘူး၊ ကိုလိုနီခေတ်ကတည်းက ဒီအတွေ့အကြုံတွေ အများကြီးရှိခဲ့ပြီးသားဆိုတာကို ပြောပါတယ်။

မေး ။ ။ဆရာမရဲ့ စာတမ်းမှာ ပါတဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍဟာ ကမာ္ဘ့နိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်လေးဆယ် လောက်က လျှောက်ခဲ့တဲ့ လမ်းမှားကို လျှောက်လှမ်းဖို့ ပြင်ဆင်နေတဲ့ အနေအထားရှိတယ်ဆိုပြီး ပါတယ်ပေါ့။ ဒီဟာက ဘယ်လိုမူဝါဒတွေ ဘယ်လိုလုပ်ဆောင်ချက်တွေလဲ။

ဖြေ။ ။မြန်မာနိုင်ငံရဲ့ အိပ်မက်ကကျတော့ အခြား အရှေ့တောင်အာရှစိုက်ပျိုးရေးနိုင်ငံတွေနဲ့ ရင်ဘောင်တန်းပြီး ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ချင်တာပါ။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်အတွင်း အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ လုပ်ခဲ့တဲ့ မူဝါဒတွေကို မျှော်ကြည့် အတုယူပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးမဟာဗျူဟာ၊ မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍ လမ်းပြမြေပုံ၊ ဆန်အိုးမှသည့် စားဖွယ်စုံ ခြင်းတောင်း ဆီသို့ စက္ကူဖြူစာတမ်း၊ မြန်မာနိုင်ငံမျိုးစေ့မူဝါဒနဲ့ လယ်ယာမြေ၊ လယ်သမားတွေနဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဥပဒေတွေမှာ ဒီ နီယိုလစ် ဘရယ်လမ်းကြောင်းကို အထင်အရှား တွေ့ရပါတယ်။

ဒီအရှေ့တောင်အာရှမှာ အများဆုံး တွေ့ခဲ့ရတဲ့ နီယိုလစ်ဘရယ်မော်ဒယ်တွေမှာ (၁) စိုက်ပျိုးရေးကဏ္ဍကို ပြုပြင် ပြောင်းလဲရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပြီး မက်လုံးအဖြစ် စည်းမျဉ်းစည်းကမ်းများကို အနည်းဆုံး လျှော့ထား ပေးတာ (၂) စိုက်ပျိုးရေးကို စက်မှုလုပ်ငန်းသဖွယ် အကြီးစားလယ်ယာတွေ အကောင်အထည် ဖော်တာ၊ စက်အား နိုင်နင်း သော စိုက်ပျိုးရေးကုမ္ပဏီကြီးများနှင့် တွဲဖက်လုပ်ကိုင်ခြင်းကသာ ဈေးကွက်ဝင်ရောင်းပန်းလှတဲ့ ထုတ်ကုန်များ အမြန် ထုတ်လုပ်နိုင်မယ်လို့ ယူဆပြီး ပြုပြင်ပြောင်းလဲမှုများကို အဲဒီမူအတိုင်း ဆောင်ရွက်တာ (၃) ယခင်က အစိုးရပိုင်ဖြစ်ခဲ့သော ရပ်ရွာဆိုင် အများပိုင်ဖြစ်ခဲ့သော မြေများကို ပုဂ္ဂလိကပိုင်လွှဲ ပြောင်းပေးလိုက်ခြင်းဖြင့် တထစ်ချ အထွက်တိုးစီးပွားဖြစ်လာမယ်လို့ ယူဆ ဆောင်ရွက်တာ (၄) တနိုင်တပိုင် စိုက်ပျိုးရေး ဆောင်ရွက်ကြသော တောင်သူများ၊ လယ်သမား ကလေးများနှင့် တောင်ယာလုပ်ငန်းများဟာ ခေတ်မမီတော့လို့ သူတို့ကို ကုမ္ပဏီက လမ်းညွှန် စေတာ။ ဒီလိုသဘောတရားတွေကို လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ ချမှတ်ခဲ့တဲ့ မူဝါဒတွေ လမ်းညွှန်ချက် တွေမှာ အများကြီး အသားပေးထားပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးမဟာဗျူဟာ၊ မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍ လမ်းပြမြေပုံ၊ ဆန်အိုးမှသည့် စားဖွယ်စုံ ခြင်းတောင်း ဆီသို့ စက္ကူဖြူစာတမ်း၊ မြန်မာနိုင်ငံမျိုးစေ့မူဝါဒနဲ့ လယ်ယာမြေ၊ လယ်သမားတွေနဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဥပဒေတွေမှာ ဒီ နီယိုလစ် ဘရယ်လမ်းကြောင်းကို အထင်အရှား တွေ့ရပါတယ်။

မန္တလေးတိုင်းအတွင်းရှိ ဖရဲယာခင်းတခင်း/ဧရာဝတီ

ဒါပေမယ့် အင်ဒိုနီးရှား၊ ထိုင်းအစရှိတဲ့ ကမာ္ဘကြီးရဲ့ မီးဖိုချောင်ဆိုတဲ့ နေရာတွေဟာ ဈေးကွက်ကို ဦးစား ပေးခဲ့တယ် ဆိုပေမယ့် အစိုးရက လယ်သမားတွေအတွက် ထမ်းပေးရမယ့် တာဝန်တွေကို (ဥပမာ- နည်းပညာ ပံ့ပိုးပေးတာ၊ ငွေကြေး ပံ့ပိုးတာ၊ ဈေးကွက်ကို ကာကွယ်ပေးတာ အစရှိသည်ဖြင့်) သူ့ပခုံးပေါ်ကနေ လျှော့ချပစ်လိုက်တဲ့ ပုံစံတွေ မလုပ်ခဲ့တဲ့ အတွက်ကြောင့် လယ်သမားတွေဟာ အထိုက်အလျောက် ခံသာပါတယ်။

မေး။ ။ ကျနော်တို့ စိုက်ပျိုးသီနှံတွေက ပြည်ပဈေးကွက်ကိုပဲ မှီခိုနေရတဲ့အတွက် ကိုဗစ် စဖြစ်ခြင်းမှာ တရုတ် ဈေးကွက်ကိုပဲ အဓိကထားနေရတဲ့ ဖရဲသီးတွေပေါ့ တော်တော်များများ ဆုံးရှုံးမှုတွေ ဖြစ်ကုန်တယ်။ ဒါကြောင့် ပြည်တွင်း စိုက်ပျိုးသီးနှံတွေက ကမာ္ဘ့ဈေးကွက်တွေကို အရင်ကထက် ပိုအားပြုပြီး မှီခိုလာရတာက နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာနိုင်လဲ။

ဖြေ။ ။ အခုနောက်ဆုံး ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ကတော့ The High Level Panel of Experts (HLPE) အစိုးရတွေကို နိုင်ငံတကာ စားနပ်ရိက္ခာကွင်းဆက်များကို လိုက်လျောပြီး အလိုကျ ဆောင်ရွက်နေ ကြခြင်းကို စွန့်ပြီး မိမိတို့တိုင်းပြည်မှာ ထုတ်လုပ်တဲ့ စားနပ်ရိက္ခာကို မိမိတို့ နိုင်ငံက စားသုံးနိုင်မှု မြင့်မားလာအောင် ဇောင်း ပေးဆောင်ရွက်ဖို့ (ဥပမာ-နိုင်ငံရဲ့ စားနပ်ရိက္ခာ၏ ၈၀ ရာခိုင်နှုန်းမှာ ပြည်တွင်းဖြစ်များဖြစ်လာသည်အထိ ဖြစ်လာဖို့ အကြံပေးပါတယ်)။

မိမိဈေးကွက်ကို မိမိတိုင်းပြည်မှ လယ်သမားတို့၏ ထုတ်ကုန်များကသာ များများစားစား စိုးမိုးနိုင်လာစေဖို့၊ ကမာ္ဘပတ်နေတဲ့ နိုင်ငံတကာ စားသောက်ကုန်လုပ်ငန်း ကွင်းဆက်ကြီးများကို လမ်းကြောင်းတိုတိုပဲထားပြီး အန္တရာယ်ကို လျှော့ချဖို့ ပြော ထားပါတယ်။ ဆိုလိုတာက စားနပ်ရိက္ခာထုတ်လုပ်ပြီး ဖြန့်ဖြူးရတဲ့ လမ်းကြောင်းရှည်လေ အောက်ခြေ လယ်သမားအတွက် နစ်နာနိုင်ခြေ ပိုများလေဖြစ်တယ်။ နောက်ပြီး ရေရှည်မှာတော့ ကမာ္ဘကြီးပူနွေးလာတာကို ကုစားဖို့ ခရီးချုံ့ ပစ်တာက ကာဗွန်လျှော့ချစေတဲ့နည်းဖြစ်တယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမူဝါဒတွေမှာ Food Sovereignty နဲ့ စိုက်ပျိုးရေး ဂေဟဗေဒရှုထောင့်က ကြည့်ပြီး မူဝါဒတွေ ချမှတ်တာရော ရှိနေလား။ ဘယ်လိုအခြေအနေများရှိလဲ။ နောက်တခုက နိုင်ငံတနိုင်ငံရဲ့ ရေရှည် စားနပ်ရိက္ခာ ဖူလုံဖို့ ကိုယ့်ဘာသာ စီမံပိုင်ခွင့်ရှိဖို့ ဘယ်လိုမူဝါဒမျိုးတွေ လုပ်ဖို့ လိုနေလဲ။

စားနပ်ရိက္ခာ အချုပ်အခြာ လို့ပြောရင် ဒီအတွေးအခေါ်ကို ပြောလာကြတာ ၁၉၉၇ လောက်ကမှ ဖြစ်ပြီး မြန်မာပြည်မှာတော့ မူဘောင်တခုအနေနဲ့ တစိတ်တပိုင်း အခြေခံ စဉ်းစားတာမျိုး ရှိနိုင်သော်လည်း လက်တွေ့မှာ လိပ်ပတ်လည်အောင် ကျင့်သုံးတာ နည်းပါတယ်။

ဖြေ။ ။ စားနပ်ရိက္ခာအချုပ်အခြာ Food sovereignty ဆိုတဲ့ အယူအဆနဲ့ Food security ဆိုတဲ့ စားနပ်ရိက္ခာ ဖူလုံရေးဆိုတဲ့ စားစရာရှိရင် တော်ပြီဆိုတဲ့ စဉ်းစားပုံနဲ့ ကွာပါတယ်။

စားနပ်ရိက္ခာ အချုပ်အခြာ လို့ပြောရင် ဒီအတွေးအခေါ်ကို ပြောလာကြတာ ၁၉၉၇ လောက်ကမှ ဖြစ်ပြီး မြန်မာပြည်မှာတော့ မူဘောင်တခုအနေနဲ့ တစိတ်တပိုင်း အခြေခံ စဉ်းစားတာမျိုး ရှိနိုင်သော်လည်း လက်တွေ့မှာ လိပ်ပတ်လည်အောင် ကျင့်သုံးတာ နည်းပါတယ်။

ဥပမာ- ဓာတ်မြေသြဇာကုမ္ပဏီတွေ ပိုချမ်းသာလာတဲ့ မူဝါဒတွေနောက်ကိုပဲ ရောက်ရောက်သွားတာပါ။ နောက်ပြီး လက်ရှိဖြစ်နေတဲ့အခြေအနေတွေက စာရွက်ပေါ်မှာ ရှိနေတဲ့ မူက တကယ်ဖြစ်လာတာက တမျိုးတွေပါ။ Food sovereignty ရဲ့ အခြေခံသဘောတရား ၇ ချက်မှာ
(၁) ကျန်းမာသော၊ ယဉ်ကျေးမှုနှင့်လျော်ညီသော စားနပ်ရိက္ခာကို ရနိုင်စေရန် လူအတွက် စားနပ်ရိက္ခာကို အဓိကထားခြင်း။
(၂) စားနပ်ရိက္ခာ ထုတ်လုပ်သော တောင်သူကလေးများကို အလေးထားခြင်း၊ ကော်ပိုရိတ်နှင့် အစိုးရက အသေးစား တောင်သူများအပေါ် အနိုင်ကျင့်ရာရောက်သည့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်ခြင်း။
(၃) ပြည်တွင်းဖြစ်ကို အားပေးခြင်း၊ အတားအဆီးမရှိ လွတ်လပ်သော ကုန်သွယ်ရေးမှာ ဖွံ့ဖြိုးပြီးနိုင်ငံများကိုသာ အကျိုး အမြတ်များစေပြီး အဆင်သင့်မဖြစ်သော နိုင်ငံအတွက် အန္တရာယ်များရှိသောကြောင့် မိမိတို့ဌာနေလုပ်ငန်းများကို ကြိုတင် မြော်မြင် ကာကွယ်ခြင်း။
(၄) စားနပ်ရိက္ခာနှင့် ပတ်သက်သော လွတ်လပ်ခွင့် အချုပ်အခြာပိုင်ခွင့်မှာ ဘုံနယ်မြေများ တည်ရှိခြင်းနှင့် များစွာ သက်ဆိုင်နေသောကြောင့် အများဆိုင် ဘုံဆိုင်မြေများ မပျောက်ကွယ်အောင် ထိန်းသိမ်းခြင်း။
(၅) ဌာနေရပ်ရွာက ဝမ်း”လှ”ခြင်းက ပထမ၊ နိုင်ငံခြားကုန်သွယ်မှုက ဒုတိယ စဉ်းစားခြင်း။
(၆) နည်းပညာက လူ၏လုပ်အားကို အစားထိုးဝင်ရောက်လာခြင်းကြောင့် ပြည်သူတို့၏ ရိက္ခာ ထုတ်လုပ်ပိုင်ခွင့် နှင့် လယ်သမားများ အပါအဝင်စားသောက်ကုန် ထုတ်လုပ်သူ အသိုက်အမြုံကို မပျက်စီးစေခြင်း။
(၇) သဘာဝကို ထပ်မံပျက်စီးစေသော နည်းလမ်းများ မသုံးရခြင်း စတာတွေ ပါပါတယ်။

မေး။ ။ မြန်မာနိုင်ငံက ကိုဗစ်ကာလမှာ ပြည်သူတို့ ရိက္ခာဖူလုံရှိစေဖို့ စားနပ်ရိက္ခာဖူလုံရေး စီမံကိန်းတွေ ရေးဆွဲနေတယ်။ ဒါမတိုင်မီကလည်း နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ အသစ်ရေးဆွဲထားတဲ့ မဟာဗျူဟာတွေ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးမူဝါဒတွေက ဈေးကွက်ထဲက ကုမ္ပဏီအကြီးစားတွေရဲ့ အသံကို အများဆုံး ကိုယ်စားပြု နေပြီး တောင်သူတွေရဲ့ အကျိုးကို မကာကွယ်နိုင်တဲ့ အချက်ပေါင်းများစွာ ပါဝင်နေတယ် ဆိုပြီး ဆရာမ စာတမ်းမှာ တွေ့ရတယ် ပေါ့။ ဒီအချက်တွေက ဘာတွေလဲ။

ဖြေ။ ။ လယ်သမားနဲ့ ကုမ္ပဏီဟာ အတူတူပဲ၊ ကုမ္ပဏီတွေဟာလည်း လယ်သမားပဲလို့ အခုအစိုးရ သက်တမ်းထဲမှာ နိုင်ငံခေါင်းဆောင် ၁ ဦးက ပြောပါတယ်။ မျိုးစေ့ ကုမ္ပဏီတွေရဲ့ အရောင်းပွဲတော်တခုမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောခဲ့တာပါ။ အဲဒီ အယူအဆက Food Sovereignty သဘောတရားတွေနဲ့ ဆန့်ကျင် နိုင်ပါတယ်။

အခု မြန်မာကတော့ The National Biodiversity Strategy and Action Plan မှာတော့ မြန်မာနိုင်ငံရဲ့ မျိုးဗီဇပဒေသာကို ထိန်းသိမ်းဖို့မူဝါဒ ရှိပေမယ့် တကယ့် မျိုးစေ့နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေမှာတော့ ဈေးကွက်ရဲ့ ခြယ်လှယ်မှု အောက်ကို တောင်သူအငယ်တွေ ရောက်သွားစေပါတယ်။ သူတို့လက်ထဲက မျိုးဗီဇတောင် မြန်မြန် လုံးပါးပါးမယ့် အခြေအနေပါ။

ဘာကြောင့်လည်း ဆိုတော့ Food sovereignty မှာကတော့ တောင်သူငယ်တွေ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုးမှာ ဘဝ ယိုင်နဲ့လွယ်တဲ့ တောင်သူငယ်တွေကို မူဝါဒတွေက ပိုစဉ်းစားပေးရတာမျိုးပါ။

အခု မြန်မာကတော့ The National Biodiversity Strategy and Action Plan မှာတော့ မြန်မာနိုင်ငံရဲ့ မျိုးဗီဇပဒေသာကို ထိန်းသိမ်းဖို့မူဝါဒ ရှိပေမယ့် တကယ့် မျိုးစေ့နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေမှာတော့ ဈေးကွက်ရဲ့ ခြယ်လှယ်မှု အောက်ကို တောင်သူအငယ်တွေ ရောက်သွားစေပါတယ်။ သူတို့လက်ထဲက မျိုးဗီဇတောင် မြန်မြန် လုံးပါးပါးမယ့် အခြေအနေပါ။

တကမာ္ဘလုံးမှာလည်း ဒီအတိုင်းပဲဖြစ်ခဲ့တာပါ။ အရင်က ဖြစ်ခဲ့ပြီးတာတွေကို ပြန်အဖတ်ဆည်လို့ မရတော့ပေမယ့် အခု ရာသီဥတုပြောင်းလဲလာတဲ့ အခြေအနေမှာ မျိုးဗီဇ ကြွယ်ဝမှုက ပိုအရေးကြီးလာပါတယ်။ တောင်သူတွေလက်ထဲက မျိုးစေ့ကို ဆက်မထိန်းနိုင်အောင် ဈေးကွက်ကို မှီခိုလာအောင် တွန်းပို့နေတဲ့ အခြေအနေတွေကို ဖော်ဆောင်လာတာဟာ ကုမ္ပဏီကိုလည်း လယ်သမားပဲလို့ တွေးလိုက်တာကြောင့် ဖြစ်လာပုံရပါတယ်။

ဥပမာ- မြန်မာနိုင်ငံရဲ့ အပင်မျိုးသစ်ဥပဒေကို ၂၀၁၆ မှာ အတည်ပြုခဲ့ပါတယ်။ ပြီးတော့ အဲဒီ ဥပဒေ အသစ်စက်စက်ကိုပဲ မျိုးစေ့ကုမ္ပဏီတွေ အလိုကျ ၂၀၁၇ မှာ ထပ်မံပြင်ဆင်ခဲ့ပြီး နိုင်ငံတကာ မျိုးစေ့ကုမ္ပဏီတွေကို လမ်းကြောင်းပိုပြီး ကျယ်ကျယ် ဖွင့်ပေးနိုင်မယ့် ဈေးကွက်ချဲ့ပေးမယ့်လမ်းကို မြန်မာဟာ ရွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ တနိုင်တပိုင် အော်ဂဲနစ် စိုက်ပျိုးရေးခြံတခြံ/ဧရာဝတီ

မျိုးသန့် မှတ်ပုံတင်ရေးဆိုတဲ့ အစီအစဉ်နဲ့ မျိုးသန့်ကိုသာလျှင် ဖြန့်ဖြူးခွင့်ရှိတယ်ဆိုတဲ့ စနစ်တခုကို အစပြုလာပါတယ်။ ဓာတ်ခွဲခန်းမှာ အစမ်းသပ်မခံထားရင်၊ ဓာတ်ခွဲခန်းက အတည်မပြုရင် မျိုးသန့်အဖြစ် ဈေးကွက် တင်လို့မရတဲ့မူဟာ ဥရောပဘက် အမေရိကဘက်မှာ စတင်လာတဲ့မူပါ။ သူတို့ဆီမှာ ဖြစ်ခဲ့တဲ့ အကျိုးဆက်ကတော့ နှစ်လေးဆယ်အတွင်း အပင်မျိုးဗီဇများစွာ ကွယ်ပျောက်ကုန်ပြီး ရောင်းတမ်းစိုက်တဲ့ မျိုးနည်းနည်းပဲ ကျန်ရစ်ခဲ့တာကြောင့် ကမာ္ဘ့ ဇီဝပဒေသာ ဆင်းရဲသွားတာပါပဲ။ မြန်မာက ဒီလမ်းကို ထပ်ချပ်မကွာလိုက်နေတယ်။

ဒါ့အပြင် ထိုင်းတို့ မလေးရှားတို့တောင် လက်မှတ်မထိုးဘဲ တင်းခံထားတဲ့ UPOV ဆိုတဲ့ the International Convention for the Protection of New Varieties of Plants 1991 (UPOV 1991) ကို လက်မှတ်ထိုးဖို့ အလျင်စလို လျှောက်လွှာတင်ပြီး ပြည်တွင်းဥပဒေကိုလည်း အဲဒီစာချုပ်နဲ့ ညီညွတ်အောင် အမြန် ပြင်ဆင်ပေးခဲ့တယ်။

မလေးရှားနဲ့ ထိုင်းဟာ ဒီစာချုပ်ကို လက်မှတ်မထိုးဘဲ နှစ်သုံးဆယ် တင်းခံခဲ့တာ အကြောင်းရှိပါတယ်။ လယ်သမားတွေဟာ သူတို့ဘာသာ စုဆောင်းရောင်းချစီမံနေတဲ့ မျိုးစေ့စနစ် နိဂုံးချုပ်သွားပြီး မျိုးစေ့ သုတေသန၊ မျိုးစေ့ အသစ်ထုတ်ခြင်း ရောင်းဝယ်ခြင်းတို့ကို အဆင့်မြင့်ပညာ တတ်ကျွမ်းတဲ့ ကုမ္ပဏီကပဲ နေရာဝင်ယူပြီး သာမာန်လယ်သမားများရဲ့ စီမံ ရောင်းချခွင့်ကို ရောင်းတမ်းဝင်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်နိုင်တဲ့ အန္တရာယ်ရှိလို့ပါ။

မေး ။ ။ အစိုးရက အခုဆိုရင် လယ်သမားတွေ ဘဝ ပိုဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး ကန်ထရိုက်လယ်ယာ စနစ်ကို တော်တော် လုပ်လာတာတွေ့ရှိတယ်။ ဒါကလည်း ကြာလာရင် ကုမ္ပဏီကြီးတွေကပဲ စိုက်ဧက များများ လုပ်ကိုင်ခွင့်ရလာပြီး သူတို့အတွက် အကျိုးအမြတ်ရတဲ့ သီးနှံကိုပဲ စိုက်ပျိုးလာရင် စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်စရာ ရှိလာနိုင်တယ်ဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးဖို့နဲ့ စားနပ်ရိက္ခာဖူလုံမှု ဒီနှစ်ခုကို ဘက်မျှအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ။

ဖြေ ။ ။ ဘယ်အစိုးရတက်တက် ကုမ္ပဏီကို ပိုဦးစားပေးပြီး ဈေးကွက်တခုတည်းကျယ်ပြန့်လာဖို့ ဦးစားပေးပြီး စဉ်းစား တာဟာ ရေရှည်မှာ နစ်နာစရာတွေ ရှိလာပါတယ်။ ကန်ထရိုက်လယ်ယာစနစ်ဟာ ဘောလုံး ပွဲ ၁ ခုလို ဒိုင်က သမာသမတ်ကျနိုင်ဖို့ လိုပါတယ်။

နို့မို့ရင်တော့ လယ်သမားဟာ ဒိုင်မရှိတဲ့ ဘောလုံးပွဲမှာ ကိုယ့်ထက်ပိုအားကြီးတဲ့ သူနဲ့ ကန်နေရသလိုဖြစ်ပြီး နောက်ဆုံး ကွင်းထဲက ထွက်သွားရတဲ့ဆီကို ရောက်သွား နိုင်ပါတယ်။ အထူးသဖြင့် မြန်မာလယ်သမားဟာ ပိုပြီး ခါးမသန်ပါဘူး။

စည်းကမ်းတွေက ကုမ္ပဏီကိုလည်း မနစ်နာစေသင့်သလို လယ်သမားရဲ့ လက်ရှိ ထိလွယ်ရှလွယ် အခြေအနေကို ထည့်သွင်း စဉ်းစားထားတဲ့ အကာအကွယ်တွေ တကယ် အသက်ဝင်နေရပါမယ်။

နို့မို့ရင်တော့ လယ်သမားဟာ ဒိုင်မရှိတဲ့ ဘောလုံးပွဲမှာ ကိုယ့်ထက်ပိုအားကြီးတဲ့ သူနဲ့ ကန်နေရသလိုဖြစ်ပြီး နောက်ဆုံး ကွင်းထဲက ထွက်သွားရတဲ့ဆီကို ရောက်သွား နိုင်ပါတယ်။ အထူးသဖြင့် မြန်မာလယ်သမားဟာ ပိုပြီး ခါးမသန်ပါဘူး။

ဟိုးအရင်ကတည်းက အခြားနိုင်ငံတွေက လယ်သမားတွေရတဲ့ အထောက်အပံ့မျိုးကို သူက မရခဲ့ပါဘူး။ ဒါ့ကြောင့် အခုလက်ရှိကိုဗစ်အလွန်ကို မျှော်ကြည့်တဲ့ ပညာရှင်တွေက တောင်သူငယ်တွေရဲ့ အရေးကိုရှေ့တန်း မှ ပိုထားဖို့ အဓိက တိုက်တွန်းနေချိန်ပါ။

ဒါပေမယ့် ကိုဗစ်လို အခြေအနေမှာတော့ တကယ်ကျရှုံးလွယ်တာ အဲဒီလို ကမာ္ဘပတ်လမ်းကြောင်းမှာ နေရာ ယူထားတဲ့ အကြီးစားလုပ်ငန်းတွေပါ။ အသေးစားတွေက ပိုပြီး ပြန်နာလန်ထလွယ်တယ်လို့ လက်ရှိ ကိုဗစ် အတွင်းထွက်လာတဲ့ သုတေသနတွေက ဆိုပါတယ်။ ပြီးတော့ အကြီးစားတွေဟာ အမြတ်ကို ဦးစားပေးပြီး သဘာဝပတ်ဝန်းကျင်နဲ့ လယ်သမား အလုပ်သမားအခွင့်အရေးကို သိပ်ဂရုမစိုက်တာမို့ အပျက်အစီးများ တာကြောင့် ခုနောက်ပိုင်း အနာဂတ်အတွက် ပညာရှင် များရဲ့ အကြံပေးချက်တွေက တောင်သူငယ်တွေ သာလျှင် ကမာ္ဘကို ရေရှည်ကယ်နိုင်တယ်လို့ သတိပေးကြတဲ့ အကြောင်းပါ။

ကော်ပိုရေးရှင်းတွေ လယ်ယာထဲ ကြီးစိုးလာရင် ကုန်ထုတ်လုပ်မှုရော သဘာဝပတ်ဝန်းကျင် အပျက်အစီးရော တိုးကောင်း တိုးနိုင်ပါတယ်။ အဲဒီအခါ တိုးလာတဲ့ဝင်ငွေက လယ်သမားတွေရဲ့ ဘဝစိုပြေရေးအတွက် ဖြစ်ချင်မှ ဖြစ်ပေမယ့် မြေဆီလွှာနဲ့ သဘာဝပတ်ဝန်းကျင်အပျက်ကိုတော့ လယ်သမားဆီမှာ ချန်ရစ်လေ့ရှိပါတယ်။

You may also like these stories:

တောင်သူတွေဘဝ လှစေမယ့် ပေါ်လစီတွေ သေချာလုပ်ဖို့ လိုပြီ

အစိုးရ လယ်ယာဖွံ့ဖြိုးရေး ဆောင်ရွက်ချက် တောင်သူအတွက် ထိရောက်ရန်လို

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖောင်လုပ်ငန်း ပြောင်းလဲလာမလား

Your Thoughts …
Tags: Food Sovereigntyစားနပ်ရိက္ခာစိုက်ပျိုးရေးတောင်သူသားငါးကဏ္ဍ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

တရုတ်- မြန်မာ နယ်စပ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း / ဧရာဝတီ

တရုတ်နယ်စပ် ဖြတ်လေးဖြတ်ကြောင့် ငတ်နေကြသတဲ့လား

by သက်ထားမောင်
4 December 2024
3.1k

စစ်တပ်မှ အချို့က စစ်ကောင်စီနှင့် တရုတ်တို့ ပူးပေါင်းပိတ်ဆို့၍ ထိုဒေသရှိလူများ အကုန်လုံး ငတ်နေကြပြီဟု ထင်နေကြခြင်းဖြစ်၏။

ဂွသို့ ဆုတ်ခွာနေသည့် စစ်တပ် ချင်းကွင်းတံတားကို မိုင်းခွဲ

ဂွသို့ ဆုတ်ခွာနေသည့် စစ်တပ် ချင်းကွင်းတံတားကို မိုင်းခွဲ

by ရိုးကျော်
25 July 2024
2.6k

သံတွဲမြို့ကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် သံတွဲတောင်ဘက် ဂွမြို့နယ်ဘက်သို့ ဆုတ်ခွာတပ်စွဲနေပြီး ဒေသခံများအား လုံခြုံရေးအထူးတင်းကျပ်ထားသလို စစ်တပ်ဂိတ်များကိုလည်း ခြံစည်းရိုးများဖြင့် ကာရံထားကြောင်း

စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ

စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ

by ရိုးကျော်
20 January 2024
2.4k

သံတွဲဒေသရဲ့ ထင်သာမြင်သာရှိတဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွား လာရေးလုပ်ငန်းတွေကို ပိတ်ဆို့လိုက်သလို လုပ်ငန်းအားလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ စက်သုံးဆီ ရောင်းဝယ်ဖောက် ကားမှုတွေကိုပါ ကန့်သတ်လိုက်တာပါ။

သင်္ကြန် ရန်ကုန်စတိုင်

သင်္ကြန် ရန်ကုန်စတိုင်

by မောင်သော်က
12 April 2025
2k

သူ့ခေတ်ရဲ့ သရုပ်ကို ထင်ဟပ် စေခဲ့သလို ဒီဘက် ခေတ်တွေမှာလည်း သူ့ခေတ်နဲ့သူ တာစားခဲ့တဲ့ သင်္ကြန် သံချပ်တွေ ရှိပါကြတယ်…

ဆန်အိတ် ခံကတုတ် တွေ့ပြီးနောက် အလွဲသုံးစားလုပ်မှုကို WFP ရှုတ်ချ

ဆန်အိတ် ခံကတုတ် တွေ့ပြီးနောက် အလွဲသုံးစားလုပ်မှုကို WFP ရှုတ်ချ

by ဟိန်းထူးဈာန်
21 December 2024
1.7k

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP သိုလှောင်ရုံကို စစ်ကောင်စီတပ်များက လုယက် မီးရှို့သည်ဟု စွပ်စွဲခံရပြီးနောက် ခြောက်လအကြာတွင် ထိုသတင်းများ ထွက်လာခြင်းဖြစ်သည်။

Next Post
ကမ္ဘာကျော် BTS အဖွဲ့

ကိုဗစ်ကာလဖြစ်ပေမယ့် အရင်ထက် အမြတ်ငွေ နှစ်ဆရတယ်လို့ BTS ရဲ့ အေဂျင်စီ ဆို

တောင်ကိုရီးယားနိုင်ငံမှာ စည်းကမ်းချက်သစ်ကြောင့် အများပြည်သူသွားလာရာ နေရာတွေမှာ မဖြစ်မနေ Mask တပ်ဆင်ရပါတော့မယ်။

တောင်ကိုရီးယားမှာ မဖြစ်မနေ Mask တပ်ရမယ့် စည်းကမ်းချက် ထုတ်ပြန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved