• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဒေါက်တာ ဆာဆာနဲ့ KNU ဘာတွေဆွေးနွေးခဲ့ကြလဲ

by ဧရာဝတီ
7 March 2021
in အင်တာဗျူး
A A
ဒေါက်တာ ဆာဆာနှင့် KNU ခေါင်းဆောင်များ အွန်လိုင်းကတဆင့် တွေ့ဆုံမှု

ဒေါက်တာ ဆာဆာနှင့် KNU ခေါင်းဆောင်များ အွန်လိုင်းကတဆင့် တွေ့ဆုံမှု

21.5k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာသည်  မတ် ၅ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် အွန်လိုင်းအစည်းအဝေးတခု ပြုလုပ်ပြီး တွေ့ ဆုံ ဆွေးနွေးခဲ့သည်။

KNU သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ရေးထိုးကာ နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်နေသည်မှာ ၅ နှစ်ကျော် ရှိပြီဖြစ်သော်လည်း တပ်မတော်က အာဏာ သိမ်းလိုက်ပြီးနောက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးမှုကို ရပ်ဆိုင်းထားမည်ဟု ကြေညာထားသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဒေါက်တာဆာဆာနှင့် ဆွေးနွေးခဲ့မှုများ၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအပေါ် KNU ၏ ရပ်တည်ချက်များအား ဧရာဝတီက KNU ၏ ဒု-ဥက္ကဌ ပဒိုကွယ်ထူးဝင်းကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။   ။ ဒေါက်တာဆာဆာနဲ့ ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။

ဖြေ ။    ။ ကျနော်တို့ ဆွေးနွေးတယ်ရယ်လို့ မဟုတ်ဘူး။ မိတ်ဆက်တဲ့ သဘောလည်း ဖြစ်တယ်။ သူတို့ရဲ့ဆောင်ရွက်မှု၊ သူ့ရဲ့အနေအထား။ ရှေ့ဆက် ကျနော်တို့ ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာ ဘာမှတော့ ဆွေးနွေးတာ မရှိပါဘူး။ မိတ် ဆက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
2.6k
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
3.5k
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
110

မေး ။   ။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ KNU အနေနဲ့ CRPH ကို အသိအမှတ် ပြုပါသလား။ ဒါမှမဟုတ် စစ်ကောင် စီကိုရော အစိုးရတရပ်အနေနဲ့ အသိအမှတ် ပြုထားပါသလား။

ဖြေ ။    ။ နှစ်ပိုင်းရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအရတော့ NLD က အနိုင်ရတယ်။ နောက်တခုက အစိုးရသက်တမ်းက မတ်လကုန်ထိ ရှိပါတယ်။ ဒီကာလအတွင်းမှာ တပ်မတော်က အာဏာသိမ်းတော့ အစိုးရက ဖွဲ့နိုင်တဲ့အနေအထား မရှိတော့ ဘဲ CRPH က သူတို့ရဲ့ တရားဝင်မှုအရ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာအတိုင်း ဆောင်ရွက်နေတော့ ကျနော်တို့က ဘာ မှ ပြောစရာ မလိုဘူး။ သူတို့ အဖွဲ့အစည်းရဲ့ ဆောင်ရွက်မှုပဲပေါ့။

တပ်မတော်ပိုင်းကျတော့ ကျနော်တို့ နဂိုတည်းက သဘောထား ရှိပြီးသား ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း နဲ့ပဲ ရှင်းရမယ်လို့ ကျနော်တို့ တောင်းဆိုတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးယဉ်ကျေးမှုအသစ်နဲ့ နိုင်ငံရေး ပြဿ နာတွေကို အကြမ်းဖက်တဲ့ နည်းနဲ့မဟုတ်ဘဲ ရှင်းဖို့ဆိုတာ ကျနော်တို့က လက်ခံထားတယ်။ ဒီလို အာဏာသိမ်းတာက အာ ဏာသိမ်းတယ် ပြောပြော ရယူတယ်ပဲ ပြောပြောပေါ့။ အဲဒီ အာဏာ မသိမ်းခင် ဇန်နဝါရီ ၂၉  ရက်နေ့မှာ ကျနော်တို့ သဘောထား ထုတ်ပြန်ခဲ့တယ်။ ဒီရွေးကောက်ပွဲရဲ့ ရလဒ်က နိုင်ငံတကာမှာလည်း ဖြစ်လေ့ရှိတယ်။ သို့သော် ဥပဒေ ကြောင်းအရ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်လို့ ကျနော်တို့ တိုက်တွန်းတာရှိတယ်။ ဒီလို အာဏာရယူခြင်း အားဖြင့်တော့ ကျနော်တို့က အသိအမှတ်ပြုဖို့ အနေအထားတော့ မရှိဘူး။ သို့သော် လတ်တလောမှာ တရားဝင်အစိုးရက NLD ဖြစ်သော် လည်း အာဏာကတော့ တပ်မတော်လက်ထဲမှာ ရှိနေတယ်။ ကျနော်တို့ အနေနဲ့က နှစ်ဖက်လုံးကို တွေ့ဆုံဆွေးနွေးဖို့ပဲ တိုက်တွန်းချင်ပါတယ်။

KNU ၏ ဒု-ဥက္ကဌ ပဒိုကွယ်ထူးဝင်း (ဓာတ်ပုံ – ဧရာဝတီ)

မေး ။   ။ KNU က ဖက်ဒရယ် ပြည်ထောင်စုအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၁၀ နှစ်တာမှာ တောက်လျှောက် ပါဝင်လာ ပေမယ့် အခု အာဏာသိမ်းလိုက်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းက နောက်ပြန်လှည့်သလို ဖြစ်သွားပြီ။ ဒီအခြေ အနေမှာ KNU အနေနဲ့ ဘာဆက်လုပ်ပါမလဲရှင့်။

ဖြေ ။    ။ ကျနော်တို့ အနေအထားတော့ ပြောင်းသွားသလို ဖြစ်ပါတယ်။ NCA ရဲ့ သဘောတူညီချက်အရ ဆွေးနွေးဖက်ရဲ့ ဘက်တဖက်က မူလအနေအထားမှာ မရှိတော့ဘူး။ NCA မှာ သဘောတူညီထားတာက လွှတ်တော်၊ တပ်မတော်ရယ်၊ အစိုးရရယ်ဆိုတာ ရှိတာကိုး။ အခုက တပ်မတော် တဖက်ပဲရှိတော့တယ်။ ပြည်သူက ရွေးကောက်ထားတဲ့ အစိုးရ မဟုတ် တဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲကြီး လုပ်ဖို့ကတော့ ကျနော်တို့ အခက်အခဲ ဖြစ်သွားပါတယ်။ သဘောကတော့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်မယ်ဆိုတာ NCA မှာလည်း သဘောတူထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ ဖွဲ့စည်း ပုံ ပြင်တာတို့၊ ဖျက်တာတို့ လုပ်ရမှာပေါ့။ ဒါပေမယ့် အခု အခြေအနေကတော့ အဲဒီလိုလုပ်လို့ရဖို့ မရှိဘူး။ တခြားနည်းလမ်း နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံတခုရဖို့ ကျနော်တို့ နည်းလမ်းရှာရမှာပဲ ဖြစ်တယ်။ အားလုံးနဲ့ ညှိရမယ့် သဘော ဖြစ်ပါ တယ်။ အခု လောလောဆယ်ကတော့ ကျနော်တို့ ဘယ်လိုမှ နိုင်ငံရေးကိစ္စ ဆွေးနွေးနိုင်တဲ့ အနေအထား မရှိပါဘူး။

မေး ။   ။ KNU အနေနဲ့ NCA ကို ဆက်လက် ဆုပ်ကိုင်ထားတုန်းလား။ ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပျက်သွား တဲ့ အခြေအနေမျိုး နောင်ကျရင် ဖြစ်လာနိုင်ပါသလား။

ဖြေ ။    ။ ကျနော်တို့ရဲ့ ရပ်တည်မှု ၊ ခံယူမှုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဖွဲ့စည်းပုံနဲ့လည်း သက်ဆိုင်တာကိုး။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရုန်းကန်မှု၊ လက်နက်ကိုင် နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးအတွက် ဦးတည်ဆောင်ရွက်တာ ရှိတယ်။ ငြိမ်းချမ်းရေးရဖို့ ဒီမှာရှိနေတဲ့ တိုင်းရင်းသားအားလုံးအတွက်၊ ဒီ နိုင်ငံက လူမျိုးစုတွေ အားလုံးအတွက်က တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံတရပ် လိုအပ် တာပေါ့။ ဒါမှလည်း ငြိမ်းချမ်းရေး ရှိမှာပါ။ ငြိမ်းချမ်းရေးလည်း ကျနော်တို့ ဆက်သွားမှာပါ။

ဒါပေမယ့် ကျနော်တို့ NCA ပေါ်မှာ ရပ်တည်ပြီး အကောင်အထည်ဖော်နိုင်တဲ့ အနေအထားတော့ အခု လောလောဆယ် မရှိပါဘူး။ သို့သော်လည်း  ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ရေးအတွက် ညှိနှိုင်းတဲ့ အပိုင်းတွေကတော့ ရှိမှာပါ။ လက်နက် ကိုင်နည်းလမ်းနဲ့ အဖြေရှာလို့ မရဘူးဆိုတာ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ သိထားပြီဖြစ်လို့ နိုင်ငံရေး နည်း လမ်းနဲ့ အဖြေရှာရမှာပါ။ သို့သော် အစုအဖွဲ့တွေက မူလက အနေအထား မရှိတော့ဘူး။ စစ်တပ်က အာဏာ ရယူထား ခြင်းကြောင့် နိုင်ငံရေးဆွေးနွေးပွဲက ဘယ်လိုမှ အကောင်အထည်ဖော် လုပ်ဆောင်လို့ မရဘူးလေ။ သီးခြား အဖွဲ့အစည်း ချင်း (နှစ်ဖက်တပ်ချင်း) ကတော့ Bilateral ရေးထိုးထားတော့ ရှိတယ်။ သို့သော် တဆင့်တက်ပြီး နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာကတော့ ကျနော်တို့ နည်းလမ်း ရှာရမှာပါ။

မေး ။   ။ စစ်ကောင်စီ ဘက်ကရော သူတို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားဖို့ ချဉ်းကပ်လာတာ ရှိပါသလား။

ဖြေ ။    ။ အဖွဲ့အစည်းတိုင်းလိုကို သူတို့ စာပို့ထားတာ ရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်းလည်း စာရပါတယ်။ အမျိုးသား ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ညှိနှိုင်းရေးအဖွဲ့က စာပို့တာပါ။ အကြောင်းကြားတဲ့ သဘောပေါ့။ မူလက ငြိမ်း ချမ်းရေးကို NCA မှာ သဘောတူထားတဲ့အတိုင်း ဆက်သွားမယ်ဆိုတဲ့ သဘော။ ဒါပေမယ့် ခုန ကျနော်ပြောတဲ့အတိုင်း နိုင် ငံရေးပိုင်းက ငြိမ်းချမ်းရေးနဲ့ ဆက်စပ်မှု ရှိတယ်။ နိုင်ငံရေးပိုင်းက လတ်တလောမှာ ဆွေးနွေးနိုင်တဲ့ အနေအထား မရှိဘူး။ သို့သော်လည်း စစ်ရေးကိစ္စမှာကျတော့ လက်နက်ကိုင် ပဋိပက္ခတွေ မရှိလာဖို့ ဆောင်ရွက်မယ့် အပိုင်းတော့ ရှိမှာပေါ့။ အဲဒါ တွေ အသိပေးတာ ရှိပါတယ်။

မေး ။   ။ KNU ဘက်ကရော စစ်ကောင်စီကို စာပြန်ပါသလား။

ဖြေ ။    ။ အခု လောလောဆယ်တော့ မရှိသေးပါဘူး။ ကျနော်တို့လည်း သတိထားပြီး ဆောင်ရွက်နေတဲ့အပိုင်း ရှိတာကိုး။ တနိုင်ငံလုံးမကပါဘူး ကျနော်တို့ KNU က မူလကတည်းက ဒီစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လာခဲ့တယ်ဆိုတော့ ဒီဟာ ကို လက်သင့်ခံတဲ့ အနေအထား မရှိဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ရှင်းရမယ်ဆိုတဲ့ ရပ်တည်ချက်ပဲ ခံယူ ပြီး ဆောင်ရွက်နေတာပါ။ အခုလို ဖြစ်နေတာလည်း မဖြစ်သင့်ဘူးလို့ပဲ ကျနော်မြင်တယ်။ ညှိနှိုင်းအဖြေရှာတာကပဲ ကျနော် တို့ နိုင်ငံအတွက် အကျိုးရှိမယ်လို့ ထင်တယ်။ ကျနော်တို့က တဖက်နဲ့တဖက် သံသယရှိမှုက မူလတည်းကကို ယုံကြည်မှု က နည်းပါးတဲ့အတွက် ဒီလို ဆောင်ရွက်ရခြင်းအားဖြင့် ယုံကြည်မှုကလည်း  ပိုလျော့တာပေါ့။ စိုးရိမ်မှုကလည်း ပါပါတယ်။

မေး ။   ။ ဒီရက်ပိုင်းမှာ ကရင်လူထုက လမ်းပေါ်ထွက် ဆန္ဒပြတဲ့နေရာတွေမှာ KNU တပ်ဖွဲ့ဝင်တွေ လိုက်ပါ လုံခြုံရေး ပေး နေတာတွေ မြင်ရပါတယ်။ အောက်ခြေတပ်တွေကို မှာကြားထားတာများ ရှိပါသလား။

ဖြေ ။    ။ အဲဒီ လိုက်ပါပေးတဲ့ နယ်မြေတွေက အစိုးရ ထိန်းချုပ်နယ်မြေ ဆိုတာထက် ကျနော်တို့နဲ့ ထိစပ်နယ်မြေတွေ အတွင်းပိုင်းတွေမှာ ဖြစ်ပါတယ်။ တချို့ကလည်း စိတ်ဓာတ်ရေးရာပိုင်းမှာ မျှော်လင့်တာကြောင့်လည်း ပါပါတယ်။ နောက်ပြီး မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်ဖို့အတွက်ပါပဲ။ လုံခြုံရေးယူတယ်ဆိုတာလည်း တချို့ မဖြစ်သင့်တာတွေ မဖြစ်ဖို့ပါ။ အထူးသဖြင့်တော့ အစိုးရနဲ့ ဆက်စပ်နယ်မြေတွေ၊ ကျနော်တို့ နယ်မြေအတွင်းပိုင်းတွေ ဆိုရင်တော့ ကျနော်တို့ စီမံခန့်ခွဲတဲ့  ဒေသတွေမှာ လုံခြုံရေးယူပေးတဲ့ သဘောဖြစ်ပါတယ်။  ကိုယ်ထိလက်ရောက် ပါဝင်တာတော့ မရှိပါဘူး။

မေး ။   ။ ဒီတော့ CRPH နဲ့ ပတ်သတ်လို့ ပြန်မေးချင်ပါတယ်။ KNU အနေနဲ့ CRPH နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် စနစ် ဖြုတ်ချရေးတို့အတွက် အတူပူးပေါင်း လုပ်ဆောင်တာမျိုးရော နောက်ပိုင်းမှာ မြင်ရဖို့ ရှိပါသလား။

ဖြေ ။    ။ လက်ရှိ အခြေအနေ တိုးတက်မှုတွေအပေါ်မှာ CRPH ရဲ့ သဘောထားတွေကလည်း ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းနဲ့ တူညီလာတဲ့ အပိုင်းတွေ ရှိပါတယ်။ မူလက သူတို့ရဲ့ ကြွေးကြော်သံတွေက ကျနော်တို့ ကြွေးကြော်သလို၊  တောင်းဆိုသလို၊ လူထုတွေတောင်းဆိုသလို မရှိဘူး။ အခုတော့ CRPH ရဲ့ ကြွေးကြော်သံ၊ သူတို့ရဲ့ ရည်မှန်းချက်တွေက ကျနော်တို့နဲ့ တူညီလာတဲ့ အပိုင်းတွေ ရှိတဲ့အပေါ်မှာ စုပြီးတော့ ကျနော်တို့ လုပ်ရမယ့် သဘောတော့ ဖြစ်ပါတယ်။

မေး ။   ။ ဒေါက်တာဆာဆာ ဘက်ကရော ရှေ့ဆက်သွားမယ့် နိုင်ငံရေးလမ်းကြောင်းတွေနဲ့ ပတ်သတ်လို့ KNU ကို ဘာတွေ ပြောတာ ရှိပါသလဲ။

ဖြေ ။    ။ သူတို့က အခုမှ နိုင်ငံတကာကို ထိုးဖောက်နေရတယ်။ သူတို့ အဖွဲ့အစည်းတွင်းမှာလည်း ညှိနှိုင်းနေရတယ်။ မူတွေ ချမှတ်နေရတာတွေ ရှိတယ်။ ဒါကတော့ သူတို့ အဖွဲ့အစည်းတွင်းထဲမှာပေါ့။ ကျနော်တို့ကိုလည်း ချဉ်းကပ်လာမယ့် သဘောတော့ ရှိမှာပေါ့။ အခု လောလောဆယ်မှာတော့ ကျနော်တို့က မိတ်ဆက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

မေး ။   ။ ပြည်မက မြို့ကြီးတွေမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းတာတွေကို လူထုက ခံရတော့ နိုင်ငံတကာတပ်တွေ ဝင်လာဖို့ မျှော်လင့်ကြသလို ပြည်တွင်းက တော်လှန်ရေး တိုင်းရင်းသား တပ်ဖွဲ့တွေကိုလည်း ကူညီပေးမလားဆိုပြီး မျှော် လင့်နေကြတာ ရှိပါတယ်။ အန်ကယ့်အနေနဲ့ ကရင်တော်လှန်ရေးခေါင်းဆောင် တဦးအနေနဲ့ ဒီအပေါ်မှာ ဘာတွေ များ ပြောပြလို့ ရနိုင်ပါမလဲ။

ဖြေ ။    ။ တစ်အချက်ကတော့ ပြည်သူလူထုက သူတို့ လက်မခံတဲ့ အနေအထား၊ ဆန္ဒကို ထုတ်ဖော်တာတော့ ဘယ်သူ မဆို လုပ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်းမှာကျတော့ ခုန ကျနော်ပြောသလို စစ်အာဏာရှင်စနစ်ကို  ကျနော်တို့ တောက်လျှောက် ဆန့်ကျင်တိုက်ပွဲ ဝင်လာတဲ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ရပ်တည်မှု၊ ဆန္ဒနဲ့ တ ထပ်တည်း ရှိတယ်လို့ ပြောလို့ ရပါတယ်။ မြို့တွင်းမှာဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တချို့က မျှော်လင့်တာတွေ ရှိတယ်။ ကျနော်တို့ကတော့ လက်နက်ကိုင်နည်းလမ်းနဲ့ အကာအကွယ်ပေးမယ်ဆိုရင် တဖက်က  အခွင့်အရေးပဲ ပြောရမလား။ နား လည်မှု လွဲပြီးတော့ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်တဲ့နည်းကို ပိုမိုသုံးလာရင် ကျနော်တို့ မျှော်လင့်တာနဲ့ ဖြစ်တာတွေ က တထပ်တည်း မဖြစ်ရင် လူထုလည်း နာပါမယ်။ ကျနော်တို့က အဲဒီလို မဖြစ်စေချင်ဘူး။

ကျနော်တို့ဆိုရင် လက်နက်ကိုင် နည်းလမ်းနဲ့ နှစ်ပေါင်း ၇၀ ရပ်တည်နေရတဲ့အတွက် အခက်အခဲ ရှိပါတယ်။ လူထုမှာ လည်း သူတို့ လိုလားချက်တွေကို တောင်းဆိုတာကတော့ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခု အခြေအနေမှာတော့ စစ် အစိုးရလို့ ပြောရမှာပေါ့။ သူတို့က လူထုရဲ့ တောင်းဆိုမှုကို အလေးထားဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

ကျနော်တို့ နိုင်ငံရဲ့ အာဏာက ပြည်သူလူထုဆီက ဆင်းသက်တာကိုး။ အဲဒီလို ဖြစ်လာတဲ့အပေါ်မှာ ကျနော်တို့ လက်နက် ကိုင် အဖွဲ့အစည်းတွေကိုလည်း အားမရတဲ့ အပိုင်းတွေလည်း ရှိမှာပဲ။ ကျနော် ခုန ပြောသလိုပါပဲ လက်နက်ကိုင် နည်းလမ်း နဲ့ လုပ်မယ်ဆိုရင် ပိုမိုရှုပ်ထွေးပြီး သွေးထွက်သံယိုမှု ပိုများပြားမှာ ဖြစ်လို့ မဖြစ်စေချင်ဘူး။ ကျနော်တို့ နိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကလည်း နှစ်ပေါင်းများစွာ  လူ့အသက် သွေးမြေအများကြီး ကျလာပြီးပြီ။ ကျနော်တို့က အဲဒီလို ထပ်မဖြစ်စေချင် ဘူး။ စစ်အစိုးရကလည်း တရားနည်းလမ်းကျစွာ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒတွေကို လက်ခံဆွေးနွေးနိုင်ဖို့ ဖြစ်စေ ချင်တယ်။

နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုနဲ့ ပတ်သက်လို့ ကျနော်တို့ အဖွဲ့အစည်းရဲ့ အမြင်ကတော့ အခု ကျနော်တို့ နိုင်ငံရဲ့ အနေအထားက နိုင်ငံတကာက ဝင်ရောက်ကာကွယ်မှာတို့က ဖြစ်နိုင်ဖို့ နည်းပါတယ်။ ဒါပေမယ့် တကယ် ဖြစ်ပြီဆိုရင်လည်း ကျနော်တို့ နိုင်ငံက ပုံစံရော၊ ကံကြမ္မာရော တမျိုး ဖြစ်သွားမယ်လို့  မြင်မိတယ်။ နိုင်ငံကို စစ်တလင်းပြင်တော့ မဖြစ်စေချင်ဘူး။ အထူး သဖြင့် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီ ဆိုတော့ နာကျည်းမှု၊ ထိခိုက်မှုတွေက ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ ခံစားလာခဲ့ရ ပြီးပါပြီ ။ ပြည်တွင်းမှာ အထူးသဖြင့် မြို့ထဲမှာရှိတဲ့ ပြည်သူလူ ထုတွေ၊ လူငယ်တွေ လက်မခံနိုင်မှုကို အကြမ်းဖက်နည်းနဲ့ လုပ်တာက တကယ့်ရုပ်သံတွေမှာ မြင်ရတာ စိတ်မကောင်း စရာ ဖြစ်ပါတယ်။ ကျနော်တို့လည်း စိတ်မကောင်း ဖြစ်ပါတယ်။ တချို့ရုပ်သံတွေဆိုရင် ကြည့်တောင် မကြည့်နိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။

မေး ။   ။ KNU အနေနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ပတ်သက်လို့ ဘာတွေ လုပ်သွားမယ်၊ ရှေ့ဆက် ဘယ်လို ရပ် တည်ချက် ရှိသွားမယ်ဆိုတာနဲ့ ပတ်သက်လို့ရော ဘာများ ပြောပြချင်တာ ရှိပါသလဲ။

ဖြေ ။    ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ KNU က လူပုဂ္ဂိုလ်ကိုတော့ မပြောလိုပါဘူး။ အာဏာရှင်စနစ်ကိုတော့ လက်မခံ ဘူး၊ ဆန့်ကျင်တယ်။ နိုင်ငံရေးနည်းအရရော ကျနော်တို့မှာ မတတ်သာလို့ လက်နက်ကိုင်နည်းနဲ့ ခုခံကာကွယ်နေတဲ့ အပိုင်း လည်း ရှိပါတယ်။ နှစ်ပေါင်းက မနည်းတော့ဘူး။ ၇၀ ကျော်ပြီ။ တဖက်ကလည်း ကိုယ့်နိုင်ငံရေး ရပ်တည်ချက်ကို ခိုင်ခိုင်မာ မာ ရပ်တည်ပြီး ဆောင်ရွက်ဖို့ပဲ လိုအပ်တယ်။ လုပ်ဆောင်တဲ့ နေရာမှာလည်း တနိုင်ငံလုံးအတွက် ကြည့်ရမယ်။ ကိုယ့်လူ မျိုး၊ ကိုယ့်ဒေသစွဲပဲ ကြည့်လို့မရဘူး။ ကျနော်တို့ နိုင်ငံရဲ့ ကံကြမ္မာ၊ အနာဂတ်အတွက် ကျနော်တို့ ခေါင်းဆောင်တွေရော၊ လူငယ်တွေရော ဆောင်ရွက်တဲ့နေရာမှာ အားလုံးအတွက်၊ တနိုင်ငံလုံးအတွက် ရည်မှန်းချက်၊ နိုင်ငံရေး ရည်မှန်းချက် နဲ့ ကြွေးကြော် တောင်းဆိုတာတွေမှာရော တထပ်တည်းဖြစ်ဖို့ လိုအပ်တယ်။ နောက်တခုက ဦးဆောင်မှု အပိုင်းပါ။ အခုက ဦးဆောင်မှု အပိုင်းအမျိုးမျိုးပေါ့။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်။ CRPH ရှိတယ်၊ အထွေထွေသပိတ် အဖွဲ့အစည်းတွေလည်း ရှိ တယ်။ ဒီစုစည်းမှုတွေ အကုန်လုံးက ရည်မှန်းချက်တခုတည်းအတွက် ရပ်တည်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ဦးဆောင်မှု အပိုင်းကလည်း စုစုစည်းစည်းနဲ့ ဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒါက ကျနော့်ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒပါ။ လူငယ်တွေကျတော့ အခု ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး သူတို့အနာဂတ်၊ ကံကြမ္မာကို သူတို့ ဖန်တီးမယ်ဆိုပြီး ဆောင်ရွက်နေတဲ့ အပေါ်မှာလည်း အားလုံးက ဝိုင်းဝန်းပံ့ပိုးဖို့ လိုအပ်တယ်။ လူငယ်တွေကလည်း မြို့တွင်းသာမက တနိုင်ငံလုံး ပြုပြင်ပြောင်းလဲဖို့ ဝန်းရံ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။

မေး ။   ။ အန်ကယ့်အနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦးရှင့်။

ဖြေ ။    ။ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ကိုယ့်အမျိုးသားတွေအရေးကို ဆောင်ရွက်သလို ဒါက ပြည်ထောင်စုအရေးနဲ့လည်း ပတ်သက်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ၊ ဖက်ဒရယ် ကိစ္စဆိုတာလည်း တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် တနိုင်ငံလုံး အထူးသဖြင့် နိုင်ငံကို တာဝန်ယူတဲ့ ဘယ်ခေါင်းဆောင်မဆို ကိုယ့်နိုင်ငံရဲ့ အကျိုး၊ ပြည်သူတွေအကျိုး၊ အထူးသဖြင့် လူငယ်တွေရဲ့ အနာဂတ်၊ ကံကြမ္မာအတွက် အပြုသဘော ဆောင်တာတွေလုပ်ဖို့ ကျနော် တို့က တိုက်တွန်းချင်ပါတယ်။

You may also like these stories:

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ

တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို

ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်

Your Thoughts …
Tags: CRPHKNUNCAပဒိုကွယ်ထူးဝင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

Next Post
ဖေဖော်ဝါရီလအတွင်း ရန်ကုန်ရှိ အမေရိကန်သံရုံးရှေ့ ဆန္ဒပြနေစဉ် / ဧရာဝတီ

မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း

သေဆုံးသွားသည့် ပန်းပဲတန်းမြို့နယ် ၇ ရပ်ကွက်၊ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်(အင်္ကျီအဖြူ၊ ကချင်ပုဆိုး) နှင့်အား၂၀၂၀ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်

စစ်တပ် ဖမ်းဆီးသည့် ပန်းပဲတန်း NLD ရပ်/ကျေး ဥက္ကဋ္ဌ ညတွင်းချင်း သေဆုံး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved