• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို

by ဧရာဝတီ
2 March 2021
in သတင်း
A A
ရန်ကုန် လှည်းတန်းတွင် ရဲက မျက်ရည်ယိုဗုံးများ ပစ်ခတ်ပြီး ဆန္ဒပြသူများအား ဖြိုခွဲစဉ် / ဧရာဝတီ

ရန်ကုန် လှည်းတန်းတွင် ရဲက မျက်ရည်ယိုဗုံးများ ပစ်ခတ်ပြီး ဆန္ဒပြသူများအား ဖြိုခွဲစဉ် / ဧရာဝတီ

11.7k
VIEWS
Share on FacebookShare on Twitter

အသေအပျောက်များသော အကြမ်းဖက်မှုများရပ်တန့်စေရန် အားထုတ်မှုတခုအနေဖြင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာစစ်တပ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီး ချုပ်တည်းထားရန် တောင်းဆိုနေချိန်တွင် ရန်ကုန်မြို့ မှ ဆန္ဒပြသူများကို လူစုခွဲရန် ရဲများက အသံဗုံးများဖြင့် မတ်လ ၂ ရက်နေ့ တွင် ပစ်ခတ်နေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်တင်မြှောက်ခံ NLD အစိုးရကို ပြီးခဲ့သည့် တလက စစ်တပ်က ဖယ်ရှားခဲ့သည့် အချိန်မှစ၍ မြန်မာပြည် အနှံ့အပြားတွင် ကြီးမားသော လမ်းပေါ် ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး သွေးထွက်သံယို အများဆုံး ၂ ရက် ကို ဖြတ်သန်းခဲ့ရသည်။

အများစုက ဦးထုပ်အမာများ ဆောင်းထားပြီး လက်ဖြစ် ဒိုင်းများကို ဆုပ်ကိုင်ထား ကြသော ဆန္ဒပြသူများက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ကြွေးကြော်သံများကို ကြွေးကြော်ပြီး ရန်ကုန်၏ မတူညီသော မြို့နယ် အများအပြားရှိ လက်လုပ် အတားအဆီးများ နောက်ကွယ်တွင် စုရုံးကာ စစ်သားနှင့် ရဲများကို အံတုနေကြသည်။

စမ်းချောင်းမြို့နယ်တွင် စစ်သားနဲ့ ရဲ အယောက်၂၀၀ ကျော်က လမ်းပေါ်ဆန္ဒပြသူများအား နှစ်ဘက်ပိတ်ဖမ်းကာ အသံဗုံးပစ်ဖောက် လူစုခွဲပြီး လူငယ် ၁၆ ဦးကို ဖမ်းဆီးခဲ့သည်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ရွာမကျောင်းလမ်းတွင် နံနက် ၁၁ နာရီ ဝန်းကျင်၌ စစ်သားနှင့်ရဲ အင်အား ၁၀၀ ကျော်က သောင်းနှင့်ချီသော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို မျက်ရည်ယိုဗုံး၊ အသံဗုံးများ ပစ်ခတ်ဖောက်ခွဲခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ပြီး ဖြိုခွဲခဲ့သည်။

ထိုကဲ့သို့ ဖြိုခွင်းမှုကြောင့် လူငယ်အများအပြား ဒဏ်ရာရရှိခဲ့သလို ဝင်ရောက် ကယ်ဆယ်ကူညီပေးသည့် စေတနာ့ဝန်ထမ်းတချို့လည်း ရိုက်နှက်ခံရမှုများ ရှိခဲ့သည်။

တာမွေမြို့နယ် ယုဇနပလာဇာရှေ့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသည့်လူငယ်များကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က မျက်ရည်ယိုဗုံး၊ အသံဗုံးများ၊ သေနတ်ပစ်ဖောက်ခြင်းတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။ အဆိုပါဖြိုခွင်းမှုတွင် ဖမ်းဆီးခံရသူများရှိသည်။

အခြားမြို့ကြီးများတွင်လည်း ဆန္ဒပြမှုအပေါ် ရဲများက ဖြိုခွင်းခြင်းများ ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုကို စစ်တပ်နှင့်ရဲက ပစ်ခတ် ဖြိုခွင်းသဖြင့် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သတင်းရရှိသည်။

ကျည်ထိမှန်ထားသူ ၁၂ ဦးထဲမှ ၅ ဦးမှာ ဗိုက်၊ ရင်ဘတ်နှင့် ပေါင်တို့တွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုသည် အနှစ် ၅၀ နီးပါး ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး ပြီးဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့ ဦးတည်သည့် ခြေလှမ်းများကို ရပ်ဆိုင်းသွားစေခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုနှင့် အခြား အနောက်နိုင်ငံများ၏ ပြစ်တင်ရှုတ်ချမှုများနှင့် ဒဏ်ခတ် အရေးယူခြင်းများကို ရင်ဆိုင်ခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများကြား စိုးရိမ်မှုများ တိုးပွားလာစေခဲ့သည်။

မြန်မာ့အရေး အာဆီယံအသင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး မလေးရှားနှင့် စင်ကာပူနိုင်ငံက ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုခဲ့ကြသည်။

အင်္ဂါနေ့ အစည်းအဝေးအပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာပြည်တွင် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရမည်ဟု ပြောသည်။

“မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို လေးစားရမယ်လို့ အင်ဒိုနီးရှားက အလေးထား ပြောခဲ့ပါတယ်။ ဒီမိုကရေစီဟာ အတွေးအမြင်တွေ လွတ်လပ်မှု၊ ဆက်သွယ်မှုနဲ့ ပြောဆိုဆက်ဆံမှုတွေကို လေးစားပါတယ်” ဟု ရတ်နိုမာဆူဒီက ပြောသည်။

“ပါဝင်ပတ်သက်သူတွေ အားလုံး တွေ့ဆုံ ဆက်သွယ် ဆွေးနွေးမှုတွေ စတင်ဖို့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေးလို အထောက်အကူဖြစ်စေမယ့် အခြေအနေကို ဖန်တီးပေးဖို့ အင်ဒိုနီးရှားက တောင်းဆိုပါတယ်။”

” မြန်မာပြည်တွင်းက ပါဝင်ပတ်သက်သူ အားလုံး ကြားမှာ ဆက်သွယ်ပြောဆိုရေးက အမြဲတမ်း အကောင်းဆုံး ရွေးချယ်မှုပါ။ တကယ်လို့ တောင်းဆိုလာရင် ဒီတွေ့ဆုံဆွေးနွေးမှုကို လွယ်ကူချောမွေ့အောင် အာဆီယံက အဆင်သင့်ဖြစ်နေတယ်လို့လည်း အင်ဒိုနီးရှားက ယုံကြည်ပါတယ်”ဟု ရတ်နိုမာဆူဒီက ပြောသည်။

မတ်လ ၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်သည့် ရုပ်မြင်သံကြား အင်တာဗျူးတခုတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က အာဆီယံ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်ကြားတွင် တွေ့ဆုံဆွေးနွေးရေးကို အားပေးမည်ဟု ပြောကြားခဲ့သည်။ “သူတို့ စကားပြောဖို့ လိုပါတယ်။ သူတို့ အတူတကွ လုပ်နိုင်အောင် ကျနော်တို့က ကူညီဖို့ လိုပါတယ်” ဟု သူကပြောသည်။

မြန်မာ အာဏာသိမ်း စစ်ကောင်စီကမူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် အမှု ၂ မှု ထပ်တိုး ဖွင့်လှစ်ခဲ့သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
4
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
8
စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

13 January 2026
36

ဒေါ်အောင်ဆန်းစုကြည်ကို ယခုပုဒ်မ ၂ ခု မတိုင်မီ သဘာဝ ဘေး စီမံခန့်ခွဲမှု ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ပို့ကုန်သွင်းကုန် ပုဒ်မ ၈ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံရန် အာဆီယံ၏ ကြိုးပမ်းမှုကို ဒီမိုကရေစီ ထောက်ခံသူများက ဝေဖန်ခဲ့ကြသည်။ ဖြုတ်ချခံထားရသော မြန်မာဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များက စစ်အစိုးရ ကို အကြမ်းဖက်အုပ်စုဟု ကြေငြာခဲ့ပြီး အာဆီယံ၏ ထိတွေ့ဆက်ဆံမှုက ၎င်း၏ တရားဝင်မှုကို ဖြစ်စေလိမ့်မည်ဟု ပြောသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) က ခန့်အပ်သည့် ကုလသမဂ္ဂ ဆိုင်ရာ သံတမန်ဖြစ်သူ ဒေါက်တာ ဆာဆာက အာဆီယံအနေဖြင့် စစ်တပ်က ဦးဆောင်သည့် တရားမဝင် စစ်အစိုးရနှင့် ဆက်ဆံမှုမပြုသင့်ကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ အာဆီယံလူငယ် အစီအစဉ်များမှ ကျောင်းသားများက အာဆီယံ အဖွဲ့ အနေဖြင့် စစ်အစိုးရနှင့် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရမှ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် စကားပြောသင့်သည်ဟု ပြောသည်။

“အာဏာသိမ်းမှု သို့မဟုတ် စစ်အစိုးရက ကတိပြုထားတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး ဆိုတာတွေက မြန်မာပြည်သူတွေအတွက် လုံးဝ လက်ခံနိုင်စရာ မရှိတာကို အာဆီယံအနေ နဲ့ နားလည် သဘောပေါက် ထားရပါမယ် ” ဟု အာဆီယံသို့ ပေးပို့သည့် သူတို့၏ စာတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin က အာဆီယံသည် မြန်မာ ပြည်သူများနှင့် အတူ ခိုင်မာစွာ ရပ်တည်မည်ဖြစ်ကြောင်းနှင့် အဖွဲ့ဝင်များ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မရှိသည့် အဖွဲ့၏ မူဝါဒသည် အမှားပြုလုပ်ခြင်းအတွက် ခွင့်ပြုချက်တခု သို့မဟုတ် အသံတိတ်လိုက်လျော သဘောတူခြင်းတခု မဟုတ် ကြောင်း Twitter တွင် ရေးသားခဲ့သည်။

တပ်မတော် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တလအတွင်း ဖမ်းဆီး၊ တရားစွဲ ပြစ်ဒဏ်ချခံရသူ ၁၁၃၂ ဦး ရှိပြီဖြစ်ပြီး မတရားအကြမ်းဖက် ဖြိုခွင်းခံရ၍ ကျဆုံးသွားခဲ့သူ ၃၀ ဦးခန့်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ဗီဗီယန် ဘလာခရစ်ရှ်နန်က မနေ့က စင်ကာပူလွှတ်တော်သို့ ပြောရာတွင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သူတို့ စိတ်ပျက်တုန်လှုပ် ရကြောင်းကို “မြန်မာစစ်တပ် ကိုယ်စားလှယ်”သို့ ပြောကြားမည်ဟု ပြောသည်။

မြန်မာ စစ်အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသည်မှာ ဦးဝဏ္ဏမောင်လွင်ကို ရည်ညွှန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဟု ခေါ်ဝေါ်သုံးစွဲခြင်း မရှိပေ။ ယင်းအစား ဗီဗီယန် ဘလာခရစ်ရှ်နန်၏ မိန့်ခွန်းတွင် ဖမ်းဆီးခံထားရသော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟု သုံးနှုန်းခဲ့သည်။

BBC နှင့် အင်တာဗျူးတခုတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးက လက်နက်မဲ့ဆန္ဒပြသူများအား မြန်မာစစ်တပ်က လူသတ်လက်နက်များ သုံးပြီး ပစ်ခတ်ခြင်းသည် “ဆိုးရွားသော” အပြုအမူဟု ဝေဖန်သွားသည်။

“အရပ်သားတွေနဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို သေစေလောက်တဲ့ အင်အားသုံးတာက ဘယ်လိုမှ လက်ခံစရာ မရှိဘူးလို့ ကျနော် ထင်တယ်” ဟု ပြောဆိုခဲ့သည်။

ကိုးကား။ ။ Nikkei Asia, Reuters

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေငှားခွင့်ရမှ အမှုစစ်ဖို့ တရားရုံး ဆုံးဖြတ်

အာဏာသိမ်းပြီးနောက် ဖမ်းခံရသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၀ ခန့်ရှိလာ

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ

လူ့အခွင့်အရေးချိုးဖောက်သူများကို ဒဏ်ခတ်ရေး ကုလသမဂ္ဂ ကျွမ်းကျင်သူ သုံးဦး အကြံပေးမည်

Your Thoughts …
Tags: တောင်းဆိုတွေ့ဆုံဆွေးနွေးအင်ဒိုနီးရှားအဖြေရှာရန်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

by အောင်ဇော်
17 July 2023
5.6k

စစ်ကောင်စီက မည်သည့်အတွက် မစ္စတာ ဒွန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးသနည်း၊ မည်သည့်အတွက် ယခုအခါမှ တွေ့ခွင့်ပေးသနည်း

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

Next Post
ရန်ကုန် ဆန္ဒပြပွဲတွင် ဖမ်းဆီးခဲ့သူတချို့အား ကျိုက္ကဆံကွင်းတွင် ထိန်းသိမ်းရန် ခေါ်ဆောင်လာစဉ် / ဧရာဝတီ

ဖမ်းခံရသည့် ရန်ကုန်သတင်းထောက်တချို့ ကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ

Beauty Blogger နေခြည်ဦး / ဧရာဝတီ

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved