• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တေးဂီတပွဲ ဗုံးကြဲခံရမှုအပေါ် EAO ခေါင်းဆောင်အချို့၏ သဘောထား

by ဧရာဝတီ
27 October 2022
in အင်တာဗျူး
A A
တေးဂီတပွဲ ဗုံးကြဲခံရမှုအပေါ်  EAO ခေါင်းဆောင်အချို့၏ သဘောထား
13k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြောက်ဘက်ရှိ အနန့်ပါရွာတွင် အောက်တိုဘာလ ၂၃ ရက် ညပိုင်းက ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် ဂီတပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့မှ တပ်မဟာမှူး ၁ ဦးအပါအဝင် အရာရှိ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း လူဦးရေ ၁၀၀ ကျော်သေဆုံးခဲ့ရသလို ဒဏ်ရာရသူ ၅၀ ကျော်ရှိကြောင်း KIA ထံမှသိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာသံရုံးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများက ပြစ်တင်ရှုတ်ချကြောင်း ကြေညာကြသည်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အပေါ် နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ကန့်ကွက်ကြောင်းကြေညာခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ကလည်း ဝမ်းနည်းကြောင်း ကြေညာခဲ့သည်။

ကချင်တေးဂီတဖျော်ဖြေပွဲ ဗုံးကြဲခံရသည့် ဖြစ်စဉ်အပေါ် တိုင်းရင်းသား ခေါင်းဆောင်အချို့ကလည်း ဝမ်းနည်းရကြောင်း ပြောဆိုထားသည်ဖြစ်ရာ ၎င်းတို့၏ သဘောထားများအား ပိုမိုသိရှိနိုင်ရန် ဧရာဝတီက စုစည်းဖော်ပြလိုက်ပါသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်

နောက်ထပ် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေ ကျနော်တို့ ဘယ်လောက် စတေးရဦးမလဲ။ နောက်ထပ်သူရဲကောင်း တွေ ကျနော်တို့ ဘယ်လောက်ထပ်စတေးရဦးမလဲ။ ဖားကန့်မြေမှာ ဖြစ်ပျက်ခဲ့တာက ဖက်ဆစ်စစ်တပ်ကို တညီတညွတ်တည်း ပူးပေါင်းအမြစ်ဖြတ်သုတ်သင် အဆုံးသတ်နိုင်ဖို့ တိုက်တွန်းလှုံ့ဆော်လိုက်တာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဂွန်မော်
ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ဒုဥက္ကဋ္ဌ

ANang Pa (အနန့်ပါ) ဆိုတာ KIA စခန်းမဟုတ်ပါ။ ခရီးသွားများ ခေတ္တနားကြသော ဈေးဆိုင်တန်းစခန်းငယ်လေးသာ ဖြစ်ပါသည်။ KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျှင် ရန်ဖက်အဖြစ် မသတ်မှတ်ခဲ့ပါ။ ယခု ANang Pa သို့လာရောက်သော ပြည်သူများ ၊ ဒေသခံများကို စကစမှ ရန်သူသဖွယ် ပြုမူခဲ့ပြီ ဖြစ်သည်။ လူငယ်များကို အခွင့်ကြုံတိုင်း “ဘဝမှာ ပြုပြင်လို့မရနိုင်မည့် အမှားများမလုပ်မိဖို့” ပြောလေ့ရှိပေမယ့် ဒီလိုအမှားများကို လုပ်သူ‌တွေက လူကြီးတွေပဲ ဖြစ်နေပါတယ်။ ANang Pa တွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံသို့ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာပို့ပါတယ်။ မိသားစုများ အားလုံးနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းရပါတယ်။ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ။

ဆလိုင်းထက်နီ
ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ

အပြစ်မဲ့ လက်နက်မဲ့ ပြည်သူကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်တာ၊ လူသားမျိုးနွယ် ဆိုင်ရာ ကချင် တိုင်းရင်းသားတွေ မျိုးသုဉ်းရေးအတွက် စစ်ရာဇဝတ်မှုကို အမိုက်မဲဆုံး ကျူးလွန် ချိုးဖောက်လိုက်တာပဲ။ ဒီလုပ်ရပ်ကြောင့် ကျနော်တို့ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်သလို တော်လှန်ရေးအတွက် ဒီထက်အားသစ်လောင်းပြီး တိုက်ပွဲဝင်ရမှာပဲ။

ဦးအောင်ဆန်းမြင့်
ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂)

ဒီကိစ္စကတော့ ကျနော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်းလေးပဲ နားလည်တာက အဲဒီစတိတ်ရှိုးပွဲမှာက အနုပညာရှင်တွေ ပါတယ်။ အရပ်သားတွေပါတယ်။ ဖြစ်ပျက်တဲ့နေရာက စစ်ရေးလှုပ်ရှားတဲ့နေရာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမဟုတ်ဘူး။ ဒီလိုမျိုးစတိတ်ရှိုးကို ပြည်သူတွေနဲ့လုပ်နေတဲ့နေရာဆိုတာ စစ်ကောင်စီဘက်ကလည်း သိပြီးသားဖြစ်တယ်။ သိရဲ့သားနဲ့ တမင်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေကို တိုက်ခိုက်တာဖြစ်တယ်။ ဒါက စစ်ရာဇဝတ်မှု နဲ့သော်လည်းကောင်း ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုသော်လည်းကောင်း ဒါက အများကြီးငြိစွန်းတယ်။

ဒီလိုအဖြစ်အပျက်မျိုးဟာ တိုင်းရင်းသားနယ်မြေတွေ၊ နွေဦးတော်လှန်ရေးနောက်ပိုင်းဆိုရင် စစ်ကိုင်းတိုင်းမှာလည်း ဖြစ်ပျက်ခဲ့တယ်။ ဒီလိုဟာမျိုးတွေကို ကျနော်တို့အနေနဲ့က လက်သင့်ခံနိုင်စရာ အကြောင်းမရှိသလို နိုင်ငံတကာကလည်း ဒါတွေကို ဆန့်ကျင် ရှုတ်ချဖို့လိုတယ်။ ဆန့်ကျင်ရှုတ်ချတဲ့အပြင်ကို ဒီလိုမျိုးဟာတွေကို ICC (နိုင်ငံတကာ ရာဇဝတ်တရားရုံး) တို့မှာ အရေးယူအပြစ်ပေးနိုင်တဲ့အထိ လုပ်ဖို့လိုတယ်လို့ ကျနော်တို့က မြင်တယ်။ ကျနော်တို့ကတော့ ဒီလိုဖြစ်ရပ်တွေအပေါ် ဆက်လက် သည်းခံနိုင်စရာတော့ မရှိပါဘူး။

ပဒိုမန်းမန်း
ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော်(ဖာပွန်) ခရိုင်ပြောရေးဆိုခွင့်ရှိသူ

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
116
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
170

ကျနော့်တယောက်တည်းအမြင်ကတော့ စစ်ကောင်စီဟာ သူတို့ရဲ့ ရက်စက်ယုတ်မာမှု နည်းပေါင်းစုံနဲ့ကမ်းကုန်နေပါပြီ။ ဒီအပေါ်မှာ ထူးထူးခြားခြား မှတ်ချက်ပေးစရာတော့မရှိပါဘူး။ တခုရှိတာက ဒီအပေါ်မှာ ပြည်သူလူထုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက အမြဲသတိရှိကြဖို့ လိုအပ်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ အချိန်အခါမရွေး ၊ နေရာမရွေး သူတို့ရဲ့ ယုတ်မာမှုတွေကို အမြဲတမ်း သတိရှိကြဖို့ လိုပါတယ်။ ဒီလိုဖြစ်စဉ်ဖြစ်တဲ့ အပေါ်မှာလည်း ကျနော်တို့ စိတ်မကောင်းဝမ်းနည်းမိပါတယ်။ စစ်ကောင်စီကတော့ အင်အားရော ၊ စိတ်ဓာတ်ရေးရာရော အရင်ကလောက်မရှိဘူးပေါ့။ လေယာဉ်ကို သုံးနေရပြီဆိုကတည်းက သူတို့ရဲ့ နောက်ဆုံးထွက်သက်လို့ပဲ ပြောရတော့မှာပေါ့။ အဲဒီအတွက် ကျနော်တို့ကတော့ သတိရှိကြဖို့နဲ့ တောင့်ခံနိုင်ဖို့ပဲ လိုတယ်လို့ ပြောချင်ပါတယ်။

You may also like these stories :

ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ

KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး

မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေး ကျင်းပမည်

Your Thoughts …
Tags: တော်လှန်ရေးပြည်သူဖားကန့်ဗုံးကြဲအနန့်ပါအမြစ်ဖြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

KIA တပ်မဟာ-၆ ဌာနချုပ်အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

KIA တပ်မဟာ-၆ ဌာနချုပ်အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

by ဧရာဝတီ
21 October 2023
11.1k

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အခြေစိုက်ထားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ-၆ ဌာနချုပ် နေရာအား ယမန်နေ့ညနေပိုင်း၌ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ပစ်မှတ်အတိအကျ ဗုံးကြဲခံလိုက်ရတာ (ရုပ်/သံ)

ပစ်မှတ်အတိအကျ ဗုံးကြဲခံလိုက်ရတာ (ရုပ်/သံ)

by ဘုန်းအောင်
21 July 2024
10.4k

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ငပုအင်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုဟာ အချိန်နဲ့နေရာအတိအကျ သတင်းပေးမှုကြောင့် စစ်ကောင်စီက တိုက်လေယာဉ်တွေ လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

Next Post
UEC ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင် / ဧရာဝတီ

UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ထောင်မှပြန်လွှတ်

ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved