• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တော်လှန်ရေးအလုပ်က ကျနော်တို့အတွက် ပုံမှန် ယာခင်းအလုပ်လို ဖြစ်သွားပြီ

by ဧရာဝတီ
8 November 2022
in အင်တာဗျူး
A A
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်း ၁ ၏ တပ်ရင်းမှူး ဗိုလ်လယျ်ာ /  မြိုင်ပကဖ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်း ၁ ၏ တပ်ရင်းမှူး ဗိုလ်လယျ်ာ / မြိုင်ပကဖ

7.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက် ပိုင်းတွင် လက်နက်ကိုင်ခုခံတော်လှန်ရေးအင်အားစုအများအပြား ပေါ်ထွက်လာခဲ့ပြီး အာဏာသိမ်း စစ်တပ်ကို အပြင်းအထန် ခုခံတော်လှန်လျက်ရှိသော ဒေသတခုဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း ထိုဒေသများမှ တော်လှန်ရေးအင်အားစုများကို မြေလှန်၊ မီးရှို့ စစ်ဆင်ရေး အပြင် လေကြောင်းတိုက်ခိုက်မှုများပါ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေသော်လည်း အချိန် ၁ နှစ်ကျော်ကြာသည်အထိ အင်တိုက်အားတိုက် ခုခံ တော်လှန်နေဆဲ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ တော်လှန်ရေးအင်အားစုများ အားကောင်းသော မကွေးတိုင်း အတွင်းရှိ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်း ၁ ၏ တပ်ရင်းမှူး ဗိုလ်လယျ်ာကို လတ်တလော မြေပြင်စစ်ရေးအခြေအနေများ၊ စစ်ကောင်စီ၏ ဗျူဟာပြောင်း စစ်ဆင်ရေးများ နှင့် အညာဒေသမှ တော်လှန်ရေးစိတ်ဓာတ်များအကြောင်းကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ရေး နဲ့ မြေပြင် အခြေအနေက ဘယ်လိုရှိ နေပါသလဲ။

ဖြေ။ ။ အခု မြေပြင်အခြေအနေမှာက စစ်ကောင်စီ စစ်ကြောင်းတွေတော့ ရှိနေတယ်။ ဒါပေမဲ့ ထိတွေ့မှုတွေကတော့ မရှိသေးဘူး။ အရင်တုန်းကတော့ ထိတွေ့မှုတွေက ရှိနေခဲ့တယ်။ အခုနောက်ပိုင်းမှာ မြေပြင်အခြေအနေတွေမှာက ထိတွေ့မှု မရှိဘူး။

အခုက သူချောင်း၊ ကိုယ်ချောင်း ပေါ့။ အပြန်အလှန် ချောင်းမြောင်းနေကြတာပဲ။

Myaing Villages Revolution Front (MVRF) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – MVRF)

မေး။ ။ အရင်ကဆိုရင် စစ်ကောင်စီယာဉ်တန်းတွေ ခဏခဏ မိုင်းဆွဲခံရတယ်ပေါ့။ အခုနောက်ပိုင်း ဒီကိစ္စတွေ သိပ်မတွေ့တော့ဘူး။ စစ်ကောင်စီဘက်ကလည်း လေကြောင်းစစ်ဆင်ရေးတွေပဲ အဓိက လုပ်လာနေတာလည်း တွေ့နေရတော့ မြေပြင်မှာက စစ်ရေးပုံစံတွေ ဘယ်လို ပြောင်းလဲ လာနေပြီလဲ။

ဖြေ။ ။ အရင်ကနဲ့တော့ ပြောင်းပြန်ဖြစ်သွားတာပေါ့။ အရင်တုန်းကတော့ သူတို့လာရင် ခြေလျင် အရင်လာတယ်၊ ခြေလျင်မနိုင်တော့မှ လေကြောင်းလာတာ။ အခုကတော့ လေကြောင်း အရင်လာတယ်၊ စစ်ကြောင်းက ၁ မိုင်၊ ၂ မိုင် အကွာလောက်မှာ ရောက်နေပြီ။ အခုက ပြောင်းပြန် စစ်ဆင်ရေး လိုဖြစ်နေတာပေါ့။ အဲဒီလို သူတို့ရဲ့ စစ်ဆင်ရေးကို ကျနော်တို့အဖွဲ့တွေ တော်တော်များများလည်း နားလည်နေပါပြီ။

သူတို့က ရဟတ်ယာဉ် ၄၊ ၅ စီး နဲ့ အရင်လာပစ်တယ်။ ရဟတ်ယာဉ်နဲ့ လူတွေချပြီး တိုက်ခိုက်တာ ဆိုတော့ ကျနော်တို့လူတွေက အသင့်မဖြစ်သေးတော့ ခံရဖို့ ပိုများတာပေါ့။ အဲဒီတော့ ကျနော်တို့က အရင်တုန်းက Camp (စခန်း)တခုမှာ လူ ရာဂဏန်းလောက် နေကြတယ်ဆိုရင်၊ အခုက ရာဂဏန်းမနေတော့ဘဲ အယောက် ၂၀၊ ၂၅ လောက်ပဲ နေတော့တယ်။

အရင်ကဆိုရင် ကိုယ့်စခန်းပတ်လည်မှာ Camp ၄၊ ၅ခု လောက်ခွဲထားရာကနေ အခုဆိုရင် ၁၈ ခု၊ အခု ၂၀ ကျော်လောက် ခွဲထားပြီးတော့ သူတို့ရဲ့ စစ်ဆင်ရေး ပြောင်းလဲတာကို ကျနော်တို့ဘက်ကလည်း ပိတ်နိုင်၊ ကာနိုင်အောင် ၊ ဘယ်လိုပြန်ပြီး ထိရောက်အောင် လုပ်မလဲဆို တွေးပြီးတော့ ပြန်လုပ်ကြရတာပေါ့။ အခုကတော့ တတ်နိုင်သမျှ ရွာက စုထားတဲ့ ငွေကြေးတို့၊ ပြည်သူလူထုက လှူဒါန်းတဲ့ ငွေကြေးတို့နဲ့ စုဖွဲ့ပြီး ဝယ်ထားတာတော့ လိုချင်သလောက် လက်နက်တွေ ရောက်ပြီလားဆိုတော့ မရောက်သေးဘူး။ အထိုက်အလျောက်အားဖြင့်တော့ တော်လှန်နိုင်မယ့် အခြေအနေတော့ရှိပါတယ်။

လက်နက်ဆိုတာထက် ခဲယမ်းက ပိုအရေးကြီးတာပေါ့။ ခဲယမ်းဆိုတာက တိုက်ပွဲတပွဲပြီးသွားရင် ခဲယမ်းအင်အားက မြောက်များစွာကုန်တဲ့ အခါကျတော့ ပြည်သူက အဲဒီလောက်ကြီး မလှူနိုင်တော့ ကုန်ကျစရိတ်နည်းပြီး ထိရောက်တာက မိုင်းဖြစ်တဲ့အတွက်ကြောင့် မိုင်းနဲ့ ဘယ်လို ချောင်းမြောင်း တိုက်ခိုက်ရမလဲဆိုတာကို ပိုလုပ်တယ်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3k
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
3.9k
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
115
Myaing Villages Revolution Front (MVRF) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – MVRF)

အရင်တုန်းကဆိုရင် ဒီကောင်တွေက ကားလမ်းတို့ လူသွားလမ်းတို့ကနေ လာတယ်။ အခုက ကားလမ်း တို့ လူသွားလမ်းတို့ဆိုရင် ဒီကောင်တွေက တက်ကို မကြည့်တော့တာ။ အခုက တောလမ်းတွေကပဲ လာတော့တာဆိုတော့ ရွေ့လျားလို့ ရတဲ့ အပေ့ါစားမိုင်းတွေကို ပြန်အသုံးပြု နေရတယ်။

ကျနော်တို့ တူမီးတို့ ၊ လက်လုပ်သေနတ်တို့ ၊ တတောင့်ထိုး လောက်ရှိတုန်းကတော့ သူတို့က ရွာတွေကို လာပြီဆိုရင် ၁ မိုင်၊ ၂ မိုင်လောက်ကနေ သေနတ်တွေ စဖောက်ပြီးတော့ လာတာ။ မိုင်းထောင်မယ် ဆိုရင် လွယ်လင့်တကူ၊ မြှူလို့ ထောင်လို့ လွယ်တယ်။

သူတို့ကလည်း ခံရပါ များလာတော့ ဗျူဟာက ပြောင်းလာတာ။ လူ မသွားမလာ၊ ခွေးတောင် မတိုးတဲ့ ခြုံတွေဘာတွေကို ဖြစ်အောင်တိုး၊ မဖြစ်နိုင်တဲ့ တောတောင်တွေကို ဖြစ်အောင်တက်ပြီးမှ ဖင်တရွတ်ဆွဲ ဆင်းတဲ့ ပုံစံတွေ လုပ်တာတွေရှိတယ်။

ကျနော်တို့ကလည်း ကိုယ့်မြေပြင်အနေအထား အရ ဘယ်လမ်းတွေတော့ သူတို့ သွားနိုင်တယ်၊ မသွား နိုင်ဘူးဆိုတာကို သိနေတော့ သာရင်လုပ်မယ်၊ မသာရင် ရှောင်မယ်။ ဘာဖြစ်တာ မှတ်လို့၊ ကိုယ်ပုံမှန် လည်း လုပ်နေတာပဲကို။

ဒီတော်လှန်ရေးလုပ်ပြီဆိုကတည်းက ဒီတော်လှန်ရေးအလုပ်က ကျနော်တို့အတွက် ပုံမှန် စပါးစိုက် တောင်သူ၊ မြေယာခင်းအလုပ်လို ဖြစ်သွားပြီ။

မေး ။ ။ မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပကဖ တွေရဲ့ နယ်မြေစိုးမိုး လှုပ်ရှားနိုင်မှု အခြေအနေတွေကရော ဘယ်လိုမျိုးရှိပါသလဲ။

ဖြေ ။ ။ စစ်ကြောင်းမရှိတဲ့ အချိန်ကတော့ အကုန်လုံးကတော့ ကိုယ့်နယ်မြေပဲ။ စစ်ကြောင်းရှိတဲ့ အချိန်လည်း ဘယ်လိုပြောရမလဲ၊ ယုန်တကောင်ကို ခွေးဝိုင်းလိုက်နေသလိုပေါ့။ သူတို့က စစ်ကြောင်း ၁၊ ၂ ခုလောက် လာတာလေ။

ကျနော်တို့ နယ်ပေါင်းစုံက အဖွဲ့က အားလုံးစုပြုံပြီး ဝိုင်းလိုက်ပြီး ဖြစ်တဲ့နည်းနဲ့ တော်လှန်နေကြတာ။ သူတို့ (စစ်ကောင်စီ) ကလည်း သာမန်တောင်သူတွေ့ရင်လည်း နားတောင်းချွတ်ယူ သတ်သွားတာ ဆိုတော့ အားလုံးက မခံမရပ်နိုင်ဖြစ်နေကြတာ။

သူတို့ စစ်ကြောင်းလာရင်တော့ ကျနော်တို့က မစိုးမိုးနိုင်ဘူး။ ကျေးရွာနေ ပြည်သူလူထုက ရှောင်ရ တိမ်းရတာတွေ ရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေအတွက်တော့ ရှောင်ရတိမ်းရတာတော့ သိပ်မရှိပါဘူး။ ထိပ်တိုက်မတွေ့အောင် နဲ့ သူတို့ကို ကြားဖြတ် ဘယ်လို တုံ့ပြန်နိုင်မလဲဆိုတာကို တွေးပြီးတော့ လုပ်နေကြတာ။

Myaing Villages Revolution Front (MVRF) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – MVRF)

မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးနယ်မြေအသစ်တွေဖြစ်လာတာ စစ်ကိုင်း နဲ့ မကွေး ၊ အညာဒေသတွေပေါ့။ စစ်ကောင်စီကလည်း ဒီဒေသတွေကို တော်တော်ကို ဖိနှိပ် လာနေတာဆိုတော့ အဲဒီဒေသတွေက အညာသားတွေရဲ့ တော်လှန်ရေး စိတ်ဓာတ်က ဘယ်လိုရှိနေလဲ။

ဖြေ။ ။ ကျနော်တို့ ဒီဘက်ဒေသ တော်တော်များများပေါ့။ မြိုင်နယ်ရယ်လို့တော့မဟုတ်ဘူး။ ပခုက္ကူ ခရိုင်ထဲမှာ ပါတဲ့ နယ်တော်တော်များများမှာက နေ့တဓူဝလုပ်ငန်းက မနက်လင်းလာတာနဲ့ ကိုယ့်ရဲ့ စားသောက်ရေးလုပ်ငန်းက အဓိကမဟုတ်ဘူး။ ဘယ်ဟာလုပ်ရင် ဘယ်လိုထိရောက်မလဲ၊ ဘယ်ဟာ ကောင်းမလဲဆိုတာကို တိုင်ပင်ဆွေးနွေး ၊ ငယ်တဲ့ ကြီးတဲ့ လူတွေအကုန်လုံးပေါ့။

ဒီလို လုပ်နေကြတာက ကျနော်တို့ တနယ်လုံးတင် မကလောက်ပါဘူး တတိုင်းလုံး၊ တနိုင်ငံလုံး သူတို့ကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ လုပ်ငန်းက ကျနော်တို့ နေ့စဉ်လုပ်နေတဲ့ ထမင်းစား ရေသောက် အလုပ် လို ဖြစ်နေတော့ ဒီလုပ်ငန်းပဲ တွေးနေတာ။ မနက်လင်းလာလဲ ဒါပဲ တွေးတာ၊ ညအိပ်လည်း ဒါပဲ တွေး အိပ်တာ။

သူတို့ ဒီလိုအာဏာစသိမ်းပြီး ဆိုကတည်းက ဒါမတရားဘူးဆိုတာ လူတိုင်း သိပြီးသားပါ။ ၁၈ နှစ်ပြည့် ပြီးသူရော၊ မပြည့်သေးတဲ့ ငယ်တဲ့ သူတွေထဲမှာတောင် အတွေးအခေါ်မိတဲ့ လူငယ်တိုင်းက ဒါမတရားဘူးဆိုတာ သိနေတဲ့အတွက် ကျနော်တို့က ဒီလိုတော်လှန်နေတာကတော့ သိပ်ပြီး ဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။

သူတို့ ကျနော်တို့ကို ဘယ်လောက်အကြောက်တရားပေးပေး၊ ပစ်သတ်သွားလည်း ကိစ္စမရှိဘူး။ လည်ပင်းဖြတ်သတ်သွားလည်း ကိစ္စမရှိဘူး၊ သူတို့ အဲဒီလို လုပ်သွားလေ၊ မီးရှို့ သွားလေ ပိုခံပြင်း၊ ပိုတော်လှန်လေပဲ။

မီးရှို့ခံလိုက်ရသူတွေကလည်း ကျနော်တို့ဘက်ကို ပိုပါလာတာ၊ နေစရာမရှိတော့ ဒါပဲ ပိုတော်လှန် မယ်ဆိုပြီး စိတ်ကဝင်တော့ ပိုပြီးမှ ဝင်လာကြတာ။ ကျနော်တို့ကို ကြိုက်သလောက် အကြောက် တရားပေးပေး ကိစ္စမရှိဘူး။ အကြောက်တရား မက်ဆေ့ချ်ပေးလေ သူတို့ ပိုရှုံးလေပဲ။

ကျနော်တို့ အခုတော်လှန်နေရင်း ကျသွားလည်း ကိစ္စမရှိဘူး။ နောက်တယောက်ထပ်ပြီး တက်လာမှာပဲ။ ကျနော်တို့ ဝလုံးရေးသလိုပဲ နောက်တလုံး ထပ်ပေါ်လာမှာ နောက်ထပ်အလုံးပေါင်းများစွာ ပေါ်လာနေဦးမှာ၊ ဆက်တော်လှန်သွားကြမှာပဲ။

မေး။ ။ နောက်တခုထပ်မေးချင်တာက မြေပြင်တော်လှန်ရေးအဖွဲ့တွေဆီမှာ ထွက်ပေါ်လာတဲ့ သတင်း စကားတခုရှိတယ်ပေါ့။ စစ်ကိုင်းမှာဆိုရင် ဗိုလ်နဂါး ၊ မကွေးမှာ ဆိုရင် ဗိုလ်လယျ်ာ ဆိုတာပေါ့ ဗိုလ်လယျ်ာတို့ စစ်ဆင်ရေးလုပ်နိုင်ခဲ့မှု အခြေအနေတွေကိုလည်း ပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ပြီးခဲ့တဲ့နှစ် ၆ လပိုင်း၊ ၇ လပိုင်းလောက်တုန်းက စစ်ဆင်ရေးတွေ တွဲပြီး အလုပ် လုပ်ဖူးတာတွေ ရှိပါတယ်။ အဲဒီတုန်းက ကျနော်တို့ နှစ်ယောက်စလုံးမှာ အော်တိုမတ်တစ် သေနတ်တွေ မရှိပါဘူး။
သူလည်း လက်လုပ်သေနတ် နဲ့ပဲ ကျနော်တို့လည်း လက်လုပ်သေနတ်နဲ့ပဲ ဖြစ်သလိုနည်းနဲ့ တော်လှန်ခဲ့ ကြတာပေါ့။ စစ်ဆင်ရေး ၂ ခုလောက်တော့ လက်တွဲလုပ်ခဲ့ဖူးတယ်။ နာမည်ထွက်လာတယ် ဆိုတာကတော့ တကယ်တမ်းက အလုပ်ပါပဲ။

အလုပ်လုပ်တယ်ဆိုရင်တော့ နာမည်ဆိုတာက ရှိလာမှာပါပဲ။ အခုတော်လှန်ရေးလုပ်နေတယ်ဆိုတာက လည်း နာမည်လိုချင်လို့ လုပ်နေတာမဟုတ်ဘူး။ နာမည်မရလည်း ကျနော်တို့က ကိစ္စမရှိဘူး။ ကိုယ့် အလုပ်က ဒီဟာဆိုတာကို တွေးထားပြီးတော့ကို လုပ်နေတာ။

တခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေ အများကြီး လုပ်ဖူးပါတယ်။ အများစုက ရဲစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေပေါ့။ ယော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) နဲ့ ဆိုရင် မင်းရွာ ရဲစခန်းပေါ့။

ပေါက်မြို့နယ်ထဲကဆိုရင် ရေပြာရဲစခန်း၊ ဇီးပြား ရဲစခန်း ၊ သရက်ကန် တို့ပေါ့ မြိုင်မြို့နယ်ထဲမှာ ဆိုရင် ဗဟင်းရဲစခန်းတွေပေါ့၊ တခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပေါင်းပြီး တိုက်ခိုက်ကြ တာတွေရှိပါတယ်။

နောက် တွင်းမ၊ ပျူရွာပေါ့၊ အဲဒီမှာက ပျူတွေနဲ့ စကစ အခြေချထားတဲ့ စခန်းတွေကို စစ်ဆင်ရေးလုပ်ခဲ့ တာတွေရှိပါတယ်။ စစ်ဆင်ရေးတွေကတော့ ခက်ခက်ခဲခဲ လုပ်ခဲ့ကြရတာ ၄ ရက်အိပ်၊ ၅ ရက်အိပ် အသွင်ယူပြီးကာမှ စစ်ဆင်ရေးလုပ်မယ့် ညဆိုရင် တညလုံး မအိပ်ဘဲ ၊ ၄ နာရီကျော်လောက် ခြေလျင် လျှောက်ပြီး တိုက်ခိုက်ခဲ့ကြတာတွေလည်း ရှိတယ်။

မေး ။ ။ နောက်တခုက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တာဝန်ရှိသူတွေက မြေပြင်အခြေ အနေနဲ့ ကွဲလွဲတဲ့ စစ်ရေးအခြေအနေတွေ ထွက်ထွက်ပြောတာရှိတယ်။ အဲဒီလို ထွက်ပြောလိုက်တဲ့အခါ မြေပြင်အဖွဲ့တွေက ပိုပြီး အဖိခံရတယ်၊ တိုက်ခိုက်ခံရတယ်ပေါ့။ အဲဒီဖြစ်နေတာတွေကို ပြည်သူလူထု ရော ၊ PDF အဖွဲ့တချို့ကလည်း NUG ကို ဝေဖန်ကြတာတွေရှိတယ်။ ဗိုလ်လယျ်ာ ရော ဒီအပေါ် ဘာမှတ်ချက်ပြုချင်လဲ။

ဖြေ ။ ။ ဒီလိုမျိုးတွေ ပြောဆိုမှုတွေကတော့ ရှိမှာပါ။ သူတို့လည်း တနိုင်ငံလုံးအနေအထား လုပ်နေကြတာဆိုတော့ အားနည်းတာ၊ အားသာတို့ သူတို့ဆီမှာ ရှိမှာပေါ့။ ကျနော်တို့ဆီကိုလည်း ထိုက်သင့်အားလျော်စွာ ရောက်သင့်တာတွေတော့ ရောက်ပါတယ်။

ဒါပေမယ့် တော်လှန်ရေးမနက်ဖြန်ပြီးဖို့အတွက် လက်နက်ချပေးဖို့ဆိုရင် သူတို့လည်း အဲဒီလောက်ကြီး မချပေးနိုင်ဘူး။ သူတို့ကိုလည်း အပြစ်ပြောနေလို့တော့ မရဘူး။ သူတို့ဆီမှာလည်း ခေါင်းဆောင်လုပ်တဲ့ သူက အများကြီးမရှိဘူးလေ။ လက်ချိုးရေလို့ ရတဲ့ ဦးရေလောက်ရှိတာဆိုတော့ ဖြန့်ကျက်ရတာတွေ၊ လုပ်ဆောင်ရမှတွေမှာ အခက်အခဲတွေ အများကြီး ရှိမှာပေါ့။

ကျနော်တို့ကလည်း ဒီအခက်အခဲတွေကို အပြစ်ပြောနေမယ့်အစား ကိုယ့်ဘာသာကိုယ် ဘယ်လို အကောင်းဆုံးဖြစ်အောင် တော်လှန်မလဲပေါ့။ စစချင်းတုန်းကတောင် သာမန်လောက် အားကိုး အားထားပြုပြီး တုတ်၊ ဓားနဲ့တောင် ဖြစ်အောင် လုပ်ခဲ့ကြသေးတာပဲ။

အပြစ်တွေ ပြောနေလို့ရှိရင် ကျနော်တို့က ခရီးရောက်မှာမဟုတ်ဘူး။ ဒီဟာတော့ သိန်း ၁၀၀ တန်ပါ တယ်။ ကျနော့်မှာတော့ ၃ ထောင်ပဲရှိပါတယ်၊ ကျန်တဲ့ ၉၉ သိန်းကျော် ပေးပါလို့ တောင်းရင် သူကလည်း မပေးနိုင်ရင် စိတ်ညစ်ရမယ်။

ဒီကလည်း မရရင် မျှော်လင့်နေမိမှာလေ။ အဲဒီတော့ မမျှော်လင့်တော့ဘူး။ ရလာတဲ့အချိန် အထောက် အကူဖြစ်မယ်၊ မရတဲ့အချိန်မှာလည်း ကိုယ့်ဘာသာ ဖြစ်အောင်လုပ်ရမှာပဲ။

မေး။ ။ အခုတော်လှန်ရေးကာလကလည်း ၁ နှစ်ကျော်လာပြီ၊ တိုက်ပွဲတွေလည်း ရှိနေဆဲဆိုတော့ မြိုင်ဒေသမှာရော စစ်ဘေးရှောင် ဦးရေက ဘယ်လောက်အထိ ဖြစ်လာနေပြီလဲ ။

ဖြေ။ ။ စစ်ဘေးရှောင်တွေကတော့ ဒုက္ခတွေ များတာပေါ့။ အခုဆိုရင် သောင်းနှင့်ချီကို ဖြစ်နေပြီ။ သူတို့ ပတ်ဝန်းကျင်မှာ မိုင်းဆွဲခံရလို့ ကျေးရွာတွေကို မီးရှို့သွားတာ၊ အဝေးပစ်လက်လုပ် လက်နက်ကြီးနဲ့ပဲ ပစ်လို့ သူတို့ဘက်က ထိခိုက်သွားပြီဆိုရင် နီးစပ်ရာ ကျေးရွာကို မီးရှို့သွားတာလေ။

အခုဆိုရင် စစ်ကောင်စီက မီးရှို့သွားရင် သူတို့လုပ်ရက်တွေကို ကမ္ဘာ့က သိသိသွားတော့ အခုဆိုရင် မီးမရှို့တော့ဘူး ၊ ညအမှောင်မှ ဝင်တယ် အဲဒီအိမ်တွေကို အကုန်ဝင်ဖျက်သွားတယ်။ အိမ်ထုတ်တန်း၊ အိမ်တိုင်တွေပဲ ကျန်ခဲ့တယ်။

အခုနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလာတော့ စစ်ကောင်စီစစ်ကြောင်းတွေ ကလည်း ကျနော်တို့နဲ့ ထိပ်တိုက်မတွေ့တော့ဘူး။ သူတို့လည်း အသက်အပိုမပါတဲ့အတွက် ဒီဘက်က ပစ်အားခတ်အားကောင်းပြီဆိုရင် ရှောင်သွားရောပဲ။ တောင်ဘက်က ပစ်အားကောင်းလာပြီဆိုရင် မြောက်ဘက်ကို ဆုတ်သွားရော။

ဒီရွာနားက မိုင်းခဏခဏ ကွဲနေတယ်၊ ဒီရွာ မလာတော့ဘူး။ တချို့ရွာတွေဆိုရင် ဒီရွာကိုလာစေချင်လို့ ဒီရွာက ကြိုဆိုပါတယ်ဆိုတာတောင် အဲဒီကောင်တွေ ရွာကို မလာရဲတော့ဘူး။ တချို့ရွာ တွေဆိုရင် စိတ်နာကြလွန်းလို့ သူတို့ ဝင်နိုင်တဲ့ အိမ်တွေဆိုရင် ကိုယ့်ဘာသာ မိုင်းထောင်ထားခဲ့ကြတာ။

မေး။ ။ နောက်ဆုံးအနေနဲ့ ဗိုလ်လယျ်ာတို့ သွားချင်တဲ့ ပန်းတိုင်က ဘာဖြစ်မလဲ။ အဲဒီပန်းတိုင်ကို သွားဖို့ကိုရော ဘယ်အရာတွေက တွန်းအားဖြစ်နေလဲ။

ဖြေ။ ။ ကျနော်တို့အရှေ့မှာ အသိပညာ၊ အတတ်ပညာရှင်တွေ အများကြီး ဆုံးရှုံးသွားခဲ့ရတယ်။ ဒီလိုအာဏာသိမ်းထားတာကလည်း မတရားဘူးဆိုတာကို သိတယ်။ အသက်တွေဆုံးရှုံးသွားခဲ့ကြတဲ့ လူတွေအထဲမှာ တကယ့်ကို တော်တဲ့ တတ်တဲ့ ဆရာဝန်တွေ၊ အင်ဂျီနီယာတွေ၊ စာရေးဆရာတွေ ဒီလို တတ်သိနားလည်တဲ့ ကျနော်တို့ထက် မြောက်များစွာပိုတော်တဲ့ သူတွေတောင် ပေးဆပ်သွားပြီဆိုမှ တော့ ကျနော်တို့က ဒီအရာကို အဆုံး မသွားစရာ အကြောင်းမရှိတော့ဘူး။

ဒီအရာမလုပ်လည်း လူတိုင်းမှာ သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်က ရှိတာပဲလေ။ အဓိပ္ပာယ်ရှိစွာ သေဆုံးရတာက ပိုကောင်းတာပေါ့။ အခုတော်လှန်တယ်ဆိုတာကလည်း ကျနော်တို့ တယောက်တည်းအတွက် မဟုတ်ဘူး။ ဒီအရာကြီးက မကောင်းဘူးဆိုတာ သိသိရက်နဲ့ ထပ်ကာထပ်ကာ အလုပ်ခံနေကြမလား၊ တော်လှန်မလားဆိုတာကို နောက်လူတွေကို ကျနော်တို့က ဒီအသိစိတ်တခု ပေးနိုင်ခဲ့ဖို့ပဲ။

ကျနော်တို့ အသက်ရှင်စွာနဲ့ ဒီတော်လှန်ရေးအဆုံးသတ်သွားရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ မပြီးခဲ့ဘူး၊ ကျနော်တို့ သေဆုံးသွားခဲ့တယ်ဆိုရင်လည်း ဒီစိတ်ဓာတ်နဲ့ မျိုးဆက်တွေ ကျန်ခဲ့မယ်ဆိုရင် သူတို့ကို လက်ဆင့်ကမ်းခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်လို့ ပြောရမှာပဲ။

အခုလုပ်နေတာတွေကလည်း အောင်မြင်မယ်ထင်လို့ကို ကျနော်တို့ လုပ်နေတာ။ ဒီသစ်ပင် ရှင်သန်စေ ချင်လို့ ဒီအပင်စိုက်ပျိုးတာ။ အသက်တွေနဲ့ ရင်းနှီးပြီး လုပ်တဲ့ အလုပ်ဖြစ်တဲ့အတွက် မအောင်မြင်ဘူး ဆိုတာ မရှိစေရဘူး။

ကျနော်တို့ ကျဆုံးခဲ့ရင်တောင် ဒီအရာက အောင်ကို အောင်မြင်မယ်ဆိုတဲ့ သတင်းစကားကို နောက်လူတွေ ချန်ထားပေးခဲ့မှာ။

You may also like these stories:

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

စစ်ကောင်စီ လူသတ်တာ ၂၄၀၀ ကျော်ပြီ

ဆီမီးခုံနယ်က ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

Your Thoughts …
Tags: စစ်ကောင်စီစစ်ဘေးရှောင်တော်လှန်ရေးမိုင်းမီးရှို့လက်နက်လေကြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လုယူထားတဲ့အာဏာနဲ့ပြန်ကျင်းပမယ့်ရွေးကောက်ပွဲက ဘယ်လိုတရားမျှတနိုင်မလဲ (ရုပ်/သံ)

လုယူထားတဲ့အာဏာနဲ့ပြန်ကျင်းပမယ့်ရွေးကောက်ပွဲက ဘယ်လိုတရားမျှတနိုင်မလဲ (ရုပ်/သံ)

အောက်တိုဘာလအတွင်း ဂျကာတာတွင် မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးစဉ်

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ့အရေး ဦးစားပေးမည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved