• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အစိုးရသစ် ရက် ၁၀၀ အတွင်း စလုပ်သင့်တာတွေ

by ဝင်းမျိုးသူ
17 March 2016
in သူ့အတွေး သူ့အမြင်
A A
 ဦးထင်ကျော်, ဒေါ်အောင်ဆန်းစုကြည်, NLD, အစိုးရသစ်, ရက် ၁၀၀ 

သမ္မတဖြစ်လာတဲ့ ဦးထင်ကျော်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ -Reuters)

11.4k
VIEWS
Share on FacebookShare on Twitter

မကြာမီ ပြည်သူကရွေးချယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်တဲ့ အစိုးရတရပ် ပေါ်ထွက်လာ တော့မှာပါ။ ရေတို၊ ရေလတ်၊ ရေရှည် ဆောင်ရွက်စရာ အများအပြား ရှိတဲ့အထဲက တိုတောင်းတဲ့ အချိန်ကာလ အတွင်း ပြည်သူအများက ပြုပြင်ပြောင်းလဲရေးဟာ ငါတို့ လက်တကမ်းမှာပါလား၊ ငါတို့ ပါဝင်ပတ်သက်အကျိုးခံစား နေရပါလားဆိုတဲ့ စိတ်ခံစားမှုနဲ့ ပြုပြင်ပြောင်းလဲရေး တွေမှာ တတပ်တအား ပူးပေါင်းပါဝင်လာအောင် ဘယ်လို လုပ်ငန်းမျိုးတွေ စကြမလဲ၊ ဘယ်လုပ်ငန်းမျိုးတွေကို ဦးစားပေးကြမလဲ၊ ဘယ်လုပ်ငန်းမျိုးတွေ က ငွေအား၊ လူအား၊ အချိန်ကာလ အားဖြင့် ဖြစ်နိုင်ခြေရှိမလဲ။ ဒီမေးခွန်းတွေ အတွက် စဉ်းစားရမိသလောက် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို စိတ်ဝင်စားသူ နိုင်ငံသားတယောက်ရဲ့အတွေးကို စိတ်တူကိုယ်တူသူတွေအကြား ဦးနှောက်မုန်တိုင်းဆင်ဖို့ မျှဝေရေးသားလိုက်ရပါတယ်။

အခြေခံအယူအဆ

ရှေးဦးပထမ တက်လာမယ့် အစိုးရ ရက်ပေါင်း ၁၀၀ ပျားရည်စမ်းကာလအတွင်းနဲ့ ၂၄ လ အတွင်း ဆောင်ရွက်မယ့် ကိစ္စတွေကို ရေတိုလုပ်ငန်းစဉ်လို့ သတ်မှတ်ချင်ပါတယ်။ အတွေးရှင်း၊ အမြင်ရှင်းမှ အလုပ်ရှင်းမှာမို့ ရှေးဦးစွာ ရေတိုပြောင်းလဲရေး လုပ်ငန်းစဉ် အယူအဆ အကျိုးအကြောင်းပြချက်ကို ဆွေးနွေးဖို့ လိုပါတယ်။

ပထမ စီးပွားရေး ဆိုင်ရာရှုဒေါင့် အမြင် အယူအဆကို ပြောရရင် မြန်မာနိုင်ငံစီးပွားရေးဟာ သဘာဝသယံဇာတ ထုတ်ရောင်းတဲ့အပေါ်မှာပဲ အဓိက အမှီသဟဲ ပြုနေပါတယ်။ နိုင်ငံဝင်ငွေ ၆၀ မှ ၇၀ ရာခိုင်နှုန်းဟာ သဘာဝဓာတ်ငွေ့ရောင်းရငွေ အပေါ်မှာသာ အားထားနေရပြီး အခြား အားထားရတဲ့ စီးပွားရေးက စိုက်ပျိုးရေးနဲ့ ခရီးသွားလားရေးလုပ်ငန်းပါပဲ။ စိုက်ပျိုးရေးလို့ဆိုရာမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း ထုတ်လုပ်မှုတွေကို ရည်ညွှန်းပါတယ်။

သဘာဝဓာတ်ငွေ့ရောင်းချခြင်း လုပ်ငန်းကတော့ လက်ရှိအနေအထားအတိုင်း နောင် နှစ်ကာလတခုအထိ ဆက်ရှိနေမှာဖြစ်ပြီး မကြာခင်က ခွင့်ပြုလိုက်တဲ့ သဘာဝဓာတ်ငွေ့ရှာဖွေ၊ ထုတ်လုပ်ရေး တွေဟာ ရေတိုကာလအတွင်း ဝင်ငွေအထူး ဝင်လာစရာ မရှိဘူးလို့ ယူဆရပါတယ်။ အစိုးရသစ်အနေနဲ့ ဦးသိန်းစိန်လက်ထက်က ခွင့်ပြုထားတဲ့လုပ်ငန်းတွေ အဆင်ပြေချောမွေ့အောင် ဆက်လက် ဆောင်ရွက်သွားရေးကို ပုံမှန်လုပ်သွားရုံပဲ ရှိပါတယ်။ ဒါကြောင့် ကျန်တဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးမှာ တိုးတက်ထုတ်လုပ်ရေး၊ ရောင်းဝယ် ဖောက်ကားရေးနဲ့ ပြည်ပ ပို့လုပ်ငန်းတွေမှာ အဟန့်အတားဖြစ်နေတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုကောင်းမွန်အောင်ပြင်ဆင်ရေးက ပဓာနကျပါတယ်။

အမျိုးအဆွေကောင်းစားရေး၊ လက်ဝါးကြီးအုပ်မှုနဲ့ ဈေးကစားမှုကို ထိန်းသိမ်းလမ်းကြောင်း တည့်မတ်ရေး တို့ကိုဆောင်ရွက် ပေးဖို့လိုပါလိမ့်မယ်။ စိုက်ပျိုးစရိတ်ချေးငွေ သီးနှံအလိုက် လုံလောက်စွာထုတ်ပေးနိုင်မှုနဲ့ တိုင်းရင်းသား ဒေသတွေ ပိုမိုအလှမ်းမှီရရှိရေးကလည်း မရှိမဖြစ် ဆောင်ရွက်ရမယ့် လုပ်ငန်းတခုဖြစ်ပါတယ်။ NLD ရဲ့ မူလဘူတ ဆောင်ရွက်မယ်လို့ ကြွေးကြော်ထားတဲ့ တရားဥပဒေစိုးမိုးရေး၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး တွေ အာရုံစိုက်ဆောင်ရွက်ရင်တော့ ဈေးကွက်ထိုးဖောက်ရေး၊ ဈေးနှုန်းတည့်မတ် တည်ငြိမ်ရေး၊ သွင်းအားစုများ ထိရောက်စွာ အလှမ်းမီ အသုံးပြုနိုင်ရေး တို့ကိုများစွာ အထောက်အကူ ပြုမှာပါ။ ဈေးကွက်ထိုး ဖောက်ရေး မှာတော့ သံတမာန်ရေး ဆန်းပွင့်မှုကို အမိအရ အသုံးချပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးထုတ်ကုန်တွေ ကူးသန်းရောင်းဝယ်ရေးမှာ သယ်ယူပို့ဆောင်ရေးဟာ အရေးပါတာမို့ တနေရာ တထိုင်ထဲမှာ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင်လည်း စီမံဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒီနေရာမှာ သယ်ယူပို့ဆောင်ရေးဟာ ရေရှည် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှုံမှု နဲ့ ဆက်စပ်နေတာ ဖြစ်လို့ စိတ်သွားတိုင်းကိုယ်ပါ အချိန်တိုအတွင်း ဆောင်ရွက်ဖို့ အခက်အခဲရှိပေမယ့် တတ်နိုင်သမျှ စနစ်တခုကို ချမှတ်ကျင့်သုံးပြီး အလျင်အမြန် ဆောင်ရွက်သင့်ပါတယ်။ သယ်ယူပို့ဆောင်ရေးမှာ “ဝါးတားဂိတ်”တွေ ပျောက်ကွယ်သွားရင်ကို ကုန်စည်စီးဆင်းသွားလာမှု များစွာချောမွေ့မှာ ဖြစ်ပြီး ကုန်ကျစရိတ် သက်သာလို့ ယှဉ်ပြိုင်နိုင်စွမ်း တက်လာမှာပါ။ လမ်းတံတားဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်း တွေ ပြန်လည်ဆန်းစစ်သုံးသပ်သွားဖို့ လိုပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ရင် အခြေခံလူတန်းစားတွေ ပိုမို အကျိုးရှိနိုင်မယ့် သဘာဝဝန်းကျင်နဲ့ ကျေးလက်ခရီးသွားလုပ်ငန်းကို အလေးပေးတိုးချဲ့ဆောင်ရွက်သင့်ပါတယ်။ အဟန့်အတားဖြစ်နေတဲ့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ ဖယ်ရှားပေးရမှာ ဖြစ်သလို စွမ်းဆောင်ရည်မြှင့်သင်တန်း အစရှိတဲ့ ပံပိုးမှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက် သွားသင့်ပါတယ်။

စီးပွားရေးနဲ့ ဆက်စပ်လို့ အလုပ်အကိုင်ရှာဖွေရေး ရှုဒေါင့်အမြင်အယူအဆကို ပြောချင်ပါတယ်။ ၂၀၁၄ သန်းကောင်စာရင်းအရ လူ ၈ သိန်း အလုပ်လက်မဲ့ရှိပါတယ်။ စက်မှုဖွံ့ဖြိုးရေး စက်မှုဇုံတွေ တိုးချဲ့ရေးဟာ အချိန်ယူရပါတယ်။ လုပ်အားအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်းတွေ ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ သားရည်ထည်လုပ်ငန်း၊ ငါးပုဇွန် ပြုပြင်ထုပ်ပိုးရေး၊ စားသောက်ကုန် ပြုပြင်တဲ့လုပ်ငန်းတွေဟာ ရေတိုကာလအတွင်း ရုတ်တရက်ကြီး ဖွံ့ဖြိုးသွားမယ့် အနေအထား မရှိသေးပါဘူး။ ဒါကြောင့် မြို့ပြမှာဆိုရင် ပျံကျဈေးသည်တွေ စနစ်တကျစီမံခန့်ခွဲရေး၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ပံပိုးကူညီရေးတို့ကို ဆောင်ရွက်သင့်ပါတယ်။ သူတို့ဟာ အခြေခံ လူတန်းစားတွေရဲ့ မြို့ပြဝယ်လိုအားကို ဖန်တီးထိန်းသိမ်းထားပြီး အလုပ်အကိုင် အခွင့်အလမ်းကိုလည်း ဆက်စပ် ပံပိုးပေးပါတယ်။ ဒါကြောင့် စည်ပင်သာယာနယ် အလိုက် ဖြစ်နိုင်သမျှအခွင့်အလန်းတွေ အသုံးချပြီး အကောင်ထည် ဖော်ဆောင်ရွက်နိုင်ရင် ဘက်စုံအကျိုးရှိပါတယ်။

ဦးထင်ကျော်
ဦးထင်ကျော်။(ဓာတ်ပုံ-ဧရာဝတီ)

ကျေးလက်အလုပ်အကိုင်နဲ့ ပတ်သက်ရင်တော့ ပြည်ပလုပ်အားဈေးကွက် တည်ငြိမ်အောင် ချိတ်ဆက် ဖော်ဆောင်ပေးရေး၊ ရာသီအလိုက် အခြေခံအဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေးနဲ့ စိုက်ပျိုးရေး ဖွင့်ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ လယ်ယာလုပ်သား ဝင်ငွေတိုး အခွင့်အလမ်း ဖော်ဆောင်ရေးတို့ ဆောင်ရွက်သင့်ပါတယ်။ ပြည်ပသွားရောက်ပြီး အခြေခံအလုပ်ကြမ်း လုပ်ကိုင်သူ အများစုဟာ ကျေးလက်ကဖြစ်ကြပြီး သူတို့ရဲ့နှစ်စဉ် မိသားစုလွှဲငွေဟာ တစ်ဘီလျံဒေါ်လာ လောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြတော့ ရောက်နှင့်ပြီးသားသူတွေရော၊ ထပ်မံအသစ်သွားရောက်မယ့် သူတွေကော အဆင်ပြေစွာ၊ သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးသင့်ပါတယ်။ ကျန်နေတဲ့ မိသားစုတွေ လူမှုရေးတည်ငြိမ်မှု ရှိအောင်ပါ စဉ်းစားကြံဆောင် စီမံ ဆောင်ရွက်သင့်ပါတယ်။

လက်ရှိ ဦးသိန်းစိန်လက်ထက်မှာ ကမ္ဘာ့ဘဏ် အကူအညီနဲ့ ကျေးလက်အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ နောက်ထပ် ဒေါ်လာသန်း ၄၀၀ ထပ်မံ ထုတ်ချေးပေးထားလို့ ဆက်လက် ဆောင်ရွက်ရန် ရှိပါတယ်။ အမှန်တကယ် လိုအပ်တဲ့နေရာမှာ ရာသီအလိုက် အလုပ်အကိုင်ဖန်တီးရေး ရည်ရွယ်ချက်နဲ့ ပေါင်းစပ်ပြီး ကျင့်သုံးခြင်းအားဖြင့်လည်း ကျေးလက်အလုပ်အကိုင် အခွင့်အလမ်း တိုးပွားစေနိုင်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလာရေး လုပ်ငန်းတည်ငြိမ် ဖွံ့ဖြိုးမှုဟာလည်း ကျေးလက်အလုပ်လက်မဲ့ တွေကို အလုပ်အကိုင် ဖန်တီးပေးမယ်လို့ ယူဆပါတယ်။

အခွန်ပြုပြင်ပြောင်းလဲရေးဟာ အရေးပါပေမယ့် ပြည်သူတွေ အမြင်ဖွင့် ပညာပေးရေး ဆောင်ရွက်ရမှာရယ်၊ အခွန်ကောက်ခံပုံစံတွေ ပြုပြင်ရမှာရယ်၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ ထိန်းချုပ်ရမှာမို့ ရေရှည် ဆောင်ရွက်ရမယ့် အနေအထား မှာရှိပါတယ်။ Tax Identification Card (TIC) လို အခွန်ထမ်း မှတ်ပုံတင် စနစ်တွေ၊ ပွင့်လင်းမြင်သာ လိုက်လျောညီထွေရှိတဲ့ ရာဖြတ်စနစ်တွေ ကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ ရေတိုအနေနဲ့ အခွန်ပေးဆောင်ရေး၊ လူထုလှုပ်ရှားမှုနဲ့ တနေရာထဲမှာ ပွင့်လင်းမြင်သာစွာနဲ့ အခွန်လွယ်ကူစွာ ပေးဆောင်နိုင်ရေး ဆောင်ရွက်ပေးတာတွေက လက်တွေ့ လုပ်ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။

ဘဏ္ဏာရေးပြုပြင်ဆောင်ရွက်ရေး နှင့် ပတ်သက်ရင်တော့ ပြည်သူ့လက်ထဲမှာ ပြန့်ကျဲနေတဲ့ ငွေပုန်းတွေကို ကုန်ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံရေးကို ပြောင်းရွှေ့ရောက်ရှိအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ရွှေအရောင်းအဝယ် ဆိုင်ရာ ကန့်သတ်ချက်တွေ၊ ဘဏ်စုဆောင်းငွေ အတိုးနှုန်း၊ ငွေတိုက်စာချုပ်အတိုးနှုန်း အစရှိတာတွေ ကို အချိတ်အဆက် ပြုပြီး လိုက်လျောညီထွေစွာ စနစ်တကျ စီမံခန့်ခွဲ ခြင်းအားဖြင့် ငွေပိုနေသူနဲ့ ငွေလိုနေသူကြား အကျိုးရှိစွာ ငွေကြေးစီးဆင်းရေးကို အထောက်အကူပြုမယ်လို့ ယူဆပါတယ်။ တင်းကျပ်တဲ့ ဗဟိုဘဏ် စည်းကမ်းတွေကို လိုက်လျောညီထွေစွာ ဖြေလျော့ပြီး အရစ်ကျလုပ်ငန်းသုံးပစ္စည်း၊ အိုးအိမ်ဝယ်ယူမှု စနစ်တွေ၊ စီမံကိန်းပြချေးငွေ၊ သွင်းကုန် ထုတ်ကုန် ချေးငွေ တွေကို ခွင့်ပြုနိုင်ပါတယ်။ နည်းပညာအကူအညီသုံး ငွေပေးချေနိုင်မှုတွေ ဖွင့်ဖြိုးအောင်လည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရေတို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အောင်မြင်စွာလုပ်ကိုင်ဖို့လည်း ငွေကြေးလိုအပ်မှာမို့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ရံပုံငွေကို ဘဏ္ဏာရေး အသုံးစရိတ် စိစစ်ချွေတာသောနည်းနဲ့ ပြည်တွင်းပြည်ပ ထည့်ဝင်ငွေတွေနဲ့ ထူထောင်ထားရှိသင့်ပါတယ်။

လူမှုဖွံ့ဖြိုးရေးဟာလည်း စီးပွားရေးလိုဘဲ အရေးပါပြီး အပြန်အလှန် ဆက်နွယ်နေတာမို့ ဒီကဏ္ဍမှာ အခြေခံပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်ရေးနဲ့ လူမှုထိခိုက်နစ်နာ ဆုံးရှုံးနိုင်မှုတွေကို ကာကွယ်ရေး (Social Protection) ကို မြို့ပြ၊ကျေးရွာ လိုအပ်ချက်တွေ ဆန်းစစ်ပြီး အဓိက အလေးဂရုပြု ဆောင်ရွက်သင့်ပါတယ်။

နိုင်ငံရေးဆိုင်ရာ အလျင်အမြန်ဆောင်ရွက်ရန်ရှိသည်ကတော့ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေးကိစ္စတွေ၊ ပြည်သူကို ဖိစီးနှိပ်စက်မှုပြုနေတဲ့ ခေတ်စနစ်နဲ့မကိုက်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေ အမြန်စိစစ်ပယ်ရှားရေး ကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေး နဲ့ ဒီမိုကရေစီအုပ်ချုပ် လုပ်ကိုင်ခန့်ခွဲမှု စောင့်ကြည့်လေ့လာ ပူးပေါင်းထိန်းသိမ်းရေး လုပ်ငန်းတွေ နဲ့ ပြည်သူ့ဆုံးရှုံးနစ်နာမှု ကြားနာကိုင်တွယ်ဖြေရှင်းရေးတွေမှာ ပြည်သူလူထု ပါဝင်ဆောင်ရွက်နိုင်ရေးကို လမ်းဖွင့်ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ အထွေထွေ မကျေနပ်ချက်တွေကို ဖြေရှင်းစီမံခန့်ခွဲ နိုင်မယ့် စနစ်တခုကို လိုအပ်ချက်နဲ့ အညီ ဖန်တီးဖော်ဆောင်နိုင်မှာ ဖြစ်သလို ဒီမိုကရေစီ လက်တွေ့ဘဝမှာ စိမ့်ဝင်ပြန့်နှံ့သွားအောင် ပြုစုပျိုးထောင်ပြီးသားလည်း ဖြစ်နိုင်ပါတယ်။

ဦးထင်ကျော်
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားသည့် ဦးထင်ကျော်အား မတ်လ ၁၅ ရက် ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)

အထက်ပါ စီးပွားရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ အခွန်ဘဏ္ဏာစီမံခန့်ခွဲရေး၊ လူမှုတည်ငြိမ် ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေး တည်ငြိမ်၊ တရားဥပဒေစိုးမိုးရေး အမြင်တွေကို လွှမ်းခြုံပြီး အောက်ပါလုပ်ငန်းတွေကို အစိုးရသစ်တက်လာတဲ့အချိန်မှာ အလျင်အမြန်အလေးပေး ဆောင်ရွက်သင့်သော လုပ်ငန်းတွေ အဖြစ် စဉ်းစားနိုင်ဘို့ အလို့ငှာ လက်လမ်းမှီ သလောက်စုဆောင်း တင်ပြအပ်ပါသည်။

ဆောင်ရွက်ရန်လုပ်ငန်းများ

• ပူပြင်းခြောက်သွေ့ရေရှားပါးမှုအရေးပေါ်ဆောင်ရွက်ခြင်း

• ဒုက္ခသည်စခန်း အမြန်ကူညီထောက်ပံရေး

• ကျူးကျော်များ အမြန်နေရာချထားရေး

• သိမ်းဆည်းမြေယာ ဖြေရှင်းဆောင်ရွက်ရေး

• သတ္တုတွင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြေရှင်းရေး

• ပြည်ပလုပ်သားများ တရားဝင်မှတ်ပုံတင် ရရှိရေးနှင့် ပြည်တွင်းကျန် မှီခိုများ ကြိုတင်လွှဲငွေ ရရှိရေး ကြားခံဆောင်ရွက်ပေးရေး

• ပြည်တွင်းအလုပ်သမား အခွင့်အရေးများနှင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ခြင်း

• တောင်သူ လွတ်လပ်စွာ သီးနှံစိုက်ပျိုးရောင်းချနိုင်ရေး အာမခံ ဆောင်ရွက်ပေးရေး

• တောင်ပေါ်တိုင်းရင်းသားများ ပုံစံ(၇) မပါ စိုက်ပျိုးရေး အမတော်ကြေး ရရှိနိုင်ရေး

• အမတော်ကြေး စပါးအတွက် ၁၅၀၀၀၀ိ/ ဆီထွက်သီးနှံ ၈၀၀၀၀ိ/ အထိ တိုးတက်ချေးငှားရေး

• စက်မှုလယ်ယာအတွက် hire purchase စနစ် အားကောင်းရေးဆောင်ရွက်ရေး

• အရံဆန်ဝယ်ယူမှု လာဘ်ပေးလာဘ်ယူ ကင်းရှင်း၍ ကိုယ်ကျိုးစီးပွား မပါ၊ မှန်ကန်စွာ ဝယ်ယူသိုလှောင် ဖြန့်ဖြူ းနိုင်ရေး

• အရည်အသွေးမပြည့်မှီသော ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ ဥပဒေအရ နှိမ်နင်း ကာကွယ်ရေး ၊ တရားဥပဒေစိုးမိုးရေး

• မွေးမြူရေး အမတော်ကြေး တိုးမြှင့်ပံပိုးရေး၊ တိရစ ္ဆာန်ရောဂါ ကာကွယ် ကုသရေး၊

• မွေးမြူ ရေး ပြည်ပ ပို့ကုန် အတားအဆီးများ ဖယ်ရှားရေး၊ ပြည်ပ ပို့ကုန် အထောက်အကူပြု စခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရေး

• ပဲရောင်းဝယ်ရေး နှင့် ပြည်ပတင်ပို့ရေး အဟန့်အတားများ ဖယ်ရှားရေး၊ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး

• စားအုန်းဆီ အရည်အသွေး ထိန်းချုပ်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တားဆီးရေး

• စိုက်ပျိုးမွေးမြူ ရေလုပ်ငန်း ပို့ကုန်ကြိုတင်ချေးငွေ export credit ရရှိအောင်ဆောင်ရွက်ရေး

• အာဖရိက ဈေးကွက် ထိုးဖောက် ဆန်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်ရေးအထောက်အပံအကူအညီ Trade Facility၊ Diplomatic သံတမာန်ရေး အကူအညီ ပံပိုးရေး

• နယ်စပ်ကုန်သွယ်ရေး အထောက်အကူပြု ကုန်းတွင်းပိုင်း one stop service ကုန်သွယ်ရေး၊ အကောက်အခွန်ရှင်းလင်းရေး၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု စခန်းများ ဖွင့်လှစ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ချောမွေ့ရေး အဟန့်အတားများဖယ်ရှားရေး

• အသေးစား၊ အလတ်စား လုပ်ငန်းများထောက်ကူပြု ရင်ခွင်ပိုက်ဌာနများ SME incubator များဖွင့်လှစ်နိုင်ရေး

• သဘာဝနှင့် ကျေးလက်ခရီးသွားလုပ်ငန်း အထောက်အကူပြု Home Stay ခွင့်ပြုသတ်မှတ် ပေးခြင်း လူထုစီမံခန့်ခွဲနိုင်ခွင့် ကူညီဆောင်ရွက်ပေးရေး

• ဘဏ်တိုးနှုန်းလျော့ ချရေး နှင့် Security Bond ငွေကြေးအာမခံစာချုပ် များထုတ်ယူရောင်းချ နိုင်ရေး

• ပြည်ပရွှေ တရားဝင် တင်ပို့ခွင့်ပြုရေး

• စီးပွားရေး အချက်အချာကျသောနေရာများ internet မြန်နှုန်းမြင့်ရေး

• Mobile banking ကျယ်ပြန့်စွာအသုံးပြုဆောင်ရွက်ရေး

• လစာနည်းဝန်ထမ်းနှင့် ကျောင်းသားနေ ပုဂ္ဂလိကဘော်ဒါဆောင်များ အခွန်သက်သာခွင့်ပြုရေး၊ နေထိုင်မှု အဆင့်အတန်းမြှင့်တင်ရေး ကူညီပေးရေးဌာနများ ဖွင့်လှစ်ဆောင်ရွက်ခြင်း

• ရန်ကုန်၊မန္တလေး မြို့ကြီးများရှိ ဆင်ခြေဖုန်းအရပ်များ ရေမြောင်းကောင်းမွန်ရေး၊ လမ်းတံတားကောင်မွန်ရေး၊ ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းစနစ်ပံပိုးပေးရေး၊ အိမ်မြေဂရန် ရရှိအောင်ဆောင်ရွက်ပေးရေး

• အစရှိသဖြင့် ဖွင့်ဖြိုးတိုးတက်စေကာ အိမ်ဈေးနှုန်း များကျဆင်းရေးကို ဦးတည်စေရေး

• မြို့ကြီးများ ပျံကျဈေးသည်များ မြို့နယ်အလိုက် အတည်တကျ၊ သန့်ရှင်းသပ်ရပ်စွာ ရောင်းချနိုင်ရေးအတွက် ပံပိုးဆောင်ရွက်ပေးခြင်း၊

• ပြည်သူပူပေါင်းကူညီဆောင်ရွက်သည့် ယာဉ်ပိတ်ဆို့မှု လျော့ပါးအောင် ဆောင်ရွက်ခြင်း

• မူလတန်းကျောင်းသားများ ကျောင်းဝတ်စုံ ထုတ်ပေးရေး၊ ကျောင်းအဟာရ ကျွေးမွေးရေး နှင့် ကျောင်းကျမ္မာရေး ကျယ်ပြန့်စွာ အစပျိုးဆောင်ရွက်ခြင်း

• Tele medicine health clinic များ အဝေးမှ ပြန်ကြားဆက်သွယ် အထောက်အကူပြု အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း အစပျိုးစမ်းသပ် စတင်ခြင်း

• ကျန်းမာရေး အာမခံ မြို့ ကြီးများတွင် ကျယ်ပြန့်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပံပိုးခြင်း နှင့် ကျေးလက် ကျမ္မာရေးစောင့်ရှောင့်မှု အာမခံ လည်ပတ်ရံပုံငွေစမ်းသပ် အစပျိုးနိုင်ရန် စတင်ခြင်း

• သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အားလူမှုဖူလုံရေး ပံပိုးမှု Food Stamp နှင့် Health Insurance အစပျိုးဆောင်ရွက်ခြင်း

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.7k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
93
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
54

• မူးယစ်ဆေးဝါး သုံးစွဲသူများ ပြန်လည်ထူထောင်ပြုစုရေး နှင့် ပညာပေးရေးလုပ်ငန်း ကျယ်ပြန့်စွာဆောင်ရွက်ခြင်း

• ကူးစက်ရောဂါ အရေးပေါ်ဆေးဝါး ရရှိရေး တိုးချဲ့ဆောင်ရွက်ပေးခြင်း

• နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ လူထုနှင့် ဒီမိုကရေစီလှုပ်ရှားသူများကို ဖိနှိပ်နေသည့် ဥပဒေများ ပယ်ဖျက်ရေးဆောင်ရွက်ခြင်း

• ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထိရောက်စွာ စတင် ကျယ်ကျယ်ပြန့်ပြန့်ကျင်းပခြင်း

• အထက်ပါလုပ်ငန်းများကျယ်ပြန့်စွာ လုပ်နိုင်ရန် တရားဥပဒေစိုးမိုးရေး စင်တာများ၊ ပြည်သူ့စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ ဝိုင်းလက်ကူ လုပ်အားပေးအဖွဲ့များဖွဲ့စည်းခြင်းဖြင့် လူထုအားနိုးကြွားတက်ကြွပြုပြင်ပြောင်းလဲရေးတွင် တတပ်တအား ပါဝင်လာစေခြင်း (social mobilization)၊ ဒေသန္တရဒီမိုကရေစီဖွင့်ဖြိုးရေး အထောက်အကူပြု ကော်သုံးကော် ပြည်သူရွေးချယ်တင်မြှောက်ခြင်း (စည်ပင်သာယာ၊ မြေယာစီမံခန့်ခွဲရေး၊ ဖွံဖြိုးရေး ပြည်သူ့ကော်မတီများ)

• အထက်ပါလုပ်ငန်း များ အတွက် လိုအပ်သော ရံပုံငွေကို ထူထောင်ရန်အလို့ငှာ အရှုံးပေါ် အစိုးရလုပ်ငန်းများကို ရပ်တန့်စေခြင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆန္ဒအလျောက် နိုင်ငံသားအခွန်ထည့်ဝင်ရေး၊ ပြည်တွင်းပြည်ပ ပံပိုးမှုထည့်ဝင်မှုဖြင့် ဒီမိုကရေစီအရေးပေါ် ပြန်လည်ထူထောင်ရေး ရံပုံငွေ ဒေါ်လာ သန်းတထောင် မတည်ငွေရရှိအောင် ဆောင်ရွက်ကြိုးပမ်းခြင်း

အထက်ပါလုပ်ငန်းတွေ အပြင် အခြားအရေးကြီးတဲ့ လုပ်ငန်းများလည်း ရှိမှာ ဖြစ်ပါတယ်။ အချို့ အရေးပါသော လုပ်ငန်းများ၊ ဥပမာ ကုန်ဈေးနှုန်းကျဆင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ အဆင့်မြင့်ပညာ သင်ကြားရေး နှင့် လူစွမ်းအားအရင်းအမြစ်ပြုစု ပျိုးထောင်ရေး၊ မြို့ပြ စီမံကိန်းရေးဆွဲရေး၊ အများပြည်သူ ပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း တွေ ထဲက ဆောင်ရွက် နိုင်မည့် ရေတိုလုပ်ငန်းများကိုလည်း ဖော်ထုတ်သွားဖို့ အရေးကြီးပါတယ်။

အရေးကြီးတာ ကတော့ ဒီ ဆောင်ရွက်ချက်တွေ တိုးတက်အကျိုးဖြစ်ထွန်းမှုကို တိုင်းတာလေ့လာနိုင်တဲ့ စနစ်တခုကိုပါ တပါတည်း အကောင်ထည် ဖော်ဆောင်ရွက် သွားဖို့လိုပါတယ်။ ဒါမှလည်း အချိန်နဲ့တပြေးညီ လိုအပ်ချက်၊ အားနည်းချက်ကို ဖော်ထုတ်ပြုပြင် နိုင်မှာဖြစ်ပါတယ်။ သို့မှသာ အစိုးရသစ်ဟာ လူထုတိုက်ရိုက်အကျိုးရှိမယ့် အလျင်အမြန် ဆောင်ရွက်ရန်ရှိ တဲ့လုပ်ငန်းတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင် ခြင်း ဖြင့် ပြည်သူတွေရဲ့မျှော်လင့် အားထားမှု စိတ်တက်ကြွမှုကို ထိန်းထားကာ၊ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေမှာ ပြည်သူ့အားကို ရယူနိုင်မှာဖြစ်ပါတယ်။ တဆက်တည်း ဒီမိုကရေစီစနစ် မလိုလားသူတွေရဲ့ နှောက်ယှက်မှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပြီး၊ မေတ္တာအခြေပြုတဲ့ နိုင်ငံတည် ဆောက်ရေးကို စုပေါင်းညီညာ အောင်ကြောင်းဖြာ နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(ဝင်းမျိုးသူသည် စီးပွားရေးအရ အကျိုးရှိစွာ ဂေဟစနစ် ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (The Economically Progressive Ecosystem Development group – EcoDev) ကို ပူးတွဲ တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သည်)

Your Thoughts …
Tags: Opinions
ဝင်းမျိုးသူ

ဝင်းမျိုးသူ

Contributor

Similar Picks:

နိုင်ငံရေး, လူမှုရေး,

ဗိုလ်ချုပ်အောင်ဆန်း ပြခဲ့တဲ့ နိုင်ငံရေး

by မောင်ဆွေဝင်း (ပဲခူး)
28 September 2015
4.6k

န်ိုင်ငံရေးသည် ညစ်ပတ်တဲ့အလုပ်ဖြစ်သည်ဆိုသော စကားကိုလည်း ဗိုလ်ချုပ်က လက်မခံခဲ့ပါ။ နိုင်ငံရေးကို ညစ်ထေးအောင် တမင်ဖန်တီး လုပ်ဆောင်နေသူများကြောင့် နိုင်ငံရေး အဓိပ္ပါယ်ပျက်ရခြင်းဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

NLD, ဒေါ်အောင်ဆန်းစုကြည်, ရိုဟင်ဂျာ

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်နှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှု

by နီကိုလတ်စ် ခရစ်စတော့ဖ်
13 January 2016
8.4k

လူအများ၏ ချစ်ခင်လေးစားမှုကို ခံရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦးက ၂၁ ရာစု၏ အကျဉ်းစခန်းများကို ဦးဆောင်သည့် မြင်ကွင်းတခုကို မကြာခင် ကမ္ဘာက မြင်တွေ့ရတော့မည်။

တလင်တမယား, ဥပဒေ, အိမ်ထောင်ရေး

တလင်တမယား ဥပဒေကြောင့် အိမ်ထောင်ရေး အဆင်ပြေသွားကြမလား

by ရဲမင်းဦး
4 September 2015
14.7k

အရေးယူခွင့်ရှိသူ (ဝါ) ဥပဒေဘက်တော်သားတွေကလည်း အဂတိလိုက်စားမှုများ၊ ခြိမ်းခြောက်ငွေတောင်းမှုများ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ မိမိမှာ တာဝန်ရှိတယ်လို့ တစုံတဦး၊ တစုတဖွဲ့က ကိုယ့်ဖာသာခံယူပြီး ဥပဒေလွတ် လိုက်လံ ထိန်းကျောင်းမှုတွေ လုပ်လာမှာမျိုးဖြစ်ပါတယ်။

အကြမ်းမဖက်, ၉၆၉, ဂန္ဓီ, မတရား, ပေါင်းသင်းဆက်ဆံရေး

အကြမ်းမဖက်ခြင်း

by ကိုတာ
30 April 2014
6.7k

၉၆၉ ဘုန်းတော်ကြီး တပါးနှင့် တွေ့ဖူးသည်။ အကြမ်းမဖက် ကြပါနဲ့ဘုရားဟု လျှောက်ရာ သူတို့ အကြမ်း မဖက်ကြပါဟု သူကမိန့်သည်။ အကြမ်း မဖက်ခြင်း (Non-violence) ဟူသည်မှာ ဘာလဲ။ ကျနော် နားလည်သော အကြမ်း မဖက်ခြင်းသည်...

မင်းသိင်္ခ

မင်းသိင်္ခ မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲ ပစ်

by ငြိမ်းချမ်းအေး
1 August 2014
24.3k

နည်းမျိုးစုံနဲ့ “ကလိမ်စေ့ ငြမ်းဆင် ငြိမ်ပိလမ်းစဉ်” အင်တိုက် အားတိုက် ဆောင်ရွက် နေကြတာ အားလုံး အသိ။ ကြောက်ပါတယ် ဆိုမှ မင်းသိင်္ခရဲ့ ဟောကိန်းနဲ့ လာခြောက် နေတယ်ဆိုပြီး ကြောက်ကန် ဆက်ကန်ဦးမှာ အသေအချာပါပဲ။

ဘာသာရေး, သာသနာ

သာသနာ ညှိုးနွမ်းစေသူများကို မည်သူ အရေးယူမည်နည်း

by မြတ်စုမွန်
23 January 2015
21k

သင်္ကန်းဝတ် တဦး၏ ဝိနည်း သိက္ခာပုဒ်တို့ကို မထောက်ထား မငဲ့ကွက်ပဲ သာမာန် လူတို့ထက်ပင် သိမ်ဖျင်းသည့် ဆဲရေးသမှု ပြုခြင်းကို အားကိုး အားထားရာ ထေရ်ကြီးဝါကြီး သံဃာတော်များက မသိကျိုးကျွံပြုနေလျှင် ကျမတို့ မည်သူ့ကို ဆက်၍ အားကိုး...

Next Post
အစိုးရအဖွဲ့ , ဝန်ကြီးဌာန , NLD

NLD အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၁၀ ခုဖြုတ်သိမ်းပြီး ၂၁ ခုသာ ထားရှိ

တပ်မတော်, တရားဥပဒေ စိုးမိုးရေး

အရပ်သားကို ပစ်သတ်သည့် ဗိုလ်ကြီးကို အရေးယူပေးရန် သမ္မတနှင့် တပ်ချုပ်ထံ တင်ပြမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

2 hours ago
1.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved