• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း ၂

by မောင်မောင်စိုး
31 July 2019
in သူ့အတွေး သူ့အမြင်
A A
ကချင်ပြည်နယ် လိုင်ဇာတွင် သင်တန်းဆင်းပြီး ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လှုပ်ရှားနေသော AA အင်အားမှာ ၄၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်  / Arakan Army Info Desk

ကချင်ပြည်နယ် လိုင်ဇာတွင် သင်တန်းဆင်းပြီး ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လှုပ်ရှားနေသော AA အင်အားမှာ ၄၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည် / Arakan Army Info Desk

32.2k
VIEWS
Share on FacebookShare on Twitter

အစိုးရ၊ တပ်မတော်နှင့် AA ကြား စစ်ရေးပဋိပက္ခ

ရခိုင်ပြည်နယ် နိုင်ငံရေး အခြေအနေသည် မိမိ မြောက်ဦးစစ်တမ်း စတင်ရေးသားသည့် ၂၀၁၇ ခုနှစ်နှင့် မတူတော့ဘဲ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပေါက်ကွဲ ထွက်လာသည်ဟု ဆိုရမည်။ ပြင်းပြင်းထန်ထန် ပေါက်ကွဲ ထွက်လာသည်မှာ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီး မျှော်လင့်သည်ထက် ပိုမို ပြင်းထန်ခဲ့သည်ဟု ဆိုရမည်။

၂၀၁၅ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိသည့်အနက် NCA လက်မှတ် ရေးထိုးခဲ့သည့် ALP/ALA (ရခိုင် လွတ်မြောက်ရေးပါတီ/ ရခိုင်လွတ်မြောက်ရေး တပ်မတော်) ANC/AA (ရခိုင်အမျိုးသားကောင်စီ/ ရခိုင်တပ်မတော်) တို့မှာ စစ်အင်အား လောက်လောက်လားလား တိုးတက်လာခြင်း မရှိဘဲ အဓိက နိုင်ငံရေးအရ ဦးတည်လှုပ်ရှားသည့် အဖွဲ့အစည်းများ ဖြစ်ခဲ့သည်။ ၂၀၁၈/၂၀၁၉ ခန့်တွင် စစ်အင်အား လောက်လောက်လားလား ရှိလာပြီး လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှု အရှိန် မြှင့်တင်နိုင်ခဲ့သည်မှာ ULA/AA (ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော်) ဖြစ်လာခဲ့သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် လူ ၂၈ ယောက်ခန့်ဖြင့် KIA ဌာနချုပ် လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့သည့် AA သည် စတင်ဖွဲ့စည်းစဉ်က မလောက်လေး မလောက်စား အဖွဲ့အစည်းငယ် တခုဟု အများက မှတ်ယူခဲ့ကြသည်။ သို့သော် AA သည် ၂၀၁၄ ခုနှစ် ကျောက်ဖြူ ရခိုင်အမျိုးသား ညီလာခံမှစတင်၍ လူသိများလာပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ ရခိုင်တွင် ရေပမ်းစားသော အဖွဲ့အစည်းတရပ် ဖြစ်လာခဲ့သည်။ AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ပုဂ္ဂိုလ်ရေး ကျော်ကြားလာမှု၊ ရေပမ်းစားမှုမှာလည်း AA အား ပိုမို၍ လူသိများလာစေခဲ့သည်။ ထို့အတူ AA သည် ရခိုင်လူငယ်ထုအတွင်း ရေပမ်းစားပြီး သြဇာရှိသော အဖွဲ့အစည်းအဖြစ် တစတစ နေရာရ လာခဲ့တော့သည်။

ကချင်နှင့် ရှမ်းမြောက်တို့ တရုတ်မြန်မာ နယ်စပ်တွင် ၎င်း၏မဟာမိတ် များဖြစ်သော KIA/TNLA/MNDAA တို့နှင့် ပူးတွဲစစ်ရေး လှုပ်ရှားနေသော AA ၏ ရခိုင်ပြည်နယ်တွင်း စစ်ရေးလှုပ်ရှားမှု များကို ၂၀၁၅ ခုနှစ်မှ စ၍ တွေ့ရှိလာရသည်။ သို့သော် တိုက်ပွဲငယ်တချို့ ဖြစ်ပြီး သတင်းပြန်လည် ပျောက်သွားခဲ့သည်။ မည်သို့ဆိုစေ AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူရန် စတင် လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

၁၉၆၈ ခုနှစ်ကာလများက ဖွဲ့စည်းခဲ့သည့် ALP/ALA သည် KNU ၏ အကူအညီနှင့် ထိုင်းနယ်စပ်တွင် လည်းကောင်း၊ AIO/AIA (ရခိုင်လွတ်လပ်ရေးအဖွဲ့/ရခိုင်လွတ်လပ်ရေးတပ်မတော်) သည် KIA ၏ အကူအညီဖြင့် တရုတ်နယ်စပ်တွင် လည်းကောင်း အသီးသီး ဖွဲ့စည်းခဲ့ကြပြီး လူရာဂဏန်းများ စုဖွဲ့ လက်နက် တပ်ဆင်ပြီး ရခိုင်ပြည်နယ်သို့ တောလမ်းမှ ပြန်လည်ချီတက်ခဲ့ကြရာ ချင်းပြည်နယ် အရောက်တွင် တပ်မတော်၏ ချေမှုန်းမှုကို ခံခဲ့ကြရသည်။

AA သည် ၎င်းဖြစ်ရပ်မှ သင်္ခန်းစာ ကောင်းစွာယူထားပုံ ရသည်။ ယခင် ALP/ALA၊ AIO/AIA တို့ကဲ့သို့ လူရာဂဏန်း လေ့ကျင့် လက်နက်တပ်ဆင် ပြီးရုံမျှနှင့် ရခိုင်သို့ ပြန်လည်ချီတက်ခြင်း မပြုခဲ့ပေ။ လေ့ကျင့်ပြီးသား လူသူ၊ လက်နက်များကို နည်းအမျိုးမျိုးသုံး၍ ရခိုင်သို့ ပို့ပုံရသည်။ နည်းအမျိုးမျိုး ဆိုသည်၌ မြို့ပေါ်တွင် လျှို့ဝှက်စွာ ဖြတ်သန်း သယ်ဆောင်၍ လည်းကောင်း၊ ပြည်ပမှ ဖြတ်သန်း၍ လည်းကောင်း နည်းအမျိုးမျိုး သုံးဟန်တူသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်နယ်စပ်အနီး လူ ၅၀၀၀ ခန့်အထိ လေ့ကျင့်ပြီးစီးသော AA သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း နည်းလမ်း အမျိုးမျိုးသုံး၍ ရခိုင်သို့ လေ့ကျင့်ပြီး စစ်သည်များနှင့် လက်နက် ပို့ဆောင်ခြင်းကို အချိန်ယူ လုပ်ဆောင်ခဲ့ပုံ ရသည်။ ၂၀၁၅ နောက်ပိုင်း ၂၀၁၆ /၂၀၁၇ တို့တွင်လည်း AA ၏ လှုပ်ရှားမှုတချို့အား ရခိုင်ပြည်နယ်တွင် ရံဖန်ရံခါ သတင်းထွက်ပေါ်သည်ကို ကြားသိရသည်။ ALP/ALA ဌာနချုပ် စခန်းအား AA က သိမ်းယူသည် ဟူသည့် သတင်းများလည်း ကြားသိရသည်။ ၂၀၁၈ ခုနှစ် တန်ဆောင်တိုင် ကာလတွင် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ် အတွင်းရှိ ရှင်းလက်ဝ တဝိုက်တွင် AA အင်အား ၃၀၀၀ ခန့် တွေ့ရသည်ဟု မြေပြင်သတင်းများအရ ကြားသိရသည်။

အရှေ့ဘက် တရုတ်နယ်စပ်တွင် လေ့ကျင့်ထားသော လူသူအင်အား ထောင်နှင့်ချီ၍ အနောက်ဖက် အိန္ဒိယ နယ်စပ်သို့ လျှို့ဝှက်စွာ သယ်ယူပို့ဆောင်နိုင်ခြင်းသည် AA ၏ အရေးပါသော စွမ်းဆောင်ချက်ဟု ဆိုရမည်။

AA သည် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း အခြေစိုက်ခြင်းမှာ ပလက်ဝမြို့နယ်အတွင်း၌ ရခိုင်နှင့်မျိုးနွယ်စုများ အများအပြား နေထိုင်ခြင်း၊ ပလက်ဝမြို့နယ်အတွင်း ချင်းအပါအဝင် တခြား တိုင်းရင်းသားများ ရှိသော်လည်း မြို့နယ်အတွင်း “ဈေးစကား” ဟု ခေါ်သော ဘုံဘာသာစကားမှာ ရခိုင်ဘာသာစကား ဖြစ်နေခြင်း၊ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် အတွင်းတွင် ရခိုင်ရွာများ ရှိနေခြင်း၊ ထိုရခိုင်ရွာများတွင် ယခင် ရခိုင် လက်နက်ကိုင် ပုန်ကန်မှု များအတွင်း ပါဝင်သော ရဲဘော်ဟောင်းများ အခြေချ နေထိုင်ခြင်း စသည့် အားသာချက်များကြောင့် ဖြစ်နိုင်သည်။

ထို့အပြင် အိန္ဒိယ နယ်စပ်တွင် အခြေစိုက်နိုင်ခြင်းသည် အိန္ဒိယအစိုးရ မည်သို့ သဘောထားသည်နှင့် သက်ဆိုင်ပုံရသည်။ မြန်မာပိုင် တမူးနှင့်နာဂနယ် အတွင်း အိန္ဒိယ အစိုးရအား ပုန်ကန် တိုက်ခိုက်နေသည့် ကသည်းနှင့် နာဂသူပုန်များ ရှိနေခြင်းကို တုန့်ပြန်ရန် အိန္ဒိယနယ်စပ်တွင် AA လှုပ်ရှားမှုအား မျက်နှာ လွှဲနေသည်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် တရုတ်နှင့် နီးစပ်သော AA အား အိန္ဒိယမှ ဆွဲဆောင်လိုခြင်းလည်း ဖြစ်နိုင်သည် ဆိုသည့် ဖြစ်နိုင်ချေများကို ထည့်သွင်း စဉ်းစားရန်လိုသည်။

ထို့အပြင် တောင်ဘက် ဆင်းလာပါက ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက်သည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက် သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်၊ မြုံ ထောင်ဟူသည့် “ထောင်” ၄ ထောင်ရှိသည်။ “ထောင်” ဟူသည့် အနက်အဓိပ္ပာယ်မှာ နယ်ပယ်ဖြစ်သည်။ အဆိုပါ “ထောင်” များမှာ ဘင်္ဂလားဒေ့ရှ် နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်များဖြစ်ပြီး ရခိုင်မျိုးနွယ်စုများ ဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ မြို စသည့် လူမျိုးများ နေထိုင်သည့်ဒေသများ ဖြစ်သည်။

အဆိုပါ “ထောင်” များရှိ ရခိုင်မျိုးနွယ်စု များနှင့် ရခိုင်ပြည်နယ်ရှိ ရခိုင်တို့ သွေးသားတော်စပ်မှု ရှိသည်။ အလားတူ AA တပ်ဖွဲ့တွင်း ပါဝင်သည့် ရခိုင်တိုင်းရင်းသားများနှင့်လည်း သွေးသားတော် စပ်မှုရှိရာ AA အတွက် အထောက်အပံ့ ဖြစ်နိုင်သည့် အချက်တချက် ဖြစ်သည်။

ထို့အပြင် အဆိုပါ “ထောင်” ၄ “ထောင်” တွင် ဘင်္ဂလားဒေ့ရှ် အစိုးရအား ပုန်ကန် တိုက်ခိုက်နေသည့် “ရှန်တီဗာဟင်းနီ” ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့ ရှိသည်။ အဆိုပါ လက်နက်ကိုင် အဖွဲ့သည် သံမဏိ သက်ရှည်သော အဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အဆက်ဆက်နှင့်လည်း ဆက်နွှယ် ပတ်သက်မှု ရှိခဲ့သည်။ အပြန်အလှန် ကူညီမှုများ ရှိခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။

ထိုသို့သော အခြေအနေများ အောက်တွင် AA သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ စတင် ခြေကုပ် ယူလာခဲ့သည်ဟု ဆိုရမည်။ AA သည် ARSA နှင့်ဆက်နွှယ်မှု ရှိသည်ဟု အစိုးရနှင့် တပ်မတော်က စွပ်စွဲထားသော်လည်း AA က ငြင်းချက် ထုတ်ထားသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားရာ နယ်မြေများမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ အထူးသဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော်က တရုတ်နယ်စပ်နှင့် ဆက်စပ်နေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ စစ်တိုင်းဌာနချုပ် နယ်မြေ ၅ ခုတွင် အပစ်ရပ် ကြေညာခဲ့သည့် နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း၌ စစ်ရေးပဋိပက္ခ မြင့်တက်ခဲ့သည်။

စစ်မက်ဖြစ်ပွားရာ နယ်မြေမှာလည်း ပလက်ဝမြို့နယ်သာမက၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်တို့သို့ပါ ကျယ်ပြန့်သွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အစိုးရ၏ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန္နဝါရီလမှ မေလအထိ ထိတွေ့မှု (တိုက်ပွဲဖြစ်ပွားမှု) အကြိမ်ပေါင်း – ၂၀၆ ကြိမ်
AA အလောင်းရ – ၁၀၀ နီးပါး
AA အရှင်ဖမ်းမိ – ၄၈ ဦး
မိုင်းဖြစ်စဉ် – ၂၁ ကြိမ်
ကျဆုံး ရဲတပ်ဖွဲ့ဝင် – ၃၁ ဦး
ဒဏ်ရာရရဲတပ်ဖွဲ့ဝင် – ၃၂ ဦး
ပျောက်ဆုံးရဲတပ်ဖွဲ့ဝင် – ၆ ဦး
အရပ်သားသေဆုံးမှု – ၂၀ ဦး
အရပ်သား ဒဏ်ရာရမှု – ၄၃ ဦးတို့ ဖြစ်သည်။

အစိုးရ ထုတ်ပြန်ချက်တွင် တပ်မတော်သား ထိခိုက်ကျဆုံးမှု မပါဝင်ပါ။ တပ်မတော်အနေဖြင့် သီးခြား ထုတ်ပြန်ခြင်း မရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မထိခိုက်စေလို၍ ထုတ်ပြန်ခြင်းမပြုဟု ဆိုပါသည်။

AA ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်၊ ရက်ပေါင်း ၁၃၀ (ပထမအကြိမ် စစ်တိုင်း ၅ ခု၌ အပစ်ရပ်ထားသည့် ကာလ) အတွင်း ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားမှု အောက်ပါအတိုင်း ဖြစ်သည်။
မိနစ် ၃၀ အထက် ကြာမြင့်သည့် တိုက်ပွဲ – ၁၆၀ ပွဲ
မိနစ် ၃၀ အောက် ကြာမြင့်သည့်တိုက်ပွဲ – ၂၀၀ ပွဲ
၂၀၁၉ မေလ ၁ ရက်မှ ၂၃ ရက်အထိ တိုက်ပွဲကြီးငယ် – ၄၈ ပွဲ

ထို့ကြောင့် ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်မှ မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲကြီးငယ် ၄၀၀ ခန့်အထိ ဖြစ်ပွားခဲ့ပြီး တရက်လျင် ပျမ်းမျှအားဖြင့် တိုက်ပွဲ (ထိတွေ့မှု) ၃ ကြိမ်ခန့်အထိ ဖြစ်ပွားသည်ဟု ဆိုရပါမည်။ နှစ်ဖက်ကျဆုံးမှု အား အတိအကျ မသိရှိနိုင်သော်လည်း မြေပြင် သတင်းများအရ တဖက်စီ၌ ကျဆုံး၊ ဒဏ်ရာရရှိသူများမှာ ရာဂဏန်း တချို့အထိ ရှိနိုင်သည်ဟု သုံးသပ်ရပါသည်။ ရခိုင်ပြည်နယ်၌ ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်လများတွင်လည်း တိုက်ပွဲများ မရပ်တန့်ဘဲ၊ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး တချို့နေ့များတွင် တရက်တည်း တိုက်ပွဲ ၄ ပွဲခန့်အထိ ဖြစ်ပွားနေသည်ကို ကြားသိနေရသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နယ်မြေအတွင်း AA နှင့် တိုက်ပွဲများ ဖြစ်ပွား လာသောအခါ မူလက နပခ လက်အောက်ခံ စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) ၃ ခု၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ တို့မှ တပ်ရင်းတပ်ဖွဲ့များ အပြင် ၂၀၁၉ ခုနှစ် ကုန်ပိုင်းတွင် တပ်မတော်က တပ်မ ၂ ခု ထပ်မံဖြည့်တင်း စစ်ဆင်ခဲ့ပြီး လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများ အသုံးပြုခဲ့သည်။ အစိုးရကလည်း ရခိုင်ပြည်နယ် စစ်ဆင်ရေးများအတွင်း ရဟတ်ယာဉ် အသုံးပြုခွင့်ပေးကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

အစောပိုင်း ကာလတွင် ဂျက်လေယာဉ်အသုံးပြု တိုက်ခိုက်ခြင်းများကို တွေ့ရှိရသည်။ အစိုးရနှင့်တပ်မတော် သဘောထားမှာ ရခိုင်ပြည်နယ်တွင် မူလက လက်နက်ကိုင် အဖွဲ့မရှိသည့် အဖြူရောင်နယ်မြေ ဖြစ်သဖြင့် လက်နက်ကိုင် အဖွဲ့တခု အခြေစိုက်ခြင်းကို လက်မခံနိုင်ဘဲ “သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး” ကို မလွဲမသွေ ပြုလုပ်ရမည်ဟု သဘောထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း တိုက်ပွဲများ ကျယ်ပြန့်လာသောအခါ တပ်မတော်သည် တပ်မ တခုမှ ၂ ခုအထိ ထပ်မံဖြည့်တင်းခဲ့သည်ဟု မြေပြင် သတင်းများက ဆိုသည်။ ထို့အပြင် ချင်းပြည်နယ်ဘက်မှ ပိတ်ဆို့ဝိုင်းပတ်ရန် တပ်မ အနည်းဆုံး တခု ထပ်မံစေလွှတ်သည်ဟု မြေပြင် သတင်းများအရ သိရှိရပါသည်။ သို့သော် စစ်ရေး လျှို့ဝှက်ချက်များကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေး များတွင် တပ်မတော် အမှန်တကယ် အသုံးပြုနေသော စစ်အင်အားကို သိရှိရန် မလွယ်ပါ။

အလားတူပင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် လှုပ်ရှားနေသော AA တပ်ဖွဲ့အင်အားမှာလည်း ပဟေဠိသဖွယ် ဖြစ်သည်။ မြေပြင် သတင်းများအရ လည်းကောင်း၊ ရန်ကုန် သံတမန်ရပ်ကွက် သတင်းများအရ လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လှုပ်ရှားနေသော AA အင်အားမှာ ၄၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။

မူလက ပလက်ဝမြို့နယ် အိန္ဒိယနယ်စပ်တွင် လှုပ်ရှားရာမှ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း စသည့် မြို့ နယ် ၇ မြို့နယ်အထိ ဖြန့်ကျက် လှုပ်ရှားပြီး တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့ရသည်။ ၎င်းတို့၏တပ် ဖြန့်ကျက်နိုင် စွမ်းအားကြောင့် AA ၏ အင်အားမှာ ထောင်ဂဏန်းတချို့ ရှိနိုင်သည်ဟု တွက်ဆချက်က မမှားနိုင်ဟုဆိုရမည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ သိသိသာသာ မြင့်တက်လာသည့် ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဇူလိုင်လဆန်းအထိ ၆ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သော AA ၏ တိုက်ပွဲဖော်နိုင်စွမ်းနှင့် လက်နက်ခဲယမ်း ထောက်ပံ့နိုင်စွမ်း ရှိနေသေးသည်။ ထို့အတူ ရိက္ခာထောက်ပံ့နိုင်စွမ်း ရှိသည်မှာလည်း အံ့အားသင့်ဖွယ် ဖြစ်သည်။ ထို့အပြင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ နှစ်လယ်အထိ AA သည် တရုတ်နယ်စပ်တွင် နောက်ထပ် လူအင်အား တသောင်းနီးပါးခန့်ကို လေ့ကျင့်ပြီးစီးခဲ့သည်ဟု မြေပြင်သတင်းများအရ ကြားသိရသည်။

ရခိုင်ပြည်နယ်တွင် တရားဝင် ANP ပါတီ၏ တရားဝင်လှုပ်ရှားမှုများ မထိရောက်သဖြင့် ရခိုင်လူငယ်များ၏ တိမ်းညွှတ်မှုသည် လက်နက်ကိုင်စွဲသည့် AA ဘက်သို့ တိမ်းညွှတ်မှု များလာပုံရသည်။ အစိုးရနှင့် တပ်မတော်ကလည်း တရုတ်နယ်စပ်သို့ သွားရောက်သည့် ရခိုင်လူငယ်များကို ကန့်သတ်လာသည်။ ၂၀၁၈ ခုနှစ်မှစ၍ တောင်ကြီးနှင့် ကျိုင်းတုံအကြားရှိ သံလွင်တံတားတွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများ၏ သွားလာခွင့်အား တားဆီးပိတ်ပင်ခဲ့ပြီး ရခိုင်လူငယ်များ ရှမ်းအရှေ့သို့ သွားလာခွင့် ပိတ်ပင်ခဲ့သည်။ ရခိုင်လူငယ်များ AA ၏ မဟာမိတ်ဖြစ်သည့် မိုင်းလားနှင့် “ဝ” ဒေသသို့ မသွားရောက်နိုင်ရန် ရည်ရွယ်ပုံ ရသည်ဟု ဆိုရမည်။

ULA/AA ၏ လမ်းစဉ်မှာ ရခိုင်အမျိုးသားရေးကို ရှေးရှုသည့် ရက္ခိတလမ်းစဉ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် ကြွေးကြော်သံမှာ “မုန်တိုင်းကို ဖြတ်သန်းကြ” ဟူ၍ ဖြစ်သည်။ ၂၀၂၀ တွင် အာရကန်အိပ်မက် (ရခိုင့်အိပ်မက်) ဟု ကြွေးကြော်ထားသည်။ သို့ဖြစ်ရာ AA အနေနှင့် ၂၀၁၉ တွင် ပြင်းပြင်းထန်ထန် လုံးပမ်းပြီး ၂၀၂၀ တွင် ရခိုင်ပြည်နယ်၌ ၎င်းတို့၏ အခြေခံစခန်း တည်ဆောက်ရန် ရည်ရွယ်သည်ဟု ဆိုရမည်။

၂၀၁၉ ခုနှစ် ပထမ နှစ်ဝက်တွင် AA တပ်ဖွဲ့များသည် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း ဆက်သွယ်ရေး ကားလမ်းတလျှောက်နှင့် ကားလမ်းဝဲယာ၊ အထူးသဖြင့် အဆိုပါ ကားလမ်း မြောက်ခြမ်းတွင် တိုက်ပွဲများ၊ လှုပ်ရှားမှုများ ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။ ဤသို့ ဆက်သွယ်ရေး လမ်းကြောင်းတလျှောက် အပြင်စည်းတွင် ဝင်ရောက် လှုပ်ရှားနေခြင်းသည် အဆိုပါ ဆက်သွယ်ရေး လမ်းကြောင်း မြောက်ဖက်ခြမ်း တောင်ကြောများနှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အကြားတွင် AA အနေဖြင့် ခြေကုပ်စခန်းများ တည်ဆောက်နိုင်ရန် ကြိုးစားနေပုံရသည်ဟု ဆိုရမည်။

လက်ရှိ စစ်ရေးအနေအထားမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးနှင့် ဝိုင်းဝန်းပိတ်ဆို့ ချေမှုန်းရေး ရည်မှန်းချက် ထားရှိပြီး နပခ စစ်တိုင်းလက်အောက်ခံ တပ်များအပြင်၊ တပ်မတချို့အား အင်အားဖြည့်တင်း သုံးစွဲလျက် ရှိသည်။ ထို့အပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူကို အားဖြည့်သုံးစွဲ ထားသည်။ မိုးတွင်းကာလ၌ အဆိုပါ ပစ်ကူများ သုံးစွဲခြင်း၌ အကန့်အသတ်ရှိမည် ဖြစ်သော်လည်း ပွင့်လင်းရာသီ၌ အပြည့်အဝ သုံးစွဲနိုင်ပေမည်။

ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ အပစ်အခတ် ရပ်စဲထားပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်လည်း စစ်ဆင်ရေးများမရှိဘဲ မြန်မာပြည် တဝှမ်းလုံး၌ ရခိုင်၌သာ စစ်ဆင်ရေး ပြုလုပ်နေရသည် ဖြစ်၍ လိုအပ်ပါက ခြေလျင်၊ ခြေမြန်တပ်များ ထပ်မံ ဖြည့်စွက်နိုင်စွမ်း ရှိသည်။ ထိုနည်းတူ လေကြောင်းဖြင့် တပ်ပြောင်း တပ်ရွှေ့လျင်မြန်စွာ ပြုလုပ်နိုင်သည့် အစွမ်းရှိသည်။ အားနည်းချက်မှာ ဒေသခံလူထု၏ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု နည်းပါးခြင်းဖြစ်သည်။

AA ၏ လက်ရှိ စစ်ရေးလှုပ်ရှားမှုမှာ ပြောက်ကျား စစ်ဆင်မှုဖြစ်ပြီး နေရာယူ စစ်ဆင်ခြင်း မရှိသေးပါ။ AA အနေနှင့် လူထုထောက်ခံမှု အတော်များများ ရရှိထားရာ ပြောက်ကျား စစ်ဆင်ရာတွင် အားသာမှု ရှိသည်။ နောက်ပိုင်း၌ တောတောင်ထူထပ်သည့် အတွင်းပိုင်းတွင် အခြေခံစခန်း တည်ဆောက်လာပါက မလွှဲမရှောင်သာ နေရာယူစစ်များ တွေ့မြင်လာရနိုင်သည်။

တရုတ်နယ်စပ်တွင် လေ့ကျင့်ပြီး အင်အား တသောင်းခန့်အထိ ရှိသည်ဟု မြေပြင်သတင်းများက ဆိုသော်လည်း တပ်အင်အား ဖြည့်တင်းမှု အကန့်အသတ် ရှိနေသေးသည်။ သို့သော် AA ၏ အားသာချက်မှာ ဒေသခံလူထု၏ ထောက်ခံမှု ရရှိခြင်းဖြစ်သည်။ ရခိုင်၏ ထူးခြားချက်မှာ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား ပါဝင်သည့် လူ့အဖွဲ့အစည်းနှင့် ဘင်္ဂါလီလူ့အဖွဲ့အစည်း နှစ်ရပ်သာရှိပြီး ဗမာအပါ အခြား တိုင်းရင်းသားများ နေထိုင်မှု မရှိသလောက် နည်းပါးသည်။

ဤသို့ဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၂၀၁၉ ခုနှစ် နှစ်ဝက်ပိုင်းအထိ အစိုးရနှင့် တပ်မတော်တို့၏ ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး၊ အဖြူရောင် နယ်မြေအတွင်း လက်နက်ကိုင်များ ခြေမချနိုင်ရေး စစ်ဆင်ရေးများနှင့် AA ဘက်က အခြေချစခန်း တည်ဆောက်ရေး ဆိုသည့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော လမ်းကြောင်း ၂ ရပ် ထိပ်တိုက် ရင်ဆိုင်နေကြပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားရေးရာများကို လေ့လာနေသော သုတေသီတဦးဖြစ်သည်။သူ၏ “မြောက်ဦး စစ်တမ်း ”စာအုပ်သည် ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သည်။ ဆောင်းပါးပါ အာဘော်မှာ စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။)

ဆက်စပ်ဖတ်ရှုရန်

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ

Your Thoughts …
Tags: AAစစ်ရေးနိုင်ငံရေးပဋိပက္ခရခိုင်ပြည်နယ်
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
ဟောင်ကောင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့စဉ် / NBC News

ဟောင်ကောင် ရဲတပ်ဖွဲ့ကို တရုတ် ကာကွယ်ပြောဆို

ဒီဇိုင်းကာလာ ဘာညာအနေအထား

ဒီဇိုင်းကာလာ ဘာညာအနေအထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved