• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ

by ဧရာဝတီ
20 July 2019
in အယ်ဒီတာ့အာဘော်
A A
မြောက်ဦးသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖန် ပြန်လည်နိုးထနိုင်မည်လော / Reuters

မြောက်ဦးသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖန် ပြန်လည်နိုးထနိုင်မည်လော / Reuters

832.6k
VIEWS
Share on FacebookShare on Twitter

လာမည့် စက်တင်ဘာတွင် ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ၏ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကော်မတီသို့ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ရန် စာရင်းတင်သွင်းနိုင်ရေး သက်ဆိုင်ရာ ပညာရှင်များက ကျိုးပမ်းနေကြသည်။

အကယ်၍ စာရင်းဝင်သွားခဲ့လျှင် မြောက်ဦးသည် မြန်မာနိုင်ငံတွင် ယူနက်စကို စာရင်းဝင် တတိယမြောက် ဖြစ်လာမည်။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် မြို့များ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဖြစ်လာပြီး ပုဂံမှာ ယခု ၂၀၁၉ ခုနှစ် ကမ္ဘာ့အမွေအနှစ် စာရင်း ထပ်မံ ထည့်သွင်းခံခဲ့ရသည်။

ယူနက်စကို စာရင်းဝင်ပြီးသား ရှေးမြို့ဟောင်းများကဲ့သို့ မြောက်ဦးသည်လည်း အမွေအနှစ် လက်ရာများ ကြီးမား ခိုင်ခန့်စွာ ကျန်ရှိနေပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရန် ထိုက်တန်လှပါသည်။ သို့သော် အခက်အခဲများကလည်း ကြီးမားစွာ စိန်ခေါ်နေသည်။

အရင်ဦးဆုံး ဖြေရှင်းရမည့် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ရခိုင်စစ်ပွဲ ရပ်စဲရေး ဖြစ်သည်။ ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ဒေသခံ လူထုနှင့် ခရီးသွား ဧည့်သည်များ လုံခြုံရေးကို အာမခံမှုများ ရှိမှ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းများ ရှေ့ဆက် အရှိန်မြှင့် လုပ်ဆောင်နိုင်မည်ဖြစ်၍ ဖြစ်သည်။ စစ်ပွဲများ ရှိနေလျှင် ဖွံ့ဖြိုးရေး ခရီးမတွင်ပေ။

မြန်မာပြည် အရှေ့ခြမ်းနှင့် မြောက်ပိုင်းတွင် အလုပ်ဖြစ်နေသော အပစ်အခတ် ရပ်စဲရေးကို ရခိုင်ပြည်နယ်သို့ပါ ချဲ့ထွင်လာသင့်သည်။ အပစ်မရပ်လျှင် စစ်ပွဲနှင့်အတူ ပါလာသော ဘေးထွက်ဆိုးကျိုးက ဒေသခံ လူထုနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ပျက်ဆီးရေးသာ ဖြစ်သည်။

ဥပမာ မြောက်ဦးမြို့ ကိုးသောင်းပုထိုးတော်ကြီးအနီးရှိ အမြောက်များ တပ်ဆင်ထားသည်ဟူသော ရဲစခန်းအား အေအေ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့အပြီး မြန်မာ့တပ်မတော်က အကြီးအကျယ် တန်ပြန်စစ်ဆင်ရာ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များပါ ပါဝင်ခဲ့သောကြောင့် မြောက်ဦးမြို့ခံများ ခြောက်ခြားခဲ့ကြကြောင်း မကြာသေးမီက ဧရာဝတီ၏ ရခိုင်ခရီးစဉ်အတွင်း ကြားသိခဲ့ရသည်။ ယမ်းပေါက်ကွဲသံများကြောင့် ကိုးသောင်းဘုရား နံရံများ အက်ကွဲခဲ့ကြောင်း မြောက်ဦး အမွေအနှစ် ထိန်းသိမ်းသူများကလည်း ပြောသည်။

ကုလားတန်မြစ် အရှေ့ဘက် ရခိုင်ရိုးမ အစွယ်အပွား တောင်ကုန်းများကြား တည်ရှိနေသော မြောက်ဦးမြို့ဟောင်းသည် ရခိုင်လူမျိုးတို့၏ လွတ်လပ်ခဲ့သော ရှေးသမိုင်းကို အမှတ်ရဖွယ် ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသား ဖြစ်သည်ကို မြန်မာနိုင်ငံသားတိုင်းနှင့် နေပြည်တော်ရှိ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းက အလေးအနက် ထားသင့်သည်။ ယင်းသည် ပြည်ထောင်စု ပြိုကွဲစေလိုသော ချဉ်းကပ်မှုဟု အလျင်အမြန် နိုင်ငံရေး ကောက်ချက်ဆွဲ၍ မဖြစ်ပါ။ ခေတ်ပြိုင် ဘုရင့်မြို့ပြ နိုင်ငံတော်များ အချင်းချင်း အားပြိုင် တိုက်ခိုက်ခဲ့ကြသည့် သမိုင်းကို ဖုံးကွယ် လျစ်လျူရှုပစ်၍ မရပါ။

ယင်းအစား လူမျိုးပေါင်းစုံမှီတင်းနေထိုင်နေကြသော ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူမျိုးစုကြီး တစု၏ သန်စွမ်းသော ယဉ်ကျေးမှု လက္ခဏာ ဖြစ်၍ မြောက်ဦးသည် ပျူနှင့် ပုဂံမြို့ဟောင်းများကဲ့သို့  ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံး ဂုဏ်ယူတကြီး ထိန်းသိမ်းစောင့်ရှောက်ရမည့် သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်ပင် ဖြစ်သည်။

ရိုးရှင်းသော သမိုင်း သင်ခဏ်းစာလည်း ရှိသည်။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံနှင့် မြောက်ဦးကဲ့သို့သော မြို့ပြနိုင်ငံတော်များကို ငြိမ်းချမ်းရေးကာလများအတွင်းသာ တည်ထောင်ခဲ့ကြပြီး စစ်ပွဲကြောင့်သာ ပျက်စီးခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ပါဝင်ပတ်သက်နေသူများက ရခိုင်စစ်ပွဲ ရပ်တံ့စေရေး အမြန်ဆုံး အားထုတ်သင့်သည်။ လတ်တလော ရခိုင်စစ်ပွဲကြောင့် ထိခိုက်သေဆုံးသူ ၇၁ ယောက် ရှိလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးသူကလည်း ၄ သောင်းကျော် ရှိလာနေခြင်း ကနဦး သတိပေးချက်များ ဖြစ်သည်။

စစ်ပွဲ ရပ်စဲမှ ဒုက္ခသည်များ နေရင်းရပ်ထံ ပြန်ရေးနှင့် ယှဉ်တွဲပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်နိုင်မည်။ မြောက်ဦးသည် နိုင်ငံခြားသား ခရီးသည်များ စိတ်ဝင်စားရာ အရပ်ဒေသဖြစ်သည်။ မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေး အဖွဲ့ Myanmar Tourism Marketing ကလည်း မြောက်ဦးကို ခရီးသွားများ လည်ပတ်သင့်သော နေရာအဖြစ် ကြော်ငြာနေသည်။ သို့သော် ဒေသခံများလည်း ရေရှည်အကျိုးဖြစ်စေမည့် အဆင့်မီပြီး စနစ်ကျသော ခရီးသွားလုပ်ငန်း အစီအစဉ်နှင့် စီမံခန့်ခွဲမှု အဆင်သင့် မရှိသေးပေ။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြို့များသည် ကမ္ဘာ့အဆင့်မီ စီမံကွပ်ကဲရေး အစီအစဉ်နှင့် ဘတ်ဂျက်သတ်မှတ်မှု ရှိသင့်သည်။ အစီအစဉ်ကို အကောင်အထည်ဖော်မည့် စနစ်နှင့် တာဝန်ခံမည့် လူ ပုဂ္ဂိုလ်များ၊ အဖွဲ့များ ရှိရမည်။ အစ်မွေအနှစ် လက်ရာများ မပျောက်မပျက် ရေရှည် လုံခြုံစွာ သိမ်းဆည်း ထိန်းသိမ်းရန် ပညာပေးမှုများနှင့် တရားဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်မည့် အဖွဲ့များ စွမ်းဆောင်ရည် မြှင့်တင်ရေးကလည်း အရေးပေါ် လိုအပ်လာနေသည်။

ဤနေရာတွင် မူဝါဒရေးရာနှင့် နေ့စဉ် စီမံခန့်ခွဲမှုတွင် ဆုံးဖြတ် လုပ်ပိုင်ခွင့်ကိုလည်း နေပြည်တော်ကသာ ချုပ်ကိုင်မထားဘဲ ဒေသခံများ ပိုမို လွတ်လွတ်လပ်လပ် ပါဝင် ဆုံးဖြတ် လုပ်ဆောင်စေသင့်သည်။ နိုင်ငံရေးအရလည်း ငြိမ်းချမ်းရေး ရယူရန် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရမည်ကို နိုင်ငံရေး မူဝါဒ ရေးဆွဲသူတိုင်း လက်ခံထားပြီး ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ဒေသန္တရ အုပ်ချုပ်ရေးကို မြှင့်တင်ခြင်းကလည်း ဖယ်ဒရယ် ပြည်ထောင်စု၏ ဝိသေသ လက္ခဏာ တခုဖြစ်သည်။ ထို့ကြောင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသ ထိန်းသိမ်းရေး ဗဟိုချုပ်ကိုင်မှု လျှော့ရမည်။

စက်တင်ဘာလတွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကော်မတီသို့  စာရင်းတင်သွင်းခဲ့ပြီဆိုပါက ကျွမ်းကျင်ပညာရှိများ မြောက်ဦးသို့ လာရောက် စစ်ဆေးရတော့မည်။ ၎င်းတို့ လုံခြုံရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်နှင့် ပြည်နယ်အဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ယူပြီး အေအေအဖွဲ့အနေဖြင့်လည်း မြောက်ဦးအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ကျိုးစား အားထုတ်မှု မှန်သမျှနှင့် ခရီးသွားများ၏ လုံခြုံရေးကို အာမခံရမည်။

မြောက်ဦးသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖန် ပြန်လည်နိုးထနိုင်မည်လော။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
213

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် တွေ့ဆုံခြင်း

ရခိုင်နှင့် ချင်းပြည်နယ် အင်တာနက် ဖြတ်တောက်ခံလိုက်သည့် အပေါ် သူတို့အမြင်

ဒေသခံတွေ ပါဝင်ခွင့်ရှိတဲ့ ကျန်းမာရေးစနစ် တည်ဆောက်ချင်သူ

Your Thoughts …
Tags: မြောက်ဦး ယဉ်ကျေးမှုယူနက်စကိုရခိုင်စစ်ပွဲအမွေအနှစ်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

လူထုသင်္ကြန် ပြန်လာမယ်

လူထုသင်္ကြန် ပြန်လာမယ်

by ဇေယျ (အညာ)
16 April 2024
4.3k

မြန်မာသင်္ကြန်ဆိုတာ အစိုးရသင်္ကြန် မဟုတ်ပါဘူး။ လူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ လူထုသင်္ကြန်ပါ။

ငလျင်သေဆုံးမှု မြင့်မားသော်လည်း သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီ ကြိုးစားနေ

ငလျင်သေဆုံးမှု မြင့်မားသော်လည်း သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီ ကြိုးစားနေ

by ဧရာဝတီ
4 April 2025
1.2k

ယခုနှစ် သင်္ကြန်ပွဲတော်ကို ဧပြီလလယ် တဖြတ်လုံး စီစဉ်ထားပြီး ထိုအချိန်တွင် သေဆုံးမှု အရေအတွက် အကြီးအကျယ် တိုးလာမည်ဟု မျှော်လင့်ရသည်။

၁၉၇၅ ခုနှစ် မြေငလျင် လှုပ်ခတ်အပြီး မြင်ကွင်း

၁၉၇၅ ခုနှစ် ပုဂံငလျင်ကြီး

by ဝေယံအောင်
8 July 2019
18.7k

တိုက်ဆိုင်စွာပင် ပုဂံဒေသသည် ယခု ဇူလိုင်လ ၆ရက်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)မှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

by ဧရာဝတီ
10 August 2024
502

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ အနည်းဆုံး ၁၀၀၀ ရှိကြောင်း ချောင်ဒရီပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် / ဧရာဝတီ

ရခိုင်စစ်ပွဲ ပြန်စတော့မလား

by အဂ္ဂအောင်
10 May 2022
41.6k

ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိန်ခေါ်ချက် မတိုင်မီကတည်းက ရခိုင်ပြည်နယ်မှာ စစ်ရိပ်စစ်ငွေ့က သမ်းနှင့်နေပြီ လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

Next Post
မန္တလေးတိုင်း မြစ်ရေကြီးနေမှု မြင်ကွင်း / Thaung Htay Lynn

မန္တလေးတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်

သရုပ်ဖော် ပန်းချီ သားကြီးမောင်ဇေယျ

အပ်ချည်ကြိုး လက်ထိပ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved