အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များသည် မြန်မာတွင် “လက်ဝေခံစစ်ပွဲ” လုပ်ရန် ပြင်ဆင်နေသည်ဆိုသည့် အတွေးအခေါ်အုပ်စုတခုရှိပြီး ထိုအုပ်စုကို တောင်အာရှတွင် အဓိက တွေ့ရသည်။ ထိုစစ်ဆင်ရေးသည် မြန်မာစစ်တပ်ကို ချေမှုန်းရေးနှင့် အိန္ဒိယသမုဒ္ဒရာကို တရုတ် အသုံးပြုခွင့် မပေးရေးအတွက် ရည်ရွယ်သည်ဟု ဆိုသည်။
လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း ထိုသို့သော ပြောဆိုမှုများကို ပြည်တွင်းသတင်းဌာနအချို့နှင့် ဝက်ဘ်ဆိုက်များမှ ဆောင်းပါးနှင့် အယ်ဒီတာ့အာဘော် အများအပြားက ဖော်ပြကြသည်။ ထိုအမြင်၏ အဓိက ကောက်ကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ရန်ကုန်မှ အမေရိကန် သံရုံးတာဝန်ခံ၊ အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် ဒုတပ်မှူး အပါအဝင် အမေရိကန်အရာရှိများသည် ရှိတ် ဟက်စီနာ အစိုးရနှင့် ထိုစီစဉ်ထားသည့် စစ်ဆင်ရေး အသေးစိတ်များကို ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည်ဟု ဖော်ပြကြသည်။
၂။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စ ရှိတ် ဟက်စီနာ အိန္ဒိယနိုင်ငံ၊ ဒေလီသို့ ထွက်မပြေးမီက အမေရိကန်က ချမှတ်သည့် ဖိအားတွင် ပတ်သက်ရန် စိတ်အားထက်သန်ခြင်း မရှိသော်လည်း ခုခံနိုင်ခြင်း မရှိပေ။ ဖိအားပေးရာတွင် သူ၏ ပြည်တွင်းအတိုက်အခံများကို ထောက်ခံမည့် အမေရိကန် ပြည်ထောင်စု၏ ခြိမ်းခြောက်မှုလည်း ပါဝင်သည်ဟု ဆိုကြသည်။
၃။ အမေရိကန်အစီအစဉ်၏ အဓိက သွင်ပြင်လက္ခဏာတခုမှာ အာရက္ခတပ်တော် (AA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ကဲ့သို့သော သူပုန်အုပ်စုများ၏ မြန်မာမှ စစ်ဆင်ရေးများကို ထောက်ကူရန် ဘင်္ဂလားဒေ့ရှ်တွင် “ကြီးမားသော ထောက်ပံ့ရေးဌာန” ထူထောင်ရေးဖြစ်သည်ဟု ဆိုသည်။ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) လည်း ပါဝင်လာနိုင်သည်ဟု ဆိုကြသည်။
ဘင်္ဂလားဒေ့ရှ်တပ်မ အနည်းဆုံး သုံးခုသည် အမေရိကန် ကျောထောက်နောက်ခံပြု ထိုစစ်ဆင်ရေးကို ထောက်ကူရန်၊ အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းမှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို သယ်ယူပို့ဆောင်ရေး၊ အထောက်အပံ့နှင့် နည်းဗျူဟာ အကူအညီပေးရန် ပြင်ဆင်နေသည်ဟု ပြောကြသည်။
၄။ ဘင်္ဂလားဒေ့ရှ်တပ်မ အနည်းဆုံး သုံးခုသည် အမေရိကန် ကျောထောက်နောက်ခံပြု ထိုစစ်ဆင်ရေးကို ထောက်ကူရန်၊ အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းမှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို သယ်ယူပို့ဆောင်ရေး၊ အထောက်အပံ့နှင့် နည်းဗျူဟာ အကူအညီပေးရန် ပြင်ဆင်နေသည်ဟု ပြောကြသည်။
၅။ ထို့ပြင် အမေရိကန် ပြည်ထောင်စုသည် ကော့ဘဇားအနီးတွင် မြန်မာစစ်တပ်ကို တိုက်မည့် တူရကီလုပ် ဒရုန်းများ လွှတ်တင်ရန် “ကြီးမားသော အဆောက်အအုံ” ကို တည်ဆောက်ရေးတွင် ဘင်္ဂလားဒေ့ရှ်ကို ကူညီနေသည်ဟု ဆိုကြသည်။ ရည်မှန်းချက်မှာ “မြန်မာစစ်တပ်ကို လုံးဝချေမှုန်းရန်” ဖြစ်သည်ဟု ဆိုသည်။
၆။ စစ်ကောင်စီတပ်များကို ထောက်ကူမည့် မြန်မာလေတပ်ကို လွတ်လပ်စွာ လှုပ်ရှားခွင့် မပေးရန် ရခိုင်ပြည်နယ်တွင် “ဘော့စနီးယားပုံစံ လေကြောင်းမပျံသန်းရဇုန်” ထူထောင်ရေးကို အမေရိကန် ပြည်ထောင်စုက “အလေးအနက် စဉ်းစားနေသည်” ဟုလည်း ဆိုကြသည်။ ထိုစစ်ဆင်ရေးများ ပြုလုပ်ရေးအတွက် ဘင်္ဂလားပင်လယ်အော်တွင် အမေရိကန် လေယာဉ်တင်သင်္ဘောတစီး စခန်းချထားမည်ဟုလည်း ဖော်ပြကြသည်။
၇။ ဘင်္ဂလားပင်လယ်အော်မှ အမေရိကန် ရေတပ်သင်္ဘောများသည် မြန်မာအတိုက်အခံ လှုပ်ရှားမှုအဖွဲ့ဝင်များကို လက်နက်၊ ခဲယမ်းနှင့် အခြား စစ်ရေးအကူအညီများကို လျှို့ဝှက်ထောက်ပံ့ရန် “ကမ်းကပ် စစ်ဆင်ရေးများ” လုပ်နေသည်ဟု ဖော်ပြကြပြန်သည်။

၈။ ဆက်စပ် သတင်းတင်ပြမှုတခုတွင် ဆောင်းပါးတပုဒ်က “အနောက်တိုင်း ထောက်လှမ်းရေး အေဂျင်စီများသည် ထိုင်းနိုင်ငံရှိ ပုန်းအောင်းနေထိုင်သော နေရာများမှတဆင့် မြန်မာဗိုလ်ချုပ်များအား လက်နက်ကိုင်ပုန်ကန်မှုတခုကို မီးထိုးပေးနေသည်” (ထိုဆောင်းပါးတွင် ရေးသားထားသည့်အတိုင်း) ဟု ဖော်ပြသည်။ ထိုသို့သော သတင်းများကို လေ့လာသူအချို့က ပယ်ချသော်လည်း ထိုသတင်းများသည် အွန်လိုင်းတွင် ပျံ့နှံ့နေဆဲဖြစ်သည်။
၉။ ယခုနှစ်အစောပိုင်းတွင် ထိုသို့သော လှုပ်ရှားမှုများကို ချင်းပြည်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို လေ့ကျင့်ပေးရန် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာသို့ လျှို့ဝှက် ဝင်ရောက်လာသည့် ဗြိတိန်နှင့် အမေရိကန် ကြေးစားစစ်သား “ထောင်နှင့်ချီ” ရှိသည်ဟူ၍ ဆက်စပ်ဖော်ပြလာသည်။ ထိုသူများသည် “ဖြစ်နိုင်ခြေရှိသော လျှို့ဝှက် စစ်ဆင်ရေးများ” ၏ အစိတ်အပိုင်းဖြစ်နိုင်ကြောင်း အိန္ဒိယမှ လေ့လာသူတဦးက ပြောသည်။
ထိုစီမံကိန်းများအားလုံး၏ အန္တိမရည်မှန်းချက်မှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် တရုတ်၏ ယူနန်ပြည်နယ်မှ စီးပွားရေးစင်္ကြံကို ထိန်ချုပ်ပြီး မြန်မာနိုင်ငံအနောက်ပိုင်း ကျောက်ဖြူမှ ဖက်စပ် ဆိပ်ကမ်းအဆောက်အအုံများ အသုံးပြုခွင့် မပေးရေးအတွက် တခု သို့မဟုတ် တခုမကသည့် လွတ်လပ်သော ပြည်နယ်များ ဖန်တီးရေးဖြစ်သည်ဟု ဆိုကြသည်။
၁၀။ ထိုစီမံကိန်းများအားလုံး၏ အန္တိမရည်မှန်းချက်မှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် တရုတ်၏ ယူနန်ပြည်နယ်မှ စီးပွားရေးစင်္ကြံကို ထိန်ချုပ်ပြီး မြန်မာနိုင်ငံအနောက်ပိုင်း ကျောက်ဖြူမှ ဖက်စပ် ဆိပ်ကမ်းအဆောက်အအုံများ အသုံးပြုခွင့် မပေးရေးအတွက် တခု သို့မဟုတ် တခုမကသည့် လွတ်လပ်သော ပြည်နယ်များ ဖန်တီးရေးဖြစ်သည်ဟု ဆိုကြသည်။
၁၁။ ဘင်္ဂလားဒေ့ရှ်အစိုးရ ထောက်ခံမှုရရေးအတွက် ထိုစစ်ဆင်ရေးများ အောင်မြင်ပါက ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် ရခိုင်ပြည်နယ်သို့ ပြန်ပို့ပေးရန် “အကူအညီစင်္ကြံ” တခု တည်ဆောက်ရေး အမေရိကန် ပြည်ထောင်စုက ကတိပြုသည်ဟုပင် ယုံကြည်အောင် ရေးသားထားသည်။
ထိုပေါ်ထွက်နေသည့် သတင်းများသည် ယနေ့တိုင် အကြီးအကျယ် မေးခွန်းထုတ် စိန်ခေါ်မှု မခံရသေးပေ။ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က အချို့ သတင်းများကို ပြန်လည် တင်ပြခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခြင်း မရှိကြပေ။
ထိုသတင်းဇာတ်လမ်းများသည် ယုံကြည်လက်ခံနိုင်မှု မရှိသောကြောင့် ထိုသို့ ထိတွေ့ပျံ့နှံ့မှု မရှိခြင်းလည်း ဖြစ်နိုင်သည်။ ထိုပြောဆိုချက်များအနက် မည်သည့်အချက်ကိုမှ အခိုင်အမာ အထောက်အထား မပေးနိုင်သလို အဓိက သက်ဆိုင်သူ မည်သူကမှလည်း အတည်မပြုပေ။ ယုတ္တိရှိရှိ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားပါက ထိုအချက်များသည် မယုံကြည်နိုင်သောအချက်များ ဖြစ်သည်။
မည်သည့် အနောက်နိုင်ငံမှ မြန်မာတွင် အမှန်တကယ် စစ်တိုက်နိုင်ခြေ မရှိလောက်အောင် နည်းသည်။ လက်ဝေခံစစ်ဖြင့်ပင် တိုက်နိုင်ခြေသည် မရှိလောက်အောင် နည်းသည်။ ဥပမာအားဖြင့် ဆိုရပါက တရုတ်၏ ဒေသတွင်း ရေရှည်ရည်မှန်းချက်နှင့် ပတ်သက်ပြီး ထိုသို့ ပါဝင်ပတ်သက်ရန် လုံလောက်သော သေနင်္ဂဗျူဟာ လိုအပ်ချက် မရှိပေ။ လျှို့ဝှက်လုပ်နိုင်လျှင်ပင် ဖြစ်လာမည့် စစ်ရေးပြဿနာများနှင့် နိုင်ငံရေး အန္တရာယ်များကို ရင်ဆိုင်ရန် သေနင်္ဂဗျူဟာ အကြောင်းရင်း မရှိပေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာအတိုက်အခံလှုပ်ရှားမှုကို ထောက်ခံကြောင်း ဖော်ပြကြပြီး လူသားချင်းစာနာမှု အစီအမံပေးသော်လည်း မည်သည့်အရာမှသည် “လက်နက် မဟုတ်သော” အကူအညီဟု သတ်မှတ်နိုင်သည့် နယ်ပယ်ကို ကျော်လွန်ကြောင်း မပြောနိုင်ပေ။ ထိုသို့လုပ်ရန် မည်သည့် လျှို့ဝှက်အားထုတ်မှုမှ ကာလကြာရှည်စွာ လျှို့ဝှက်ချက်ဖြစ်နေမည် မဟုတ်ပေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာအတိုက်အခံလှုပ်ရှားမှုကို ထောက်ခံကြောင်း ဖော်ပြကြပြီး လူသားချင်းစာနာမှု အစီအမံပေးသော်လည်း မည်သည့်အရာမှသည် “လက်နက် မဟုတ်သော” အကူအညီဟု သတ်မှတ်နိုင်သည့် နယ်ပယ်ကို ကျော်လွန်ကြောင်း မပြောနိုင်ပေ။ ထိုသို့လုပ်ရန် မည်သည့် လျှို့ဝှက်အားထုတ်မှုမှ ကာလကြာရှည်စွာ လျှို့ဝှက်ချက်ဖြစ်နေမည် မဟုတ်ပေ။
အလားတူစွာပင် လက်နက်ကိုင်လှုပ်ရှားမှုကို ကူညီရန် မြန်မာသို့ လျှို့ဝှက် ဝင်ရောက်လာသည့် မည်သည့် ကြေးစားစစ်သား မဆိုသည်လည်း သူတို့အစီအစဉ်ဖြင့် သူတို့ လုပ်ခြင်းသာဖြစ်ပြီး ပြည်ပအင်အားကြီးနိုင်ငံ၏ ကိုယ်စားလှယ် မဟုတ်ပေ။ လက်တွေ့တွင်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိုသို့ လုပ်ဆောင်သူ အနည်းငယ်သာရှိပြီး ၎င်းတို့၏ သက်ရောက်မှုမှာ အနည်းဆုံးအဆင့်သာရှိသည်ဟု သိရသည်။
မြန်မာသည် လျှို့ဝှက် သဘောတူညီချက်များ၊ စစ်ဆင်ရေးများနှင့် ပတ်သက်သည့် ထူးဆန်းသော ပြောဆိုချက်များကြောင့် ကျော်ကြားသည်။ ခိုင်မာသည့် သတင်းအချက်အလက် မရှိခြင်း၊ တက်ကြွလှုပ်ရှားသူများနှင့် လေ့လာသူအချို့၏ စိတ်ကူးစိတ်သန်းကောင်းခြင်းနှင့်အတည်မပြုနိုင်သည့် သတင်းများကို အယုံလွယ်သည့် သတင်းဌာနအချို့က ဖော်ပြရန် စိတ်အားထက်သန်ခြင်း စသည်တို့ အားလုံးသည် သတင်းတု သာမက သတင်းမှားကိုပါ ဖြစ်စေသည်။
ယခုနောက်ဆုံးသိရသည့် သတင်းဇာတ်လမ်းများသည် အလွန်အကျွံဖြစ်သော်လည်း နောက်ထပ် ထိုသို့ ထပ်ဖြစ်နိုင်သည့် နမူနာ ဖြစ်သည်။
(Lowy Institute ပါ Andrew Selth ၏ Is the United States really planning a proxy war in Myanmar? ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်တွေ စစ်ရေး မထောက်ပံ့ လူမှုရေးသာ ထောက်ပံ့မယ် (ရုပ်/သံ)
နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး
အမေရိကန်-တရုတ် အားပြိုင်မှုကနေ မြန်မာ ဘယ်လို ဖောက်ထွက်မလဲ
အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အားကိုးလွန်းသတဲ့လား
ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ














