• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

by ဝတ်ရည်ခိုင်မာ
25 June 2025
in သူ့အတွေး သူ့အမြင်
A A
တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ရှိ မြစ်တခုအနီး အိန္ဒိယစစ်တပ်က ကင်းလှည့်နေစဉ် / AFP

3.5k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် နိုင်ငံကြီးအနက် တခုမှာ အိန္ဒိယဖြစ်၏။ အိန္ဒိယအစိုးရသည် မြန်မာ၊ အရှေ့တောင်အာရှတို့နှင့် ပတ်သက်၍ တောင်အာရှလောက် စူးစိုက်မှု မရှိပေ။ သို့သော် အိန္ဒိယသည် သူ၏ရန်ဘက် တရုတ်ကို ရင်ဆိုင်ရန် တရုတ်က ရပ်ဝန်းနှင့်လမ်းအစီအစဉ်ကို ကြေညာလာသည့်နောက်ပိုင်း မြန်မာနှင့် အရှေ့တောင်အာရှကို သတိထားစောင့်ကြည့်လာသည့် အရှေ့မျှော်ဝါဒ ကျင့်သုံးလာသည်ကို တွေ့ရသည်။

သို့သော်လည်း အိန္ဒိယအစိုးရတွင် မြန်မာနှင့်ပတ်သက်၍ ကိုယ်ပိုင်မူဝါဒ မရှိပေ။ မြန်မာနှင့်ပတ်သက်သည့် တရုတ်မူဝါဒကို တုံ့ပြန်ရန်သာ မူဝါဒ ချမှတ်ထားပုံရ၏။ ထို့ပြင် အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဟု ကြွေးကြော်နေသော်လည်း ကွန်ဂရက်ပါတီ ဩဇာကျဆင်းပြီးနောက် အမျိုးသားရေးပါတီများ အားကောင်းနေသည်ကို တွေ့ရ၏။

အိန္ဒိယသည် နွေဦးတော်လှန်ရေးနောက်ပိုင်းတွင် မြန်မာစစ်ကောင်စီအား ပုံမှန်ဆက်ဆံရေး ထူထောင်ထားသည်။ နေပြည်တော်တွင် စစ်ကောင်စီအား တရုတ်သံအမတ်နှင့်အပြိုင် တွေ့နေသည်မှာ အိန္ဒိယသံအမတ် ဖြစ်သည်။

ထို့အတူ နွေဦးတော်လှန်ရေးတွင် ပေါ်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်လည်း ထိတွေ့ဆက်ဆံမှုရှိ၏။ အိန္ဒိယနယ်စပ်အား NUG, ရခိုင်နှင့် ချင်းမှ ကိုယ်စားလှယ်များ ဝင်ထွက်သွားလာခွင့်ရှိ၏။ တရုတ်ကဲ့သို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်ခြင်း မရှိသကဲ့သို့ စစ်ကောင်စီအား အတိအလင်း ထောက်ခံခြင်း၊ မြန်မာနိုင်ငံရေးအား ဝင်စွက်ခြင်းကိုမူ မတွေ့ရပေ။ ဤအချက်သက်သက်ကြည့်လျှင် တရုတ်နှင့် ယှဉ်ကြည့်ပါက အိန္ဒိယသည် မဆိုးဟု ဆိုနိုင်သည်။

အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံမူဝါဒမှာ ရှင်းလင်းခြင်းမရှိပေ။ တရုတ်အစိုးရနှင့် လိုက်ပြိုင်၍ ရင်ဆိုင်ထားသည့် သဘောကိုသာ တွေ့ရ၏။ သို့သော် တရုတ်ထက်ဆိုးသည့် အချက်လည်းရှိသည်။ ထိုအချက်မှာ အိန္ဒိယသည် မြန်မာပြည် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ တရားလက်လွတ် ပြုတတ်သည့်အကျင့်၊ နောက်ကျော ဓားနှင့်ထိုးသည်ဟုဆိုကြသည့် အကျင့်ရှိ၍ စိတ်ချလက်ချ ယုံကြည်၍မရခြင်း ဖြစ်သည်။

သို့သော်လည်း အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံမူဝါဒမှာ ရှင်းလင်းခြင်းမရှိပေ။ တရုတ်အစိုးရနှင့် လိုက်ပြိုင်၍ ရင်ဆိုင်ထားသည့် သဘောကိုသာ တွေ့ရ၏။ သို့သော် တရုတ်ထက်ဆိုးသည့် အချက်လည်းရှိသည်။ ထိုအချက်မှာ အိန္ဒိယသည် မြန်မာပြည် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ တရားလက်လွတ် ပြုတတ်သည့်အကျင့်၊ နောက်ကျော ဓားနှင့်ထိုးသည်ဟုဆိုကြသည့် အကျင့်ရှိ၍ စိတ်ချလက်ချ ယုံကြည်၍မရခြင်း ဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်ပြမြေပုံ / ICG

တမူး လူသတ်ပွဲ

လတ်တလော တွေ့ရသည့်ပြဿနာတခုမှာ အိန္ဒိယနယ်စပ် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင် ၁၀ ဦး အသတ်ခံရသည့်ကိစ္စ ဖြစ်၏။ မြန်မာနှင့်အိန္ဒိယနယ်စပ်အနီး မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်၊ နယူးဆမ်တယ်ကျေးရွာနှင့် မျက်နှာချင်းဆိုင် မြန်မာနယ်ထဲမှ တမူးခရိုင် ပကဖ တပ်ဖွဲ့ဝင် ၁၀ ဦး မေလ ဒုတိယပတ်ထဲ၌ သတ်ဖြတ်ခံခဲ့ရသည်။

တပ်ဖွဲ့ဝင် ၁၀ ဦးကို မဏိပူရပြည်နယ်၏ နယ်စပ်လုံခြုံရေးနှင့် သောင်းကျန်းသူ နှိမ်နင်းရေး တာဝန်ယူထားသည့် အာသံရိုင်ဖယ် (Assam Rifles) တပ်က ပစ်ခတ်ခဲ့သည်ဟု အိန္ဒိယစစ်တပ်အပါအဝင် အိန္ဒိယသတင်းဌာနများက ထုတ်ပြန်ဖော်ပြခဲ့၏။ အိန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက်တွင် နယူးဆမ်တယ်ကျေးရွာအနီး လက်နက်ကိုင်တချို့ လှုပ်ရှားမှုရှိ၍ စစ်ဆင်ရေးတခုအနေဖြင့် နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

အိန္ဒိယစစ်တပ်၏ မတ်လ ၁၅ ရက် ထုတ်ပြန်ချက်နှင့် အိန္ဒိယသတင်းစာများ၌ အာသံရိုင်ဖယ်တပ်ဖွဲ့၏ ကင်းလှည့်အဖွဲ့တဖွဲ့သည် လက်နက်ကိုင်အဖွဲ့ဝင်များ၏ လှုပ်ရှားမှုသတင်းကြောင့် မေ ၁၄ ရက်တွင် စစ်ဆင်ရေးတခုကို စတင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း တဖက်လက်နက်ကိုင်အဖွဲ့ထဲကလည်း ပစ်ခတ်ခဲ့ခြင်းကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လူ ၁၀ ဦး သေဆုံးခဲ့သည် ဆိုထားပါသည်။

သေဆုံးသူများအား ပြောက်ကျားယူနီဖောင်း ဝတ်ထားသည့် လက်နက်ကိုင်များဟုသာ ရည်ညွှန်းထားသည်။ သို့သော် မြန်မာနိုင်ငံသားများဟု ယူဆရသဖြင့် ရုပ်အလောင်းများကို မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသော်လည်း မည်သည့်အဖွဲ့အစည်းက ဆိုသည်ကို ဖော်ပြထားခြင်း မရှိ‌ပါ။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
383
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.5k

စစ်ဆင်ရေးအတွင်း AK-47 သေနတ် ခုနစ်လက်၊ RPG လောင်ချာတလက်၊ M-4 ကာဘိုင်တလက်၊ တလုံးထိုး ရိုင်ဖယ် လေးလက်နှင့် ကျည်မျိုးစုံကို အာသံရိုင်ဖယ်တပ်က သိမ်းဆည်းရမိသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

လက်တွေ့မြေပြင်သတင်းများအရ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသကဲ့သို့ ပကဖ တပ်ဖွဲ့ဝင်များ တပ်စခန်းချသည့် နေရာသည်လည်း မြန်မာဘက်ခြမ်းတွင်ဖြစ်၏။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ NUG ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ တမူးခရိုင် ပကဖ အဖွဲ့ဝင် ၁၀ ဦးသည် အိန္ဒိယဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွား၍ ကျဆုံးခြင်း မဟုတ်ပေ။

လက်တွေ့မြေပြင်သတင်းများအရ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသကဲ့သို့ ပကဖ တပ်ဖွဲ့ဝင်များ တပ်စခန်းချသည့် နေရာသည်လည်း မြန်မာဘက်ခြမ်းတွင်ဖြစ်၏။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ NUG ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ တမူးခရိုင် ပကဖ အဖွဲ့ဝင် ၁၀ ဦးသည် အိန္ဒိယဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွား၍ ကျဆုံးခြင်း မဟုတ်ပေ။

ယာယီစခန်း ရွှေ့ပြောင်းချထားခြင်းအား ကြိုတင် အကြောင်းကြားထားသော်လည်း မဏိပူရပြည်နယ်၊ ချန်ဒေးခရိုင်၊ အာသံရိုင်ဖယ် တပ်ရင်း ၁ က အကြောင်းပြချက် ခိုင်လုံခြင်းမရှိဘဲ ပကဖ ရဲဘော်များအား ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်းသိရှိရသည်။

ထို့ပြင် ပကဖ ရဲဘော်အလောင်းများ ပြန်လည်လွှဲပြောင်းရာတွင်လည်း ပကဖ ရဲဘော်များက အိန္ဒိယနယ်အတွင်း ဝင်ရောက်ပြီး စတင်တိုက်ခိုက်သောကြောင့် နှိမ်နင်းခံရကြောင်း၊ နောက်နောင် အိန္ဒိယဘက်မှ နယ်နိမိတ် ခြံစည်းရိုးခတ်ခြင်းအား ကန့်ကွက်မှု မပြုရန် သဘောတူပါကြောင်း ဖိအားပေး လက်မှတ်ထိုးစေပြီးမှ အလောင်းကို လွှဲပြောင်းပေးကြောင်း သိရ၏။

နယ်စပ်ဒေသသတင်းများအရ ပြဿနာဖြစ်ပွားသည့် အရင်းခံမှာ အိန္ဒိယဘက်မှ တဖက်သတ် နယ်စပ်ခြံစည်းရိုးကာသည့်ကိစ္စမှ စတင်သည်ဟု သိရ၏။ အိန္ဒိယအစိုးရ နယ်စပ်ခြံစည်းရိုးခတ်သည့် အချိန်တွင် နယ်စပ်တလျှောက် စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်း မရှိ၍ ညှိနှိုင်းမှု မရှိ။

NUG/PDF ကိုလည်း အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့ဟု သဘောထားကာ မည်သည့် ညှိနှိုင်းမှုမှ မပြုလုပ်ဘဲ နယ်စပ်တလျှောက် တဖက်သတ် ခြံစည်းရိုးခတ်ရာတွင် မြန်မာဘက်ခြမ်းသို့ နယ်စပ်ကျော်ပြီး ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်ခဲ့၏။ ဤသို့ ပြုလုပ်ခြင်းအား ဒေသခံ ပကဖတပ်ဖွဲ့များက ကန့်ကွက်သောအခါ ခေါ်ယူ၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရ၏။

တမူး ပကဖများအား သတ်ဖြတ်၍ ပြဿနာဖြစ်ပွားပြီးနောက် အိန္ဒိယနယ်စပ် ကာရံခြင်းအား မူလရာထားသည့်ထက် နောက်ဆုတ်၍ ကာရံမှုပြုလုပ်သည်ဟု သိရသည်။

မဏိပူရပြည်နယ်၊ ချန်ဒေးခရိုင်၊ အာသံရိုင်ဖယ် တပ်ရင်း ၁ က အကြောင်းပြချက် ခိုင်လုံခြင်းမရှိဘဲ ပကဖ ရဲဘော်များအား ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်သတ်ဖြတ်ခဲ့သည်

လန်ဖောကျွန်း ( Landfall Island) လူသတ်ပွဲ

၁၉၉၁ ခုနှစ်ခန့်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရကို တိုက်ခိုက်ရန် ခိုင်ရာဇာ ဦးဆောင်သည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)၊ ရခိုင့်တပ်တော် (AA) ကို ဖွဲ့စည်းခဲ့၏။ ခိုင်ရာဇာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ပူးပေါင်း၍ လူနှင့်လက်နက်များကို တနင်္သာရီမှ ရခိုင်သို့ ပင်လယ်ကို ဖြတ်၍ ပို့ဆောင်ခဲ့ကြ၏။ AA ဖွဲ့စည်းပြီးနောက် ခိုင်ရာဇာသည် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီတခုဖြစ်သည့် သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာရေးဌာန (Research and Analysis Wing – RAW) မှ အရာရှိများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရခိုင်တော်လှန်ရေးအဖွဲ့များနှင့် RAW အရာရှိများ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ပြီး ထိုအရာရှိများတွင် စစ်ထောက်လှမ်းရေး အရာရှိ ဒုဗိုလ်မှူးကြီး ဘစ်ဆွာဂျစ် ဆင်း ဂရာဝယ်လ်လည်း ပါဝင်ခဲ့သည်။ ဂရာဝယ်လ်သည် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် အိန္ဒိယသားဖြစ်ပြီး မန္တလေးတက္ကသိုလ်၌ ပညာသင်ကြားခဲ့သူ ဖြစ်သကဲ့သို့ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်သူလည်း ဖြစ်၏။

၁၉၉၇ ခုနှစ် အစောပိုင်း၌ AA နှင့် KNU ထိပ်ပိုင်းခေါင်းဆောင်များသည် မြန်မာနိုင်ငံ တောင်ပိုင်းရှိ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်သို့ ဝင်ရောက်နိုင်ရန် ကပ္ပလီပင်လယ်ပြင်တွင် အခြေစိုက်စခန်းတခု ထူထောင်ရေး ဆုံးဖြတ်ခဲ့ကြ၏။

AA က ဒုဗိုလ်မှူးကြီး ဂရာဝယ်လ်နှင့် စကားပြောဆိုခဲ့ပြီး ဂရာဝယ်လ်က AA ကို ပထမဦးဆုံး နာကွန်ဒမ် (Narcondam) ကျွန်းတွင် အခြေစိုက်ရန် ခွင့်ပြုပေးခဲ့ပြီး ထို့နောက် ကမ်းရိုးတန်းမှ ကီလိုမီတာ ၃၀၀ ခန့်အကွာ အန်ဒမန်ကျွန်းစု မြောက်ဘက်တွင်ရှိသည့် လန်ဖောကျွန်းတွင် အခြေစိုက်ရန် ပြောင်းလဲ ခွင့်ပြုပေးခဲ့၏။ AA မှ ဗိုလ်မှူးကြီး စောထွန်းကို ဂရာဝယ်လ်က သူနှင့်အတူ အိန္ဒိယစစ်တပ် လေယာဉ်နှင့် လန်ဖောကျွန်းသို့ ခေါ်ဆောင်သွားပြီး ပြသခဲ့၏။

၁၉၉၇ ခုနှစ်၊ ဇွန်လ၌ ဂရာဝယ်လ်က KNU နှင့် NUPA/AA ခေါင်းဆောင်များနှင့် ဘန်ကောက်တွင် တွေ့ဆုံခဲ့ကြပြီး ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျွန်းကို ပြောင်းရွှေ့အခြေစိုက်ရန် ဂရာဝယ်လ်က သဘောတူခဲ့သည်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် NUPA/AA က ၂၇ ဦးနှင့် KNU က ၁၃ ဦး စုစုပေါင်း ၄၀ ပါ အဖွဲ့သည် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီ ကမ်းရိုးတန်းမှ သင်္ဘောနှစ်စင်းနှင့် လန်ဖောကျွန်းသို့ ထွက်ခွာခဲ့ကြ၏။ ပင်လယ်တွင်တွေ့သည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စီးအား အခွန်ကောက်ရာ မရသဖြင့် ၎င်းတို့နှင့်အတူ ‌ခေါ်ဆောင်သွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ၌ လန်ဖောကျွန်းသို့ ရောက်ခဲ့ကြ၏။

လန်ဖောကျွန်းသို့ ရောက်ပြီးနောက် ဒုဗိုလ်မှူးကြီး ဂရာဝယ်လ် အပါအဝင် အိန္ဒိယစစ်တပ်မှ အရာရှိများက ကြိုဆိုနှုတ်ဆက်ပြီး KNU ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဖဒိုမူးဝေး၊ ဗိုလ်ကြီး မြင့်ဆွေနှင့် NUPA/AA မှ ခေါင်းဆောင်လေးဦးဖြစ်သည့် ဗိုလ်ချုပ် ခိုင်ရာဇာ၊ ဗိုလ်မှူးကြီး စောထွန်း၊ ဗိုလ်ကြီး ရန်နိုင်၊ ဗိုလ်ကြီး လင်းဇံခိုင် စုစုပေါင်း ခြောက်ဦးကို ခေါ်ဆောင်သွားပြီးနောက် ကွပ်မျက်သတ်ဖြတ်ခဲ့ကာ ကျန် ၃၄ ဦးကို ဖမ်းဆီးထားခဲ့၏။

ထို့နောက် ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အစိုးရကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရှေ့မြောက်ဘက်ရှိ အိန္ဒိယခွဲထွက်ရေးသမားများကို ကူညီနေသည့် “လက်နက်အရောင်း အဝယ်ပြုလုပ်သည့်အဖွဲ့” ကို ဖေဖော်ဝါရီလ ၁၁ ရက်က နှိမ်နင်းလိုက်နိုင်ကြောင်း၊ ဤသို့ ဖမ်းဆီးရာတွင် ခြောက်ဦးသေဆုံးပြီး၊ မော်တော်ဘုတ်လေးစီး၊ လက်နက်အမြောက်အများ၊ လူ ၇၃ ဦး ဖမ်းဆီးရမိပြီး သေဆုံးသူ ခြောက်ဦးအလောင်း ပင်လယ်တွင်း မျောပါသွားသည်ဟု ဆိုခဲ့၏။

မြန်မာနိုင်ငံ၌ အလုပ်လုပ်ကိုင်ခဲ့သည့် အိန္ဒိယထောက်လှမ်းရေး အရာရှိဟောင်းနှင့် RAW လက်ထောက် အကြီးအကဲဟောင်း ဒီ ဘီ နန်ဒီ (DB Nandi) က အိန္ဒိယစစ်တပ်၏ စစ်ဆင်ရေးသည် ရခိုင်တော်လှန်ရေး လှုပ်ရှားမှုကို ဖျက်ဆီးရန် အတိအလင်း ရည်ရွယ်ထားကြောင်း ၂၀၀၇ ခုနှစ်၌ The Guardian ကို ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အလုပ်လုပ်ကိုင်ခဲ့သည့် အိန္ဒိယထောက်လှမ်းရေး အရာရှိဟောင်းနှင့် RAW လက်ထောက် အကြီးအကဲဟောင်း ဒီ ဘီ နန်ဒီ (DB Nandi) က အိန္ဒိယစစ်တပ်၏ စစ်ဆင်ရေးသည် ရခိုင်တော်လှန်ရေး လှုပ်ရှားမှုကို ဖျက်ဆီးရန် အတိအလင်း ရည်ရွယ်ထားကြောင်း ၂၀၀၇ ခုနှစ်၌ The Guardian ကို ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည့် ဂရာဝယ်လ်က စစ်ဆင်ရေးကို စစ်တပ်တခုတည်းက ဦးဆောင်လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အိန္ဒိယအစိုးရက ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများကို ပြောကြားခဲ့သည်။

ကျန် ဖမ်းဆီးခံရသည့် ရဲဘော် ၃၄ ယောက်မှာ အမှုကိုစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း မပြုဘဲ ခြောက်နှစ်ကြာ ထိန်းသိမ်းခဲ့ပြီးမှ ၂၀၁၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ကာလကတ္တားအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြသည်။

ကုလသမဂ္ဂက ဒုက္ခသည်များအဖြစ် သတ်မှတ်ပေးခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုအရ နယ်သာလန်နိုင်ငံတွင် နေထိုင်ခွင့်ပေးခဲ့၏။ လန်ဖောကျွန်း လူသတ်ပွဲတွင် AA တပ်ဖွဲ့ဝင်အချို့ သက်သေအဖြစ် ကျန်နေခဲ့သော်လည်း တမူးလူသတ်ပွဲတွင် တယောက်မကျန် လက်စဖျောက်ခြင်း ခံခဲ့ရ၏။

လန်ဖောကျွန်းတွင် အိန္ဒိယထောက်လှမ်းရေးက သတ်ဖြတ်ပစ်ခဲ့သော ခိုင်ရာဇာ/DMG

မြန်မာစစ်တပ်နှင့် ပူးပေါင်းနေသည့် အိန္ဒိယနိုင်ငံသားများ

အိန္ဒိယနယ်စပ် တမူးဒေသတွင် အိန္ဒိယအစိုးရကို ပုန်ကန်နေကြသည့် မဏိပူရမှ ကသည်းအဖွဲ့ လေးဖွဲ့ခန့်ရှိကြ၏။ ထိုအဖွဲ့များသည် အိန္ဒိယအစိုးရကို ပုန်ကန်ရန်အတွက် မြန်မာပိုင် တမူးနယ်တွင်း ရပ်တည်နိုင်ရန် မြန်မာစစ်တပ်၏ သတင်းပေးလုပ်ပြီး မြန်မာစစ်တပ်နှင့် ယခင်ကတည်းက ပူးပေါင်းနေကြသူများဖြစ်သည်။

ထိုကသည်း အားလုံးသည် အိန္ဒိယနိုင်ငံသားများဖြစ်၏။ ယခု ထိုကသည်းအဖွဲ့များမှ လက်နက်ကိုင်အင်အား စုစုပေါင်း ၃၀၀ ကျော်ခန့်သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး တမူးဒေသ၌ နွေဦးတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်နေသည်ကို တွေ့ရသည်။

ထို့ပြင် ချင်းပြည်နယ်၌ မြန်မာစစ်တပ်နှင့် ပူးပေါင်းသည့် တခုတည်းသော ချင်းတပ်ဖွဲ့မှာ Zomi Revolution Organization/Zomi Revolution Army – ZRO/ZRA ဖြစ်သည်။ ထို့တပ်ဖွဲ့၏ ဌာနချုပ်မှာ အိန္ဒိယဘက်ခြမ်းတွင် ရှိသည်ဟု ယူဆရ၏။ ထိုအဖွဲ့သည်လည်း မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ချင်းပြည်နယ်မှ CDF တပ်ဖွဲ့များကို တိုက်ခိုက်နေသည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွန်းဇံမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသည့် ZRO/ZRA တပ်ဖွဲ့ဝင်များထံမှ အိန္ဒိယနိုင်ငံသားကတ်များကို သိမ်းဆည်းရမိခဲ့သည်ကို တွေ့ရသည်။

ချင်းပြည်နယ်၌ မြန်မာစစ်တပ်နှင့် ပူးပေါင်းသည့် တခုတည်းသော ချင်းတပ်ဖွဲ့မှာ Zomi Revolution Organization/Zomi Revolution Army – ZRO/ZRA ဖြစ်သည်

နိဂုံး

အိန္ဒိယသည် မြန်မာနှင့် နယ်စပ်မိုင် ၁,၆၀၀ ကျော် ထိစပ်နေသည့် နိုင်ငံကြီးတနိုင်ငံဖြစ်ပြီး မလွှဲမရှောင်သာ ဆက်ဆံရမည့်နိုင်ငံ ဖြစ်သည်။ အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သည်ဆိုသော်လည်း မြန်မာတော်လှန်ရေးအင်အားစုများကို ဆက်ဆံရာတွင် မရိုးရှင်းလှပေ။

အိန္ဒိယသည် မြန်မာနှင့် နယ်စပ်မိုင် ၁,၆၀၀ ကျော် ထိစပ်နေသည့် နိုင်ငံကြီးတနိုင်ငံဖြစ်ပြီး မလွှဲမရှောင်သာ ဆက်ဆံရမည့်နိုင်ငံ ဖြစ်သည်။ အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သည်ဆိုသော်လည်း မြန်မာတော်လှန်ရေးအင်အားစုများကို ဆက်ဆံရာတွင် မရိုးရှင်းလှပေ။

၁၉၉၈ လန်ဖော လူသတ်ပွဲရော တမူးလူသတ်ပွဲတွင်ပါ တော်လှန်ရေးအင်အားစုများကို အချိုသတ်ပေါင်း၍ သတ်ဖြတ်ခဲ့သည်ကို တွေ့ရပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်ကာ လိမ်လည်၍ သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။

နောက်ကျော ဓားနှင့်ထိုးသည့် လုပ်ရပ်ရပ်မျိုး၊ ပြန်ပြင်ရန် ခက်ခဲသည့်သည့် အမှားမျိုးကို ကျူးလွန်လေ့ရှိကြသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ တော်လှန်ရေးအင်အားစုများအနေဖြင့်အိန္ဒိယအစိုးရ၊ အိန္ဒိယစစ်တပ်နှင့် အိန္ဒိယထောက်လှမ်းရေးတို့အား အထူးသတိကြီးစွာထား၍ ဆက်ဆံရန် လိုအပ်သည်။

အိန္ဒိယနှင့်မြန်မာ ထိစပ်သည့် နယ်စပ်တလျှောက် မီဇိုရမ်၊ မဏိပူရ၊ နာဂနှင့် အရူနာချယ်ပရာဒေ့ရှ်ပြည်နယ် လေးခု ရှိသည်။ အိန္ဒိယတွင် ပြည်နယ်များ၌ ဖက်ဒရယ်အခွင့်အရေး ပေးထားသည်ဖြစ်ရာ ပြည်နယ်အစိုးရများ၏ အဆုံးအဖြတ်လည်း အရေးပါ၏။

အိန္ဒိယနယ်စပ်၌ တွေ့ရသည်မှာ မီဇိုရမ်၊ နာဂ၊ အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်တို့နှင့် ဆက်စပ်နေသည့် နေရာများတွင် ပြဿနာနည်းပြီး မဏိပူရပြည်နယ်နှင့် ဆက်စပ်နေသည့် နယ်စပ်များတွင် ပဋိပက္ခဖြစ်သည်ကို တွေ့ရသည်။

မဏိပူရပြည်နယ်မှ ကသည်းသူပုန်များသည် တမူးဒေသတွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းနေသကဲ့သို့ မဏိပူရပြည်နယ်အတွင်း၌လည်း လူမျိုးရေးပဋိပက္ခများ ပြင်းထန်သည်ကို တွေ့ရသည်။

နယ်နိမိတ်ချင်း ဆက်စပ်နေသည့် အိန္ဒိယနှင့် ဆက်ဆံရေးကို ရှောင်လွှဲ၍ မရသဖြင့် အိန္ဒိယအစိုးရ၊ စစ်တပ်၊ ထောက်လှမ်းရေးတို့အား ဆက်ဆံရန် လိုအပ်မည်ဖြစ်သော်လည်း လုံးဝပုံ၍ မယုံကြည်ရဘဲ အထူးသတိကြီးစွာထား၍ ဆက်ဆံကြရန် လိုအပ်မည်။ တိကျစွာပြောရလျှင် အိန္ဒိအစိုးရထိန်းချုပ်မှုအောက်ရှိ အာသံရိုင်ဖယ်တပ်နှင့် မဏိပူရပြည်နယ်အစိုးရအား သတိကြီးစွာထား၍ ဆက်ဆံရန် လိုအပ်ပေလိမ့်မည်။

(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာ့မြေကို ဖဲ့ယူဖို့ အိန္ဒိယကြိုးစားနေသလား

အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်များကို အိန္ဒိယက လူရာသွင်းနေဆဲ

အိန္ဒိယနယ်စပ်မှ မြန်မာစစ်ရှောင်များ ရေကြီး၍ အရေးပေါ် အကူအညီလို

မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုကို အိန္ဒိယက စိတ်ဝင်စားနေပြီလား

မြန်မာ့တော်လှန်ရေး အင်အားစုများအား အိန္ဒိယ ဖိတ်ခေါ်မှု ဆန်းစစ်ချက်

မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေး ထောက်ခံဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြော

Your Thoughts …
Tags: AACDFKNUNUGPDFကသည်းချင်းစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုထောက်လှမ်းရေးနွေဦးတော်လှန်ရေးပကဖလန်ဖောကျွန်းအရှေ့မျှော်ဝါဒအာသံရိုင်ဖယ်တပ်ဖွဲ့အိန္ဒိယ
ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved