ထိုင်းနှင့် ကမ္ဘောဒီယား လက်နက်ကိုင်တပ်များအကြား လက်ရှိဖြစ်ပွားနေသော နယ်နိမိတ် အငြင်းပွားမှုတွင် ပြဿနာမှာ အချိန်အခါနှင့် အခြေအနေဖြစ်သည်။ နှစ်ပတ်မပြည့်မီအချိန်အတွင်း သေးငယ်သည့် နယ်စပ်ထိတွေ့မှုသည် အလုံးအရင်း စစ်ရေးထိပ်တိုက်တွေ့မှုအဖြစ် ပြင်းထန်လာသည်။
နှစ်ဖက်လုံးမှ အပြန်အလှန်ရန်ပြုမှုနှင့် အစွန်းရောက်အမျိုးသားရေးဝါဒ ပြင်းထန်နေစဉ်အတွင်း မမြင်နိုင်သည့်အရာမှာ လက်ရှိထိပ်တိုက်တွေ့မှု မည်သည့်အချိန်တွင် မည်သို့ဖြစ်ပွားသည်ဆိုသည့် ကိစ္စဖြစ်သည်။ ပြဿနာ၏ မူလအစကို မှန်ကန်စွာသိရေးသည် ပဋိပက္ခဖြေရှင်းရေးအတွက် နည်းလမ်းရှာရန် အရေးကြီးသည်။
မေလ ၂၈ ရက်နေ့ အစောပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယား၏ နယ်စပ်တပ်ဖွဲ့ငယ်များသည် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်း ဥဘွန်ရတ်ချာသာနီပြည်နယ်၊ ချုံဘော့ သစ်တောဒေသတွင် ပဋိပက္ခဖြစ်ပြီး ကမ္ဘောဒီးယားစစ်သားတဦး ကျဆုံးသည်။
ထိုပစ်ခတ်မှု၏ မူလအစများတွင် ကမ္ဘောဒီးယားတပ်များနှင့် ၎င်းတို့ မိသားစုများသည် အငြင်းပွားပိုင်နက်မှ တမွန်သွမ်ဘုရားကျောင်းသို့ ဝင်ရောက်လာပြီး ကမ္ဘောဒီးယား အမျိုးသားသီချင်းကို သီဆိုသည်ဟုဆိုကာ ထိုင်းတပ်များနှင့် အငြင်းပွားမှု ခဏတာဖြစ်ပြီး တင်းမာမှု ဖြစ်ပွားနေသည်မှာ ဖေဖော်ဝါရီလကတည်းက ဖြစ်သည်။
ထိုကိစ္စသည် အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို အမျိုးသားရေးဆန္ဒလှုံ့ဆော်သည့် စစ်ရေးနှင့် လူ့အဖွဲ့အစည်းတခုလုံး ထိပ်တိုက်တွေ့ရေး ဖြစ်လာစေသည်။ နှစ်ဖက်တပ် ရင်ဆိုင်နေသောနေရာများတွင် တပ်များ၊ တင့်ကားများနှင့် အမြောက်များ အင်အားဖြည့်ကာ ပြင်းထန်ပေါက်ကွဲလွယ်သော ထိပ်တိုက်တွေ့မှုဖြစ်ပြီး နှစ်ဖက်လုံးမှ ဘက်လိုက်သောမီဒီယာနှင့် အများပြည်သူ့ဆန္ဒများက မီးထိုးပေးသည်။ နှစ်ပတ်အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားသည် နယ်စပ်ပြဿနာများအတွက် တိုက်ခိုက်ကြသည်။

ယခင်က ပဋိပက္ခများသည် ၂၀၀၃၊ ၂၀၀၈ နှင့် ၂၀၁၁-၂၀၁၃ ခုနှစ်တွင် ပရာ့ ဝိဟာရဘုရားကျောင်း အငြင်းပွားမှု ဖြစ်ပြီး ထိုပြဿနာသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ထိုရှေးဟောင်း ဟိန္ဒူဘုရားကျောင်းကို ကမ္ဘောဒီးယားသို့ ပေးအပ်သည့် ၁၉၆၂ ကပင် ဖြစ်သည်။
ထိုင်းနိုင်ငံသည် ထိုဆုံးဖြတ်ချက်ကို လိုက်နာသော်လည်း မည်သည့်အခါကမှ အပြည့်အဝ အသိအမှတ်မပြုခဲ့ဘဲ နှစ်နိုင်ငံလုံးသည် ထိုဘုရားကျောင်းနေရာတွင် အပြန်အလှန် အကျိုးစီးပွားအတွက် အသုံးပြုကြပြီး မကြာမကြာ အငြင်းပွားမှုဖြစ်သည်။
လွန်ခဲ့သော နှစ် ၁ ထောင်ကျော်က အရှေ့တောင်အာရှ ပင်မကုန်းမြေကို ခမာယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြင့် လွှမ်းမိုးသည့် ကမ္ဘောဒီးယားသည် ဗီယက်နမ်၊ ထိုင်း (ဆိုင်ယမ်) များနှင့် ပတ်သက်သည့် သိမ်ငယ်မှုရှိသည်။ ကမ္ဘောဒီးယားကို ၁၈၆၀ ပြည့်နှစ်များက ကိုလိုနီပြုသည့် ပြင်သစ်ကို ထိုင်းပြည်သူများက မုန်းတီးကြသည်။ နောက်ပိုင်းတွင် ပြင်သစ်သည် မြေပုံရေးဆွဲခြင်းကို အသုံးချပြီး ထိုင်းတို့သည် လိုက်နာရုံမှအပ အခြား မည်သည့်နည်းလမ်းမှ မသိခဲ့ပေ။
ထို့ကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် နယ်နိမိတ်သတ်မှတ်မှုအတွက် မတူညီသော မြေပုံများကို အသုံးပြုကြပြီး အိမ်နီးချင်းကောင်းများဖြစ်ရန် နယ်စပ်ခြံစည်းရိုး မတည်ဆောက်နိုင်ကြပေ။ နောက်ဆုံး စစ်ရေးထိတွေ့မှုဖြစ်သည့် ၂၀၁၁ ခုနှစ် ပစ်ခတ်မှုတွင် နှစ်ဖက်လုံးမှ လူ ၂၀ သေဆုံးခဲ့သည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က မေလ ၂၈ ရက်နေ့တွင် ကမ္ဘောဒီးယားစစ်သား သေဆုံးမှုအတွက် အမျိုးသားရေးစိတ်ဓာတ် လှုံ့ဆော်သည်။

ကမ္ဘောဒီးယားသည် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ လက်ခံထားသောကြောင့် နိုင်ငံတကာ ဝေဖန်မှုများ ခံနေရပြီး အဝေးရောက် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် မစ္စတာ ဆမ်ရိန်စီကလည်း ဟွန်ဆန်၏သား ဝန်ကြီးချုပ် ဟွန်မန်နက် အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ရန် ဖိအားပေးသည်။
ပြည်တွင်းကို လမ်းလွဲစေပြီး ပြည်ပကို ရန်ရှာခြင်းသည် ယခုတကြိမ်တွင် စိတ်ဝင်စားစရာကောင်းသည်။
မစ္စတာ ဟွန်ဆန်သည် ထိုင်းဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်၏ ဖခင် မစ္စတာ သက်ဆင် ရှင်နာဝပ်နှင့် နီးစပ်သည်ဟု မြင်ကြသောကြောင့် ကမ္ဘောဒီးယားအာဏာရှင်သည် အာဏာကို ဆယ်စုနှစ် လေးခုကြာ ချုပ်ကိုင်ပြီးနောက် ပရိယာယ်များကာ ဝါရင့်သည်ဟု မြင်ကြသော်လည်း သူ၏ နောက်ဆုံးကစားကွက်သည် ထင်မထားသည့် အကွက်ဖြစ်သည်။ မစ္စတာ ဟွန်ဆန်သည် ပြည်တွင်းတွင် မစ္စတာ သက်ဆင်ကို သစ္စာခံသူအဖြစ် အမြင်ခံရသည်ကို စိုးရိမ်ပြီး ပိုမိုစိတ်အားထက်သန်စွာ အလွန်အကျွံလုပ်ပုံရသည်။

ထိုင်းနိုင်ငံဘက်မှ အမှားမှာ ကမ္ဘောဒီးယားစစ်သား သေဆုံးခြင်းကို သင့်လျော်သည့် စုံစမ်းစစ်ဆေးမှုနှင့် အလားအလာရှိသော လျော်ကြေး မပေးဘဲ လုံလောက်စွာ မကိုင်တွယ် မဖြေရှင်းခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ထိခိုက်လွယ်သော ညွန့်ပေါင်းအစိုးရနှင့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း အားနည်းသော နိုင်ငံရေးစနစ်သည် မစ္စတာ ဟွန်ဆန်၏ ထိုးစစ်ကို ထိခိုက်လွယ်စေသည်။
ယခုအခါ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားကို ထိခိုက်စေပြီး နယ်စပ်ဖြတ်ကျော်မှုနှင့် ကူးသန်းရောင်းဝယ်ရေး စီးဆင်းမှုကို ကန့်သတ်သောကြောင့် ဆက်လက် အကျပ်ကိုင်မှုများနှင့် အပြန်အလှန် ခြိမ်းခြောက်မှုများအကြား တင်းမာမှုလျှော့ချရေး အစီအမံတခုလည်း ထည့်သွင်းထားသည်။
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား နယ်စပ်ဘက်အခြမ်းသို့ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ၁ သန်းနီးပါး ရှိသည်ဆိုသော အလုပ်သမားများကို တစိတ်တပိုင်း ပြည်နှင်ခြင်းပြုလုပ်ပြီး ဟွန်မိသားစု အစိုးရအတွက် နိုင်ငံရေးအရှိန် မြင့်တက်စေခြင်း စသည့် အခြားဝှက်ဖဲများလည်း ရှိနေသည်။
ယခင်လို ကမ္ဘောဒီးယားသည် ထိုပြဿနာကို နိုင်ငံတကာပြဿနာလုပ်ပြီး ICJ သို့ တင်သော်လည်း ထိုင်းက နှစ်နိုင်ငံပြဿနာအဖြစ်သာ ထိန်းသိမ်းထားလိမ့်မည်ဖြစ်သည်။
ကမ္ဘောဒီးယားအတွက် လက်ရှိပြဿနာသည် ပြည်တွင်းတွင် အတိုင်းအတာတခု အရှိန်ကုန်သည်အထိနှင့် နိုင်ငံတကာ ပြဿနာလုပ်ခြင်းက ခရီးမရောက်ဘဲ နယ်စပ်ကုန်သွယ်ရေး၊ အလုပ်သမားများနှင့် ဒေသစီးပွားရေးကိုသာ ထိခိုက်စေသည်ဟု ကမ္ဘောဒီးယားဘက်က သဘောပေါက်သည်အထိ ဆက်လက် ရှိနေမည့်သဘော ဖြစ်သည်။

ထိုင်းရုပ်ရှင် မင်းသမီးတဦးက ထိုင်းနိုင်ငံသည် အန်ကောဝပ် ဘုရားကျောင်းကို “ခိုးယူခံရသည်” ဟုပြောသည့် ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလက ဖြစ်ရပ်တွင် အမျိုးသားရေးစိတ်ဓာတ် ထကြွမှုသည် ဖနွမ်ပင်ရှိ ထိုင်းသံရုံး မီးရှို့ခံရသည်အထိ ၁၂ ရက် ကြာသည်။
ထိုစဉ်က နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ်ဖြတ်ကျော်မှုများကို နောက် နှစ်လအထိ လုံးဝနီးပါး ဖြတ်တောက်ထားပြီး ပုံမှန်အနေအထား ပြန်လည်စတင်သည်။ ထိုဖြစ်ရပ်မျိုးသည် ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲများ ကျင်းပသည့် ၂၀၀၃၊ ၂၀၀၈ နှင့် ၂၀၁၃ တို့နှင့် တိုက်ဆိုင်နေသည်။
ထိုင်းအစိုးရသည် ပြည်တွင်းတွင် လက်ယာအစွန်းရောက် အယူသီးမှုကို ဖြတ်ကျော်ပြီး အခြေအနေတင်းမာမှု လျှော့ချရန် မေလ ၂၈ ရက်နေ့ကဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခြင်းနှင့် သေဆုံး ကမ္ဘောဒီးယားစစ်သားအတွက် လျော်ကြေးပေးခြင်းစသည့် ကျေအေးဟန် ပြရမည်ဖြစ်သည်။
ခြုံ၍ပြောရပါက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေသည် ပိုမိုဆိုးရွားလာနိုင်သော်လည်း ယခင်အခြေအနေနှင့် တူသော အခြေအနေများ လာမည့်အပတ်များတွင် ဖြစ်လာနိုင်သည်။

ထိုင်းအစိုးရသည် မေလ ၂၉ ရက်နေ့က ဖြစ်ခဲ့သည်များကို ကိုင်တွယ်ဖြေရှင်းရန် စိတ်အားထက်သန်ပြီး ဟွန်ဆန်မိသားစုက ၎င်းတို့ကိစ္စကို ဆောင်ရွက်ပြီးဖြစ်သည်ဟု မြင်ပါက ဇွန်လ ၁၄ ရက်နေ့က ပူးတွဲနယ်စပ်ကော်မရှင် အစည်းအဝေး၏ လေသံနှင့် စရိုက်လက္ခဏာသည် အဖြေရှာရန် အုတ်မြစ်ချပေးနိုင်သည်။
ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုသည် ထိုင်းစစ်တပ်ကို ဦးဆောင်နေရာသို့ ရောက်စေပြီး အာဏာသိမ်းမှု ဖြစ်လွယ်သော ထိုင်းနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေးကို ထိခိုက်စေသည်။ ထို့ကြောင့် ဝန်ကြီးချုပ် မစ္စ ပေတောင်တန်သည် သူ့အနီးက လူများထက် ပြင်ပကို ပိုမိုအားကိုးရမည်ဖြစ်သည်။
မစ္စတာ သက်ဆင်သည် အဝေးရောက်ဘဝမှ ပြန်လာစဉ်က ပြည်တွင်းဥပဒေပြဿနာများနှင့် ရုန်းကန်နေရပြီး မစ္စတာ ဟွန်ဆန်နှင့် ရင်းနှီးသည်ဟု အမြင်ခံရကာ ကမ္ဘောဒီးယား၏ အပြင်းထန်ဆုံး လုပ်ဇာတ်ဟု ထိုင်းများက ယူဆသောကိစ္စကို ရပ်တန့်သွားအောင် မလုပ်နိုင်ဟု မြင်ကြသည်။ ကမ္ဘောဒီးယားဘက်တွင် မစ္စတာ ဟွန်ဆန်သည် သူ လိုအပ်သောအချိန်တွင် ထိုင်းများကို စိတ်ဆိုးအောင်လုပ်ပြီး ပြည်တွင်းတွင် အမှတ်ရအောင် လုပ်နိုင်သည့် စွမ်းရည်ရှိနေသေးကြောင်း ပြသသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်သည် ရာထူးသက်တမ်း အစဦးသာရှိသေးသောကြောင့် အင်အားချိနဲ့သည်ဟုမြင်ရန် စောနေသေးသော်လည်း သူ၏အနောက်တိုင်း ပညာတတ်ပုံရိပ်နှင့် နောက်ခံသမိုင်းကြောင့် သူ၏ ရှေ့ဆက်မည့် နိုင်ငံရေး စေ့ဆော်မှုများသည် သူ့ဖခင်၏ နိုင်ငံရေးစေ့ဆော်မှုများနှင့် သိသိသာသာ ကွဲပြားမည်ဟု မျှော်လင့်နိုင်သေးသည်။
ယခုနှစ်တွင် မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဗရာဟင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ၎င်း၏အဖွဲ့ဝင် နှစ်နိုင်ငံ စစ်ရေးပဋိပက္ခ ဗြောင်ကျကျဖြစ်နေချိန်တွင် လုံးဝ စွမ်းဆောင်ရည် မရှိဟု မြင်ကြသည်။
စွမ်းအင်သယံဇာတများ လိုအပ်သော်လည်း ဖွံ့ဖြိုးရေးရှုထောင့်အတွက် ထိုင်းနှင့် ကမ္ဘောဒီးယား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဒေသသည် အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားသောနယ်မြေ ဆက်လက် ဖြစ်နေမည်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုမှသည် ကုလသမဂ္ဂနှင့် အထူးသဖြင့် တရုတ်နိုင်ငံအထိ စသည့် ပြင်ပ အင်အားကြီးများအနက် မည်သူကမှ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခတွင် ဝင်ပါဖွယ်မရှိဘဲ နှစ်နိုင်ငံ မူလအခြေအနေသို့ ပြန်ရောက်သွားသည်ကိုသာ ပိုမိုလိုလားကြမည် ဖြစ်သည်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ Defusing the Thai-Cambodian Border Row ကို ဘာသာပြန်သည်။ ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာန ပါမောက္ခနှင့် လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ
ဘန်ကောက်တွင် နိုင်ငံရေးသမားကို လုပ်ကြံသူအား ကမ္ဘောဒီးယားရဲ ဖမ်းဆီး
ကာစီနိုနှင့် အွန်လိုင်းလောင်းကစားကို တရားဝင်လုပ်ရန် ထိုင်းအစိုးရ ကြိုးပမ်းနေ
ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု သိကောင်းစရာ ၅ ချက်
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော