နိုင်ငံတော်အဆင့် ထိုးစစ်ဟု ကြွေးကြော်ခဲ့ပြီး ဒုတပ်ချုပ် စိုးဝင်းကိုယ်တိုင် ကွပ်ကဲခဲ့သည့် အောင်ဇေယျ စစ်ကူစီမံချက်စစ်ကြောင်းများသည် ရက်ပေါင်း ၅၀၀ ကျော်ပြီးသည့်နောက်မှသာ ဒေါနတောင်ကို ကျော်နိုင်သွားခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များက မြဝတီဒေသရှိ စစ်တပ်၏ စစ်ဗျုဟာအဖွဲ့ (အခြေချ) သင်္ဃန်းညီနောင်နှင့် လက်အောက်ခံ တပ်ရင်းဌာနချုပ်များကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် အောင်ဇေယျ စစ်ကူစီမံချက် စတင်ခဲ့ခြင်းဖြစ်သည်။
အောင်ဇေယျစီမံချက်တွင် ပါဝင်သည့် စစ်ကြောင်းများ ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်းအတိုင်း ဝင်ရောက်လာခြင်းကြောင့် အာဏာသိမ်းစစ်တပ်၏ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) အခြေစိုက်ရာ ကော့ကရိတ်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အောင်ဇေယျစီမံချက်တွင် ပါဝင်သည့် စစ်ကြောင်းများ ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်းအတိုင်း ဝင်ရောက်လာခြင်းကြောင့် အာဏာသိမ်းစစ်တပ်၏ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) အခြေစိုက်ရာ ကော့ကရိတ်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုအချိန်သည် အာဏာသိမ်းစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အဆင့် အခြေစိုက်ရာ ကော့ကရိတ်မြို့နှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တို့သည် KNU, KNLA, PDF မဟာမိတ်ပူးပေါင်းတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ခံထားရသည့်အချိန် ဖြစ်သည်။
မြဝတီရှိ မြို့စောင့်တပ် ခလရ ၂၇၅ ကို စစ်တပ်ဘက်က လက်လွှတ်ခဲ့ရပြီး မြို့ပါ လက်လွှတ်ရမည့်အချိန်တွင် KNU, KNLA က ကော့ကရိတ်နှင့် မြဝတီရှိ တော်လှန်ရေးတပ်ဖွဲ့များကို ဒေါနတောင်ဘက်သို့ ရွှေ့ပြောင်းပြီး အောင်ဇေယျစစ်ကြောင်းများ တက်မလာစေရန် ခုခံသည့်ဗျုဟာ ပြောင်းလဲခဲ့သည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် သံချပ်ကာယာဉ်များနှင့်အတူ အောင်ဇေယျစစ်ကြောင်းများသည် တောနော် ရေတံခွန်သို့ ရောက်ရှိလာခဲ့သော်လည်း ဖရိုဖရဲဖြစ်ပြီး ခရီးမဆက်နိုင်ဖြစ်ခဲ့ရသည်။
အောင်ဇေယျစစ်ကြောင်းများသည် စတင်ထွက်ခွာချိန်တွင် နာရီပိုင်းအတွင်း မြဝတီဒေသကို ပြန်လည် ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး အရှိန်အဟုန်ဖြင့် ချီတက်ခဲ့သော်လည်း KNU, KNLA က ဦးဆောင်သည့် တော်လှန်ရေးတပ်များကို ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ထိုစစ်ကြောင်းများသည် လေကြောင်းပစ်ကူ အဆမတန်ရယူခြင်း၊ ကော့ကရိတ် အခြေစိုက် စကခ ၁၂ မှ လက်နက်ကြီးပစ်ကူ အဆမတန်ရယူခြင်းနှင့် နည်းလမ်းမျိုးစုံဖြင့် မြေပြင်စစ်ကြောင်းထိုးခြင်းတို့ဖြင့် ရှေ့ဆက်တိုးနိုင်ရန် ကြိုးစားခဲ့သည်။
တော်လှန်ရေးတပ်များသည် ပြန်လည် ဆုတ်ခွာခဲ့ရသည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့အထိ ရက်ပေါင်း ၅၀၃ ရက်ကြာ အောင်ဇေယျစစ်ဆင်ရေးအား ဟန့်တားနိုင်ခဲ့ကြောင်း တွေ့ခဲ့ရသည်။
သို့သော် သင်္ဃန်းညီနောင်ကို မဆိုထားနှင့် ဒေါနတောင်ကိုပင် ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထိုသို့ဖြင့် တော်လှန်ရေးတပ်များသည် ပြန်လည် ဆုတ်ခွာခဲ့ရသည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့အထိ ရက်ပေါင်း ၅၀၃ ရက်ကြာ အောင်ဇေယျစစ်ဆင်ရေးအား ဟန့်တားနိုင်ခဲ့ကြောင်း တွေ့ခဲ့ရသည်။
ယခုကဲ့သို့ အောင်ဇေယျစစ်ကြောင်းများ ဒေါနတောင်ကို ကျော်ဖြတ်လာရခြင်းမှာ စစ်တပ်ဘက်က အလုံးစုံ သာလွန်သွားခြင်းကြောင့်တော့ မဟုတ်ပေ။ မြဝတီဒေသသည် KNU, KNLA က ဦးဆောင်သည့် တော်လှန်ရေးတပ်များချည်း ရှိသည့်ဒေသမဟုတ်ပေ။ အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသည့် အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များလည်း အခြေပြုလှုပ်ရှားနေသည့် ဒေသဖြစ်သည်။
ထို့အတူ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးနှင့်အတူ လက်နက်ကိုင် အကျိုးစီးပွား များစွာရှိသည့် ဒေသလည်းဖြစ်သည်။ ထိုအကျိုးစီးပွားများကို အာဏာသိမ်းစစ်တပ်ဘက်က မြဝတီဒေသရှိ လက်နက်ကိုင်အဖွဲ့များနှင့် အပေးအယူသဘောဆန်ဆန် ဆောင်ရွက်လာခြင်းကြောင့် ယခုလို အခြေအနေ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုရမည်။
စစ်သဘောအရ မည်သို့မှ ရှေ့မတိုးနိုင်အောင် ကာလကြာရှည်စွာ ခံစစ်ဆင်ထားရာက ရုတ်တရက် ဆုတ်ခွာပေးလိုက်ရသည်မှာ သိသာလွန်းသည်ဟု ထင်သည်။ လက်နက်ကိုင်အဖွဲ့ တည်ထောင်ဖွဲ့စည်းရာတွင် အခြေခံအကျဆုံးမှာ လက်အောက်ငယ်သားများ၏ စားဝတ်နေရေးကို အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးမှာ အရေးကြီးလှသည်။ ထိုသို့ ဖြည့်ဆည်းနိုင်ရန် ဝင်ငွေရရှိနိုင်သည့်လုပ်ငန်း လိုအပ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းတလျှောက် စစ်ဆေးရေးဂိတ် အများစုသည် ထိုဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် လုပ်ငန်းများဟုလည်း ပြောဆိုမှုများရှိသည်။
ကုန်သွယ်ရေးလမ်းကြောင်းမှရသည့် တရက်တာဝင်ငွေမှာလည်း မက်လောက်စရာ ပမာဏဖြစ်သည်ဟု ယခင် စစ်တပ်အတွင်းနေစဉ်ကတည်းက ကြားသိခဲ့ရဖူးသည်။ စစ်အာဏာမသိမ်းမီက သင်္ဃန်းညီနောင် ဗျူဟာမှူး၏ နေ့စဉ်ဝင်ငွေသည်ပင်လျှင် သိန်းရာနှင့်ချီကြောင်း သိရသည်။
ကုန်သွယ်ရေးလမ်းကြောင်းမှရသည့် တရက်တာဝင်ငွေမှာလည်း မက်လောက်စရာ ပမာဏဖြစ်သည်ဟု ယခင် စစ်တပ်အတွင်းနေစဉ်ကတည်းက ကြားသိခဲ့ရဖူးသည်။ စစ်အာဏာမသိမ်းမီက သင်္ဃန်းညီနောင် ဗျူဟာမှူး၏ နေ့စဉ်ဝင်ငွေသည်ပင်လျှင် သိန်းရာနှင့်ချီကြောင်း သိရသည်။
ထို့ကြောင့် အာဏာသိမ်းစစ်တပ်သည် အကျိုးစီးပွားဆိုသည့် အညှာကို ကိုင်ရုံဖြင့် လိုချင်တာ ရနိုင်ကြောင်း ရိပ်စားမိသောကြောင့် ကုန်သွယ်ရေးလမ်းကြောင်းကို ကစားကာ လိုချင်တာ ယူသွားခြင်းဟုဆိုနိုင်သည်။
ထို မြဝတီဒေသ စစ်ရေးအခြေအနေ တမျိုးတဖုံပြောင်းလဲနိုင်ကြောင်း စတင် ရိပ်စားသိရှိမိသည်မှာ မြိုင်ကြီးငူဒေသ ဆုတောင်းပွဲကိစ္စက စသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုဆုတောင်းပွဲမှာ ကျုံဒိုး- ကော့ကရိတ်လမ်းကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်အပြီး ရက်ပိုင်းအတွင်း၌ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသတွင် ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေး ဆုတောင်းပွဲဟု ခေါင်းစဉ်တပ်ထားသည့် ထိုဆုတောင်းပွဲကို မဲဆမိတ်ဆရာတော် ဘဒ္ဒန္တ စန္ဒရ ဦးဆောင်ပြီး KNLA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ KNU ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ BGF, KNA မှ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ KNU, KNLA-PC မှ စောကျော်ညွန့်၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) မှ ကိုယ်စားလှယ်တို့ အပါအဝင် အထင်ကရ ဆရာတော်၊ သံဃာတော်များ၊ လက်နက်ကိုင်ခေါင်းဆောင်များနှင့် ပြည်သူများ စုစုပေါင်း ၅,၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ဆုတောင်းပွဲအပြီး ထုတ်ပြန်ချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ် အခြေခံကာ ငြိမ်းချမ်းရေး တည်ဆောက်သွားမည်ဆိုသည့်အချက် ပါဝင်နေသည်။ နွေဦးတော်လှန်ရေးကာလ တပ်မဟာ ၆ နယ်မြေ၌ စစ်တပ်စခန်းများကို သိမ်းပိုက်ပြီး အရှိန်ကောင်းနေဆဲအချိန်တွင် ကောက်ခါငင်ကာ စစ်တပ်အကြိုက် ငြိမ်းချမ်းရေးဆိုသည့်စကား သုံးနှုန်းလာသည်မှာ ထူးခြားသည်ဟု သတိထားမိခဲ့ခြင်း ဖြစ်သည်။
ထို့နောက်ပိုင်းတွင် စစ်တပ်က သူသွားချင်သည့်လမ်းကို တဆင့်ချင်း လှမ်းလာသည်။ ပထမဆုံး လုပ်သည်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဒုတိုင်းမှူးကို အရေးယူခြင်းဖြစ်သည်။ ဒုတိုင်းမှူးသည် ဘားအံတွင် အခြေပြုပြီး မြဝတီလမ်းကြောင်းအပါအဝင် ကရင်ပြည်နယ် လုံခြုံရေးဆိုင်ရာကိစ္စများအတွက် ဆောင်ရွက်နေရသူ ဖြစ်သည်။
သူ့ထက်ကြီးသည့် အထက်အဆင့်ဆင့်ကလည်း ပါဝင်ပတ်သက်နေကြသည့် ကုန်ကားများထံမှ ငွေကြေးကောက်ခံမှု ခေါင်းစဉ်အောက်တွင် ဒုတိုင်းမှူးသည် နယ်ဘက်ဝန်ထမ်းများနှင့်အတူ စံနမူနာပြအနေဖြင့် အရေးယူခံလိုက်သည်။
သူ့ထက်ကြီးသည့် အထက်အဆင့်ဆင့်ကလည်း ပါဝင်ပတ်သက်နေကြသည့် ကုန်ကားများထံမှ ငွေကြေးကောက်ခံမှု ခေါင်းစဉ်အောက်တွင် ဒုတိုင်းမှူးသည် နယ်ဘက်ဝန်ထမ်းများနှင့်အတူ စံနမူနာပြအနေဖြင့် အရေးယူခံလိုက်သည်။
ထို့နောက် ဩဂုတ်လဆန်းတွင် မြဝတီလမ်းကြောင်းပေါ်က ကုန်ကားများကို အကြောင်းအမျိုးမျိုးပြပြီး ပိုမိုဖမ်းဆီးခဲ့သည်။ မြဝတီဘက်သို့ ပြည်တွင်းမှ စက်သုံးဆီတင်ပို့မှုကို လုံးဝ ကန့်သတ်တားမြစ်လိုက်သည်။
လမ်းကြောင်းပိတ်မည့် သတင်းများလည်း ထွက်လာသည်။ ဩဂုတ်လ ၁၈ ရက်နေ့တွင်မူ ထိုင်း-မြန်မာနယ်စပ်က ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာသည့် ချစ်ကြည်ရေးတံတားအမှတ် (၂) ကို နေပြည်တော်က အမိန့်ဖြင့် မြဝတီဘက်က လုံးဝ ပိတ်လိုက်တော့သည်။ ထိုသို့ နယ်စပ်ကုန်သွယ်မှု ပိတ်ခြင်းကြောင့် မြဝတီဒေသက လက်နက်ကိုင်အဖွဲ့များသာမက အိမ်နီးချင်း ထိုင်းနိုင်ငံအတွက်ပါ ဂယက်ရိုက်စေခဲ့တော့သည်။
ထိုအခြေအနေတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့၌ အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို ကူညီပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က ထုတ်ပြန်လိုက်သည်။
ထိုအချိန်သည် အာဏာသိမ်းစစ်တပ်၏ တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၅၅၊ တပ်မ ၆၆ နှင့် စကခ ၁၃ တို့မှ စစ်အင်အား ၁၀၀ ခန့် ပါဝင်သည့် အောင်ဇေယျစစ်ကြောင်းကလည်း ကော့ကရိတ်-မြဝတီလမ်းဟောင်းနှင့် အာရှလမ်းမဘက်ကို စစ်ကြောင်းထိုးနေချိန် ဖြစ်သည်။

ထိုစစ်ကြောင်းများသည် စက်တင်ဘာလ ၁ ရက်မှစတင်ကာ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ ကို ရောက်ရှိနေကြသည့် နယ်စပ်စခန်းမှ ထွက်ပြေးလာကြသော အင်အားများအပါအဝင် စုစည်းထားသည့် စစ်ကြောင်းများသည် BGF အကူအညီဖြင့် စစ်ကြောင်းများခွဲကာ နို့ဘိုး၊ ထီမူးထကျေးရွာတို့ကို ထိုးဖောက်ဝင်ရောက်ပြီး အောင်ဇေယျစစ်ကြောင်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။
ထို့ကြောင့် အာရှလမ်းပေါ် ရောက်နှင့်နေသည့် အောင်ဇေယျစီမံချက်မှ စစ်ကြောင်းများ၊ ကော့ကရိတ်အခြေစိုက် စကခ ၁၂ မှ အာရှလမ်းဘက်ကို စစ်ကူလာသည့် စစ်ကြောင်းများနှင့် ပူးပေါင်းသွားနိုင်ခဲ့သည်။ ထို သာလွန်အင်အားများပါသည့် စစ်ကြောင်းများသည် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းပစ်ကူများ အဆမတန် အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် ထိုနယ်မြေတဝိုက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ယာယီ ဆုတ်ခွာပေးခဲ့ရသည်။
စစ်တပ်စစ်ကြောင်းများသည် စက်တင်ဘာလ ၅ ရက်နေ့တွင် သင်္ဃန်းညီနောင်အနီးရှိ အတွင်း ကွင်းကလေး ကျေးရွာဘက်မှ သင်္ဃန်းညီနောင်ဘက်သို့ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့သည်။ ကွင်းကလေးဘက်သို့ စစ်တပ်စစ်ကြောင်း ရောက်ရှိပြီး ထိုးလာခြင်းသည် ကရင်နယ်ခြားစောင့်တပ်၏ အကူအညီကြောင့်သာဖြစ်ပြီး စစ်တပ်စစ်ကြောင်းများသည် ကွင်းကလေးမှတဆင့် စစ်ဗျုဟာအဖွဲ့ (အခြေချ)(သင်္ကန်းညီနောင်) နှင့် ကွပ်ကဲမှုအောက် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ နေရာများကို ပြန်လည် ထိန်းချုပ်သွားခဲ့ကြောင်း တွေ့ရသည်။
စစ်တပ်စစ်ကြောင်းများသည် စက်တင်ဘာလ ၅ ရက်နေ့တွင် သင်္ဃန်းညီနောင်အနီးရှိ အတွင်း ကွင်းကလေး ကျေးရွာဘက်မှ သင်္ဃန်းညီနောင်ဘက်သို့ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့သည်။ ကွင်းကလေးဘက်သို့ စစ်တပ်စစ်ကြောင်း ရောက်ရှိပြီး ထိုးလာခြင်းသည် ကရင်နယ်ခြားစောင့်တပ်၏ အကူအညီကြောင့်သာဖြစ်ပြီး စစ်တပ်စစ်ကြောင်းများသည် ကွင်းကလေးမှတဆင့် စစ်ဗျုဟာအဖွဲ့ (အခြေချ)(သင်္ကန်းညီနောင်) နှင့် ကွပ်ကဲမှုအောက် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ နေရာများကို ပြန်လည် ထိန်းချုပ်သွားခဲ့ကြောင်း တွေ့ရသည်။
ကျုံဒိုး-ကော့ကရိတ်လမ်းကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ချိန်တွင် DKBA ခွဲထွက်အဖွဲ့ ပါဝင်သကဲ့သို့ ယခု သင်္ဃန်းညီနောင်ဘက် ထိုးစစ်တွင်လည်း နယ်ခြားစောင့်တပ်များ ထဲထဲဝင်ဝင် ပူးပေါင်း ပါဝင်ခဲ့ပြီး လမ်းတလျှောက်ရှိ နယ်ခြားစောင့်တပ်စခန်းများမှာလည်း စစ်တပ်စစ်ကြောင်းများ မရောက်မီ ကြိုတင် ဆုတ်ခွာပေးခဲ့ကြောင်း သိရပြန်သေးသည်။
ထိုသို့ သင်္ဃန်းညီနောင်ဘက်ကို စစ်တပ်က ထိန်းချုပ်ပြီး တရက်အကြာ စက်တင်ဘာလ ၆ ရက်တွင် မြဝတီဒေသရှိ DKBA စစ်ရေးချုပ် စောစိန်ဝင်းက ရွေးကောက်ပွဲကို တတ်နိုင်သမျှ ဝန်းရံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြောလာခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အပြင် ဒေသခံပြည်သူများ လက်ခံမည် မဟုတ်သောကြောင့် ရွေးကောက်ပွဲကို DKBA ထိန်းချုပ်နယ်မြေများအတွင်း လက်ခံကျင်းပသွားမည် မဟုတ်ကြောင်း ပြောဆိုထားဖူးသည်။ ယခု နောက်ဆုံးအခြေအနေအရ DKBA ဘက်က သဘောထားပြောင်းလဲသွားသည့် သဘောဖြစ်သည်။
လတ်တလော အခြေအနေများအရ တော်လှန်ရေးတပ်များဘက်ကလည်း ရက်ပေါင်း ၅၀၀ ကျော် အောင်ဇေယျစစ်ကြောင်းကို တားဆီးပိတ်ဆို့ထားခဲ့သည့်နေရာများမှ ယာယီဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးထားသည်ကို တွေ့ရသည်။
“ပွဲတွေလာဦးမယ်၊ အဆုံးသတ်မဟုတ်သေး” ဟုလည်း ဆိုသူများရှိကြသည်။ အလားတူ ကျွံဝင်လာသည့် စစ်ကြောင်းများကို ကျုံးသွင်းတိုက်ခိုက်နိုင်သေးကြောင်း ပြောဆိုမှုများရှိနေသည်။
စစ်တပ်ထောက်ခံကြသူ လော်ဘီများကမူ အွန်လိုင်းပေါ်တွင် ကော်သူးလေအိပ်မက် ပျက်သွားပြီဟုပင် အလွန်အကျွံ ရေးသားဝါဒဖြန့်လျက်ရှိနေသည်။
စာရေးနေစဉ် နောက်ဆုံးအခြေအနေများအရ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းတွင် သင်္ဃန်းညီနောင်ဗျူဟာကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် စစ်တပ်စစ်ကြောင်းများသည် မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်၊ ဝှေရှမ်းလမ်းခွဲ၊ ကွင်းကလေး၊ မဲကနယ်လမ်းခွဲ မြဝတီမြို့အထွက် ခလရ ၂၇၅ နှင့် သင်္ဃန်းညီနောင်ကြား နေရာများကို နယ်မြေရှင်းလင်းနေကြောင်း သိရသည်။
စစ်လော်ဘီများ၏ ဝါဒဖြန့်မှု ဆိုရှယ်မီဒီယာများတွင် ကျုံဒိုး၊ ကောကရိတ်၊ သင်္ဃန်းညီနောင်၊ မြဝတီ အာရှလမ်းမကြီး၊ ဒေါနတောင်ကြော တောင်ပေါ်လမ်းတလျှောက်ကို စစ်တပ်က အပြီးထိန်းချုပ်သွားပြီး လမ်းကြောင်းပြန်ဖွင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ဘားအံတွင် ပိတ်မိနေသော ကွန်တိန်နာ ကုန်တင်ယာဉ်များကို စတင်စိစစ်ပြီး ရန်ကုန်ဘက်သို့ သွားလာခွင့်ပြုနေကြောင်းလည်း စစ်တပ်အာဘော် သတင်းဌာန အချို့က ဖော်ပြနေကြသည်။
စစ်လော်ဘီများ၏ ဝါဒဖြန့်မှု ဆိုရှယ်မီဒီယာများတွင် ကျုံဒိုး၊ ကောကရိတ်၊ သင်္ဃန်းညီနောင်၊ မြဝတီ အာရှလမ်းမကြီး၊ ဒေါနတောင်ကြော တောင်ပေါ်လမ်းတလျှောက်ကို စစ်တပ်က အပြီးထိန်းချုပ်သွားပြီး လမ်းကြောင်းပြန်ဖွင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ဘားအံတွင် ပိတ်မိနေသော ကွန်တိန်နာ ကုန်တင်ယာဉ်များကို စတင်စိစစ်ပြီး ရန်ကုန်ဘက်သို့ သွားလာခွင့်ပြုနေကြောင်းလည်း စစ်တပ်အာဘော် သတင်းဌာန အချို့က ဖော်ပြနေကြသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ရက်ပေါင်း ၅၀၀ ကျော် ခုခံတားဆီးခဲ့သော်လည်း တော်လှန်ရေးဘက်ကို တဖက်တည်း ရပ်တည်ခြင်း မပြုနိုင်သေးသည့် လက်နက်ကိုင်များနှင့် နယ်မြေတခုတည်းတွင် စုစည်းနေထိုင်ရခြင်း၊ အခြေခံကျသည့် လက်နက်ကိုင်များ၏ အောက်ခြေက စားဝတ်နေရေး ဖြေရှင်းရန် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ လိုအပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးကြောင့် အိမ်နီးချင်းနိုင်ငံ၏ အကျိုးစီးပွားနှင့် စပ်ဆက်နေခြင်းတို့က နောက်တလှမ်းသို့ မဖြစ်မနေ ဆုတ်ပေးခဲ့ရပြီ ဖြစ်သည်။
ဒေါနတောင်ကို ရက် ၅၀၀ ကျော်ပြီးမှ အာဏာသိမ်းစစ်တပ် ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ တိုက်ရည်ခိုက်ရည် တိုက်စွမ်းအားနှင့် စိတ်ဓာတ်ကောင်းမွန်ခြင်းသက်သက်ကြောင့် မဟုတ်ဘဲ အကျိုးစီးပွားဆိုင်ရာ အပေးအယူကိစ္စများကို အသုံးချ၍ ဖြတ်ကျော်ခဲ့ခြင်းသာဖြစ်ကြောင်း တွေ့မြင်ရပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
အာဏာသိမ်းတပ်တွေဝင်လာလို့ မြဝတီဒေသခံတွေ ထွက်ပြေးနေရ (ရုပ်/သံ)
မြဝတီ အာရှလမ်းမကြီး စစ်တပ် ပြန်ထိန်းချုပ်
ကော်သူးလေ တည်ဆောက်ခြင်းကို ဘယ်သူမှလာဖျက်ဆီးလို့မရဘူး (ရုပ်/သံ)
အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်
အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ













