အမေရိကန် ပြည်ထောင်စုသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အရေးပါသော တွင်းထွက်များနှင့်ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ မကြာသေးမီက လက်မှတ်ရေးထိုးသောအခါ ထိုကိစ္စသည် တရုတ်တွင်းထွက် ထုတ်လုပ်ဖြန့်ချိမှုကွင်းဆက်ကို အမှီအခို လျှော့ချရေး သေနင်္ဂဗျူဟာကျသည့် ခြေလှမ်းအဖြစ် ကြိုဆိုခဲ့ကြသည်။
သို့သော် ထိုကြေညာချက်သည် အဆိုပါဒေသနှင့် ပိုမိုနီးကပ်သည့် ကာလရှည်ကြာ ဖြေရှင်းမရသေးသော စိုးရိမ်မှုကို ပြန်လည် ဖြစ်ပေါ်စေသည်။ မဲခေါင်မြစ်နှင့် မြစ်လက်တက်များတွင် အာဆင်းနစ် ညစ်ညမ်းမှုဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်တက္ကသိုလ်မှ သုတေသီများ၏ စမ်းသပ်မှုသစ်တွင် အာဆင်းနစ်များကို မဲဟောင်ဆောင်ဘက်ခြမ်း သံလွင်မြစ်တွင် တွေ့ရပြီး စူးစမ်းမှုသည် မြစ်အောက်ပိုင်းသို့ ရောက်လာသည်။
အာရုံစိုက်မှုသည် ကရင်နီ (ကယား) ပြည်နယ်နှင့် ထိုမှတဆင့် ထိုဒေသတွင် သတ္တုတူးဖော်ရေး လုပ်ကိုင်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သို့ ရောက်လာသည်။ ထိုင်းမူဝါဒနှင့် မီဒီယာ အသိုက်အဝန်းအချို့တွင် ထွက်ပေါ်လာသည့်အမြင်မှာ ယင်းကိစ္စသည် သိပြီးသားဖြစ်ပြီး အန္တရာယ်များလောက်အောင် ဘာသိဘာသာဖြစ်နေသည်။ ယင်းမှာ သယံဇာတ ထုတ်ယူမှုတွင် ပါဝင်ပတ်သက်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် EAO များသည် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု၏ တရားခံများဖြစ်သည်ဆိုသော အမြင်ဖြစ်သည်။
အလျင်စလို ကောက်ချက်ချခြင်းသည် မြင်တွေ့နေကျ မှားယွင်းသော အယူအဆကို ပဲ့တင်ထပ်ခြင်း ဖြစ်သည်။ အပြစ်တင်ခြင်းကို အလွန်အကျွံ ယေဘုယျသဘော ယူဆခြင်းကဲ့သို့သော ဘုံအမှားတခုကို ထပ်မံ ဖြစ်ပွားစေနိုင်ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတလျှောက် သတ္တုတူးဖော်ရေးကို ပုံဖော်ပေးသည့် စီးပွားရေးမှီခိုမှုနှင့် နိုင်ငံဖြတ်ကျော် လွှမ်းမိုးမှုတို့၏ ပိုမိုရှုပ်ထွေးသော ကွန်ရက်ကို မှေးမှိန်စေသည်။
ထိုသို့ အလျင်စလို ကောက်ချက်ချခြင်းသည် မြင်တွေ့နေကျ မှားယွင်းသော အယူအဆကို ပဲ့တင်ထပ်ခြင်း ဖြစ်သည်။ အပြစ်တင်ခြင်းကို အလွန်အကျွံ ယေဘုယျသဘော ယူဆခြင်းကဲ့သို့သော ဘုံအမှားတခုကို ထပ်မံ ဖြစ်ပွားစေနိုင်ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတလျှောက် သတ္တုတူးဖော်ရေးကို ပုံဖော်ပေးသည့် စီးပွားရေးမှီခိုမှုနှင့် နိုင်ငံဖြတ်ကျော် လွှမ်းမိုးမှုတို့၏ ပိုမိုရှုပ်ထွေးသော ကွန်ရက်ကို မှေးမှိန်စေသည်။
သေချာသည်မှာ သတ္တုတူးဖော်ခြင်းသည် ကရင်နီပြည်သူများ၏ အသက်မွေးဝမ်းကြောင်း တစိတ်တပိုင်း ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ အမေရိကန်၊ ဝါရှင်တန်ဒီစီအခြေစိုက် စတမ်ဆွန် စင်တာ၏ စုံစမ်းစစ်ဆေးမှုတွင် တွေ့ရသည့် မော်ချီးမှ သတ္တုတွင်းပွင့်များသည် ကိုလိုခေတ်မှ စတင်ပြီး ရာစုနှစ်တခုကျော် ကြာပြီဖြစ်သည်။
သို့သော် ငါးများ မျိုးဗီဇပြောင်းလဲခြင်းနှင့် အခြားမြင်သာသော ဂေဟဗေဒ ပျက်စီးမှုများ ဖြစ်နေသည့် ထိုင်းနိုင်ငံမှ ကော့မြစ်နှင့်မတူဘဲ ကရင်နီဒေသ သံလွင်မြစ်တလျှောက်မှ လူမှုအသိုက်အဝန်းများသည် ထိုသို့ မူမမှန်မှုများကို ဖော်ပြခြင်း မရှိကြောင်း ဒေသခံများက မှတ်ချက်ချသည်။
သမိုင်းဝင် သတ္တုမိုင်းများမှသည် မကြာသေးမီက စက်မှုလုပ်ငန်းပုံစံ အကြီးအကျယ် ထုတ်ယူမှု၏ အခန်းကဏ္ဍအပါအဝင် အမျိုးမျိုးသော သတ္တုတူးဖော်မှုပုံစံများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများသည် ကျင့်ဝတ်ဆိုင်ရာ တုန်လှုပ်မှုမှ နိုင်ငံရေးအရ အပြစ်တင်မှုဖြစ်မလာမီ ပိုမိုနီးကပ်စွာ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု လိုအပ်သည်။
ထို့ပြင် သံလွင်မြစ်၏ ပထဝီအနေအထားသည် မည်သည့်ရိုးရှင်းသော ကောက်ချက်ကိုမဆို ရှုပ်ထွေးစေသည်။ သံလွင်မြစ်သည် ကျယ်ပြန့်သော ပိုင်နက်များကို ဖြတ်သန်းပြီး ကီလိုမီတာ ၂,၈၀၀ ကျော် ရှည်လျားကာ တိဘက်ကုန်းမြေမြင့်မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နှင့် မြန်မာ၏ ရှမ်း၊ ကရင်၊ ကရင်နီပြည်နယ်တို့ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်သည်။
လမ်းတလျှောက်တွင် သံလွင်မြစ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကြီးစိုးသည့်နယ်မြေများနှင့် နိုင်ငံတော်နှင့်ပတ်သက်သည့် သတ္တုတူးဖော်ခွင့်များ အပါအဝင် တရားစီရင်မှုနယ်ပယ်နှင့် ထိန်းချုပ်ဇုန်များ၏ ရှုပ်ထွေးသော နယ်မြေများကို ဖြတ်သန်းရသည်။
ထိုရှည်လျားသောမြစ်၏ တစိတ်တပိုင်းတွင် တွေ့ရသည့် ညစ်ညမ်းမှုကို မြစ်အထက်ပိုင်းမှ ရေကြောင်းလမ်း သို့မဟုတ် စက်မှုရင်းမြစ်များကို ခြေရာမခံဘဲ ကရင်နီပြည်နယ်မှ သတ္တုတူးဖော်ခြင်းကို တိုက်ရိုက် အပြစ်တင်ခြင်းသည် သရုပ်ခွဲလေ့လာမှုအရ ခိုင်မာခြင်း မရှိပေ။
သံလွင်မြစ်သည် ရှမ်းပြည်နယ်မှ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်သော ဒေသကိုပင် ဖြတ်သန်းစီးဆင်းသည်။ ထိုရှည်လျားသောမြစ်၏ တစိတ်တပိုင်းတွင် တွေ့ရသည့် ညစ်ညမ်းမှုကို မြစ်အထက်ပိုင်းမှ ရေကြောင်းလမ်း သို့မဟုတ် စက်မှုရင်းမြစ်များကို ခြေရာမခံဘဲ ကရင်နီပြည်နယ်မှ သတ္တုတူးဖော်ခြင်းကို တိုက်ရိုက် အပြစ်တင်ခြင်းသည် သရုပ်ခွဲလေ့လာမှုအရ ခိုင်မာခြင်း မရှိပေ။
အထူးသဖြင့် မဲဟောင်ဆောင်မှ စမ်းသပ်သည့် နေရာ သုံးခုဖြစ်သည့် ဘန်သာတဖန်း အထက် နေရာအနည်းငယ်၊ သာတဖန်းအနီး မြစ်အောက်ပိုင်းနှင့် ဘန်မဲဆမ်လက်အနီး နေရာများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသများနှင့် ပိုမိုနီးကပ်ပြီး ကရင်နီဒေသများအတွင်း နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခြင်း မရှိပေ။

KNU သည် ၎င်း၏ တပ်မဟာများ ထိန်းချုပ်သည့် ဒေသများတွင် ရွှေနှင့် ခနောက်စိမ်း တူးဖော်မှုများ ခွင့်ပြုထားသည်ဟု အစောဆုံး ၂၀၁၁ ခုနှစ်က စတင်ပြီး မြန်မာမီဒီယာများက ဖော်ပြသည်။ ထိုသတင်းများအရ ရွှေတူးဖော်မှုများကို တပ်မဟာ ၂၊ ၃၊ ၅ တို့နှင့် နီးစပ်သည့်ဒေသများတွင် ခွင့်ပြုထားပြီး ခနောက်စိမ်း တူးဖော်မှုများကို ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်များ အပါအဝင် တပ်မဟာ ၁၊ ၄ နှင့် ၆ ဒေသများတွင် ခွင့်ပြုထားကြောင်း သိရသည်။
အရေးပါသည့်အချက်မှာ သယံဇာတ စီမံအုပ်ချုပ်မှု သို့မဟုတ် ပြင်ပမှီခိုမှုနှင့် ပတ်သက်လျှင် EAO များ အားလုံးကို တန်းတူညီမျှ ဖန်တီးထားခြင်း မဟုတ်ပေ။ UWSA ကဲ့သို့သော အုပ်စုများသည် တရုတ်ငွေရင်း၊ စက်ယန္တရားနှင့် သယ်ယူပို့ဆောင်ရေး အကူအညီကို အလွန်အမင်း မှီခိုပြီး ကရင်နီ သို့မဟုတ် ကရင် တိုင်းရင်းသားလက်နက်ကိုင်များထက် များစွာ ပိုမိုမှီခိုသည်။
ဒေသခံ လက်ဝေခံများနှင့် အများအားဖြင့် ဖက်စပ်လုပ်သည့် တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းများသည် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တွင်းထွက်ထုတ်ယူသည့် လုပ်ငန်းများနောက်ကွယ်မှ အဓိက မောင်းနှင်အားဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။
ထိုပုံစံကို ကချင်နှင့် ရှမ်းပြည်နယ်များမှ မြေရှားသတ္တုတွင်းများတွင် တွေ့နိုင်သည်။ တရုတ်က အကျိုးအမြတ်ရသည်။ EAO များက အခွန် သို့မဟုတ် အခြေခံအဆောက်အအုံရပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုသည် ဒေသခံများနှင့် အိမ်နီးချင်းနိုင်ငံများ ဖြေရှင်းရမည့်ပြဿနာအဖြစ် ထားခဲ့သည်။
လက်ရှိ ကရင်နီလက်နက်ကိုင်များအား ဓားစာခံထားခြင်းသည် အထူး စိတ်ပျက်စရာဖြစ်စေသည်။ ကရင်နီ သဘာဝပတ်ဝန်းကျင်အုပ်စုများနှင့် ဒေသခံ EAO များသည် သံလွင်မြစ်ရေ အရည်အသွေး ပျက်စီးယိုယွင်းခြင်းကို တပ်လှန့်ရန် ကြိုးစားနေသည်မှာ လအတန်ကြာပြီဖြစ်သည်။
ထိုအခြေအနေတွင် လက်ရှိ ကရင်နီလက်နက်ကိုင်များအား ဓားစာခံထားခြင်းသည် အထူး စိတ်ပျက်စရာဖြစ်စေသည်။ ကရင်နီ သဘာဝပတ်ဝန်းကျင်အုပ်စုများနှင့် ဒေသခံ EAO များသည် သံလွင်မြစ်ရေ အရည်အသွေး ပျက်စီးယိုယွင်းခြင်းကို တပ်လှန့်ရန် ကြိုးစားနေသည်မှာ လအတန်ကြာပြီဖြစ်သည်။
၎င်းတို့သည် စမ်းသပ်မှုပြုလုပ်ရန် ကိရိယာမရှိဘဲ ထိုကိစ္စကို သိပ္ပံနည်းကျ အစီရင်ခံစာ ထုတ်ပြန်ရန် အင်စတီကျူးရှင်းဆိုင်ရာ အဆက်အသွယ် မရှိသောကြောင့် နည်းပညာအကူအညီအတွက် ထိုင်းလူထုအခြေပြု အဖွဲ့အစည်းများကို ဆက်သွယ်ကြသည်။
ထိုအချိန်တွင် အဓိထား အာရုံစိုက်နေသည်မှာ အခြား ညစ်ညမ်းမြစ်များဖြစ်သည့် ဆိုင်မြစ်၊ ကော့မြစ်၊ ရောက်မြစ်နှင့် မဲခေါင်မြစ်များ ဖြစ်နေသောကြောင့် ၎င်းတို့၏ သတိပေးချက်များကို အများအားဖြင့် မကြားသိကြပေ။ ယခုအခါမှသာ သံလွင်မြစ်ရေ ညစ်ညမ်းခြင်းကို အတည်ပြုပြီးနောက် EAO များကို တရားခံအဖြစ် ပုံဖော်ခြင်းဖြစ်သည်။
ထိုကိစ္စသည် မမျှတရုံသာမကဘဲ ဆိုးကျိုးလည်း ဖြစ်စေသည်။ နယ်စပ်ဒေသ လူမှုအသိုက်အဝန်းများသည် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် အန္တရာယ်များကို စီမံရာတွင် အလားအလာရှိသော မိတ်ဖက်များဖြစ်ပြီး အဆင်ပြေသလို ပေါင်းရသည့် လူဆိုးများ မဟုတ်ပေ။
မိမိတို့အနေဖြင့် ၎င်းတို့ကို ဆက်လက် ဘေးဖယ်ထားပြီး လူဆိုးလုပ်နေပါက မိမိတို့သည် ယုံကြည်မှု တည်ဆောက်ရန်နှင့် ညစ်ညမ်းမှု အကြောင်းရင်းများကို အမှန်တကယ် ထောက်ပြသည့် အချက်အလက် မျှဝေရန် အခွင့်အလမ်း ဆုံးရှုံးပြီး ထိုအချက်အလက်များသည် သဘာဝ သတ္တုသိုက်များ၊ သတ္တုတူးဖော်သည့် အလေ့အထများနှင့် မြစ်အထက်ပိုင်းမှ တရုတ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများ စသည်တို့နှင့် ပတ်သက်သည့် အချက်အလက်များ ရရှိနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ EAO များကို အပြစ်တင်ရန် အာရုံစိုက်ခြင်းသည် အရှေ့တောင်အာရှ နယ်စပ်ဒေသများတွင် ဂေဟဗေဒအဆင့် လျော့ကျစေသည့် စနစ်ဆိုင်ရာ တကယ့် လက်သည်ဖြစ်သည့် တရုတ်နိုင်ငံ၏ ကျယ်ပြန့်ပြီး ပွင့်လင်းမှုမရှိသော ဒေသတွင်းထွက်လုပ်ငန်း စီးပွားရေးကို စူးစမ်းလေ့လာမှုအား လမ်းကြောင်းလွဲစေသည်။
အရေးအကြီးဆုံးအချက်မှာ EAO များကို အပြစ်တင်ရန် အာရုံစိုက်ခြင်းသည် အရှေ့တောင်အာရှ နယ်စပ်ဒေသများတွင် ဂေဟဗေဒအဆင့် လျော့ကျစေသည့် စနစ်ဆိုင်ရာ တကယ့် လက်သည်ဖြစ်သည့် တရုတ်နိုင်ငံ၏ ကျယ်ပြန့်ပြီး ပွင့်လင်းမှုမရှိသော ဒေသတွင်းထွက်လုပ်ငန်း စီးပွားရေးကို စူးစမ်းလေ့လာမှုအား လမ်းကြောင်းလွဲစေသည်။
ကချင်ပြည်နယ်မှ ရှမ်းပြည်နယ်အထိ၊ မဲခေါင်မြစ်မှ သံလွင်မြစ်အထိ တရုတ်နိုင်ငံ၏ ငွေကြေးစိုက်ထုတ်မှုနှင့် သယံဇာတ ထုတ်ယူမှုသည် ဒေသစီးပွားရေးများနှင့် ဂေဟစနစ်များကို အလားတူ ပြောင်းလဲစေသည်။ ရေညစ်ညမ်းမှုနှင့် ပတ်သက်ပြီး အမျိုးသားနှင့် ဒေသဆိုင်ရာဆွေးနွေးမှု လပေါင်းများစွာ ရှိသော်လည်း အာဆီယံ နိုင်ငံများသည် ညီညွတ်သော မူဘောင် သို့မဟုတ် ညီညွတ်သော ပြောဆိုဆွေးနွေးမှု မရှိပေ။
ထိုင်းနိုင်ငံမှ သက်ဆိုင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အစိုးရတို့အတွက် ရင်ဆိုင်ရမည့် ပိုမိုခက်ခဲသော မေးခွန်းမှာ ထိုင်းများကို ကြီးမားသော ပတ်ဝန်းကျင် သက်ရောက်မှုဖြစ်စေသော အရှေ့တောင်အာရှ ပင်မကုန်းမြေမှ တရုတ်၏ တွင်းထွက် သက်ရောက်မှုများအတွက် တရုတ်နှင့် လက်ဝေခံများ တာဝန်ခံစေရန် ယုံကြည်လောက်သော ဖိအားပေး အချက်အလက်များ ရှာဖွေပြီးပြီလားဆိုသည့် မေးခွန်းဖြစ်သည်။

လက်ရှိအချိန်အထိ ထိုမေးခွန်းအတွက် အဖြေမှာ မရှာဖွေ မဖော်ထုတ်ရသေးပါ ဟူ၍ဖြစ်သည်။ ၎င်း၏ ငွေရင်းနှင့် ကုန်စည်ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်များသည် ဒေသ၏ သယံဇာတစီးပွားရေး အများစုကို ထောက်ကူနေသည့် မဟာအင်အားကြီးနိုင်ငံကို ရင်ဆိုင်ရခြင်းထက် နိုင်ငံမဲ့သူများအပေါ် အပြစ်တင်ခြင်းသည် နိုင်ငံရေးအရဖြစ်စေ၊ စကားအရဖြစ်စေ များစွာ ပိုမိုလွယ်ကူသည်။
ရည်မှန်းချက်ပန်းတိုင်မှာ မဲခေါင်နှင့် သံလွင်မြစ်များကို အဆိပ်ညစ်ညမ်းစေခြင်းမှ စစ်မှန်စွာ ကာကွယ်ရန်ဖြစ်လျှင် မိမိတို့၏ အမြင်များကို EAO များကိုသာ အပ်ကြောင်းထပ် ပြောနေသည့် စကားများထက် ကျော်လွန်စေရန် တိုးချဲ့ရမည်ဖြစ်သည်။
ထိုအစား မိမိတို့သည် သတ္တုတူးဖော်ခွင့်များမှတဆင့် တရုတ်၏ စီးပွားရေးထိုးဖောက်မှု၊ တရားမဝင် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဖြတ်ကျော် ကြားခံများက အရှေ့တောင်အာရှ၏ အရေးပါသော မြစ်များ၏ ဂေဟစနစ်နှင့် နိုင်ငံရေးကို မည်သို့ ပြန်လည်ပုံဖော်ကြောင်း အသိအမှတ်ပြုရမည်ဖြစ်သည်။
ထိုအစား မိမိတို့သည် သတ္တုတူးဖော်ခွင့်များမှတဆင့် တရုတ်၏ စီးပွားရေးထိုးဖောက်မှု၊ တရားမဝင် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဖြတ်ကျော် ကြားခံများက အရှေ့တောင်အာရှ၏ အရေးပါသော မြစ်များ၏ ဂေဟစနစ်နှင့် နိုင်ငံရေးကို မည်သို့ ပြန်လည်ပုံဖော်ကြောင်း အသိအမှတ်ပြုရမည်ဖြစ်သည်။
ထိုသို့သော ယန္တယားကို မတည်ဆောက်ပါက ကရင်နီကဲ့သို့ နိုင်ငံမဲ့သူများကို လူဆိုးများအဖြစ် ပုံဖော်လိုစိတ်သည် နိုင်ငံရေးအရ အဆင်ပြေသလို ပြောခြင်းဖြစ်ပြီး အသိပညာအရ မရိုးသားရာရောက်သည်။
သံလွင်မြစ်မှ အာဆင်းနစ်သည် တရားမဝင် သတ္တုတူးဖော်မှု၏ ဒေသဆိုင်ရာ ဇာတ်လမ်းမျှသာမကဘဲ မှီခိုမှု၊ နေရပ်စွန့်ခွာမှုနှင့် ငြင်းပယ်မှုတို့၏ နိုင်ငံဖြတ်ကျော်ဇာတ်လမ်း ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများအတွက် ကရင်နီကို ဖြစ်စေ အခြားမည်သည့် EAO များကိုမဆို ဖြစ်စေ အပြစ်တင်ခြင်းသည် မတရား မမျှတရုံသာမက စစ်မှန်သော ကျူးလွန်သူကို လွတ်မြောက်စေသည့် သရုပ်ခွဲလေ့လာမှု ဖြတ်လမ်းတခုလည်း ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Surachanee Sriyai ၏ Scapegoating Myanmar’s Ethnic Armies Over Mining Misses the Real Culprit: China ကို ဘာသာပြန်သည်။ ဆူရာချာနီ ဆီရိယိုင်သည် ISEAS-Yusof Ishak Institute မှ မီဒီယာ၊ နည်းပညာနှင့် လူ့အဖွဲ့အစည်း အစီအစဉ် ဧည့်သုတေသီဖြစ်သည်။ သူသည် ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှု ဒေသဆိုင်ရာဌာန (RCSD) ၏ နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် ရေရှည်တည်တံ့သော လူသားချင်းစာနာမှုအရေးဌာန ခေတ္တ ဒါရိုက်တာလည်း ဖြစ်သည်။)
You may also like these stories:
မီးခိုးမြူမှ အာဆင်းနစ်အထိ ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ညစ်ညမ်းမှု
အသက်မွေးဝမ်းကျောင်း ရေလမ်းက အန္တရာယ်ဖြစ်လာ
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး
မြန်မာ့ မြေရှားသတ္တုကို အရူးအမူးဖြစ်ခြင်းသည် မိုက်မဲခြင်းသာဖြစ်
အတားအဆီးမရှိ မြေအောက်ရေ ထုတ်ယူမှုကြောင့် ရန်ကုန်မြို့ မြေကျွံကျမည့် အန္တရာယ်ရှိ
ချစ်စရာအပြုံးနှင့် လင်းပိုင်လေးများ မြစ်ကြီးဧရာဝတီကို ကျောခိုင်းသွားတော့မလား














