ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ လွှမ်းမိုးခံနေရသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော်လည်း အစိုးရ၏ တုံ့ပြန်မှုသည် အေးတိအေးစက် ဖြစ်နေသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဒေသခံများသည် ပြင်းထန်သော လေထုညစ်ညမ်းမှုကြောင့် ရုန်းကန်နေကြရသည်။ မကြာသေးမီက စစ်ဆေးမှုများအရ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ပိုင်းမှ စီးဆင်းလာသည့် ကောက်မြစ်နှင့် စိုင်းမြစ်တွင် အာဆင်းနစ် ညစ်ညမ်းမှုသည် လူမှုအသိုက်အဝန်းများအကြား စိုးရိမ်ပူပန်မှု ဖြစ်စေသည်။
“ထိုင်းအာဏာပိုင်တွေက မဖြေရှင်းလို့ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုကြောင့် ထိုင်းနိုင်ငံ ဒုက္ခရောက်နေတာ အခုဆိုရင် ဆယ်စုနှစ်တခု ကျော်ပြီ” ဟု မဟာဆရခမ် တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူ ကထိက ချိုင်နာရောင် ဆက်သာချူအာက ပြောသည်။
ညစ်ညမ်းသောရေ
လွန်ခဲ့သောလက ချင်းမိုင်ခရိုင်မှ မယ့်အိုင်မြို့နယ် နေရာ သုံးခုတွင် ရယူထားသည် ကောက်မြစ်ရေ နမူနာများတွင် အာဆင်းနစ် ပါဝင်မှုသည် ဘေးကင်းသောအဆင့်ထက် လွန်စွာ ကျော်လွန်နေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးရုံး (EPCO) ဒေသ ၁ ဒါရိုက်တာ အဝီရာ ပက်ကာမက်က ပြောသည်။
“စိုးရိမ်စရာ အကောင်းဆုံးက ဘန်ကန်းထမ် မြို့နယ်ခွဲပဲ။ အဲဒီက ရေနမူနာ ၁ လီတာမှာ အာဆင်းနစ် ဝ ဒသမ ၀၂၆ မီလီဂရမ် ပါဝင်နေတယ်။ ဘေးကင်းတဲ့အဆင့် ဝ ဒသမ ၀၁ မီလီဂရမ်ထက် အရမ်းကို မြင့်မားနေတယ်” ဟု ၎င်းက ပြောသည်။
ပိုမိုဆိုးရွားသည်မှ ထိုရေနမူနာများတွင်ပင် မာကျူရီ ပါဝင်အဆင့်မှာ ရေ ၁ လီတာတွင် ဝ ဒသမ ၀၇၆ မီလီဂရမ်ရှိပြီး ဘေးအန္တရာယ်ကင်းသည့်အဆင့် ဝ ဒသမ ၀၅ မီလီဂရမ် အထက်တွင် ရှိသည်။ ထိုသိပ်သည်းဆများသည့် သတ္တုများရင်းမြစ်မှာ မြစ်အထက်ပိုင်း မြန်မာမှ တရုတ်ပိုင် ရွှေမိုင်းများ ဖြစ်သည်ဟု ယူဆရသည်။
ပိုမိုဆိုးရွားသည်မှ ထိုရေနမူနာများတွင်ပင် မာကျူရီ ပါဝင်အဆင့်မှာ ရေ ၁ လီတာတွင် ဝ ဒသမ ၀၇၆ မီလီဂရမ်ရှိပြီး ဘေးအန္တရာယ်ကင်းသည့်အဆင့် ဝ ဒသမ ၀၅ မီလီဂရမ် အထက်တွင် ရှိသည်။ ထိုသိပ်သည်းဆများသည့် သတ္တုများရင်းမြစ်မှာ မြစ်အထက်ပိုင်း မြန်မာမှ တရုတ်ပိုင် ရွှေမိုင်းများ ဖြစ်သည်ဟု ယူဆရသည်။

အာဆင်းနစ်နှင့် ထိတွေ့ခြင်း၊ အထူးသဖြင့် ရေနှင့် အစားစာမှတဆင့် ထိခိုက်ခြင်းသည် ကင်ဆာ၊ အရေပြား ပျက်စီးခြင်း၊ နှလုံးသွေးကြောရောဂါများ ဖြစ်စေနိုင်သည်။ ရေရှည်ထိတွေ့ခြင်းသည် အာရုံကြော ပျက်စီးစေပြီး ကလေးများ ဖွံ့ဖြိုးမှုပြဿနာများ ဖြစ်စေသည်။ မာကျူရီနှင့် ထိတွေ့မှုသည်လည်း အလားတူအန္တရာယ်များ ရင်ဆိုင်ရနိုင်သည်။
ဖြေရှင်းမှုများ တောင်းဆို
မြန်မာမှ ကျင်းဖွင့်သတ္တုတွင်း အများအပြားကြောင့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်သည်ဟု ချင်းမိုင်နှင့် ချင်းရိုင်မှ ပညာရှင်များနှင့် မြို့ပြကဏ္ဍ တာဝန်ရှိသူများက ထိုင်းအစိုးရကို စွပ်စွဲကြသည်။
“မြန်မာမှ ကျင်းဖွင့်သတ္တုတွင်း ငါးခုသည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ စီးဝင်သည့် မြစ်များအနီး တည်ရှိကြောင်း ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန အချက်အလက်များအရ သိရသည်” ဟု ၎င်းတို့က ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်သို့ လိပ်မူပေးပို့သည့် တောင်းဆိုစာတွင် မကြာသေးမီက ဖော်ပြခဲ့သည်။
ထိုပေးပို့စာတွင် ထိုင်းပြည်သူ ၁ ဒသမ ၂ သန်းအတွက် ရေဖြန့်ချိနေပြီး မိသားစု ထောင်ပေါင်းများစွာ အသက်မွေးဝမ်းကြောင်း ရင်းမြစ်ဖြစ်သော အထက်ပါမြစ် နှစ်ခုမှ ညစ်ညမ်းမှုကို အရေးပေါ် ကိုင်တွယ်ဖြေရှင်းရန် ဝန်ကြီးချုပ်ကို တောင်းဆိုထားသည်။
မစ္စ ပေတောင်တန် အနေဖြင့် ထိုကိစ္စကို မြန်မာခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် ထိုစာတွင် တောင်းဆိုပြီး အိမ်နီးချင်းနိုင်ငံမှ လုပ်ဆောင်မှုများသည် ထိုင်းနိုင်ငံတွင် အသက်များကို ထိခိုက်စေကြောင်း ထောက်ပြသည်။
နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရ၊ အများပြည်သူနှင့် ပညာရပ်ဆိုင်ရာကဏ္ဍများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းရန် ထိုစာကို လက်မှတ်ရေးထိုးသူများက တောင်းဆိုသည်။ ချင်းရိုင်အတွက် ရေအရည်အသွေး လေ့လာစောင့်ကြည့်ရေး ဌာနတခု ထူထောင်ရန်လည်း ၎င်းတို့က တိုက်တွန်းသည်။
နောက်ဆုံးတွင် မြစ်ရေအရည်အသွေးကို လေ့လာစောင့်ကြည့်ရန်နှင့် ညစ်ညမ်းမှုကို တားဆီး အဖြေရှာရန်အတွက် မြန်မာစစ်ကောင်စီ၊ သတ္တုမိုင်းများ တည်ရှိသည့် နယ်စပ်ဇုန်များကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တရုတ်တို့နှင့် ညှိနှိုင်းရန် ထိုင်းအစိုးရကို ၎င်းတို့က တောင်းဆိုသည်။
နောက်ဆုံးတွင် မြစ်ရေအရည်အသွေးကို လေ့လာစောင့်ကြည့်ရန်နှင့် ညစ်ညမ်းမှုကို တားဆီး အဖြေရှာရန်အတွက် မြန်မာစစ်ကောင်စီ၊ သတ္တုမိုင်းများ တည်ရှိသည့် နယ်စပ်ဇုန်များကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တရုတ်တို့နှင့် ညှိနှိုင်းရန် ထိုင်းအစိုးရကို ၎င်းတို့က တောင်းဆိုသည်။
“အစိုးရအနေဖြင့် အများပြည်သူကို အသိပေးပြီး နောက်ဆုံး အခြေအနေများ တင်ပြမည်ဟု မိမိတို့ မျှော်လင့်သည်” ဟု ထိုစာတွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧပြီလအတွင်း ထိုင်းနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် သူသည် ၆ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီး မစ္စ ပေတောင်တန်၊ မလေးရှားဝန်ကြီးချုပ်နှင့် အာဆီယံ ဥက္ကဋ္ဌ အန်နဝါ အီဗရာဟင်နှင့် တွေ့ဆုံရန် ဧပြီ ၁၇ ရက်နေ့တွင် နောက်တကြိမ် ထပ်မံလာရောက်သည်။
ထိုဆွေးနွေးပွဲများသည် မတ်လ ၂၈ ရက်နေ့ ဖျက်အားပြင်း ငလျင်အပြီး အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှု အကူအညီကို အလေးပေးသည်။
မြစ်ရေညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ခက်ခဲမည်ဖြစ်သော်လည်း ထိုင်းအစိုးရသည် သတ္တုမိုင်းများမှ အဆိပ်ရှိသည့် သိပ်သည်းဆများသော သတ္တုများ စီးဆင်းမှုကို ရပ်တန့်အောင် လုပ်ရမည်ဖြစ်ပြီး ညစ်ညမ်းအောင်လုပ်သူများ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ လျော်ကြေးပေးအောင် လုပ်ရမည်ဖြစ်ကြောင်း ပညာရှင် ချိုင်နာရောင်က ပြောသည်။
ထိုပြဿနာကို ဖြေရှင်းရန် အထိရောက်ဆုံးနည်းလမ်းမှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သော မြန်မာတွင် ကိုင်တွယ်ဖြေရှင်းရေးဖြစ်ကြောင်း ချင်းရိုင် ရာဂျာဘတ် တက္ကသိုလ်တွင် သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး သင်ကြားပေးနေသူ လက်ထောက် ပါမောက္ခ ဆာတီယန် ချွန်တာက ပြောသည်။ မြန်မာသည် ကျဆုံးနိုင်ငံတော်ဖြစ်နေပြီး မြန်မာ စစ်ကောင်စီသည် အထက်ပါ မိုင်းလုပ်ငန်းနေရာများ အပါအဝင် နိုင်ငံမှ ကျယ်ပြန့်လှသော နယ်မြေများကို ထိန်းချုပ်မှု ဆုံးရှုံးနေသည်။
“ဒါကြောင့် ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ တခုတည်းသောနည်းလမ်းက နိုင်ငံရေးနည်းဖြစ်တယ်” ဟု ၎င်းကပြောသည်။
ထိုင်းအစိုးရ၏ တုံ့ပြန်မှု
ထိုင်း အမျိုးသား ရေအရင်းအမြစ်ရုံး (ONWR) က ၎င်းတို့သည် ကောက်မြစ်အတွင်းရေကို စောင့်ကြည့်ရန် ပူးတွဲယန္တရား ထူထောင်ရေးအတွက် ထောက်ခံမှုတောင်းရန် မြန်မာမှ အာဏာပိုင်များနှင့်သာမက မဲခေါင်ကော်မတီ အတွင်းရေးမှူးရုံးနှင့်လည်း ဆက်သွယ်ထားကြောင်း ပြောသည်။
“ကောက်မြစ်မှ ရေအရည်အသွေး ဆိုးရွားလာခြင်းသည် ယခုအခါ သဘာဝပတ်ဝန်းကျင်ကိုသာမက ပြည်သူ့ကျန်းမာရေးကိုလည်း ခြိမ်းခြောက်နေသည်” ဟု ONWR က ပြောသည်။
၁၉၉၀ ပြည့်နှစ်များက စတင်ပြီး အာဆီယံ၏ စောင့်ကြည့်လေ့လာမှုတွင် စိုးရိမ်မှုဖြစ်နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူသည်လည်း အစိုးရ၏ အစီအစဉ်တွင် ပါဝင်သည်။ ၁၉၉၅ ခုနှစ်တွင် ဒေသတွင်း မီးခိုးမြူဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ၂၀၀၂ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက် (AATHP) ကို စတင်ခဲ့သော်လည်း မီးခိုးမြူပြဿနာသည် ထိုင်းနိုင်ငံ အပါအဝင် ဒေသကို ဆက်လက် ဒုက္ခပေးနေဆဲ ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ထိုင်းအစိုးရသည် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့နှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် မီးခိုးမြူကင်းစင်ဒေသ ထူထောင်ရေး လုပ်ငန်းစီမံချက်ကို ကြေညာသည်။ သို့သော် ထိုစီမံချက် မအောင်မြင်ပေ။
၂၀၁၇ ခုနှစ်တွင် ထိုင်းအစိုးရသည် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့နှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် မီးခိုးမြူကင်းစင်ဒေသ ထူထောင်ရေး လုပ်ငန်းစီမံချက်ကို ကြေညာသည်။ သို့သော် ထိုစီမံချက် မအောင်မြင်ပေ။
လွန်ခဲ့သောနှစ်တွင် ဒုတိယအကြိမ် အာဆီယံ မီးခိုးမြူကင်းစင်ရေး လမ်းပြမြေပုံကို ခမ်းနားစွာဖြင့် ထုတ်ပြန်သည်။ သို့သော် အဓိကကျသည့် မီးခိုးမြူထုတ်လွှတ်သော နေရာများ အရေအတွက် ဆက်လက် မြင့်မားနေသည်။ အဓိကအားဖြင့် ယာမြေများကို မီးရှို့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ဝန်ကြီးချုပ် ဖြစ်လာသောအခါ မစ္စ ပေတောင်တန်က မီးခိုးမြူ အကျပ်အတည်းကို ကိုင်တွယ်ရန် ကတိပြုသည်။ သူ၏အစိုးရသည် ထိုမီးခိုးမြူ ပပျောက်ရေးအတွက် ‘ကြည်လင်သောကောင်းကင် သေနင်္ဂဗျူဟာ’ အဖြစ် လာအို၊ မြန်မာတို့နှင့်ပင် ညှိနှိုင်းခဲ့သည်။

သို့သော် ထိုညှိနှိုင်းမှု အများအပြားသည် ထိရောက်မှု မရှိကြောင်း ပညာရှင် ချိုင်နာရောင်က ပယ်ချသည်။ “ညှိနှိုင်းဆွေးနွေးရာမှာ တိုးတက်မှုက ဘာရလဒ်မှ ဖြစ်မလာဘူး” ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံမှ လုပ်ငန်းစုကြီးများသည် မြန်မာမှ တောင်ယာမြေ မီးရှို့ရာတွင် ပါဝင်ပတ်သက်နေကြောင်း ၎င်းကပြောသည်။ “အဲဒီ ရင်းနှီးမြှုပ်နှံသူတွေက ဒေသခံ လယ်သမားတွေဆီက ပြောင်းဝယ်တယ်။ အဲဒီ တောင်ယာလယ်သမားတွေက သူတို့ရဲ့ ရိုးပြတ်တောတွေကို မီးရှို့ရှင်းလင်းတယ်” ဟု ပညာရှင် ချိုင်နာရောင်က ပြောသည်။
ထိုင်းရင်းနှီးမြှုပ်နှံသူများသည် လာအို ရှာယာဘူရီ ရေအားလျှပ်စစ်ဆည် နောက်ကွယ်တွင်လည်း ရှိနေကြောင်း သူက ထောက်ပြသည်။ ထိုကိစ္စသည် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း ဂေဟပတ်ဝန်းကျင်ကို ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေသည်။
မျှော်လင့်ချက် အရိပ်အရောင်
နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု၏ ရှုပ်ထွေးသော ပြဿနာအလယ်တွင် ထိုင်းနိုင်ငံတောင်ပိုင်းစွန်း၌ မျှော်လင့်ချက်အချို့ ပေါ်လာသည်။ ထိုနေရာတွင် အင်ဒိုနီးရှားနှင့် စင်ကာပူတို့၏ ဆုံးဖြတ်ချက် ပြတ်သားသော လုပ်ရပ်ကြောင့် မီးခိုးမြူ ကျဆင်းသွားသည်။
နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု၏ ရှုပ်ထွေးသော ပြဿနာအလယ်တွင် ထိုင်းနိုင်ငံတောင်ပိုင်းစွန်း၌ မျှော်လင့်ချက်အချို့ ပေါ်လာသည်။ ထိုနေရာတွင် အင်ဒိုနီးရှားနှင့် စင်ကာပူတို့၏ ဆုံးဖြတ်ချက် ပြတ်သားသော လုပ်ရပ်ကြောင့် မီးခိုးမြူ ကျဆင်းသွားသည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုက အင်ဒိုနီးရှားတွင် စိုက်ပျိုးမြေမီးရှို့မှုမှလာသည့် မီးခိုးမြူများသည် နာရာသီဝပ်၊ ယာလာ၊ ပတ္တာနီတို့ကို ဖုံးအုပ်နေပြီး မြောက်ဘက်ရှိ ဆောင်ခလာ၊ ဆတန်း၊ ထရန်၊ ကရာဘီတို့အထိပင် ပျံ့နှံ့သည်။ မီးခိုးမြူ အကျပ်အတည်းကြောင့် လေကြောင်း ခရီးစဉ်များ ပုံမှန်ဖျက်သိမ်းရသည်။
သို့သော် အင်ဒိုနီးရှားက စက်ရုံများနှင့် မော်တော်ယာဉ်များမှ ထုတ်လွှင့်မှုများကို ထိန်းချုပ်မှုသစ်များ ပြုလုပ်ပြီး စင်ကာပူက ရင်းနှီးမြှုပ်နှံမှုဥပဒေများကိုတင်းကျပ်သောကြောင့် တောင်ပိုင်း မိုးကောင်းကင်သည် စတင် ကြည်လင်လာသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။
(Thai PBS ပါ From smog to arsenic: Outcry grows over cross-border pollution in Thailand ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်း မီးခိုးမြူပြဿနာအတွက် မြန်မာတိုင်းရင်းသား တပ်များတွင် အဖြေရှိနိုင်
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်
ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု တရားခံဘယ်သူတွေလဲ
ချင်းမိုင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်မည်ဟု ထိုင်း ဝန်ကြီးချုပ်ပြော
မီးခိုးကြောင့် ပြောင်းတင်သွင်းမှု ပိတ်ရန် ထိုင်းအစိုးရ စီစဉ်