ဗန်းမော်၊ မန္တလေးပြေးဆွဲနေသည့် ပြဒါးရှင် အမည်ဖြင့် သင်္ဘော တစီးတွင် ပါဝင်သည့် သင်္ဘော သား ၁၄ဦးသည် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းအနီး ဧရာဝတီမြစ်ထဲတွင် ဧပြီလ ၂၁ရက်နေ့မှစတင်ကာ Quarantine အဖြစ် နေနေကြောင်းသိရသည်။ အဆိုပါ သင်္ဘောသည် တရုတ်နိုင်ငံရွှေလီမြို့မှ အလုပ်လုပ်ကိုင်ကာ ပြန်လာသည့် မြန်မာနိုင်ငံသားများကို ဗန်းမော်မြို့မှ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိမြို့များသို့ ပို့ဆောင်ကာ နောက်ဆုံးတွင် မန္တလေးမြို့သို့ပြန်လည်ရောက်ရှိလာသည့်အတွက် သင်္ဘော သားများအနေဖြင့် အများပြည်သူများနှင့် ၎င်းတို့မိသားစုများ Covid-19 ရောဂါနှင့်ပတ်သက်ပြီး လုံခြုံစိတ်ချစေရန် ယခုလိုပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ရိုက်ကူး-ဇော်ဇော်











