ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်းက ကုလားတန်မြစ်ဘေးတစ်လျှောက်မှာတော့ ယခင်က စည်ကားခဲ့တဲ့ ရွာတန်းတွေဟာ အခုချိန်မှာ ပိုင်ရှင်မဲ့အိမ်တွေနဲ့ တိတ်ဆိတ်ခြောက်ကပ်နေပါပြီ ။
အကြောင်းရင်းကတော့ ၂၀၁၅ ခုနှစ်မတ်လ ထဲကဖြစ်ပွားလာတဲ့ ရက္ခိုင့်စစ်တပ်နဲ့ တပ်မတော်တို့ကြားက တိုက်ပွဲတွေကြောင့် မြေဇာပင်တွေဖြစ်ခဲ့ရတဲ့ ပလက်ဝမြို့ဟာ ကုန်းလမ်းကရော ရေလမ်းကရော အပိတ်ခံရတဲ့အတွက် ပြည်သူတွေ အိုးမဲ့ အိမ်မဲ့နဲ့ အခြေမဲ့ဖြစ်ကာ နေရပ်စွန့်ခွာထွက်ပြေး နေကြရပါတယ် ။
နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရှိနေတဲ့ချင်းစစ်ဘေးရှောင်ဒုက္ခသည်ဦးရေ (၁၈၀၀၀)ကျော်ရှိနေပြီ ဖြစ်တယ်လို့ ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီမှ စာရင်းအရသိရပါတယ် ။
ရိုက်ကူး/တည်းဖြတ် – ဝေနှင်းထွဋ်











