ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်တဲ့ နိုင်ငံရေး လှုပ်ရှားသူများကို ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကို ဖမ်းဆီးခဲ့သလို မနေ့က ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်သူ ကိုဌေးနိုင်(ခ) ကိုနိုင်ကြီးကို အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေအိမ်အပြန်လမ်းမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ ဖမ်းဆီးခြင်းခံရသူတွေကို ဘယ်လိုပုဒ်မနဲ့ အရေးယူပြီး ဘယ်နေရာမှာ ထိမ်းသိမ်းထားတယ်ဆိုတာ မသိရသလို မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရကြောင်း သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဧရာဝတီ