အာဏာသိမ်း စစ်အုပ်စုသည် အမျိုးသမီးများဝတ်ဆင်သည့် ထဘီများ၊ အတွင်းခံများကို ဘုန်းကံနိမ့်သည်ဆိုသည့် အယူအဆများရှိကြသဖြင့် မြို့နယ်အတော်များများတွင် စစ်ကောင်စီကို ဆန့်ကျင်နေကြသည့် လူထုသပိတ် ခံတပ်များရှေ့တွင် မိခင်များက ထဘီများချိတ်၍ ခံတပ်ဦး ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ထဘီခံတပ်များကို ခေတ်လူငယ်များက အယူမရှိသော်လည်း သပိတ်စစ်ကြောင်းများကို ဖြိုခွင်းရန် ရောက်ရှိလာကြသည့် စစ်တပ်နှင့် ရဲများက ငုံ့ဝင်ရန်ဝန်လေးသဖြင့် ရှောင်ကွင်းသွားကြသည်။ ထဘီခံတပ်များတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံများကိုလည်း ထဘီများ အတွင်းခံဘောင်းဘီများ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို ပူးတွဲချိတ်ထားသည်။
#WhatHappeningInMyanmar
#RejectMilitryCoup
————————–
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်











