• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ ဆန္ဒပြပွဲများ တပြိုင်တည်း ပစ်ခတ်ဖြိုခွင်းရာ ၁ ဦး သေဆုံး

by ဧရာဝတီ
8 March 2021
in သတင်း
A A
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင် ယနေ့ပြုလုပ်သည့် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင် ယနေ့ပြုလုပ်သည့် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

9.3k
VIEWS
Share on FacebookShare on Twitter

ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၆ မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်သား နှင့်ရဲများက အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်များဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ရာ ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် ဖြိုခွင်းခံရသည့် ဖျာပုံ၊ ဟင်္သာတ၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်နှင့် ဝါးခယ်မမြို့နယ်များမှ ဆန္ဒပြသူ ၁ဝဝ ကျော်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖျာပုံမြို့ ဒေသခံတဦးက “ဖျာပုံမြို့မှာ ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ ရဲနဲ့စစ်တပ်က လာဖမ်းသွားတယ်။ လူ ၁၀၀ ကျော် အဖမ်းခံ ရတယ်။ သူတို့ကို ဖမ်းထားလို့ ပြန်လွှတ်ပေးဖို့ ထိုင်သပိတ်လုပ် တောင်းဆိုတာကို ထိုင်သပိတ်ကို ကျည်အစစ်တွေနဲ့ ပစ် ခတ်ဖြိုခွဲလို့ ၁ ယောက် သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်” ဟု ဧရာဝတီကို ပြောသည်။

ကျည်ထိမှန် သေဆုံးခဲ့သူ အသက် ၃၀ နှစ်အရွယ် ကိုသီဟဦးမှာ ဖျာပုံမြို့၊ အမှတ် ၁၅ ရပ်ကွက်တွင် နေထိုင်သူ တဦးဖြစ်ပြီး ၎င်းသည် ဖျာပုံမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ နေ့စဉ် တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ် သည်။

ယနေ့ စစ်တပ်နှင့် ရဲ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကိုသီဟဦး၏ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီးတဦး ကျန်ခဲ့ကြောင်း သိရသည်။

ယနေ့ ပစ်ခတ်မှုတွင် သေဆုံးသွားသည် ဖျာပုံမြို့ခံ ကိုကျော်စွာဦး

အလားတူ ဟင်္သာတမြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကိုလည်း မြို့လယ် ဟင်္သာရုပ် အဝိုင်းကြီးနား တွင် ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွဲပြီး ဆန္ဒပြရာတွင် ပါဝင်သူ ၂၁ ယောက်ကိုလည်း ဖမ်းဆီးသွား သည်ဟု ဟင်္သာတမြို့ခံတဦးက ပြောသည်။

ယနေ့ ညနေပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် ဖျာပုံမြို့မှ ဆန္ဒဖော်ထုတ်သူ ၁၀၁ ဦး၊ ဟင်္သာတမြို့မှ ၂၁ ဦးတို့ကို ရဲတပ် ဖွဲ့က ပြန်လွှတ်ပေးခဲ့သော်လည်း အိမ်မဲမြို့မှ ၉ ဦး၊ ဟင်္သာတမြို့မှ ၂ ဦး၊ မြောင်းမြမြို့မှ ၂ ဦး၊ ဝါးခယ်မမြို့မှ ၂ ဦး တို့ကို ပြန်မ လွှတ်ပေးဘဲ ဆက်လက်ထိန်းသိမ်းထားကြောင်း မြို့ခံများထံမှ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
42
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
21
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
55

ပုသိမ်မြို့မှ ရဲတပ်ဖွဲ့ဝင်တဦးက “မြို့အသီးသီးမှာ ရှိနေတဲ့ရဲတွေက မြို့ခံတွေနဲ့ ခင်မင်ရင်းနှီးနေတော့ ပစ်တာခတ်တာတွေ မလုပ်ချင်ကြဘူး။ အဲဒါကို တပ်ဘက်က ခင်ဗျားတို့ ပျော့တယ်ဆိုပြီး ဖိအားပေးတယ်။ တချို့မြို့တွေဆို အကြီးပိုင်းတွေ၊ အရာ ရှိတွေ ပြောင်းပစ်တယ်။ အဲဒါကြောင့် အခုလို ပစ်တာခတ်တာတွေ ပိုများလာတာ။ နောက်ရက်တွေ ပိုဆိုးနိုင်တယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၌ ယခင်ရက်များက ပစ်ခတ်ဖြိုခွဲမှု တချို့ ရှိခဲ့သော်လည်း ယခုလို မြို့အများအပြား၌ ဆန္ဒပြပွဲများကို တပြိုင် နက်တည်း အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခြင်းမှာ ပထမဆုံး ဖြစ်သလို ထိုသို့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လူသေဆုံးမှု ဖြစ်စဉ် မှာလည်း ပထမဆုံး ဖြစ်သည်။

You may also like these stories:

စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးတို့၏ ထဘီအလံထူ သပိတ်တိုက်ပွဲ

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ

ဖိအားပေး ဖွင့်ခိုင်းသော်လည်း ပုဂ္ဂလိကဘဏ်များ မဖွင့်ကြ

Your Thoughts …
Tags: ဆန္ဒပြပစ်ခတ်ဖြိုခွဲသေဆုံးဧရာဝတီတိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.7k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.2k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူတဦးကို ပစ်ခတ်ပြီးနောက် မှင်သက်နေသည့် ဆန္ဒပြသူများ အခြေအနေ

စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးရှေ့ ဆန္ဒပြစဉ် / ဧရာဝတီ

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved