စစ်ကောင်စီဟာ ပြည်သူလူထုကို အကြမ်းဖက် ဖြိုခွင်းရာမှာ နယ်စွန်းနယ်ဖျားက စစ်သားတွေ၊ စစ်ကောင်စီကို ထောက်ခံတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အမည်ခံ (မဘသ) အဖွဲ့ဝင်တွေ၊ လူမိုက်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင် အချို့ကို ရဲတပ်ဖွဲ့ဝင် ယူနီဖောင်းတွေ ဝတ်ဆင်စေကာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်ကို ဖျက်ဆီးခဲ့တယ်လို့ CDM ပြုလုပ်ထားတဲ့ ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က ယာယီရဲမှူး ဦးတင်မင်းထွန်းက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် ညွှန်ကြားစေခိုင်းမှုတွေ အပါအဝင် CDM ပြုလုပ်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေး၊ ဆက်လက်ရပ်တည်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ယာယီရဲမှူး ဦးတင်မင်းထွန်းကို ဧရာဝတီက ဆက်သွယ်မေး မြန်းထားပါတယ်။
လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီကို ပြည်သူနဲ့ အတူ ဆန့်ကျင်တွန်းလှန်ဖို့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်လာတဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup












