ဒီကနေ့မှာ ပြုလုပ်နေတဲ့ အထွေထွေ ညီလာခံ မိတ်ဆက်အစီအစဉ်မှာ မြန်မာသံအမတ်တဦးအနေနဲ့ မိန့်ခွန်းပြော ကြားမှာ မဟုတ်ပေမယ့် ပင်မကော်မတီ အစည်းအဝေးတွေမှာ ဝင်ရောက်ဆွေးနွေးခွင့် ရရှိထားတယ်လို့ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒီကနေ့ အထွေထွေညီလာခံမှာ တာလီဘန်တို့ ဖြုတ်ချခဲ့တဲ့ အာဖဂန် အစိုးရရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဂူလန်အမ်အိုက်ဇက်ဇိုင်က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၄ ရက်က စတင်ပြုလုပ်ခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ တက်ရောက်နေကြတယ်လို့ သိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











